
သူမရဲ႕ လက္ရွိ အႏုပညာလႈပ္ရွားမႈအေနနဲ႔ အိမ္စည္ ကိုယ္တိုင္ ေခါင္းေဆာင္ မင္းသမီးအျဖစ္ ပါဝင္ထားတဲ့ ႏိုင္ငံတကာအဆင့္မီ ႐ုပ္ရွင္ကို မၾကာခင္အခ်ိန္အတြင္းမွာ ႐ုံတင္ျပသေတာ့မွာျဖစ္ပါတယ္။
Horror Flim အမ်ိဳးအစားျဖစ္တဲ့ ဒီ႐ုပ္ရွင္မွာ သီတာ လို႔ အမည္ရတဲ့ အရမ္းကို အေနအတိုင္း ေအးေဆးၿပီး ယဥ္ေက်းသိမ္ေမြ႕တဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ၿပီး ျမန္မာဆန္ဆန္ဝတ္စားဆင္ယင္တတ္သလို ဆံပင္ရွည္ရွည္ေလးနဲ႔ လူတိုင္းေငးရတဲ့ ပုသိမ္သူ မိန္းမပ်ိဳေလးအျဖစ္ကေန ေသျခင္းရဲ႕ အျခားတစ္ဖက္က ပရေလာကသားဘဝမွာေတာ့ အရမ္းကို ရက္စက္ၾကမ္းတမ္းတဲ့ The Naked Ghost သရဲမတစ္ေကာင္အျဖစ္ ပီျပင္စြာ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

သီတာ ဆိုတဲ့ သရဲမ အျဖစ္နဲ႔ ျမင္ေတြ႕ရမဲ့ ဒီဇာတ္ေကာင္မွာ ေ႐ႊအိမ္စည္ရဲ႕ ေကာက္ေၾကာင္းအလွ နဲ႔အတူ ထက္ျမက္စူးရွေသာ အိုက္တင္မ်ားႏွင့္ ဇာတ္ကားရသကို တင္ဆက္သြားမည္ျဖစ္ၿပီး ႏိုင္ငံတကာ၏ ဇာတ္ကားအဆင့္သတ္မွတ္ခ်က္ rating အရလည္း မေဖာ္ျပအပ္ေသာ ခႏၶာကိုယ္အစိတ္အပိုင္းမ်ားကို ကန႔္သတ္ေဖာ္ျပသြားမွာျဖစ္ပါတယ္။

ေ႐ႊအိမ္စည္အတြက္ ပထမဆုံးေခါင္းေဆာင္မင္းသမီးအျဖစ္ ႐ိုက္ကူးမည့္ဇာတ္ကားျဖစ္သည့္အျပင္ ဒီ႐ုပ္ရွင္ဇာတ္ကားႀကီးကို ႏိုင္ငံတကာ႐ုပ္ရွင္ျဖန႔္ခ်ိေရးမ်ားႏွင့္ခ်ိတ္ဆက္ကာ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားသို႔ ျဖန႔္ခ်ိျပသႏိုင္ရန္ ညႇိႏႈိင္းေဆာင္႐ြက္ထားတာျဖစ္တာမို႔ အိမ္စည္ကို ဆက္လက္အားေပးၾကပါဦးေနာ္.. ပရိသတ္ႀကီးေရ…
ဖိုးသူေတာ္(www.phothutaw.com)
Credit:celegabar
#Unicode Version#
ရွှေအိမ်စည် ကတော့ အသက်(၂၁) နှစ်သာရှိသေးတဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်ဆောင်ကိုယ်စားပြု အလှမယ်ဟောင်းတစ်ဦးဖြစ်ပြီး အနုပညာလောကကို အလှမယ်တစ်ယောက်အဖြစ် စတင်ဝင်ရောက်လာသူလည်းဖြစ်ပါတယ်။
သူမရဲ့ လက်ရှိ အနုပညာလှုပ်ရှားမှုအနေနဲ့ အိမ်စည် ကိုယ်တိုင် ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်ထားတဲ့ နိုင်ငံတကာအဆင့်မီ ရုပ်ရှင်ကို မကြာခင်အချိန်အတွင်းမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
Horror Flim အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်မှာ သီတာ လို့ အမည်ရတဲ့ အရမ်းကို အနေအတိုင်း အေးဆေးပြီး ယဉ်ကျေးသိမ်မွေ့တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး မြန်မာဆန်ဆန်ဝတ်စားဆင်ယင်တတ်သလို ဆံပင်ရှည်ရှည်လေးနဲ့ လူတိုင်းငေးရတဲ့ ပုသိမ်သူ မိန်းမပျိုလေးအဖြစ်ကနေ သေခြင်းရဲ့ အခြားတစ်ဖက်က ပရလောကသားဘဝမှာတော့ အရမ်းကို ရက်စက်ကြမ်းတမ်းတဲ့ The Naked Ghost သရဲမတစ်ကောင်အဖြစ် ပီပြင်စွာ မြင်တွေ့ရမှာဖြစ်ပါတယ်။
သီတာ ဆိုတဲ့ သရဲမ အဖြစ်နဲ့ မြင်တွေ့ရမဲ့ ဒီဇာတ်ကောင်မှာ ရွှေအိမ်စည်ရဲ့ ကောက်ကြောင်းအလှ နဲ့အတူ ထက်မြက်စူးရှသော အိုက်တင်များနှင့် ဇာတ်ကားရသကို တင်ဆက်သွားမည်ဖြစ်ပြီး နိုင်ငံတကာ၏ ဇာတ်ကားအဆင့်သတ်မှတ်ချက် rating အရလည်း မဖော်ပြအပ်သော ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကန့်သတ်ဖော်ပြသွားမှာဖြစ်ပါတယ်။
ရွှေအိမ်စည်အတွက် ပထမဆုံးခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးမည့်ဇာတ်ကားဖြစ်သည့်အပြင် ဒီရုပ်ရှင်ဇာတ်ကားကြီးကို နိုင်ငံတကာရုပ်ရှင်ဖြန့်ချိရေးများနှင့်ချိတ်ဆက်ကာ နိုင်ငံတော်တော်များများသို့ ဖြန့်ချိပြသနိုင်ရန် ညှိနှိုင်းဆောင်ရွက်ထားတာဖြစ်တာမို့ အိမ်စည်ကို ဆက်လက်အားပေးကြပါဦးနော်.. ပရိသတ်ကြီးရေ…
ဖိုးသူတော်(www.phothutaw.com)
Credit:celegabar