ဘဂၤလားေဒ့ရွ္ Biman Bangladesh Airlines ေလေၾကာင္းလိုင္းမွ ေလယာဥ္တစ္စင္းဟာ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ မေန႔က ဆင္းသက္ရာမွ ေျပးလမ္းေခ်ာ္ခဲ့တာေၾကာင့္ စုစုေပါင္း လူ ၁၉ ဦး ဒဏ္ရာရခဲ့ပါတယ္။

S2-AGQ-Bombardier Dash 8 Q400 ေလယာဥ္ဟာ ရာသီဥတု ဆိုးဝါးတာေၾကာင့္ ေျပးလမ္းေခ်ာ္တာျဖစ္တယ္လို႔ ေလေၾကာင္းလိုင္းရဲ႕ ျပည္သူ႔ဆက္ဆံေရး အေထြေထြမန္ေနဂ်ာ ရွာကီမာရတ္က ေျပာပါတယ္။

ေလယာဥ္မႉး ႏွစ္ဦးနဲ႔ ကေလးတစ္ဦး အပါအဝင္ စုစုေပါင္း ၁၉ ဦး ဒဏ္ရာရတာေၾကာင့္ ေလဆိပ္က ေဆးခန္းမွာ ကုသေပးခဲ့ရေၾကာင္း ျမန္မာႏိုင္ငံက Biman and Bangladesh မစ္ရွင္ တာဝန္ရွိသူေတြက ေျပာပါတယ္။

ေလယာဥ္ေပၚမွာ အမႈထမ္း ေလးဦးနဲ႔ ဘဂၤလားေဒ့ရွ္၊ ျမန္မာ၊ ကေနဒါ၊ တ႐ုတ္၊ အိႏၵိယ၊ ျပင္သစ္နဲ႔ ဆြစ္ဇာလန္ႏိုင္ငံတို႔က ခရီးသည္ ၂၉ ဦး လိုက္ပါလာခဲ့တာ ျဖစ္တယ္လို႔ ရွာကီမာရတ္က ဆိုပါတယ္။

ခရီးသည္နဲ႔ အမႈထမ္းေတြကို ျမန္မာၿမိဳ႕ျပေလေၾကာင္းအာဏာပိုင္အဖြဲ႕က ျပန္လည္တင္ေဆာင္ခြင့္ ျပဳလိုက္ၿပီးေနာက္မွာ Biman က အထူးေလယာဥ္နဲ႔ ရန္ကုန္ကေန ဒါကာကို ည ၁၁ နာရီ ၂၅ မိနစ္မွာ ပ်ံသန္းပို႔ေဆာင္ေပးခဲ့တယ္လို႔ ၎က ေျပာပါတယ္။

“ေလယာဥ္မႉးႀကီး အန္နက္စ္နဲ႔ ပထမတန္းအရာရွိ တာဘတ္ဆမ္တို႔က အဲဒီ  အစားထိုး အထူးေလယာဥ္ကို ေမာင္းႏွင္ခဲ့တာ ျဖစ္ပါတယ္။”လို႔ ၎က ျဖည့္စြက္ဆိုပါတယ္။

ခုလို ဒုကၡသည္ ႀကဳံလိုက္ရတဲ့ ခရီးသည္ေတြနဲ႔ ေလယာဥ္အမႈထမ္းေတြ တင္ေဆာင္တဲ့ အထူးေလယာဥ္ဟာ ဒါကာဆီ နံနက္ ေျခာက္နာရီ ဝန္းက်င္မွာ ျပန္လည္ေရာက္ရွိမယ္လို႔ ရွာကီက ေမွ်ာ္လင့္ထားပါတယ္။

ေဖ့ဘုတ္အပါအဝင္ လူမႈမီဒီယာေတြမွာ ရန္ကုန္ေလဆိပ္ ေျပးလမ္းေဘး ျမက္ခင္းျပင္မွာ ထိုးဆိုက္ေနတဲ့ ေလယာဥ္ရဲ႕ ဓာတ္ပုံေတြ ျပန႔္ႏွံ႔ေနပါတယ္။
ရန္ကုန္ေလဆိပ္ကေတာ့ ဒီ လမ္းေခ်ာ္မႈကို အတည္မျပဳေပမယ့္ မိုးသည္းထန္တာေၾကာင့္ ေနာက္ထပ္ သတိေပးခ်က္ မထုတ္ျပန္မခ်င္း ေျပးလမ္းကို ပိတ္ထားမယ္လို႔ ေၾကညာထားေၾကာင္း ေအအက္ဖ္ပီ သတင္းက ေဖာ္ျပထားပါတယ္။

အျခား ဆိုက္ေရာက္လာတဲ့ ေလယာဥ္ေတြလည္း ၿမိဳ႕ေတာ္ ေနျပည္ေတာ္ေလဆိပ္ဆီ လမ္းေၾကာင္းေျပာင္း ဆင္းသက္ရတာ ျဖစ္ပါတယ္။
မိုးသည္းထန္ၿပီး ေလျပင္းတိုက္တဲ့ အခ်ိန္မွာ ဆင္းသက္ရတာေၾကာင့္ ခုေလယာဥ္ဟာ ေရွ႕ဘီး က်ိဳးသြားခဲ့တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ဘဂၤလားေဒ့ရွသံအမတ္ႀကီး မန္ဂ်ဴ႐ူကာရမ္းခန္းက ေျပာပါတယ္။

ေလယာဥ္ကိုယ္ထည္ သုံးေနရာ က်ိဳးေပါက္ကာ ေလယာဥ္ရဲ႕ ဘီးအုံ က်ိဳးသြားခဲ့တယ္လို႔ ေလေၾကာင္း မေတာ္တဆမႈနဲ႔ ေဘးကင္းလုံၿခဳံေရးရာကို ေဆာင္႐ြက္တဲ့ Aviation Safety Network က ေျပာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


ဘင်္ဂလားဒေ့ရှ် Biman Bangladesh Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မနေ့က ဆင်းသက်ရာမှ ပြေးလမ်းချော်ခဲ့တာကြောင့် စုစုပေါင်း လူ ၁၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

S2-AGQ-Bombardier Dash 8 Q400 လေယာဉ်ဟာ ရာသီဥတု ဆိုးဝါးတာကြောင့် ပြေးလမ်းချော်တာဖြစ်တယ်လို့ လေကြောင်းလိုင်းရဲ့ ပြည်သူ့ဆက်ဆံရေး အထွေထွေမန်နေဂျာ ရှာကီမာရတ်က ပြောပါတယ်။

လေယာဉ်မှူး နှစ်ဦးနဲ့ ကလေးတစ်ဦး အပါအဝင် စုစုပေါင်း ၁၉ ဦး ဒဏ်ရာရတာကြောင့် လေဆိပ်က ဆေးခန်းမှာ ကုသပေးခဲ့ရကြောင်း မြန်မာနိုင်ငံက Biman and Bangladesh မစ်ရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ပေါ်မှာ အမှုထမ်း လေးဦးနဲ့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယ၊ ပြင်သစ်နဲ့ ဆွစ်ဇာလန်နိုင်ငံတို့က ခရီးသည် ၂၉ ဦး လိုက်ပါလာခဲ့တာ ဖြစ်တယ်လို့ ရှာကီမာရတ်က ဆိုပါတယ်။

ခရီးသည်နဲ့ အမှုထမ်းတွေကို မြန်မာမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က ပြန်လည်တင်ဆောင်ခွင့် ပြုလိုက်ပြီးနောက်မှာ Biman က အထူးလေယာဉ်နဲ့ ရန်ကုန်ကနေ ဒါကာကို ည ၁၁ နာရီ ၂၅ မိနစ်မှာ ပျံသန်းပို့ဆောင်ပေးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

“လေယာဉ်မှူးကြီး အန်နက်စ်နဲ့ ပထမတန်းအရာရှိ တာဘတ်ဆမ်တို့က အဲဒီ  အစားထိုး အထူးလေယာဉ်ကို မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။”လို့ ၎င်းက ဖြည့်စွက်ဆိုပါတယ်။

ခုလို ဒုက္ခသည် ကြုံလိုက်ရတဲ့ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ တင်ဆောင်တဲ့ အထူးလေယာဉ်ဟာ ဒါကာဆီ နံနက် ခြောက်နာရီ ဝန်းကျင်မှာ ပြန်လည်ရောက်ရှိမယ်လို့ ရှာကီက မျှော်လင့်ထားပါတယ်။

ဖေ့ဘုတ်အပါအဝင် လူမှုမီဒီယာတွေမှာ ရန်ကုန်လေဆိပ် ပြေးလမ်းဘေး မြက်ခင်းပြင်မှာ ထိုးဆိုက်နေတဲ့ လေယာဉ်ရဲ့ ဓာတ်ပုံတွေ ပြန့်နှံ့နေပါတယ်။
ရန်ကုန်လေဆိပ်ကတော့ ဒီ လမ်းချော်မှုကို အတည်မပြုပေမယ့် မိုးသည်းထန်တာကြောင့် နောက်ထပ် သတိပေးချက် မထုတ်ပြန်မချင်း ပြေးလမ်းကို ပိတ်ထားမယ်လို့ ကြေညာထားကြောင်း အေအက်ဖ်ပီ သတင်းက ဖော်ပြထားပါတယ်။

အခြား ဆိုက်ရောက်လာတဲ့ လေယာဉ်တွေလည်း မြို့တော် နေပြည်တော်လေဆိပ်ဆီ လမ်းကြောင်းပြောင်း ဆင်းသက်ရတာ ဖြစ်ပါတယ်။
မိုးသည်းထန်ပြီး လေပြင်းတိုက်တဲ့ အချိန်မှာ ဆင်းသက်ရတာကြောင့် ခုလေယာဉ်ဟာ ရှေ့ဘီး ကျိုးသွားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှသံအမတ်ကြီး မန်ဂျူရူကာရမ်းခန်းက ပြောပါတယ်။

လေယာဉ်ကိုယ်ထည် သုံးနေရာ ကျိုးပေါက်ကာ လေယာဉ်ရဲ့ ဘီးအုံ ကျိုးသွားခဲ့တယ်လို့ လေကြောင်း မတော်တဆမှုနဲ့ ဘေးကင်းလုံခြုံရေးရာကို ဆောင်ရွက်တဲ့ Aviation Safety Network က ပြောခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top