မၾကာခင္ ႐ုံတင္ျပသေတာ့မယ့္ “ဧည့္သည္” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ေခါင္းေဆာင္ မင္းသားအေနနဲ႔ ပါဝင္ထားတဲ့ ေ႐ႊထူးက ပရိသတ္ေတြ အားမေပးမွာကို စိုးရိမ္တယ္လို႔ ဆိုပါတယ္။

“ပထမဆုံး ေခါင္းေဆာင္မင္းသား အေနနဲ႔ ႐ိုက္ရတဲ့ကား ဆိုေတာ့ တာဝန္လည္း ႀကီးတယ္။ ဒီအထဲမွာ လုပ္ရတဲ့ သ႐ုပ္ေဆာင္ခ်က္ေတြကလည္း ပိုၿပီးခက္ခဲတယ္လို႔ ခံစားရတယ္။ ပရိသတ္ေတြ အားမေပးမွာကိုေတာ့ အဓိက စိုးရိမ္ပါတယ္”လို႔ ေ႐ႊထူးက ေျပာပါတယ္။ ဆက္လက္ၿပီး ေ႐ႊထူးက သူ႔ရဲ႕ အႏုပညာ လႈပ္ရွားမႈ၊ ႀကိဳးစားမႈကို လာၾကည့္ၿပီး အားေပးေစခ်င္တယ္လို႔လည္း ဆိုပါတယ္။

“က်ေနာ္ရဲ႕ အႏုပညာလႈပ္ရွားမႈ၊ ႀကိဳးစားမႈကို လာၾကည့္ၿပီး အားေပးေစခ်င္ပါတယ္။ စိုးရိမ္တာက အိုက္တင္ေပါ့။ က်ေနာ္ ဘယ္သင္တန္းဆင္းမွ မဟုတ္ဘူး။ ဘယ္သူ႔ တပည့္မွလည္း မဟုတ္ဘူး။ က်ေနာ္ကို ပထမဆုံး စသင္ေပးတာ ကိုသားညီ၊ ေနာက္ကိုယ္နဲ႔ ႐ိုက္ကူးဖူးတဲ့ သူေတြကပဲ အိုက္တင္ေတြ သင္ေပးတယ္။ ဒီကားမွာဆို ဦးညီ သင္ေပးတယ္။ ဒီကားမွာ က်ေနာ္ေကာင္းတယ္ ဆိုခဲ့ရင္ေတာင္ ဦးညီ၊ ကိုၿဖိဳး၊ ေ႐ႊမႈံတို႔ေၾကာင့္ အိုက္တင္ေတြက ေကာင္းတာပါ”လို႔ ေ႐ႊထူးက ေျပာပါတယ္။

အဆိုေတာ္ တေယာက္အေနနဲ႔ သ႐ုပ္ေဆာင္ရတာ စိတ္ခံစားမႈ ကြာျခားတဲ့အပိုင္းကိုလည္း ေ႐ႊထူးက အခုလိုပဲ ေျပာပါတယ္။

“အဆိုေတာ္တေယာက္ အေနနဲ႔ သ႐ုပ္ေဆာင္တေယာက္အေနနဲ႔ ခံစားမႈ ႏွစ္ခုကေတာ့ အရမ္းကြာတယ္။ အေခြကေတာ့ ကိုယ္ပိုင္ႏိုင္တဲ့ အပိုင္းကေနလုပ္ရေတာ့ စိုးရိမ္မႈ နည္းနည္းေလ်ာ့တာေပါ့။ ႐ုပ္ရွင္ကေတာ့ ကိုယ့္ထက္ ေတာ္တဲ့၊ တတ္တဲ့သူေတြ အမ်ားႀကီးေလ။ ကိုယ္က အားလုံးသင္ျပေပးမႈ ေၾကာင့္သာ သ႐ုပ္ေဆာင္လုပ္လာတာ ဆိုေတာ့ က်ေနာ္ကို ဒီလိုမ်ိဳး အခြင့္ေရးေပးတဲ့  7th Sense Creation ကို ေက်းဇူးတင္ပါတယ္” လို႔ ေ႐ႊထူးက ဆိုပါတယ္။

ေ႐ႊထူးရဲ႕ ဇနီးျဖစ္သူ ေ႐ႊမႈံရတီက “ဧည့္သည္” ဇာတ္ကားမွာ အိုက္တင္ပိုင္းကို ေျပာင္းလဲ သ႐ုပ္ေဆာင္ ထားတာေၾကာင့္ ပရိသတ္ေတြ ႀကိဳက္လိမ့္မယ္လို႔ ေမွ်ာ္လင့္တယ္လို႔ ဆိုပါတယ္။



“ဧည့္သည္ ဇာတ္ကားနဲ႔ ပတ္သက္ၿပီး အဓိက ကိုေ႐ႊထူးအတြက္ ရင္ခုန္ပါတယ္။ သဲအတြက္ကေတာ့ အိုက္တင္ ဆန္းဆန္းျပားျပား ႀကိဳးစားထားတာေတြလည္း ရွိေတာ့ သဲအေနနဲ႔ အိုက္တင္ကို အသစ္အေနနဲ႔ ႀကိဳးစားထားတယ္။ လိုအပ္တာေလးေတြ ရွိမွာကိုေတာ့ နည္းနည္းစိတ္ပူပါတယ္။ ကာ႐ိုက္တာ ပီျပင္ေအာင္ အဓိက သဘာဝ ပိုၿပီး ဆန္တာကို လုပ္ခ်င္တာေပါ့”

“အိုက္တင္အတြက္ ထိုင္းကားေလးေတြ ၾကည့္ျဖစ္ေတာ့ သူတို႔အိုက္တင္ေတြက ပါးပါးေလးေတြ အရမ္း ခ်စ္ဖို႔ ေကာင္းတယ္။ သူတို႔ေလာက္ မမွီရင္ေတာင္ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားၾကည့္ခ်င္တယ္။ အဲ့ဒါေၾကာင့္ သဲ လိုအပ္တာေလးေတြ ထပ္ျဖည့္ၿပီး လိုတိုးပိုေလွ်ာ့ေပါ့။ ပရိသတ္ ႀကိဳက္လိမ့္မယ္လို႔ေတာ့ ေမွ်ာ္လင့္ပါတယ္။ အိုဗာတင္းေတာ့ မလုပ္ထားပါဘူး”လို႔ ေ႐ႊမႈံရတီက ေျပာပါတယ္။

ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီတို႔ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “ဧည့္သည္” ႐ုပ္ရွင္ဇာတ္ကားႀကီးကိုေတာ့ ေမလ ၃၀ ရက္ေန႔က စၿပီး ျမန္မာတႏိုင္ငံလုံးမွာရွိတဲ့ အဆင့္ျမင့္႐ုပ္ရွင္႐ုံေတြမွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ ဇာတ္ကားထဲမွာ ေ႐ႊထူး သီဆိုထားတဲ့ သီခ်င္း ၇ ပုဒ္ခန႔္ ပါဝင္တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy
# Unicode Version # ျဖင့္ ဖတ္ပါ #

မကြာခင် ရုံတင်ပြသတော့မယ့် “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ခေါင်းဆောင် မင်းသားအနေနဲ့ ပါဝင်ထားတဲ့ ရွှေထူးက ပရိသတ်တွေ အားမပေးမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

“ပထမဆုံး ခေါင်းဆောင်မင်းသား အနေနဲ့ ရိုက်ရတဲ့ကား ဆိုတော့ တာဝန်လည်း ကြီးတယ်။ ဒီအထဲမှာ လုပ်ရတဲ့ သရုပ်ဆောင်ချက်တွေကလည်း ပိုပြီးခက်ခဲတယ်လို့ ခံစားရတယ်။ ပရိသတ်တွေ အားမပေးမှာကိုတော့ အဓိက စိုးရိမ်ပါတယ်”လို့ ရွှေထူးက ပြောပါတယ်။ ဆက်လက်ပြီး ရွှေထူးက သူ့ရဲ့ အနုပညာ လှုပ်ရှားမှု၊ ကြိုးစားမှုကို လာကြည့်ပြီး အားပေးစေချင်တယ်လို့လည်း ဆိုပါတယ်။

“ကျနော်ရဲ့ အနုပညာလှုပ်ရှားမှု၊ ကြိုးစားမှုကို လာကြည့်ပြီး အားပေးစေချင်ပါတယ်။ စိုးရိမ်တာက အိုက်တင်ပေါ့။ ကျနော် ဘယ်သင်တန်းဆင်းမှ မဟုတ်ဘူး။ ဘယ်သူ့ တပည့်မှလည်း မဟုတ်ဘူး။ ကျနော်ကို ပထမဆုံး စသင်ပေးတာ ကိုသားညီ၊ နောက်ကိုယ်နဲ့ ရိုက်ကူးဖူးတဲ့ သူတွေကပဲ အိုက်တင်တွေ သင်ပေးတယ်။ ဒီကားမှာဆို ဦးညီ သင်ပေးတယ်။ ဒီကားမှာ ကျနော်ကောင်းတယ် ဆိုခဲ့ရင်တောင် ဦးညီ၊ ကိုဖြိုး၊ ရွှေမှုံတို့ကြောင့် အိုက်တင်တွေက ကောင်းတာပါ”လို့ ရွှေထူးက ပြောပါတယ်။

အဆိုတော် တယောက်အနေနဲ့ သရုပ်ဆောင်ရတာ စိတ်ခံစားမှု ကွာခြားတဲ့အပိုင်းကိုလည်း ရွှေထူးက အခုလိုပဲ ပြောပါတယ်။

“အဆိုတော်တယောက် အနေနဲ့ သရုပ်ဆောင်တယောက်အနေနဲ့ ခံစားမှု နှစ်ခုကတော့ အရမ်းကွာတယ်။ အခွေကတော့ ကိုယ်ပိုင်နိုင်တဲ့ အပိုင်းကနေလုပ်ရတော့ စိုးရိမ်မှု နည်းနည်းလျော့တာပေါ့။ ရုပ်ရှင်ကတော့ ကိုယ့်ထက် တော်တဲ့၊ တတ်တဲ့သူတွေ အများကြီးလေ။ ကိုယ်က အားလုံးသင်ပြပေးမှု ကြောင့်သာ သရုပ်ဆောင်လုပ်လာတာ ဆိုတော့ ကျနော်ကို ဒီလိုမျိုး အခွင့်ရေးပေးတဲ့  7th Sense Creation ကို ကျေးဇူးတင်ပါတယ်” လို့ ရွှေထူးက ဆိုပါတယ်။

ရွှေထူးရဲ့ ဇနီးဖြစ်သူ ရွှေမှုံရတီက “ဧည့်သည်” ဇာတ်ကားမှာ အိုက်တင်ပိုင်းကို ပြောင်းလဲ သရုပ်ဆောင် ထားတာကြောင့် ပရိသတ်တွေ ကြိုက်လိမ့်မယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

“ဧည့်သည် ဇာတ်ကားနဲ့ ပတ်သက်ပြီး အဓိက ကိုရွှေထူးအတွက် ရင်ခုန်ပါတယ်။ သဲအတွက်ကတော့ အိုက်တင် ဆန်းဆန်းပြားပြား ကြိုးစားထားတာတွေလည်း ရှိတော့ သဲအနေနဲ့ အိုက်တင်ကို အသစ်အနေနဲ့ ကြိုးစားထားတယ်။ လိုအပ်တာလေးတွေ ရှိမှာကိုတော့ နည်းနည်းစိတ်ပူပါတယ်။ ကာရိုက်တာ ပီပြင်အောင် အဓိက သဘာဝ ပိုပြီး ဆန်တာကို လုပ်ချင်တာပေါ့”

“အိုက်တင်အတွက် ထိုင်းကားလေးတွေ ကြည့်ဖြစ်တော့ သူတို့အိုက်တင်တွေက ပါးပါးလေးတွေ အရမ်း ချစ်ဖို့ ကောင်းတယ်။ သူတို့လောက် မမှီရင်တောင် အကောင်းဆုံးဖြစ်အောင် ကြိုးစားကြည့်ချင်တယ်။ အဲ့ဒါကြောင့် သဲ လိုအပ်တာလေးတွေ ထပ်ဖြည့်ပြီး လိုတိုးပိုလျှော့ပေါ့။ ပရိသတ် ကြိုက်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။ အိုဗာတင်းတော့ မလုပ်ထားပါဘူး”လို့ ရွှေမှုံရတီက ပြောပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မေလ ၃၀ ရက်နေ့က စပြီး မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ ရွှေထူး သီဆိုထားတဲ့ သီချင်း ၇ ပုဒ်ခန့် ပါဝင်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top