ဒီေလာက္ ႏိုင္ငံေတာ္သမၼတကိုယ္တိုင္ ဥပေဒမဲ့ လုပ္ေနၾကလို႔ မေနႏိုင္ေတာ့တဲ့အတြက္ ဝင္ပါခဲ့ရတဲ့ေရွ႕ေနခ်ဳပ္ ဦးဟန္ထူးကအစ အမႈစစ္အဆံုး ေထာင္ထဲေရာက္ေနၾကတာေတာင္ အမွတ္မရွိရင္လည္း လုပ္ၾကေပါ့ကြာ …..

လူသတ္မႈဆိုတာ ေက်ေအးလႊာတင္လို႔ ရလား ….

ေသဆုံးသူ မကရင္မ၏ သားသမီးမ်ား ေမလ ၁၉ ရက္က ခႏၶာကိုယ္ အႏွံ႕အျပား ဒဏ္ရာမ်ားျဖင့္ မကရင္မကို တြံေတးၿမိဳ႕နယ္ ခတၳိယေက်း႐ြာအုပ္စု၊ အုပၹိဳလ္ေက်း႐ြာရွိ ၎ေနအိမ္သို႔ တပ္မေတာ္ အရာရွိ၏ ဇနီး၊ ဥပေဒအရာရွိလည္းျဖစ္သည့္ ေဒၚသိဂႌစုက လာေရာက္ ပို႔ေဆာင္ခဲ့ၿပီး ေနာက္ထပ္ ၁ နာရီခန႔္ အၾကာတြင္ ေသဆုံးသြားျခင္း ျဖစ္သည္လို႔ ေျပာထားပါရဲ႕နဲ႔ ဒီအမႈသာ ေက်ေအးလို႔ရရငိေတာ့ …

“အိမ္အကူ မကရင္မ အသတ္ခံရမႈ ေသဆံုးသူ၏မိခင္က အမႈ႐ုပ္သိမ္းလႊာတင္ထားဟုဆို”

အိမ္အကူ မကရင္မ (ခ) မခင္သႏၲာဦး အသတ္ခံရမႈႏွင့္ပတ္သက္၍ ေသဆံုးသူ၏ မိခင္ျဖစ္သူ ေဒၚလွလွဝင္းမွ ၿပီးခဲ့သည့္႐ံုးခ်ိန္းတြင္ ခ႐ိုင္ဥပေဒ႐ံုးသို႔ အမႈ႐ုပ္သိမ္းလႊာတင္ခဲ့ေၾကာင္း ယင္းအမႈကို တရားလိုဘက္မွ လိုက္ပါေဆာင္႐ြက္ေပးေနသည့္ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚစန္းစန္းျမင့္ကေျပာၾကားသည္။ ရန္ကုန္ေတာင္ပိုင္းခ႐ိုင္တရား႐ံုး၌ ေမ ၇ ရက္ေန႔ ႐ံုးခ်ိန္းအၿပီးတြင္ သတင္းမီဒီယာမ်ားကိုေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ေဒၚလွလွဝင္းဆိုတာက မကရင္မရဲ႕အေမ။ တရားလိုျပသက္ေသထဲမွာ သူပါတယ္။ ၿပီးခဲ့တဲ့႐ံုးခ်ိန္းက သူကိုယ္တိုင္ သက္ေသအျဖစ္နဲ႔ထြက္ဆိုၿပီး ေနာက္ပိုင္းမွာ ခိုင္လံုတဲ့သတင္းအေနနဲ႔ တရား႐ံုးဆီကေန သိရွိရတာက ေဒၚလွလွဝင္းသည္ မကရင္မ ေသဆံုးတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ဥပေဒ႐ံုးမွာ အမႈ႐ုပ္သိမ္းလႊာ လာတင္တယ္လို႔ သိရတယ္။ တာဝန္ရွိသူက တရားဝင္ေျပာတာပါ။ ေဒၚလွလွဝင္းသည္ ဒီအမႈမွာ တရားလို မဟုတ္ဘဲနဲ႔ က်င့္ထံုးဥပေဒအရလည္း ႐ုပ္သိမ္းလႊာတင္ခြင့္ မရွိဘူး။ သူ႔နည္းသူ႔ဟန္နဲ႔ တစ္စံုတစ္ရာ ပေယာဂရွိလို႔ တင္တယ္လို႔ယူဆတယ္”ဟု တရားလႊတ္ေတာ္ေရွ႕ေန ေဒၚစန္းစန္းျမင့္က ရွင္းျပသည္။

လာမည့္ ေမ ၁၄ ရက္ေန႔႐ံုးခ်ိန္းတြင္ ေဒၚလွလွဝင္းကို ျပန္ေခၚသက္ေသအျဖစ္ စစ္ေဆးရန္ ခ်ိန္းဆိုထားၿပီး ယင္းေန႔႐ံုးခ်ိန္းတြင္ ႐ုပ္သိမ္းလႊာ တင္ထားပါသည္ဟု သက္ေသထြက္ဆိုပါက တရားသူႀကီးက ဥပေဒႏွင့္ ညီၫြတ္သည့္ တစ္စံုတရာ ၫႊန္ၾကားျခင္းႏွင့္ အမိန္႔ခ်မွတ္ျခင္းတို႔ ေဆာင္႐ြက္ေပးလိမ့္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

ေမ ၇ ရက္ေန႔ ႐ံုးခ်ိန္းတြင္ ျပန္ေခၚသက္ေသအျဖစ္ မနီလာဝင္းႏွင့္ မစႏၵာေထြးတို႔ကို စစ္ေဆးခဲ့ရာ မနီလာဝင္းမွာ မီးဖြားရန္ တစ္ပတ္။ ဆယ္ရက္ခန္႔သာ လိုေတာ့သည့္အတြက္ ခတၱိယေက်း႐ြာအုပ္စု လူမႈကယ္ဆယ္ေရးအသင္း တာဝန္ရွိသူမ်ားမွ ကူညီေပးသည့္ အေရးေပၚ လူနာတင္ယာဥ္ျဖင့္လာေရာက္ကာ သက္ေသထြက္ဆိုခဲ့သည္။

ယင္းသို႔ သက္ေသထြက္ဆိုေပးျခင္းေၾကာင့္ တရားစြဲဆိုခံရသူဘက္မွ ေမးခြင့္ရရွိေရး၊ အမႈတိုးတက္ေရးႏွင့္ အမွန္တရား ေပၚေပါက္ေရးအတြက္ တရားလိုဘက္မွ ကူညီေဆာင္႐ြက္ေပးခဲ့ျခင္းသာျဖစ္ေၾကာင္း ေဒၚစန္းစန္းျမင့္က ထပ္မံရွင္းျပသည္။

တရားခြင္အတြင္း လူသတ္မႈျဖင့္ တရားစြဲဆို စစ္ေဆးခံေနရသူ ဥပေဒအရာရွိေဟာင္း ေဒၚသိဂႌစု၏ေရွ႕ေနက ျပန္ေခၚသက္ေသကို ျပန္လွန္စစ္ေမးရာတြင္ ေမးခြန္းမေရာေထြးေစရန္ႏွင့္ ရွင္းလင္းေအာင္ေမးရန္၊ ျပန္ေခၚသက္ေသ ထြက္ဆိုစဥ္ တရားလိုဘက္မွ ေရွ႕ေနကသင္ေပးသည့္သ႑ာန္ ေပၚေပါက္သည့္အတြက္ ဝင္ေရာက္ေျပာဆိုျခင္းမျပဳရန္၊ ေဒၚသိဂႌစု၏ ေရွ႕ေနကစစ္ေဆးၿပီး တရားလိုျပသက္ေသ အမႈစစ္ရဲအရာရွိႏွင့္ ဆရာဝန္ကို က်င့္ထံုးဥပေဒပုဒ္မ ၅၄၀ အရ ႐ံုးေခၚသက္ေသအျဖစ္ ျပန္လည္စစ္ေမးခြင့္ေလွ်ာက္ထားရာ တရားလိုဘက္က ကန္႔ကြက္သည့္အတြက္ လာမည့္႐ံုးခ်ိန္းတြင္ ေဒၚလွလွဝင္းကို စစ္ေဆးၿပီးေနာက္ ႏွစ္ဖက္ၾကားနာရန္ အမႈစစ္ခ႐ိုင္တရားသူႀကီးက ထိန္းေက်ာင္းၫႊန္ၾကားခဲ့ေၾကာင္း တရား႐ံုး သတင္းျပန္ၾကားေရးအရာရွိထံမွ သိရသည္။

အဆိုပါအမႈတြင္ စြပ္စြဲခံရသူ ပဲခူးခ႐ိုင္တရား႐ံုး ဒုခ႐ိုင္ဥပေဒအရာရွိေဟာင္း ေဒၚသိဂႌစုကို အျမင့္ဆံုးျပစ္ဒဏ္ တစ္သက္တစ္ကၽြန္းအထိ ခ်မွတ္ႏိုင္ေၾကာင္း ျပ႒ာန္းထားသည့္ ျပစ္မႈဥပေဒပုဒ္မ-၃၀၂ (၂) ျဖင့္ စြဲခ်က္တင္ စစ္ေဆးရန္ ရန္ကုန္ေတာင္ပိုင္းခ႐ိုင္တရား႐ံုးက ၂၀၁၈ ခုႏွစ္ ဇန္နဝါရီ ၂၃ ရက္က အမိန္႔ခ်မွတ္ခဲ့သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: The Voice

#Unicode Version#
ဒီလောက် နိုင်ငံတော်သမ္မတကိုယ်တိုင် ဥပဒေမဲ့ လုပ်နေကြလို့ မနေနိုင်တော့တဲ့အတွက် ဝင်ပါခဲ့ရတဲ့ရှေ့နေချုပ် ဦးဟန်ထူးကအစ အမှုစစ်အဆုံး ထောင်ထဲရောက်နေကြတာတောင် အမှတ်မရှိရင်လည်း လုပ်ကြပေါ့ကွာ …..

လူသတ်မှုဆိုတာ ကျေအေးလွှာတင်လို့ ရလား ….

သေဆုံးသူ မကရင်မ၏ သားသမီးများ မေလ ၁၉ ရက်က ခန္ဓာကိုယ် အနှံ့အပြား ဒဏ်ရာများဖြင့် မကရင်မကို တွံတေးမြို့နယ် ခတ္ထိယကျေးရွာအုပ်စု၊ အုပ္ဖိုလ်ကျေးရွာရှိ ၎င်းနေအိမ်သို့ တပ်မတော် အရာရှိ၏ ဇနီး၊ ဥပဒေအရာရှိလည်းဖြစ်သည့် ဒေါ်သိင်္ဂီစုက လာရောက် ပို့ဆောင်ခဲ့ပြီး နောက်ထပ် ၁ နာရီခန့် အကြာတွင် သေဆုံးသွားခြင်း ဖြစ်သည်လို့ ပြောထားပါရဲ့နဲ့ ဒီအမှုသာ ကျေအေးလို့ရရငိတော့ …

“အိမ်အကူ မကရင်မ အသတ်ခံရမှု သေဆုံးသူ၏မိခင်က အမှုရုပ်သိမ်းလွှာတင်ထားဟုဆို”

အိမ်အကူ မကရင်မ (ခ) မခင်သန္တာဦး အသတ်ခံရမှုနှင့်ပတ်သက်၍ သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်လှလှဝင်းမှ ပြီးခဲ့သည့်ရုံးချိန်းတွင် ခရိုင်ဥပဒေရုံးသို့ အမှုရုပ်သိမ်းလွှာတင်ခဲ့ကြောင်း ယင်းအမှုကို တရားလိုဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်ကပြောကြားသည်။ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံး၌ မေ ၇ ရက်နေ့ ရုံးချိန်းအပြီးတွင် သတင်းမီဒီယာများကိုပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒေါ်လှလှဝင်းဆိုတာက မကရင်မရဲ့အမေ။ တရားလိုပြသက်သေထဲမှာ သူပါတယ်။ ပြီးခဲ့တဲ့ရုံးချိန်းက သူကိုယ်တိုင် သက်သေအဖြစ်နဲ့ထွက်ဆိုပြီး နောက်ပိုင်းမှာ ခိုင်လုံတဲ့သတင်းအနေနဲ့ တရားရုံးဆီကနေ သိရှိရတာက ဒေါ်လှလှဝင်းသည် မကရင်မ သေဆုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဥပဒေရုံးမှာ အမှုရုပ်သိမ်းလွှာ လာတင်တယ်လို့ သိရတယ်။ တာဝန်ရှိသူက တရားဝင်ပြောတာပါ။ ဒေါ်လှလှဝင်းသည် ဒီအမှုမှာ တရားလို မဟုတ်ဘဲနဲ့ ကျင့်ထုံးဥပဒေအရလည်း ရုပ်သိမ်းလွှာတင်ခွင့် မရှိဘူး။ သူ့နည်းသူ့ဟန်နဲ့ တစ်စုံတစ်ရာ ပယောဂရှိလို့ တင်တယ်လို့ယူဆတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ရှင်းပြသည်။

လာမည့် မေ ၁၄ ရက်နေ့ရုံးချိန်းတွင် ဒေါ်လှလှဝင်းကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးရန် ချိန်းဆိုထားပြီး ယင်းနေ့ရုံးချိန်းတွင် ရုပ်သိမ်းလွှာ တင်ထားပါသည်ဟု သက်သေထွက်ဆိုပါက တရားသူကြီးက ဥပဒေနှင့် ညီညွတ်သည့် တစ်စုံတရာ ညွှန်ကြားခြင်းနှင့် အမိန့်ချမှတ်ခြင်းတို့ ဆောင်ရွက်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မေ ၇ ရက်နေ့ ရုံးချိန်းတွင် ပြန်ခေါ်သက်သေအဖြစ် မနီလာဝင်းနှင့် မစန္ဒာထွေးတို့ကို စစ်ဆေးခဲ့ရာ မနီလာဝင်းမှာ မီးဖွားရန် တစ်ပတ်။ ဆယ်ရက်ခန့်သာ လိုတော့သည့်အတွက် ခတ္တိယကျေးရွာအုပ်စု လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူများမှ ကူညီပေးသည့် အရေးပေါ် လူနာတင်ယာဉ်ဖြင့်လာရောက်ကာ သက်သေထွက်ဆိုခဲ့သည်။

ယင်းသို့ သက်သေထွက်ဆိုပေးခြင်းကြောင့် တရားစွဲဆိုခံရသူဘက်မှ မေးခွင့်ရရှိရေး၊ အမှုတိုးတက်ရေးနှင့် အမှန်တရား ပေါ်ပေါက်ရေးအတွက် တရားလိုဘက်မှ ကူညီဆောင်ရွက်ပေးခဲ့ခြင်းသာဖြစ်ကြောင်း ဒေါ်စန်းစန်းမြင့်က ထပ်မံရှင်းပြသည်။

တရားခွင်အတွင်း လူသတ်မှုဖြင့် တရားစွဲဆို စစ်ဆေးခံနေရသူ ဥပဒေအရာရှိဟောင်း ဒေါ်သိင်္ဂီစု၏ရှေ့နေက ပြန်ခေါ်သက်သေကို ပြန်လှန်စစ်မေးရာတွင် မေးခွန်းမရောထွေးစေရန်နှင့် ရှင်းလင်းအောင်မေးရန်၊ ပြန်ခေါ်သက်သေ ထွက်ဆိုစဉ် တရားလိုဘက်မှ ရှေ့နေကသင်ပေးသည့်သဏ္ဍာန် ပေါ်ပေါက်သည့်အတွက် ဝင်ရောက်ပြောဆိုခြင်းမပြုရန်၊ ဒေါ်သိင်္ဂီစု၏ ရှေ့နေကစစ်ဆေးပြီး တရားလိုပြသက်သေ အမှုစစ်ရဲအရာရှိနှင့် ဆရာဝန်ကို ကျင့်ထုံးဥပဒေပုဒ်မ ၅၄၀ အရ ရုံးခေါ်သက်သေအဖြစ် ပြန်လည်စစ်မေးခွင့်လျှောက်ထားရာ တရားလိုဘက်က ကန့်ကွက်သည့်အတွက် လာမည့်ရုံးချိန်းတွင် ဒေါ်လှလှဝင်းကို စစ်ဆေးပြီးနောက် နှစ်ဖက်ကြားနာရန် အမှုစစ်ခရိုင်တရားသူကြီးက ထိန်းကျောင်းညွှန်ကြားခဲ့ကြောင်း တရားရုံး သတင်းပြန်ကြားရေးအရာရှိထံမှ သိရသည်။

အဆိုပါအမှုတွင် စွပ်စွဲခံရသူ ပဲခူးခရိုင်တရားရုံး ဒုခရိုင်ဥပဒေအရာရှိဟောင်း ဒေါ်သိင်္ဂီစုကို အမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည့် ပြစ်မှုဥပဒေပုဒ်မ-၃၀၂ (၂) ဖြင့် စွဲချက်တင် စစ်ဆေးရန် ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးက ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က အမိန့်ချမှတ်ခဲ့သည်။


ဖိုးသူတော်(www.phothutaw.com)
Credit: The Voice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top