






#Unicode Version#
ဥက္ကံမြို့ ဝက်ဖြူကုန်းကျေးရွာ၌ (၄ )နှစ် (၇) လ သမီးအား သားမယားပြုကျင့်ရန်ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂- ၅ -၂၀၁၉ ရက်နေ့ ညနေ(၃း၀၀)အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဥက္ကံမြို့ စမ်းရွာကျေးရွာအုပ်စု ဝက်ဖြူကုန်းကျေးရွာ၌ တရားလိုမှာ နေအိမ်၌ ရှိနေစဉ် တရွာတည်းနေသူ အသိမိတ်ဆွေမှ

တရားလို၏ မြေးဖြစ်သူ မ————–အား တစ်ရွာတည်းနေသူ မိုးယံခ မှ ၎င်းရွာထဲရှိမိတ်ဆွေတစ်ဦး၏ နေအိမ်အနောက်ဘက် ကင်ပွန်းခြုံဘေး ၌ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်နေသည်ကို တွေမြင်ကြောင်းပြောဆိုသဖြင့်

တရားလည်း တစ်ဦးတည်း သွားရောက်ကြည့်ရှုခဲ့ရာ ရွာထဲရှိအသိမိတ်ဆွေအိမ်နောက်ဖေးတွင် မြေးဖြစ်သူ မ————-မှာ ငိုနေသဖြင့်ချော့မော့မေးကြည့်ရာ ဘာမှပြန်မပြောဘဲ ဆက်လက်ငိုနေခဲ့ပြီး မြေးဖြစ်သူမှာ ၎င်းနေအိမ်တွင်သာနေခဲ့ကြောင်

း နောက်တစ်နေ့ (၃ -၅- ၂၀၁၉ ရက်နေ့ နေ့လည်(၁း၀၀)အချိန်ခန့်တွင် တရားလိုသည်မိမိနေအိမ်၌ မြေးဖြစ်သူ မ———–အား အသိမိတ်ဆွေများရှေတွင် ခေါ်ယူမေးမြန်းရာ မြေးဖြစ်သူမ————-မှာ ရွာအတွင်းရှိ အခင်းဖြစ်နေအိမ်နောက်ဖေး ၌ တစ်ဦးတည်းဆော့ကစားနေစဉ်

မိုးယံခ မှ လှမ်းခေါ်ပြီး အိမ်နောက်ဖေးကင်ပွန်းခြုံဘေး၌ ဘောင်းဘီချွတ်ကာတက်ခွပြီး သားမယားအဖြစ်ပြုကျင့်ရန် ပြုလုပ်ခဲ့ကြောင်း ပြောပြသိရှိရသဖြင့် မြေးဖြစ်သူ အား အလိုမတူဘဲသားမယားအဖြစ်ပြုကျင့်ရန်ကြံစည်သူ မိုးယံခ(၁၃)နှစ်(၃)လ ဝက်ဖြူကုန်းကျေးရွာနေသူအား ဥပဒေအရအရေးယူပေးပါရန် ဒေါ်သန်းသန်းအေး မှ၈ -၅ -၂၀၁၉ ရက်နေ့ တွင် ဥက္ကံနယ်မြေရဲစခန်း ၌ တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အသက်မပြည့်သေးသူအား သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်သူ မိုးယံခ အား ဥက္ကံနယ်မြေရဲစခန်းမှ (ပ) ၁၂၂/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ညီညီ -လှိုင်သာယာ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top