တက္သစ္စ ဓာတ္ပုံေမာ္ဒယ္ႏွင့္ သ႐ုပ္ေဆာင္ ေ႐ႊျမင့္မိုရ္ကို ၂၀၁၇ ခုနွစ္ ဧျပီလ ၂၇ ရက္ေန႕က ေနအိမ္အတြင္း မူးယစ္ေဆးဝါးမ်ား ဆက္စပ္ အသုံးအေဆာင္ ပစၥည္းမ်ားနဲ႔ အတူ ေတြ႕ရွိခဲ့သျဖင့္ တာေမြျမိဳ႕မရဲစခန္းက ဖမ္းဆီးခဲ့ပါတယ္
ေမာ္ဒယ္လ္ ေ႐ႊျမင့္မိုရ္ႏွင့္ အတူ အမ်ိဳးသား ၂ ဦးလည္း ပါဝင္ၿပီး ဧၿပီ လ ၂၇ ရက္ေန႔ သူမ ေနထိုင္ရာ တာေမြၿမိဳ႕နယ္ နတ္ေခ်ာင္းလမ္းရွိ ေနအိမ္ကို ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြခဲ့ျပီး စိတ္ႂကြေဆးျပားမ်ား နဲ႔ ဆက္စပ္ အသုံးအေဆာင္ အခ်ိဳ႕ ေတြ႕ရွိတဲ့အတြက္ဖမ္းဆီးခဲ့ျခင္းျဖစ္ပါတယ္ ။ ဒါေပမယ့္ ကံေကာင္းေထာက္မစြာပဲ နိုင္ငံေတာ္ သမၼတၾကီးရဲ႕ လြန္ျငိမ္းခ်မ္းသာခြင့္နဲ႔ အတူ ေမာ္ဒယ္ေရႊျမင့္မိုရ္တစ္ေယာက္ ေမလ ၇ ရက္ေန႕က ျပန္လည္ လြတ္ေျမာက္လာခဲ့ပါတယ္ ။

အခက္ခဲေတြ ျဖစ္လာမွ သိလိုက္ရတာကေတာ့ မိသားစုကသာ ကိုယ့္အေပၚမွာ အေကာင္းဆံုးျဖစ္ျပီး အရမ္းေကာင္းတယ္ဆိုတဲ့ သူေတြက တကယ္ေတာ့ဘာမွမဟုတ္ဘူးလို႕ ေရႊျမင့္မိုရ္က ေျပာျပခဲ့ပါတယ္ ။

ေထာင္ဆိုတာ တစ္မိနစ္တစ္စကၠန္႕ေတာင္ ေနဖို႕မသင့္တဲ့ေနရာ ျဖစ္ျပီး လူေတြရဲ႕စိတ္ကိုအက်ဥ္းခ်ထားတဲ့ ေနရာျဖစ္လုိ႕ ေနလို႕လဲ မသင့္ေတာ္ဘူးလို႕ သူမရဲ႕အေတြ႕ၾကံဳေတြကိုလည္းမွ်ေ၀ေပးခဲ့ပါတယ္ ။

မူးယစ္ေဆး၀ါးကို သူမကိုယ္တုိင္ေကာင္းမယ္ထင္လုိ႕ လုပ္ခဲ့ျပီး အေပါင္းသင္းေတြလဲမွားခဲ့တဲ့အျပင္ အစာေတြလည္းမစားေတာ့ဘူး ကိုယ့္ကိုခ်စ္တဲ့ခင္တဲ့သူေတြကိုလည္း ဂရုမစိုက္အားေတာ့ဘူး ၊ အခိ်န္ေတြမွားျပီး အလုပ္ေတြအေပၚမွာလည္း အာရံုမစိုက္နိုင္ေတာ့ဘူး ၊

သူမေလွ်ာက္လွမ္းေနတဲ့ အႏုပညာလမ္းေၾကာင္းဆိုတာလည္ းေသြဖယ္သြားတယ္ ေနာက္ဆံုးေထာင္က်တဲ့အထိ ျဖစ္တယ္ အဲ့ဒီအတြက္ ကိုယ့္မိသားစု ကိုယ့္ကိုခ်စ္တဲ့ခင္တဲ့မိတ္ေတြ ေတြ ပရိသတ္ေတြအားလံုးစိတ္ဆင္းရဲရတယ္ ကိုယ္တိုင္လည္း ဂုဏ္သိကၡာေတြက်တယ္ ၊

ဒီမူးယစ္ေဆး၀ါးေၾကာင့္လည္း အရင္တုန္းကလွပခဲ့တဲ့ ခႏၶာကိုယ္ကလည္း ပ်က္စီးခဲ့တယ္ အခု ျပန္ထြက္လာတဲ့အခ်ိန္မွာလည္း အားလံုး ၁ က စျပီး ျပန္ၾကိဳးစားရမွာျဖစ္တယ္လုိ႕ ေျပာျပခဲ့ပါတယ္ ။

သူမနဲ႕လက္လွမ္းမီတဲ့ ပတ္၀န္းက်င္မွာလည္း မူးယစ္ေဆး၀ါးသံုးစြဲေနတဲ့ လူငယ္ေတြကို တတ္တိုင္သေလာက္ လက္လွမ္းမီသေလာက္ တားဆီးသြားမွာျဖစ္ျပီး မူးယစ္ေဆး၀ါးဆိုတာ စိတ္ဓာတ္က် အထီးက်န္တဲ့သူေတြက စျပီးျဖစ္ရတဲ့ အေၾကာင္းရင္းျဖစ္တဲ့ အတြက္

အထီးက်န္တဲ့သူေတြ စိတ္ဓာတ္က်ေနတဲ့သူေတြကိုလည္း အားေပးစကားေတြ ေျပာသြားမယ္ နုိင္ငံေတာ္ ဘယ္အဖြဲ႕အစည္းကမဆိုလုပ္တဲ့ မူးယစ္ေဆး၀ါး တိုက္ျဖတ္ေရးေတြမွာလည္း ထဲထဲ၀င္၀င္ ပါ၀င္ကူညီသြားမယ္ လို႕စဥ္းစားထာပါတယ္ လို႕ ေျပာခဲ့ပါတယ္ ။

သူမ အေနနဲ႕ ေပးဆပ္သင့္သေလာက္လည္း သူမရဲ႕အျပစ္ေတြကို ေပးဆပ္ခဲ့ျပီးျပီျဖစ္တဲ့အတြက္ အမွားေတြကို ျပဳျပင္ရင္း ပရိသတ္ေရွ႕ကို ျပန္လာေတာ့မွာ ျဖစ္တဲ့အတြက္ သူမကို အားေပးၾကပါဦးလို႕ ပရိသတ္ေတြကိုေတာင္းဆိုခဲ့ပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဆယ္လီ family

#Unicode Version# ျဖင့္ဖတ္ပါ ။


တက်သစ်စ ဓာတ်ပုံမော်ဒယ်နှင့် သရုပ်ဆောင် ရွှေမြင့်မိုရ်ကို ၂၀၁၇ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က နေအိမ်အတွင်း မူးယစ်ဆေးဝါးများ ဆက်စပ် အသုံးအဆောင် ပစ္စည်းများနဲ့ အတူ တွေ့ရှိခဲ့သဖြင့် တာမွေမြို့မရဲစခန်းက ဖမ်းဆီးခဲ့ပါတယ်

မော်ဒယ်လ် ရွှေမြင့်မိုရ်နှင့် အတူ အမျိုးသား ၂ ဦးလည်း ပါဝင်ပြီး ဧပြီ လ ၂၇ ရက်နေ့ သူမ နေထိုင်ရာ တာမွေမြို့နယ် နတ်ချောင်းလမ်းရှိ နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး စိတ်ကြွဆေးပြားများ နဲ့ ဆက်စပ် အသုံးအဆောင် အချို့ တွေ့ရှိတဲ့အတွက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ် ။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ နိုင်ငံတော် သမ္မတကြီးရဲ့ လွန်ငြိမ်းချမ်းသာခွင့်နဲ့ အတူ မော်ဒယ်ရွှေမြင့်မိုရ်တစ်ယောက် မေလ ၇ ရက်နေ့က ပြန်လည် လွတ်မြောက်လာခဲ့ပါတယ် ။

အခက်ခဲတွေ ဖြစ်လာမှ သိလိုက်ရတာကတော့ မိသားစုကသာ ကိုယ့်အပေါ်မှာ အကောင်းဆုံးဖြစ်ပြီး အရမ်းကောင်းတယ်ဆိုတဲ့ သူတွေက တကယ်တော့ဘာမှမဟုတ်ဘူးလို့ ရွှေမြင့်မိုရ်က ပြောပြခဲ့ပါတယ် ။

ထောင်ဆိုတာ တစ်မိနစ်တစ်စက္ကန့်တောင် နေဖို့မသင့်တဲ့နေရာ ဖြစ်ပြီး လူတွေရဲ့စိတ်ကိုအကျဉ်းချထားတဲ့ နေရာဖြစ်လို့ နေလို့လဲ မသင့်တော်ဘူးလို့ သူမရဲ့အတွေ့ကြုံတွေကိုလည်းမျှဝေပေးခဲ့ပါတယ် ။

မူးယစ်ဆေးဝါးကို သူမကိုယ်တိုင်ကောင်းမယ်ထင်လို့ လုပ်ခဲ့ပြီး အပေါင်းသင်းတွေလဲမှားခဲ့တဲ့အပြင် အစာတွေလည်းမစားတော့ဘူး ကိုယ့်ကိုချစ်တဲ့ခင်တဲ့သူတွေကိုလည်း ဂရုမစိုက်အားတော့ဘူး ၊ အချိန်တွေမှားပြီး အလုပ်တွေအပေါ်မှာလည်း အာရုံမစိုက်နိုင်တော့ဘူး ၊

သူမလျှောက်လှမ်းနေတဲ့ အနုပညာလမ်းကြောင်းဆိုတာလည် းသွေဖယ်သွားတယ် နောက်ဆုံးထောင်ကျတဲ့အထိ ဖြစ်တယ် အဲ့ဒီအတွက် ကိုယ့်မိသားစု ကိုယ့်ကိုချစ်တဲ့ခင်တဲ့မိတ်တွေ တွေ ပရိသတ်တွေအားလုံးစိတ်ဆင်းရဲရတယ် ကိုယ်တိုင်လည်း ဂုဏ်သိက္ခာတွေကျတယ် ၊

ဒီမူးယစ်ဆေးဝါးကြောင့်လည်း အရင်တုန်းကလှပခဲ့တဲ့ ခန္ဓာကိုယ်ကလည်း ပျက်စီးခဲ့တယ် အခု ပြန်ထွက်လာတဲ့အချိန်မှာလည်း အားလုံး ၁ က စပြီး ပြန်ကြိုးစားရမှာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ် ။

သူမနဲ့လက်လှမ်းမီတဲ့ ပတ်ဝန်းကျင်မှာလည်း မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူငယ်တွေကို တတ်တိုင်သလောက် လက်လှမ်းမီသလောက် တားဆီးသွားမှာဖြစ်ပြီး မူးယစ်ဆေးဝါးဆိုတာ စိတ်ဓာတ်ကျ အထီးကျန်တဲ့သူတွေက စပြီးဖြစ်ရတဲ့ အကြောင်းရင်းဖြစ်တဲ့ အတွက်

အထီးကျန်တဲ့သူတွေ စိတ်ဓာတ်ကျနေတဲ့သူတွေကိုလည်း အားပေးစကားတွေ ပြောသွားမယ် နိုင်ငံတော် ဘယ်အဖွဲ့အစည်းကမဆိုလုပ်တဲ့ မူးယစ်ဆေးဝါး တိုက်ဖြတ်ရေးတွေမှာလည်း ထဲထဲဝင်ဝင် ပါဝင်ကူညီသွားမယ် လို့စဉ်းစားထာပါတယ် လို့ ပြောခဲ့ပါတယ် ။

သူမ အနေနဲ့ ပေးဆပ်သင့်သလောက်လည်း သူမရဲ့အပြစ်တွေကို ပေးဆပ်ခဲ့ပြီးပြီဖြစ်တဲ့အတွက် အမှားတွေကို ပြုပြင်ရင်း ပရိသတ်ရှေ့ကို ပြန်လာတော့မှာ ဖြစ်တဲ့အတွက် သူမကို အားပေးကြပါဦးလို့ ပရိသတ်တွေကိုတောင်းဆိုခဲ့ပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit:ဆယ်လီ family
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top