မစ္ဒယ္ဝိတ္တန္း ခါးပတ္ ကာကြယ္ပြဲကို အေကာင္းဆုံး ထိုးသတ္ၿပီး ကာကြယ္နိုင္ခဲ့ၿပီျဖစ္တဲ့ ေအာင္လအန္ဆန္ဟာ လိုက္ဟဲဗီးဝိတ္တန္း ခ်န္ပီယံခါးပတ္ကာကြယ္ပြဲအတြက္လည္း ျပင္ဆင္မႈေတြျပဳလုပ္လွ်က္ရွိတာေတြ႕ရပါတယ္။ အဆိုပါ လိုက္ဟဲဗီးဝတ္တန္းခ်န္ပီယံခါးပတ္ကို ေအာက္တိုဘာ ၁၂ရက္ေန႕မွာ ျပဳလုပ္က်င္းပသြားမွာျဖစ္ၿပီး ဖိလစ္ပိုင္နိုင္ငံသား ဟဲဗီးဝိတ္တန္းက ခ်န္ပီယံ ဘရန္ဒန္ ဗီရာနဲ႕ ထိုးသတ္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

အသက္ ၄၁ႏွစ္ အ႐ြယ္ရွိ ဟဲဗီးဝိတ္တန္း ခ်န္ပီယံ ဘရန္ဒန္ ဗီရာဟာ အရပ္ ၆ေပ ၃လက္မရွိၿပီး MMA ပြဲေပါင္း ၂၄ပြဲမွာ ၁၆ပြဲနိုင္ထားၿပီး ၇ပြဲ ရႈံးထားသူ ျဖစ္ပါတယ္။ MMA ခ်န္ပီယံႏွစ္ဦးျဖစ္တဲ့အျပင္ ယခင္ကသင္ၾကားခဲ့တဲ့ ဆရာတူဖိုက္တာႏွစ္ဦးလည္းျဖစ္ေၾကာင္း သိရပါတယ္။ လက္ရွိ ေအာင္လအန္ဆန္းကေတာ့ ဒီႏွစ္ ၂၀၁၉ ခုထဲမွာ ခ်န္ပီယံႏွစ္ခုအတြက္ အေကာင္းဆုံးကာကြယ္မႈေတြျပဳလုပ္တာျဖစ္ၿပီး မစ္ဒယ္ဝိတ္တန္းခ်န္ပီယံခါးပတ္ကို ကာကြယ္နိုင္ခဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။

အဆိုပါ လိုက္ဟဲဗီးဝိတ္ခ်န္ပီယံခါးပတ္အတြက္ ျပင္ဆင္မႈေတြျပဳလုပ္ေနၿပီျဖစ္ၿပီး အေကာင္းဆုံးကာကြယ္သြားမည္ျဖစ္ေၾကာင္းေျပာျပထားတာေတြ႕ရပါတယ္။ ေအာင္လအန္ဆန္းရဲ႕ ေဖ့စ္ဘြက္အေကာင့္မွာေတာ့ “မုန္တိုင္းကေတာ့လာေနၿပီ။ဒါေပမယ့္ ဒီႏွစ္အတြက္ ခ်န္ပီယံခါးပတ္ေတြကိုကာကြယ္ဖို႔ ကြၽန္ေတာ္တို႔အဆင္သင့္ျဖစ္ေနၿပီ။ ” ဟူ၍ ေရးသားထားတာေတြ႕ရပါတယ္။ ေအာက္တိုဘာလရဲ႕ ပရိသတ္အားေပးမႈအမ်ားဆုံးရရွိမယ့္ ေအာင္လအန္ဆန္းရဲ႕ ပြဲေကာင္းတစ္ပြဲကို ခ်စ္ပရိသတ္ေတြအတြက္မွ်ေဝေပးလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  AUNG LA NSANG

#Unicode Version#  ျဖင့္ဖတ္ပါ ။

မစ်ဒယ်ဝိတ်တန်း ခါးပတ် ကာကွယ်ပွဲကို အကောင်းဆုံး ထိုးသတ်ပြီး ကာကွယ်နိုင်ခဲ့ပြီဖြစ်တဲ့ အောင်လအန်ဆန်ဟာ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက်လည်း ပြင်ဆင်မှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ လိုက်ဟဲဗီးဝတ်တန်းချန်ပီယံခါးပတ်ကို အောက်တိုဘာ ၁၂ရက်နေ့မှာ ပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသား ဟဲဗီးဝိတ်တန်းက ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ ထိုးသတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

အသက် ၄၁နှစ် အရွယ်ရှိ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာဟာ အရပ် ၆ပေ ၃လက်မရှိပြီး MMA ပွဲပေါင်း ၂၄ပွဲမှာ ၁၆ပွဲနိုင်ထားပြီး ၇ပွဲ ရှုံးထားသူ ဖြစ်ပါတယ်။ MMA ချန်ပီယံနှစ်ဦးဖြစ်တဲ့အပြင် ယခင်ကသင်ကြားခဲ့တဲ့ ဆရာတူဖိုက်တာနှစ်ဦးလည်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ အောင်လအန်ဆန်းကတော့ ဒီနှစ် ၂၀၁၉ ခုထဲမှာ ချန်ပီယံနှစ်ခုအတွက် အကောင်းဆုံးကာကွယ်မှုတွေပြုလုပ်တာဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

အဆိုပါ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်အတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပြီး အကောင်းဆုံးကာကွယ်သွားမည်ဖြစ်ကြောင်းပြောပြထားတာတွေ့ရပါတယ်။ အောင်လအန်ဆန်းရဲ့ ဖေ့စ်ဘွက်အကောင့်မှာတော့ “မုန်တိုင်းကတော့လာနေပြီ။ဒါပေမယ့် ဒီနှစ်အတွက် ချန်ပီယံခါးပတ်တွေကိုကာကွယ်ဖို့ ကျွန်တော်တို့အဆင်သင့်ဖြစ်နေပြီ။ ” ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ အောက်တိုဘာလရဲ့ ပရိသတ်အားပေးမှုအများဆုံးရရှိမယ့် အောင်လအန်ဆန်းရဲ့ ပွဲကောင်းတစ်ပွဲကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  AUNG LA NSANG
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top