တစ္ခ်ိန္က ဟုန္းဟုန္းေတာက္ ေအာင္ျမင္ခဲ့တဲ့ မင္းသမီးၾကီး ထက္ထက္မိုးဦးက အခုလက္ရွိ သူမ အလုပ္ေတြၾကိဳးစားေနျပီး အႏုပညာအလုပ္ေတြ ဆက္မလုပ္ျဖစ္ေသးပံုနဲ႔ လူမႈကြန္ရက္တြင္ အထင္လြဲေနမႈ အခ်ိဳ႕ကို ခုလို ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

ပရိသတ္ေတြကို လြမ္းေနပါတယ္။ ရင္ထဲမွာလည္း အျမဲတမ္းရွိေနပါတယ္။ အႏုပညာအလုပ္ေတြ လုပ္ဖို႔ ကေတာ့ မေျပာတက္ေသးဘူးေပါ့ေနာ္။ခုက စိတ္ဓာတ္က်လို႔ အမ ဒီတိုင္းေလးပဲ ေနေနပါတယ္။ ဘုရားတရားပဲ ပိုလုပ္ျဖစ္ေနပါတယ္။ မိုးကုတ္သြားလိုက္။ တစ္ခါတစ္ေလ မႏၱေလးျပန္လာလိုက္ေပါ။ ပူရင္ တျခားျမိဳ႕ေတြသြားလည္လိုက္ပဲ ေနေနပါတယ္။

ပရိသတ္ေတြေရာ အႏုပညာရွင္ေမာင္ႏွမေတြေရာ သိေစခ်င္တာ အဲ့ဒီ မႈန္ေရႊရီ အေကာင့္က အမမဟုတ္ပါဘူး။ ဒီလို အရင္တုန္းကပံုေတြျပန္ျပီးတင္ေပးတာေတာ့ ေက်းဇူးတင္ပါတယ္။ ပရိသတ္ျမင္ေအာင္ ျပန္ျပီးျပေပးတာ။ တျခားဟာေတြေလွ်ာက္ေရးတာက အမတို႔ အိမ္ေထာင္ေရး အဆင္မေျပျဖစ္ေနတဲ့ အခ်ိန္မွာ ဒီလိုမ်ိဳးေလးေတြအမေတာ့ မေရးေစခ်င္ဘူး။ အမတို႔ သူ႔ဟာသူေန ကိုယ့္ဟာကိုေနေနတဲ့ အခ်ိန္မ်ိဳးမွာဒီလို တင္ေတာ့ ထပ္ျပီး အထင္လြဲမႈေတြျဖစ္တာေပါ့။ အမလည္းဖတ္ၾကည့္ျပီး စိတ္မေကာင္းဘူး။ We Love ေတြနဲ႔ အေပါင္းအသင္းအခ်ိဳ႕ကေတာ့ မဟုတ္ဘူး ဆိုျပီးေျဖရွင္းခိုင္းတယ္။ အစထဲက ဒီဘက္ကို မလွည့္ျဖစ္ေတာ့ မေျဖရွင္းခ်င္ေတာ့ဘူး။ တခါတေလ ပ်င္းရင္ သူမ်ားဖုန္းနဲ႔ ခဏတျဖဳတ္ယူၾကည့္မိလိုက္တာပဲရွိတယ္။

အမတို႔ ေခတ္တုန္းက facebook သံုးျပီး နာမည္ၾကီးလာတာမဟုတ္ဘူးေလ။ အဲ့ေတာ့ အမက Facebook ကို စိတ္မဝင္စားဘူး။ ဒါမဲ့အခုေနာက္ပိုင္း လူေျပာမ်ားလာေတာ့ အမစိတ္မေကာင္းေတာ့ ျဖစ္မိတယ္။ အမမွ တဟုတ္ဘူး မည္သူတစ္ဦးတစ္ေယာက္မွ ဒီလို အထင္လြဲတာမ်ိဳးကိုမျဖစ္ေစခ်င္ဘူး။ သူ႔ေၾကာင့္ ကိုယ့္ေၾကာင့္ နစ္နာတာေတြမျဖစ္ေစခ်င္ဘူး။ အရင္ထဲကလည္း အမမသံုးဘူး။ အရင္ ထက္ထက္မိုးဦးဆိုတဲ့ Page ကေတာ့ အရင္က အမေယာက်ာ္းသံုးဖူးတယ္။ အခုေနာက္ပို္င္းေတာ့သံုးလား မသံုးလား အမလည္းမသိဘူး။

ျပီးခဲ့တဲ့ အကယ္ဒမီေပးပြဲကိုလည္း မတက္ျဖစ္ဘူးဆိုတာ နဲနဲလည္း ဝေနလို႔ေလ။ ျပီးေတာ့ ပူလည္းပူေတာ့ မိုးကုတ္မွာပဲ ေနျဖစ္လို႔ပါ။ ရန္ကုန္မွာ အရမ္းပူေတာ့ အဝတ္အစားၾကပ္ၾကပ္ထုပ္ထုပ္ေတြ ဝတ္ဖို႔ မိတ္ကပ္ေတြလိမ္းဖို႔ က စိတ္ညစ္လို႔ေလ။ ပရိသတ္ေတြကိုကေတာ့ သတိရပါတယ္။ အမလည္းဒီအလုပ္ေတြနဲ႔အသက္ေမြးဝမ္းေၾကာင္းလုပ္လာတာ။ ဘဝကို ဒီအတြက္ပဲေပးဆပ္ေပးခဲ့တာဆိုေတာ့။ ဒီေခတ္လို လြယ္လြယ္နဲ႔ ေအာင္ျမင္လာတာမ်ိဳးမဟုတ္ဘူးေလ။ ဒီေခတ္က အဆက္အသြယ္ေတြကေကာင္းတယ္။ အမတို႔က ဒီိလိုျဖစ္လာဖို႔ အမ်ားၾကီးရင္းျပီး ေပးဆပ္ခဲ့ရတာ။ ေနာက္လဲၾကိဳးစားေနဦးမွာပါ။ မိသားစုနဲ႔ သမီးေလးကိုလည္း စိတ္ထဲမွာ အျမဲတမ္းရွိေနပါတယ္။

ပရိသတ္ကိုလည္း အမ်ားၾကီး ခ်စ္ပါတယ္တယ္။ ေနာက္လည္း ျပန္ေတြ႔ခ်င္ပါတယ္လို႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:theesaychin

#Unicode Version# ျဖင့္ဖတ္ပါ ။

တစ်ချိန်က ဟုန်းဟုန်းတောက် အောင်မြင်ခဲ့တဲ့ မင်းသမီးကြီး ထက်ထက်မိုးဦးက အခုလက်ရှိ သူမ အလုပ်တွေကြိုးစားနေပြီး အနုပညာအလုပ်တွေ ဆက်မလုပ်ဖြစ်သေးပုံနဲ့ လူမှုကွန်ရက်တွင် အထင်လွဲနေမှု အချို့ကို ခုလို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ပရိသတ်တွေကို လွမ်းနေပါတယ်။ ရင်ထဲမှာလည်း အမြဲတမ်းရှိနေပါတယ်။ အနုပညာအလုပ်တွေ လုပ်ဖို့ ကတော့ မပြောတက်သေးဘူးပေါ့နော်။ခုက စိတ်ဓာတ်ကျလို့ အမ ဒီတိုင်းလေးပဲ နေနေပါတယ်။ ဘုရားတရားပဲ ပိုလုပ်ဖြစ်နေပါတယ်။ မိုးကုတ်သွားလိုက်။ တစ်ခါတစ်လေ မန္တလေးပြန်လာလိုက်ပေါ။ ပူရင် တခြားမြို့တွေသွားလည်လိုက်ပဲ နေနေပါတယ်။

ပရိသတ်တွေရော အနုပညာရှင်မောင်နှမတွေရော သိစေချင်တာ အဲ့ဒီ မှုန်ရွှေရီ အကောင့်က အမမဟုတ်ပါဘူး။ ဒီလို အရင်တုန်းကပုံတွေပြန်ပြီးတင်ပေးတာတော့ ကျေးဇူးတင်ပါတယ်။ ပရိသတ်မြင်အောင် ပြန်ပြီးပြပေးတာ။ တခြားဟာတွေလျှောက်ရေးတာက အမတို့ အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတဲ့ အချိန်မှာ ဒီလိုမျိုးလေးတွေအမတော့ မရေးစေချင်ဘူး။ အမတို့ သူ့ဟာသူနေ ကိုယ့်ဟာကိုနေနေတဲ့ အချိန်မျိုးမှာဒီလို တင်တော့ ထပ်ပြီး အထင်လွဲမှုတွေဖြစ်တာပေါ့။ အမလည်းဖတ်ကြည့်ပြီး စိတ်မကောင်းဘူး။ We Love တွေနဲ့ အပေါင်းအသင်းအချို့ကတော့ မဟုတ်ဘူး ဆိုပြီးဖြေရှင်းခိုင်းတယ်။ အစထဲက ဒီဘက်ကို မလှည့်ဖြစ်တော့ မဖြေရှင်းချင်တော့ဘူး။ တခါတလေ ပျင်းရင် သူများဖုန်းနဲ့ ခဏတဖြုတ်ယူကြည့်မိလိုက်တာပဲရှိတယ်။

အမတို့ ခေတ်တုန်းက facebook သုံးပြီး နာမည်ကြီးလာတာမဟုတ်ဘူးလေ။ အဲ့တော့ အမက Facebook ကို စိတ်မဝင်စားဘူး။ ဒါမဲ့အခုနောက်ပိုင်း လူပြောများလာတော့ အမစိတ်မကောင်းတော့ ဖြစ်မိတယ်။ အမမှ တဟုတ်ဘူး မည်သူတစ်ဦးတစ်ယောက်မှ ဒီလို အထင်လွဲတာမျိုးကိုမဖြစ်စေချင်ဘူး။ သူ့ကြောင့် ကိုယ့်ကြောင့် နစ်နာတာတွေမဖြစ်စေချင်ဘူး။ အရင်ထဲကလည်း အမမသုံးဘူး။ အရင် ထက်ထက်မိုးဦးဆိုတဲ့ Page ကတော့ အရင်က အမယောကျာ်းသုံးဖူးတယ်။ အခုနောက်ပိုင်းတော့သုံးလား မသုံးလား အမလည်းမသိဘူး။

ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲကိုလည်း မတက်ဖြစ်ဘူးဆိုတာ နဲနဲလည်း ဝနေလို့လေ။ ပြီးတော့ ပူလည်းပူတော့ မိုးကုတ်မှာပဲ နေဖြစ်လို့ပါ။ ရန်ကုန်မှာ အရမ်းပူတော့ အဝတ်အစားကြပ်ကြပ်ထုပ်ထုပ်တွေ ဝတ်ဖို့ မိတ်ကပ်တွေလိမ်းဖို့ က စိတ်ညစ်လို့လေ။ ပရိသတ်တွေကိုကတော့ သတိရပါတယ်။ အမလည်းဒီအလုပ်တွေနဲ့အသက်မွေးဝမ်းကြောင်းလုပ်လာတာ။ ဘဝကို ဒီအတွက်ပဲပေးဆပ်ပေးခဲ့တာဆိုတော့။ ဒီခေတ်လို လွယ်လွယ်နဲ့ အောင်မြင်လာတာမျိုးမဟုတ်ဘူးလေ။ ဒီခေတ်က အဆက်အသွယ်တွေကကောင်းတယ်။ အမတို့က ဒီလိုဖြစ်လာဖို့ အများကြီးရင်းပြီး ပေးဆပ်ခဲ့ရတာ။ နောက်လဲကြိုးစားနေဦးမှာပါ။ မိသားစုနဲ့ သမီးလေးကိုလည်း စိတ်ထဲမှာ အမြဲတမ်းရှိနေပါတယ်။

ပရိသတ်ကိုလည်း အများကြီး ချစ်ပါတယ်တယ်။ နောက်လည်း ပြန်တွေ့ချင်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:theesaychin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top