“ကြ်န္ေတာ္နဲ႔အေၾကာ္သည္အေမႀကီး”

အမွတ္တမဲ့ပါပဲ..နားထဲခပ္သဲ့သဲ့ၾကားလိုက္တာပါ..အေၾကာ္တစ္ခုကို ဘယ္ေလာက္လဲ ?

ကေလးတစ္ေယာက္ကိုလက္ဆြဲၿပီးေတာ့ အမ်ိဳးသမီးတစ္ေယာက္(ေငြေၾကးျပည့္စံုတဲ့ အသိုင္းအ၀ိုင္းက ပံုစံမ်ိဳးပါပဲ).အေၾကာ္၀ယ္ဖို႔ေမးေနတဲ့ အသံပါ…

အေၾကာ္တစ္ခုကို ၅၀ပါ…၁၀၀ဖိုးကို ၃ ခု ထားလိုက္…..မရလို႔ပါကြယ္…..၂၀၀ ဖိုး ၅ ခုေတာ့ ထား.././…./

တေအာင့္ေလာက္ေနေတာ့..ေနာက္ထပ္ၾကား လိုက္ရတယ္…”လာ..သားး..အေၾကာ္ေတြက ညစ္တီးညစ္ပတ္နဲ႔ မသန္႔ရွင္းဘူး…မစားခ်င္နဲ႔..သား”..ဆိုၿပီး .ကေလးကို ဆြဲေခၚသြားတယ္… ကြ်န္ေတာ္ စိတ္၀င္စားသြားတယ္…ေသခ်ာလွမ္းၾကည့္လိုက္ေတာ့…အသက္(၆၀)ေက်ာ္ အေမႀကီးတစ္ေယာက္​ အ​ေၾကာ္ေရာင္းေနတာကို အမ်ိဳးသမီးတစ္ေယာက္က ေစ်းဆစ္ေနတာ..

ေၾသာ္..လူေတြမ်ား ..ခက္လိုက္တာဗ်ာ…အေၾကာ္၀ယ္ဖို႔..ေစ်းဆစ္လို႔မရေတာ့..ညစ္ပတ္တယ္….မစားနဲ႔လို႔ ေျပာသြားတယ္…. ထိုအမ်ိဳးသမီးရဲ႔ စိတ္ဓာတ္နဲ႔အဆင့္အတန္းကို မေ၀ဖန္ခ်င္ေတာ့ မစဥ္းစားခ်င္ေတာ့.အေၾကာ္သည္ အ​ေမႀကီးကို ၾကည့္လုိက္ေတာ့ အားငယ္သြားတဲ့ မ်က္ႏွာေလးနဲ႔ထြက္သြားတယ္…

” ေဟာဒီက…အေၾကာ္ပူပူေလး… :”……ရင္ထဲမွာ ေတာ္ေတာ္ေလးစိတ္မေကာင္းျဖစ္သြားတယ္….ကြ်န္ေတာ္ ကမန္းကတန္းလွမ္းေခၚလိုက္တယ္…. အေမႀကီး..ခဏေနပါအံုးဗ်..အေၾကာ္၀ယ္ခ်င္လို႔ပါ….ျပန္လွည့္လာၿပီး..အေၾကာ္ဗန္းကို ခ်ေပးတယ္….

ၾကည့္လိုက္ေတာ့ မုန္႔ေပါင္းနဲ႔ အေၾကာ္ေလးေတြက အစီအရီ…ဗန္းထဲမွာ စားခ်င္စဖြယ္သန္႔သန္႔ရွင္းရွင္းလုပ္ထားတာပါ..

(စဥ္းစားမိတယ္. းေနရဲ႔ အပူရွိန္ေအာက္မွာ အေၾကာ္ေတြကမနက္က ေၾကာ္ထားတာျဖစ္ႏိုင္ေပမယ့္ အပူရွိန္ေၾကာင့္ အေၾကာ္ေတြကပူေနမွာမလြဲ ….အေၾကာ္ပူပူေလးလို႔ ေအာ္ေရာင္းတာနဲ႔ အကိုက္ပဲ)…

ေၾသာ္..ဒီအသက္အရြယ္နဲ႔ ေနပူပူမွာ ဘယ္ေလာက္ပင္ပမ္း ရွာေလမလဲ….ငါ့အေမ မ်ား ဒီလိုဆိုရင္ဆိုတဲ့ အေတြးနဲ႔. ကိုယ္ခ်င္းစာစိတ္မေကာင္းျဖစ္မိတယ္ အေမႀကီး ” အေၾကာ္ တစ္ခု ဘယ္ေလာက္လဲ” သိေပမယ့္ ထပ္ေမးလိုက္တယ္…” အေၾကာ္တစ္ခု (၅၀)ပါ သားေလးရယ္”..

(ေနာက္ထပ္ေစ်းဆစ္မွာေရာင္းမေကာင္းမွာ စိုးရိမ္ေနပံုပါပဲ..မ်က္ႏွာေပၚကေခြ်းစက္ေတြကို သဘက္နဲ႔သုတ္ရင္း ခပ္တိုးတိုးေျဖတယ္)…..

” အေမႀကီး အေၾကာ္ေတြက စားခ်င္စရာပဲ..စားေကာင္းမယ့္ပံုပဲဗ် ” ..ဆိုၿပီး အေၾကာ္တစ္ခုကို ေကာက္၀ါးလိုက္တယ္ (သူ႔ခမ်ာ.အေမာေျပ သေဘာက်သြားပံုပဲ.ညွိဳးငယ္ေနတဲ့ မ်က္ႏွာခ်က္ျခင္းၿပံဳးလာတယ္.၀မ္းသာသြားပံုပဲ)

” အရသာရွိတယ္ အေမႀကီးး.ရံုးကလူေတြလည္း ေကြ်းခ်င္လို႔..အကုန္လံုးဆိုရင္ဘယ္ေလာက္က်လဲ “လို႔ ေမးၿပီး..ငါးေထာင္တန္ တစ္ရြက္ထုတ္ ေပးလုိက္တယ္ အေၾကာ္ေတြထည့္ရင္းနဲ႔… ဗန္းေအာက္က ငါးရာတန္နဲ႔ႏွစ္ရာတန္ အႏြမ္းေလးေတြတုန္တုန္ရီရီနဲ႔ ထုတ္ေရၿပီး..ျပန္အမ္းဖို႔ ႀကိဳးစားေနတယ္…..

” ရတယ္ အေမႀကီး..ျပန္မအမ္းပါနဲ႔ေတာ့” ..ဆိုေတာ့..” မဟုတ္တာ သားေလးရယ္” ..တဲ့…

” ရတယ္..ပိုတာကို ကုသိုလ္လုပ္တာပါ”လို႔ေျပာလိုက္ေရာ….” ေက်းဇူးတင္လိုက္တာ စိတ္ေကာင္းရွိလိုက္တာ သားေလးရယ္ အိမ္က သားေတြမ်ား ဒီလိုသိတတ္ရင္ဆိုၿပီး ပုခံုးေပၚတင္ထားတဲ့ သဘက္အႏြမ္းေလးနဲ႔ မ်က္ရည္စတခ်ိဳ႔ကို ဖ်တ္ခနဲသုတ္ရွာတယ္….

“..ရင္ထဲမွာမေကာင္း မိဘခ်င္းကိုယ္ခ်င္းစာစိတ္နဲ႔ မ်က္ရည္လည္မိတယ္”

” အေမႀကီး အသက္ဘယ္ေလာက္ရွိၿပီလဲ ဆိုေတာ့. (၆၅)ႏွစ္တဲ့.. ကြ်န္ေတာ့္အေမနဲ႔ အသက္သိပ္မကြာ.ေလာကဒဏ္ရဲ႔ရိုက္ပုတ္မွုပင္ပမ္းဆင္းရဲမွုေတြေၾကာင့္ အေမ့ထက္ေတာင္ အမ်ားႀကီးအိုစာေနပါလားး တကယ္ဆို ဒီအရြယ္က ဘုရားရိပ္..တရားရိပ္မွာ..တရားအားထုတ္ၿပီး ေအးေအးခ်မ္းခ်မ္းေနရမယ့္ အရြယ္ေလ..”

သားသမီးေတြ ရွိလားလို႔လည္း ကြ်န္ေတာ္ မေမးခ်င္ေတာ့ပါ….သားသမီးေတြက မေထာက္ပံ့ၾကဘူးလားလို႔လည္း မေမးခ်င္ေတာ့ပါ ဒီလို ပင္ပင္ပန္းပန္း ေစ်းေရာင္းေနၾကရတဲ့ အေမမ်ိဳးေတြ ျမန္မာျပည္မွာ ဘယ္ေလာက္ေတာင္ ရွိေနမလဲ…ကြ်န္ေတာ္ကေကာ ဘယ္ႏွစ္ခါ ဘယ္ေလာက္ကူညီနိုင္မွာမို႔လဲ….

တကယ္ေတာ့ ….လူတိုင္းရဲ႔ ရင္ထဲမွာ ကိုယ္ခ်င္းစာ နားလည္တတ္တဲ့စိတ္… သားသမီးတိုင္းရဲ႔ ရင္ထဲမွာ..မိဘေက်းဇူးကိုသိတတ္နားလည္လုပ္ေကြ်းျပဳစုခ်င္တဲ့စိတ္…..

လူသားတိုင္းရဲ႔ ရင္ထဲမွာကိုယ္စီတာ၀န္ေက်နားလည္မွုေတြ.ရွိေနၾကမယ္ဆိုရင္……။…………………….။………….

ဖိုးသူေတာ္(www.phothutaw.com)
Credit:နည္းစနစ္က်က်အေတြးအေခၚ

#Unicode Version#
“ကျွန်တော်နဲ့အကြော်သည်အမေကြီး”

အမှတ်တမဲ့ပါပဲ..နားထဲခပ်သဲ့သဲ့ကြားလိုက်တာပါ..အကြော်တစ်ခုကို ဘယ်လောက်လဲ ?

ကလေးတစ်ယောက်ကိုလက်ဆွဲပြီးတော့ အမျိုးသမီးတစ်ယောက်(ငွေကြေးပြည့်စုံတဲ့ အသိုင်းအဝိုင်းက ပုံစံမျိုးပါပဲ).အကြော်ဝယ်ဖို့မေးနေတဲ့ အသံပါ…

အကြော်တစ်ခုကို ၅၀ပါ…၁၀၀ဖိုးကို ၃ ခု ထားလိုက်…..မရလို့ပါကွယ်…..၂၀၀ ဖိုး ၅ ခုတော့ ထား.././…./

တအောင့်လောက်နေတော့..နောက်ထပ်ကြား လိုက်ရတယ်…”လာ..သားး..အကြော်တွေက ညစ်တီးညစ်ပတ်နဲ့ မသန့်ရှင်းဘူး…မစားချင်နဲ့..သား”..ဆိုပြီး .ကလေးကို ဆွဲခေါ်သွားတယ်… ကျွန်တော် စိတ်ဝင်စားသွားတယ်…သေချာလှမ်းကြည့်လိုက်တော့…အသက်(၆၀)ကျော် အမေကြီးတစ်ယောက် အကြော်ရောင်းနေတာကို အမျိုးသမီးတစ်ယောက်က ဈေးဆစ်နေတာ..

သြော်..လူတွေများ ..ခက်လိုက်တာဗျာ…အကြော်ဝယ်ဖို့..ဈေးဆစ်လို့မရတော့..ညစ်ပတ်တယ်….မစားနဲ့လို့ ပြောသွားတယ်…. ထိုအမျိုးသမီးရဲ့ စိတ်ဓာတ်နဲ့အဆင့်အတန်းကို မဝေဖန်ချင်တော့ မစဉ်းစားချင်တော့.အကြော်သည် အမေကြီးကို ကြည့်လိုက်တော့ အားငယ်သွားတဲ့ မျက်နှာလေးနဲ့ထွက်သွားတယ်…

” ဟောဒီက…အကြော်ပူပူလေး… :”……ရင်ထဲမှာ တော်တော်လေးစိတ်မကောင်းဖြစ်သွားတယ်….ကျွန်တော် ကမန်းကတန်းလှမ်းခေါ်လိုက်တယ်…. အမေကြီး..ခဏနေပါအုံးဗျ..အကြော်ဝယ်ချင်လို့ပါ….ပြန်လှည့်လာပြီး..အကြော်ဗန်းကို ချပေးတယ်….

ကြည့်လိုက်တော့ မုန့်ပေါင်းနဲ့ အကြော်လေးတွေက အစီအရီ…ဗန်းထဲမှာ စားချင်စဖွယ်သန့်သန့်ရှင်းရှင်းလုပ်ထားတာပါ..

(စဉ်းစားမိတယ်. းနေရဲ့ အပူရှိန်အောက်မှာ အကြော်တွေကမနက်က ကြော်ထားတာဖြစ်နိုင်ပေမယ့် အပူရှိန်ကြောင့် အကြော်တွေကပူနေမှာမလွဲ ….အကြော်ပူပူလေးလို့ အော်ရောင်းတာနဲ့ အကိုက်ပဲ)…

သြော်..ဒီအသက်အရွယ်နဲ့ နေပူပူမှာ ဘယ်လောက်ပင်ပမ်း ရှာလေမလဲ….ငါ့အမေ များ ဒီလိုဆိုရင်ဆိုတဲ့ အတွေးနဲ့. ကိုယ်ချင်းစာစိတ်မကောင်းဖြစ်မိတယ် အမေကြီး ” အကြော် တစ်ခု ဘယ်လောက်လဲ” သိပေမယ့် ထပ်မေးလိုက်တယ်…” အကြော်တစ်ခု (၅၀)ပါ သားလေးရယ်”..

(နောက်ထပ်ဈေးဆစ်မှာရောင်းမကောင်းမှာ စိုးရိမ်နေပုံပါပဲ..မျက်နှာပေါ်ကချွေးစက်တွေကို သဘက်နဲ့သုတ်ရင်း ခပ်တိုးတိုးဖြေတယ်)…..

” အမေကြီး အကြော်တွေက စားချင်စရာပဲ..စားကောင်းမယ့်ပုံပဲဗျ ” ..ဆိုပြီး အကြော်တစ်ခုကို ကောက်ဝါးလိုက်တယ် (သူ့ခမျာ.အမောပြေ သဘောကျသွားပုံပဲ.ညှိုးငယ်နေတဲ့ မျက်နှာချက်ခြင်းပြုံးလာတယ်.ဝမ်းသာသွားပုံပဲ)

” အရသာရှိတယ် အမေကြီးး.ရုံးကလူတွေလည်း ကျွေးချင်လို့..အကုန်လုံးဆိုရင်ဘယ်လောက်ကျလဲ “လို့ မေးပြီး..ငါးထောင်တန် တစ်ရွက်ထုတ် ပေးလိုက်တယ် အကြော်တွေထည့်ရင်းနဲ့… ဗန်းအောက်က ငါးရာတန်နဲ့နှစ်ရာတန် အနွမ်းလေးတွေတုန်တုန်ရီရီနဲ့ ထုတ်ရေပြီး..ပြန်အမ်းဖို့ ကြိုးစားနေတယ်…..

” ရတယ် အမေကြီး..ပြန်မအမ်းပါနဲ့တော့” ..ဆိုတော့..” မဟုတ်တာ သားလေးရယ်” ..တဲ့…

” ရတယ်..ပိုတာကို ကုသိုလ်လုပ်တာပါ”လို့ပြောလိုက်ရော….” ကျေးဇူးတင်လိုက်တာ စိတ်ကောင်းရှိလိုက်တာ သားလေးရယ် အိမ်က သားတွေများ ဒီလိုသိတတ်ရင်ဆိုပြီး ပုခုံးပေါ်တင်ထားတဲ့ သဘက်အနွမ်းလေးနဲ့ မျက်ရည်စတချို့ကို ဖျတ်ခနဲသုတ်ရှာတယ်….

“..ရင်ထဲမှာမကောင်း မိဘချင်းကိုယ်ချင်းစာစိတ်နဲ့ မျက်ရည်လည်မိတယ်”

” အမေကြီး အသက်ဘယ်လောက်ရှိပြီလဲ ဆိုတော့. (၆၅)နှစ်တဲ့.. ကျွန်တော့်အမေနဲ့ အသက်သိပ်မကွာ.လောကဒဏ်ရဲ့ရိုက်ပုတ်မှုပင်ပမ်းဆင်းရဲမှုတွေကြောင့် အမေ့ထက်တောင် အများကြီးအိုစာနေပါလားး တကယ်ဆို ဒီအရွယ်က ဘုရားရိပ်..တရားရိပ်မှာ..တရားအားထုတ်ပြီး အေးအေးချမ်းချမ်းနေရမယ့် အရွယ်လေ..”

သားသမီးတွေ ရှိလားလို့လည်း ကျွန်တော် မမေးချင်တော့ပါ….သားသမီးတွေက မထောက်ပံ့ကြဘူးလားလို့လည်း မမေးချင်တော့ပါ ဒီလို ပင်ပင်ပန်းပန်း ဈေးရောင်းနေကြရတဲ့ အမေမျိုးတွေ မြန်မာပြည်မှာ ဘယ်လောက်တောင် ရှိနေမလဲ…ကျွန်တော်ကကော ဘယ်နှစ်ခါ ဘယ်လောက်ကူညီနိုင်မှာမို့လဲ….

တကယ်တော့ ….လူတိုင်းရဲ့ ရင်ထဲမှာ ကိုယ်ချင်းစာ နားလည်တတ်တဲ့စိတ်… သားသမီးတိုင်းရဲ့ ရင်ထဲမှာ..မိဘကျေးဇူးကိုသိတတ်နားလည်လုပ်ကျွေးပြုစုချင်တဲ့စိတ်…..

လူသားတိုင်းရဲ့ ရင်ထဲမှာကိုယ်စီတာဝန်ကျေနားလည်မှုတွေ.ရှိနေကြမယ်ဆိုရင်……။…………………….။………….

ဖိုးသူတော်(www.phothutaw.com)
Credit:နည်းစနစ်ကျကျအတွေးအခေါ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top