တစ္ေန႔လွ်င္ မတ္ခြက္ျဖင့္ ေကာ္ဖီ ၂ ခြက္ ေသာက္ျခင္းသည္ ႏွလုံးက်န္းမာေရး ေကာင္းမြန္ေစရန္ အေထာက္အကူ ျပဳသည္ဟု ေလ့လာမႈ တစ္ခုက ေတြ႕ရွိခဲ့သည္။

ေကာ္ဖီကုိ ယင္းကဲ့သုိ႔ ေသာက္သုံးျခင္းသည္ ႏွလုံးအားနည္းေရာဂါ ျဖစ္ႏုိင္ေျခ အႏၲရာယ္ ေလ်ာ့က်ႏုိင္မႈႏွင့္ ဆက္စပ္ေနေၾကာင္း အဆုိပါ သုေတသနျပဳ ေလ့လာမႈက ေတြ႕ရွိခဲ့သည္။

ႏွလုံးအားနည္းေရာဂါေၾကာင့္ ေသဆုံးရမႈႏႈန္းသည္ အခ်ဳိ႕ေသာ ကင္ဆာေရာဂါေၾကာင့္ ေသဆုံးရမႈႏႈန္းထက္ ပုိမ်ားသည္ကုိ ေတြ႕ရွိရသည္။

ေဆးစစ္အၿပီး တစ္ႏွစ္အတြင္း ႏွလုံးအားနည္းေရာဂါ ရွိသူမ်ားထဲမွ ၄၀ ရာခုိင္ႏႈန္းအထိ အသက္အႏၲရာယ္ ထိခုိက္မႈ ရွိသည္ကုိ ေတြ႕ခဲ့ရသည္။

ယခုေနာက္ဆုံး သုေတသနျပဳ ေလ့လာမႈအရ ေကာ္ဖီပမာဏ အသင့္အတင့္ကုိ ပုံမွန္ ေသာက္သုံးေပးျခင္းသည္ ႏွလုံးေရာဂါ ျပႆနာမ်ားကို ေလ်ာ့က်ေစႏုိင္ေသာ္လည္း

ေကာ္ဖီ အလြန္အကၽြံ ေသာက္သုံးျခင္းက ဆန္႔က်င္ဘက္ အက်ဳိးတရား ျဖစ္ေပၚေစႏုိင္သည္ဟု သိရွိရပါသည္။

အမ်ဳိးသား အမ်ဳိးသမီး ၁၅၀၀၀၀ တုိ႔အား ေလ့လာၾကည့္ခဲ့ရာတြင္ တစ္ေနလွ်င္ ေကာ္ဖီ မတ္ခြက္တစ္ခြက္ သုိ႔မဟုတ္ ႏွစ္ခြက္ ေသာက္သုံးသူမ်ားသည္

ေကာ္ဖီ လုံးဝ မေသာက္သူမ်ားထက္ ႏွလုံးအားနည္းေရာဂါ ျဖစ္ေပၚႏုိင္သည့္ အႏၲရာယ္ ၁၁ ရာခုိင္ႏႈန္း ေလ်ာ့နည္းသည္ကုိ ေတြ႕ရွိခဲ့ရသျဖင့္

ယခင္ေကာ္ဖီႏွင့္ ပတ္သက္ေသာ ေလ့လာမႈ ရလဒ္ (၅) ခုကုိ ပယ္ဖ်က္ပစ္လုိက္သည္။ သုိ႔ေသာ္ တစ္ေန႔လွ်င္ ေကာ္ဖီ (၅) ခြက္ႏွင့္အထက္ ေသာက္သုံးသူမ်ား အတြက္မူ

ႏွလုံးအတြက္ ဆုိးက်ဳိး ျဖစ္ေပၚႏုိင္ေၾကာင္း ေတြ႕ရွိရေၾကာင္း Circulation Heart Failure ဂ်ာနယ္၏ အစီရင္ခံစာမ်ားတြင္ ေဖာ္ျပထားသည္။

အေမရိကန္ႏုိင္ငံ ေဘာ္စတြန္ၿမိဳ႕ရွိ Beth Israe! Deaconess Medical Center မွ သုေတသန ပညာရွင္ ေဒါက္တာ မာေရးမစ္တယ္လ္မန္းက ေကာ္ဖီ အတန္အသင့္ ေသာက္သုံးမႈသည္

ႏွလုံးအားနည္းေရာဂါအတြက္ အဓိက အေနအထား ျဖစ္လာပုံရသည္ဟု ဆုိသည္။ ေကာ္ဖီေသာက္ျခင္းက ဘာ့ေၾကာင့္ ႏွလံုးအာနည္းသည့္ ေရာဂါ ျဖစ္ႏိုင္ေျခ ေလ်ာ့နည္းေစရသည္ကုိမူ ေသခ်ာစြာ မသိရဟု သုေတသီမ်ားက ေျပာၾကားသည္။

ႏွလုံးအားနည္းေရာဂါ ဆုိသည္မွာ ႐ုတ္တရက္ ႏွလုံးေဖာက္ျပန္မႈ သုိ႔မဟုတ္ ႏွလုံးေရာဂါေၾကာင့္ လူ႔ခႏၶာကုိယ္ တစ္ေလွ်ာက္သုိ႔ ေသြးပုိ႔လႊတ္ရန္ အျပင္းအထန္ ႀကိဳးစား ႐ုန္းကန္ေနရသည့္ ေရာဂါျဖစ္သည္။

ေကာ္ဖီေသာက္ျခင္းေၾကာင့္ ႏွလုံးအားနည္းေရာဂါ ျဖစ္ႏုိင္ေျခ ေလ်ာ့က်ရျခင္းမွာ ေယဘုယ်အားျဖင့္ ေကာ္ဖီေၾကာင့္ ေသြးေပါင္တုိးလာျခင္းေၾကာင့္ ျဖစ္ပုံရသည္ဟု သုေတသီမ်ားက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Daily Mail
# Unicode Version # ျဖင့္ ဖတ္ပါ #


တစ်နေ့လျှင် မတ်ခွက်ဖြင့် ကော်ဖီ ၂ ခွက် သောက်ခြင်းသည် နှလုံးကျန်းမာရေး ကောင်းမွန်စေရန် အထောက်အကူ ပြုသည်ဟု လေ့လာမှု တစ်ခုက တွေ့ရှိခဲ့သည်။

ကော်ဖီကို ယင်းကဲ့သို့ သောက်သုံးခြင်းသည် နှလုံးအားနည်းရောဂါ ဖြစ်နိုင်ခြေ အန္တရာယ် လျော့ကျနိုင်မှုနှင့် ဆက်စပ်နေကြောင်း အဆိုပါ သုတေသနပြု လေ့လာမှုက တွေ့ရှိခဲ့သည်။

နှလုံးအားနည်းရောဂါကြောင့် သေဆုံးရမှုနှုန်းသည် အချို့သော ကင်ဆာရောဂါကြောင့် သေဆုံးရမှုနှုန်းထက် ပိုများသည်ကို တွေ့ရှိရသည်။

ဆေးစစ်အပြီး တစ်နှစ်အတွင်း နှလုံးအားနည်းရောဂါ ရှိသူများထဲမှ ၄၀ ရာခိုင်နှုန်းအထိ အသက်အန္တရာယ် ထိခိုက်မှု ရှိသည်ကို တွေ့ခဲ့ရသည်။

ယခုနောက်ဆုံး သုတေသနပြု လေ့လာမှုအရ ကော်ဖီပမာဏ အသင့်အတင့်ကို ပုံမှန် သောက်သုံးပေးခြင်းသည် နှလုံးရောဂါ ပြဿနာများကို လျော့ကျစေနိုင်သော်လည်း

ကော်ဖီ အလွန်အကျွံ သောက်သုံးခြင်းက ဆန့်ကျင်ဘက် အကျိုးတရား ဖြစ်ပေါ်စေနိုင်သည်ဟု သိရှိရပါသည်။

အမျိုးသား အမျိုးသမီး ၁၅၀၀၀၀ တို့အား လေ့လာကြည့်ခဲ့ရာတွင် တစ်နေလျှင် ကော်ဖီ မတ်ခွက်တစ်ခွက် သို့မဟုတ် နှစ်ခွက် သောက်သုံးသူများသည်

ကော်ဖီ လုံးဝ မသောက်သူများထက် နှလုံးအားနည်းရောဂါ ဖြစ်ပေါ်နိုင်သည့် အန္တရာယ် ၁၁ ရာခိုင်နှုန်း လျော့နည်းသည်ကို တွေ့ရှိခဲ့ရသဖြင့်

ယခင်ကော်ဖီနှင့် ပတ်သက်သော လေ့လာမှု ရလဒ် (၅) ခုကို ပယ်ဖျက်ပစ်လိုက်သည်။ သို့သော် တစ်နေ့လျှင် ကော်ဖီ (၅) ခွက်နှင့်အထက် သောက်သုံးသူများ အတွက်မူ

နှလုံးအတွက် ဆိုးကျိုး ဖြစ်ပေါ်နိုင်ကြောင်း တွေ့ရှိရကြောင်း Circulation Heart Failure ဂျာနယ်၏ အစီရင်ခံစာများတွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ရှိ Beth Israe! Deaconess Medical Center မှ သုတေသန ပညာရှင် ဒေါက်တာ မာရေးမစ်တယ်လ်မန်းက ကော်ဖီ အတန်အသင့် သောက်သုံးမှုသည်

နှလုံးအားနည်းရောဂါအတွက် အဓိက အနေအထား ဖြစ်လာပုံရသည်ဟု ဆိုသည်။ ကော်ဖီသောက်ခြင်းက ဘာ့ကြောင့် နှလုံးအာနည်းသည့် ရောဂါ ဖြစ်နိုင်ခြေ လျော့နည်းစေရသည်ကိုမူ သေချာစွာ မသိရဟု သုတေသီများက ပြောကြားသည်။

နှလုံးအားနည်းရောဂါ ဆိုသည်မှာ ရုတ်တရက် နှလုံးဖောက်ပြန်မှု သို့မဟုတ် နှလုံးရောဂါကြောင့် လူ့ခန္ဓာကိုယ် တစ်လျှောက်သို့ သွေးပို့လွှတ်ရန် အပြင်းအထန် ကြိုးစား ရုန်းကန်နေရသည့် ရောဂါဖြစ်သည်။

ကော်ဖီသောက်ခြင်းကြောင့် နှလုံးအားနည်းရောဂါ ဖြစ်နိုင်ခြေ လျော့ကျရခြင်းမှာ ယေဘုယျအားဖြင့် ကော်ဖီကြောင့် သွေးပေါင်တိုးလာခြင်းကြောင့် ဖြစ်ပုံရသည်ဟု သုတေသီများက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Daily Mail
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top