ကမၻာေက်ာ္ တ႐ုတ္သူေဌးႀကီး “ဂ်က္မား” က လူငယ္ေတြအေနနဲ႔ ေအာင္ျမင္တဲ့သူ တစ္ေယာက္ျဖစ္လာဖို႔ ကိုယ့္ရဲ့ ပထမဦးဆုံးအလုပ္မွာ ဘယ္ေလာက္ၾကာၾကာေနသင့္သလဲ၊ ဘာေၾကာင့္လဲဆိုတာကို ၿပီးခဲ့တဲ့ သီတင္းပတ္က ဆြစ္ဇလန္နိုင္ငံမွာ က်င္းပတဲ့ ကမၻာ့စီးပြားေရးဖိုရမ္မွာ အႀကံျပဳရွင္းလင္းေျပာၾကားခဲ့ပါတယ္။


ဂ်က္မား ရဲ့ အႀကံျပဳခ်က္အရ ကိုယ့္ရဲ့ ပထမဦးဆုံးအလုပ္ဆိုတာ ကိုယ့္ဘဝအတြက္ အေရးအႀကီးဆုံး အလုပ္ပဲျဖစ္တယ္လို႔ဆိုပါတယ္။ ဒါေၾကာင့္မို႔ လူငယ္ေတြအေနနဲ႔ လုပ္ငန္းခြင္တစ္ခုကို ပထမဦးဆုံး မဝင္မီ ကိုယ့္ကို မွန္မွန္ကန္ကန္ လမ္းျပေပးနိုင္တဲ့ ဆရာေကာင္းကို ရွာသင့္သလို လူ႔ဘဝအေၾကာင္းကို နားလည္ေအာင္ သြန္သင္ေပးနိုင္တဲ့ အလုပ္ရွင္ေကာင္းကို ရွာဖို႔လိုတယ္လို႔ ဆိုပါတယ္။

ဆိုလိုတာကေတာ့ ကိုယ့္ရဲ့ပထမဦးဆုံး ဝင္ေရာက္လုပ္ကိုင္မယ့္အလုပ္ဟာ ကိုယ့္အတြက္ အသက္ေမြးဝမ္းေက်ာင္းနယ္ပယ္လည္း ျဖစ္သြားနိုင္တာမို႔ အလုပ္ျဖစ္ရင္ၿပီးေရာဆိုတာထက္ ဒီအလုပ္ကေန ကိုယ့္ဘဝအတြက္အက်ိဳးရွိေစဖို႔ ဆရာသမားေကာင္းနဲ႔ အလုပ္ရွင္ေကာင္းကို ေရြးခ်ယ္တတ္ဖို႔ အေရးႀကီးတယ္လို႔ ဆိုတာပါ။ ဒီလို ေရြးခ်ယ္တဲ့ေနရာမွာ ကုမၸဏီႀကီးတာ ေသးတာ၊ အရွိန္အဝါရွိတာေတြနဲ႔ မသက္ဆိုင္ပါဘူး ဆရာေကာင္း သမားေကာင္းနဲ႔ သူေဌးေကာင္းဆီမွာ အလုပ္လုပ္မိေစဖိုပဲ ျဖစ္ပါတယ္။

“ဒီလိုေနရာမ်ိဳးမွာ အလုပ္ရၿပီဆိုရင္ ကိုယ့္ကိုယ္ကို အရင္ဆုံး ကတိေပးပါ၊ ငါ အနည္းဆုံး သုံးႏွစ္ေတာ့ လုပ္မယ္ကြာ” လို႔ ဂ်က္မားက ဆိုပါတယ္။

အသက္ ၅၄ ႏွစ္ရွိၿပီျဖစ္တဲ့ ဂ်က္မား က ဒီစကားကို သူ႔ဘဝရဲ့ အေစာပိုင္းအေတြ႕အၾကဳံေတြထဲကေန ထုတ္ႏွုတ္ၿပီး ေျပာလိုက္တာျဖစ္ပါတယ္။
ဂ်က္မား တစ္ေယာက္ ဟန္က်ိဳးဆရာအတတ္သင္ေက်ာင္းမွာ တက္ေနစဥ္က ေက်ာင္းဆရာလုပ္မယ္လို႔ သံႏၷိ႒ာန္ခ်ထားျခင္း မရွိပါဘူး။ ဒါေပမယ့္ အထက္တန္းေက်ာင္းမွာ အဂၤလိပ္စာနည္းျပျဖစ္လာဖို႔ လမ္းေၾကာင္းေပၚ ေရာက္ေနခဲ့ပါတယ္။

“ကၽြန္ေတာ္ဟာ ကၽြန္ေတာ္ေတြးတယ္၊ ငါ့လို မေလးမေလာက္စားနဲ႔က ဘယ္လိုလုပ္ ေက်ာင္းဆရာျဖစ္နိုင္မလဲ” လို႔။ ဒါေပမယ့္ အဲဒီအခ်ိန္က တ႐ုပ္နိုင္ငံတစ္ခုလုံး ယဥ္ေက်းမွုေတာ္လွန္ေရးႀကီးျဖစ္ေနၿပီ လူေတြဟာ သူတို႔ဘဝ႐ုန္းကန္နိုင္ဖို႔ ေသခ်ာတဲ့ အလုပ္အကိုင္ေတြအတြက္ ေလ့က်င့္ျပင္ဆင္ေနၾကၿပီ ဟု ဆိုပါတယ္။

ေက်ာင္းၿပီးသြားတဲ့ေန႔မွာပဲ အထုတ္အပိုးေလးျပင္ၿပီး ေက်ာင္းဝင္းထဲကေန ထြက္အလာ ေက်ာင္းအုပ္ႀကီးနဲ႔ တန္းတိုးေတာ့တာပါပဲ။ ေက်ာင္းအုပ္ႀကီးက သူ႔ကိုလက္ျပႏွုတ္ဆက္ၿပီး ဂ်က္မားေရ မင္းဘယ္သြားမလဲဆိုတာငါသိတယ္ (သိတာေပါ့ သူတာဝန္ေပးလို႔ပဲ အဲ့ေနရာကို စာသြားသင္ဖို႔ ထြက္လာတာ)။ “မား”ေရ ငါ့ကို ကတိတစ္ခုေတာ့ေပးကြာ ၆ ႏွစ္ မျပည့္ပဲနဲ႔ မထြက္ပါဘူးလို႔။

ဒီကတိကို ဂ်က္မား တည္ခဲ့ပါတယ္ သူ႔ရဲ့ပထမဆုံးအလုပ္ျဖစ္တဲ့ အဂၤလိပ္စာသင္တဲ့အလုပ္ကို ၆ ႏွစ္ျပည့္ေအာင္ လုပ္ခဲ့ပါတယ္။ အဲဒီအခ်ိန္ေတြၾကားထဲမွာ သူ႔အတြက္ အျခားအခြင့္အေရးေတြ ေပၚလာခဲ့ေပမယ့္ ျငင္းခဲ့တယ္လို႔ဆိုပါတယ္။

စာသင္ေနတဲ့ အခ်ိန္ေတြအတြင္း ဆရာေကာင္းတစ္ေယာက္ျဖစ္ေအာင္၊ တပည့္ေတြနဲ႔ ဆက္ဆံေရးေကာင္းမြန္ေအာင္ အေကာင္းဆုံး ႀကိဳးစားခဲ့ပါတယ္။ ၆ ႏွစ္ျပည့္ၿပီးေနာက္မွာေတာ့ စာသင္ေက်ာင္းကို ထားခဲ့ၿပီး အျခားမိတ္ေဆြ ၁၇ ဦးတို႔နဲ႔အတူတူ အြန္လိုင္းေစ်းဆိုင္ အလီဘာဘာကို စတင္တည္ေထာင္ခဲ့ပါတယ္။ အလီဘာဘာကုမၸဏီဟာ အခုခ်ိန္မွာဆိုရင္ေတာ့ ေဒၚလာ ၄၂၀ ဘီလီယံတန္တဲ့ ကုမၸဏီႀကီးျဖစ္ေနပါၿပီ။

“ကၽြန္ေတာ္ ကုမၸဏီလုပ္တဲ့အခ်ိန္မွာ ျပသနာေတြ၊ အခက္အခဲေတြ အမ်ားႀကီးၾကဳံခဲ့တာေပါ့” ခင္ဗ်ားတို႔ အသက္ ၂၀ ဝန္းက်င္မွာ ကိုယ္ဘာလုပ္ေနလဲဆိုတာ ကိုယ္တစ္ကယ္သိၾကမွာမဟုတ္ဘူး၊ ငါ့မွာ အႀကံစည္ေတြရွိတယ္၊ ငါအားလုံးလုပ္နိုင္တယ္လို႔ ထင္ခဲ့ၾကတယ္၊ တစ္ကယ္ေတာ့ ကိုယ္လုပ္နိုင္တာ ဘာတစ္ခုမွမရွိဘူး”
“ဒါေၾကာင့္မို႔ ဉာဏ္ရွိပါ၊ တစ္ေယာက္ေယာက္ရဲ့ ဦးေဆာင္မွုေအာက္မွာ အေတြ႕အၾကဳံေတြ သင္ယူပါ၊ ဒီေနရာမွာ အေရးႀကီးတာကေတာ့ ေခါင္းေဆာင္ေကာင္း သူေဌးေကာင္းနဲ႔ အလုပ္ တြဲလုပ္မိဖို႔ပါပဲ” လို႔ ဂ်က္မား က လူငယ္ေတြအေနနဲ႔ ေအာင္ျမင္မွုရေအာင္ ဘယ္လို စတင္ရမလဲဆိုတာ အႀကံျပဳခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:(ပိုပိုေလး)

#Unicode Version#
 ကမ္ဘာကျော် တရုတ်သူဌေးကြီး “ဂျက်မား” က လူငယ်တွေအနေနဲ့ အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်လာဖို့ ကိုယ့်ရဲ့ ပထမဦးဆုံးအလုပ်မှာ ဘယ်လောက်ကြာကြာနေသင့်သလဲ၊ ဘာကြောင့်လဲဆိုတာကို ပြီးခဲ့တဲ့ သီတင်းပတ်က ဆွစ်ဇလန်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အကြံပြုရှင်းလင်းပြောကြားခဲ့ပါတယ်။

ဂျက်မား ရဲ့ အကြံပြုချက်အရ ကိုယ့်ရဲ့ ပထမဦးဆုံးအလုပ်ဆိုတာ ကိုယ့်ဘဝအတွက် အရေးအကြီးဆုံး အလုပ်ပဲဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ လူငယ်တွေအနေနဲ့ လုပ်ငန်းခွင်တစ်ခုကို ပထမဦးဆုံး မဝင်မီ ကိုယ့်ကို မှန်မှန်ကန်ကန် လမ်းပြပေးနိုင်တဲ့ ဆရာကောင်းကို ရှာသင့်သလို လူ့ဘဝအကြောင်းကို နားလည်အောင် သွန်သင်ပေးနိုင်တဲ့ အလုပ်ရှင်ကောင်းကို ရှာဖို့လိုတယ်လို့ ဆိုပါတယ်။

ဆိုလိုတာကတော့ ကိုယ့်ရဲ့ပထမဦးဆုံး ဝင်ရောက်လုပ်ကိုင်မယ့်အလုပ်ဟာ ကိုယ့်အတွက် အသက်မွေးဝမ်းကျောင်းနယ်ပယ်လည်း ဖြစ်သွားနိုင်တာမို့ အလုပ်ဖြစ်ရင်ပြီးရောဆိုတာထက် ဒီအလုပ်ကနေ ကိုယ့်ဘဝအတွက်အကျိုးရှိစေဖို့ ဆရာသမားကောင်းနဲ့ အလုပ်ရှင်ကောင်းကို ရွေးချယ်တတ်ဖို့ အရေးကြီးတယ်လို့ ဆိုတာပါ။ ဒီလို ရွေးချယ်တဲ့နေရာမှာ ကုမ္ပဏီကြီးတာ သေးတာ၊ အရှိန်အဝါရှိတာတွေနဲ့ မသက်ဆိုင်ပါဘူး ဆရာကောင်း သမားကောင်းနဲ့ သူဌေးကောင်းဆီမှာ အလုပ်လုပ်မိစေဖိုပဲ ဖြစ်ပါတယ်။

“ဒီလိုနေရာမျိုးမှာ အလုပ်ရပြီဆိုရင် ကိုယ့်ကိုယ်ကို အရင်ဆုံး ကတိပေးပါ၊ ငါ အနည်းဆုံး သုံးနှစ်တော့ လုပ်မယ်ကွာ” လို့ ဂျက်မားက ဆိုပါတယ်။

အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ ဂျက်မား က ဒီစကားကို သူ့ဘဝရဲ့ အစောပိုင်းအတွေ့အကြုံတွေထဲကနေ ထုတ်နှုတ်ပြီး ပြောလိုက်တာဖြစ်ပါတယ်။
ဂျက်မား တစ်ယောက် ဟန်ကျိုးဆရာအတတ်သင်ကျောင်းမှာ တက်နေစဉ်က ကျောင်းဆရာလုပ်မယ်လို့ သံန္နိဋ္ဌာန်ချထားခြင်း မရှိပါဘူး။ ဒါပေမယ့် အထက်တန်းကျောင်းမှာ အင်္ဂလိပ်စာနည်းပြဖြစ်လာဖို့ လမ်းကြောင်းပေါ် ရောက်နေခဲ့ပါတယ်။

“ကျွန်တော်ဟာ ကျွန်တော်တွေးတယ်၊ ငါ့လို မလေးမလောက်စားနဲ့က ဘယ်လိုလုပ် ကျောင်းဆရာဖြစ်နိုင်မလဲ” လို့။ ဒါပေမယ့် အဲဒီအချိန်က တရုပ်နိုင်ငံတစ်ခုလုံး ယဉ်ကျေးမှုတော်လှန်ရေးကြီးဖြစ်နေပြီ လူတွေဟာ သူတို့ဘဝရုန်းကန်နိုင်ဖို့ သေချာတဲ့ အလုပ်အကိုင်တွေအတွက် လေ့ကျင့်ပြင်ဆင်နေကြပြီ ဟု ဆိုပါတယ်။

ကျောင်းပြီးသွားတဲ့နေ့မှာပဲ အထုတ်အပိုးလေးပြင်ပြီး ကျောင်းဝင်းထဲကနေ ထွက်အလာ ကျောင်းအုပ်ကြီးနဲ့ တန်းတိုးတော့တာပါပဲ။ ကျောင်းအုပ်ကြီးက သူ့ကိုလက်ပြနှုတ်ဆက်ပြီး ဂျက်မားရေ မင်းဘယ်သွားမလဲဆိုတာငါသိတယ် (သိတာပေါ့ သူတာဝန်ပေးလို့ပဲ အဲ့နေရာကို စာသွားသင်ဖို့ ထွက်လာတာ)။ “မား”ရေ ငါ့ကို ကတိတစ်ခုတော့ပေးကွာ ၆ နှစ် မပြည့်ပဲနဲ့ မထွက်ပါဘူးလို့။

ဒီကတိကို ဂျက်မား တည်ခဲ့ပါတယ် သူ့ရဲ့ပထမဆုံးအလုပ်ဖြစ်တဲ့ အင်္ဂလိပ်စာသင်တဲ့အလုပ်ကို ၆ နှစ်ပြည့်အောင် လုပ်ခဲ့ပါတယ်။ အဲဒီအချိန်တွေကြားထဲမှာ သူ့အတွက် အခြားအခွင့်အရေးတွေ ပေါ်လာခဲ့ပေမယ့် ငြင်းခဲ့တယ်လို့ဆိုပါတယ်။

စာသင်နေတဲ့ အချိန်တွေအတွင်း ဆရာကောင်းတစ်ယောက်ဖြစ်အောင်၊ တပည့်တွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ၆ နှစ်ပြည့်ပြီးနောက်မှာတော့ စာသင်ကျောင်းကို ထားခဲ့ပြီး အခြားမိတ်ဆွေ ၁၇ ဦးတို့နဲ့အတူတူ အွန်လိုင်းဈေးဆိုင် အလီဘာဘာကို စတင်တည်ထောင်ခဲ့ပါတယ်။ အလီဘာဘာကုမ္ပဏီဟာ အခုချိန်မှာဆိုရင်တော့ ဒေါ်လာ ၄၂၀ ဘီလီယံတန်တဲ့ ကုမ္ပဏီကြီးဖြစ်နေပါပြီ။

“ကျွန်တော် ကုမ္ပဏီလုပ်တဲ့အချိန်မှာ ပြသနာတွေ၊ အခက်အခဲတွေ အများကြီးကြုံခဲ့တာပေါ့” ခင်ဗျားတို့ အသက် ၂၀ ဝန်းကျင်မှာ ကိုယ်ဘာလုပ်နေလဲဆိုတာ ကိုယ်တစ်ကယ်သိကြမှာမဟုတ်ဘူး၊ ငါ့မှာ အကြံစည်တွေရှိတယ်၊ ငါအားလုံးလုပ်နိုင်တယ်လို့ ထင်ခဲ့ကြတယ်၊ တစ်ကယ်တော့ ကိုယ်လုပ်နိုင်တာ ဘာတစ်ခုမှမရှိဘူး”
“ဒါကြောင့်မို့ ဉာဏ်ရှိပါ၊ တစ်ယောက်ယောက်ရဲ့ ဦးဆောင်မှုအောက်မှာ အတွေ့အကြုံတွေ သင်ယူပါ၊ ဒီနေရာမှာ အရေးကြီးတာကတော့ ခေါင်းဆောင်ကောင်း သူဌေးကောင်းနဲ့ အလုပ် တွဲလုပ်မိဖို့ပါပဲ” လို့ ဂျက်မား က လူငယ်တွေအနေနဲ့ အောင်မြင်မှုရအောင် ဘယ်လို စတင်ရမလဲဆိုတာ အကြံပြုခဲ့ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:(ပိုပိုလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top