႐ုပ္ရည္ေခ်ာေမာေျပျပစ္တဲ့အမ်ိဳးသားေတြဟာ တျခားလုပ္ေဖာ္ကိုင္ဖက္အမ်ိဳးသားေတြထက္ ေဘာ့စ္ရဲ႕အျမင္မၾကည္ျခင္းကို ပိုခံရႏိုင္တဲ့အျပင္ ေနရာေကာင္းရဖို႔လည္း ခက္ခဲႏိုင္ေၾကာင္း လန္ဒန္အေျခစိုက္တကၠသိုလ္တစ္ခုနဲ႔ အေမရိကန္ႏိုင္ငံ၊ မယ္ရီလန္ (Maryland) တကၠသိုလ္တို႔ကေန စစ္တမ္းေတြအရ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အမ်ိဳးသားတစ္ဦးက အျခားအမ်ိဳးသားတစ္ဦးကို အလုပ္အင္တာဗ်ဴးတဲ့အခါမွာ အဆိုပါအမ်ိဳးသားရဲ႕ ဆြဲေဆာင္ႏိုင္စြမ္းအား တစ္နည္းအားျဖင့္ ႐ုပ္ရည္႐ူပကာကို ကနဦးအစထဲက အဆိုးျမင္ဘက္ကသာ အကဲျဖတ္ထားၿပီး အလုပ္အမ်ိဳးအစားကိုလည္း စိတ္ထဲကေန ေဝဖန္ၿပီးသားလို႔ဆိုပါတယ္။ ေယာက္်ားခ်င္းတိုက္ေနတဲ့စစ္ပြဲလို႔ေျပာလိုရတာေပါ့ေနာ္။

တစ္ဖန္ အမ်ိဳးသမီးေတြဘက္ကၾကည့္မယ္ဆိုရင္ေတာ့ သူတို႔ရဲ႕ပင္ကိုယ္စ႐ိုက္အရ အရည္အခ်င္းယွဥ္ၿပိဳင္တဲ့ေနရာမွာ ဆြဲေဆာင္မႈရွိျခင္း၊ မရွိျခင္း (သို႔) ႐ုပ္ရည္ေခ်ာ၊ မေခ်ာကပဓာနမက်ဘူးလို႔ သတ္မွတ္ထားတဲ့အတြက္ ဒီလိုျပႆနာမ်ိဳးက ဆြဲေဆာင္မႈရွိတဲ့အမ်ိဳးသမီးေတြၾကား ႀကဳံေလ့ရွိတဲ့ျပႆနာမဟုတ္ဘူးလို႔ သုေတသနပညာရွင္ေတြက ဆိုပါတယ္။

မန္ေနဂ်ာအမ်ားစုဟာဆိုရင္လည္း အဖြဲ႕အစည္းရဲ႕စံႏႈန္းနဲ႔ ပုံေသသတ္မွတ္ထားတဲ့ လႊမ္းမိုးမႈေတြၾကား စည္းေသေနၿပီးသားျဖစ္တာေၾကာင့္ အလုပ္ခန္႔တဲ့ေနရာမွာ သူတို႔ရဲ႕ကိုယ္ပိုင္စံႏႈန္းနဲ႔ စိတ္ပါဝင္စားမႈေတြအတိုင္းသာ ေ႐ြးခ်ယ္တတ္ၾကပါတယ္။

ဒါက အဖြဲ႕အစည္းထဲေရာက္လာမယ့္ အရည္အခ်င္းရွိသူေတြကို ဝင္ခြင့္မရေအာင္ ပိတ္ပင္လိုက္တာနဲ႔လည္း အလားသ႑ာန္တူေနပါေသးတယ္လို႔ ဆိုပါတယ္။ အျမင္မတူရင္ ေဂ်ာင္း ဆိုတာမ်ိဳး မျဖစ္သင့္တဲ့ သေဘာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:xyznews
# Unicode Version # ျဖင့္ ဖတ္ပါ #


ရုပ်ရည်ချောမောပြေပြစ်တဲ့အမျိုးသားတွေဟာ တခြားလုပ်ဖော်ကိုင်ဖက်အမျိုးသားတွေထက် ဘော့စ်ရဲ့အမြင်မကြည်ခြင်းကို ပိုခံရနိုင်တဲ့အပြင် နေရာကောင်းရဖို့လည်း ခက်ခဲနိုင်ကြောင်း လန်ဒန်အခြေစိုက်တက္ကသိုလ်တစ်ခုနဲ့ အမေရိကန်နိုင်ငံ၊ မယ်ရီလန် (Maryland) တက္ကသိုလ်တို့ကနေ စစ်တမ်းတွေအရ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အမျိုးသားတစ်ဦးက အခြားအမျိုးသားတစ်ဦးကို အလုပ်အင်တာဗျူးတဲ့အခါမှာ အဆိုပါအမျိုးသားရဲ့ ဆွဲဆောင်နိုင်စွမ်းအား တစ်နည်းအားဖြင့် ရုပ်ရည်ရူပကာကို ကနဦးအစထဲက အဆိုးမြင်ဘက်ကသာ အကဲဖြတ်ထားပြီး အလုပ်အမျိုးအစားကိုလည်း စိတ်ထဲကနေ ဝေဖန်ပြီးသားလို့ဆိုပါတယ်။ ယောက်ျားချင်းတိုက်နေတဲ့စစ်ပွဲလို့ပြောလိုရတာပေါ့နော်။

တစ်ဖန် အမျိုးသမီးတွေဘက်ကကြည့်မယ်ဆိုရင်တော့ သူတို့ရဲ့ပင်ကိုယ်စရိုက်အရ အရည်အချင်းယှဉ်ပြိုင်တဲ့နေရာမှာ ဆွဲဆောင်မှုရှိခြင်း၊ မရှိခြင်း (သို့) ရုပ်ရည်ချော၊ မချောကပဓာနမကျဘူးလို့ သတ်မှတ်ထားတဲ့အတွက် ဒီလိုပြဿနာမျိုးက ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေကြား ကြုံလေ့ရှိတဲ့ပြဿနာမဟုတ်ဘူးလို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။

မန်နေဂျာအများစုဟာဆိုရင်လည်း အဖွဲ့အစည်းရဲ့စံနှုန်းနဲ့ ပုံသေသတ်မှတ်ထားတဲ့ လွှမ်းမိုးမှုတွေကြား စည်းသေနေပြီးသားဖြစ်တာကြောင့် အလုပ်ခန့်တဲ့နေရာမှာ သူတို့ရဲ့ကိုယ်ပိုင်စံနှုန်းနဲ့ စိတ်ပါဝင်စားမှုတွေအတိုင်းသာ ရွေးချယ်တတ်ကြပါတယ်။

ဒါက အဖွဲ့အစည်းထဲရောက်လာမယ့် အရည်အချင်းရှိသူတွေကို ဝင်ခွင့်မရအောင် ပိတ်ပင်လိုက်တာနဲ့လည်း အလားသဏ္ဍာန်တူနေပါသေးတယ်လို့ ဆိုပါတယ်။ အမြင်မတူရင် ဂျောင်း ဆိုတာမျိုး မဖြစ်သင့်တဲ့ သဘောပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit:xyznews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top