သထုံၿမိဳ႕ ဘူတာေရကန္တူးေဖၚေနစဥ္ ၀ိဥာည္ပူးကပ္မွဳမ်ားရွိေန

မင္းနႏၵ၊ သမိန္ျဗတ္စ

မြန္ျပည္နယ္အစုိးရအဖဲြ႕ဘတ္ဂ်က္ရံပုံေငြျဖင့္ တူးေဖၚေဆာင္ရြက္ေနေသာလုပ္ငန္းခြင္အတြင္း ၀ိဥာည္ပူးကပ္မွဳမ်ား ျဖစ္ပြားခဲ့ေၾကာင္း ေမလ (၂) ရက္ေန႕ နံနက္ပုိင္းက အဆုိပါလုပ္ငန္းခြင္အတြင္း တာ၀န္ရွိသူတစ္ဦးက လူထုကေလာင္သုိ႕ေျပာၾကားသည္။

လွံတံပံုသ႑န္(၆)ေပခန္႔႐ွိသံေခ်ာင္း

“ ကၽြန္ေတာ္တုိ႕ ေရကန္တူးေဖၚေတာ့ လွံပုံစံမ်ိဳး တစ္ခု၊ စိန္အသြားအခ်ြန္ သံေခ်ာင္းေကြးႏွစ္ေခ်ာင္း ဘက္ဟုိးကုတ္ေတာ့ ပါလာတယ္။ အနီးအနားမွာရွိတဲ့သူေတြက အဲဒီသံေခ်ာင္းေတြကုိ လာယူသြားၾကတယ္။ မေန႕ကေတာ့ ပေယာဂဆရာတစ္ဦးကုိ ၀င္ပူးၿပီး သူ႕ပစၥည္းသူ႕ေနရာထားပါလုိ႕ေျပာေနတယ္။ ကၽြန္ေတာ္ သိသေလာက္ေတာ့ အဲဒါပါဘဲ” ဟု ေရကူးတူးေဖၚရာတြင္ ဘက္ဟုိးစက္ေမာင္းႏွင္သူ ကရင္အမ်ိဳးသားတစ္ဦးက ေျပာသည္။

ေတြ႔႐ွိရေသာ ပစၥည္းမ်ား

သထုံၿမိဳ႕ရွိဘူတာကန္သည္ လြန္ခဲ့သည့္ႏွစ္ေပါင္း (၁၀၀ ) ခန္႕က တူးေဖၚထားၿပီး မီးရထားစက္ေခါင္းမ်ားအတြက္ အဓိကအသုံးျပဳခဲ့ၿပီး၊ အနီးအနားရပ္ကြက္မ်ားကလည္းသုံးစဲြခဲ့ေသာကန္ျဖစ္ကာ ယခုအခါတြင္ ေရရွားပါးသည့္ ရပ္ကြက္မ်ားအတြက္ ေရေလွာင္ႏုိင္ရန္ ျပည္နယ္ဘတ္ဂ်က္ ရံပုံေငြျဖင့္ ျပန္လည္တူးေဖၚေနျခင္းျခစ္သည္။

“ ထူးျခားျဖစ္စဥ္ေတြရွိတယ္ဆုိလုိ႕ တူးေဖၚေနတဲ့ လုပ္ငန္းခြင္ေနရာကုိသြားေတာ့ ၀င္ပူးတဲ့သူကုိ အခုလုပ္ငန္းခြင္လုပ္တဲ့သူေတြက စည္းကမ္းရွိဘူး၊ ပတ္၀န္းက်င္ကုိေစာ္ကားတယ္၊ မိမိတုိ႕ပုိင္တဲ့ ပစၥည္းေတြကုိ သူတုိ႕ယူၿပီးေရာင္းစားထားတယ္။ အဲဒါေတြ သူ႕ေနရာမွာသူထားေပးပါဆုိၿပီးေျပာတယ္လုိ႕သိရေတာ့ စုံစမ္းလုိက္ေတာ့

ေတြ႔ျမင္ရေသာ ပစၥည္း ၃ခုအား ဆက္စပ္ေနစဥ္ ဟိႏၵဴဘုရား လက္နက္ပံုသ႑န္အျဖင့္ ထင္ျမင္ယူဆစဥ္

၆) ေပေလာက္ရွိတဲ့ လွံလုိအရာတစ္ခုနဲ႕ အေလးခ်ိန္ အခ်ိန္ (၂၀ ) ေလာက္ရွိတယ္ စပယ္ထိပ္ဖူးပါ သံေခ်ာင္းအေကာက္ႀကီးႏွစ္ခုက သံေဟာင္းေရာင္းတဲ့ဆုိင္မွာသြားေရာင္းထားလုိ႕ အခု ပုိက္ဆံျပန္ေပးၿပီး ျပန္ယူလာၾကပါတယ္။ ျဖစ္စဥ္ကေတာ့ တကယ္ျဖစ္သြားတာပါဟု” ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚခုိင္ခုိင္လဲ့ကေျပာသည္။

ဦးၿငိမ္ျမင့္ၾကည္မွ သံေခ်ာင္းေပၚ႐ွိ မူလီစုပ္သည့္ အေပါက္မ်ားကို ႐ွင္းလင္းေျပာၾကားေနစဥ္

အဆုိပါ (၆) ေပခန္႕ရွိ လွံပုံသ႑န္ရွိ သံေခ်ာင္းႏွင့္ စပါယ္ဖူးသ႑န္ပါ သံေခ်ာင္း အေကြးႏွစ္ခုအား ဆက္စပ္ပါက ဟိႏၵဴဘာသာ၀င္တုိ႕ ကုိးကြယ္ရာ မဟာသီ၀ ဘုရား၏ လက္နက္ ပုံသ႑န္ျဖစ္ေပၚလာျခင္း ေၾကာင့္ အခ်ိဳ႕ကလည္း ဟိႏၵဴဘာသာ၀င္တုိ႕၏ အထြဋ္အျမတ္ထားရာလက္နက္ျဖစ္ၿပီး ထုိလက္နက္ကုိ သြားေရာက္ေရာင္းစားခဲ့ျခင္းေၾကာင့္ ယခုလုိပူးကပ္ျခင္းမ်ားျဖစ္လာေၾကာင္းေျပာဆုိေနၾကသည္။

ေတြ႔႐ွိရေသာ ပစၥည္း ၃မ်ိဳး

“ မီရထားေႀကးနန္းနွင့္အခ်က္ျပရာတြင္ အသံုးျပဳခ့ဲေသာပစၥည္းမ်ားဟု ခန္႕မွန္းရေႀကာင္း၊ အခြ်န္ထက္ပါေသာသံေခ်ာင္းဧ။္ကိုယ္ထည္မ်ား၌မူလီေပါက္မ်ားပါရွိေသာေႀကာင့္ ဘာသာေရး အသုံးအေဆာင္ မျဖစ္ႏုိင္ပါဘူးဟု ” တြဲစစ္မွဴး(၃) ဦးျငိမ္းျမင့္ႀကည္မွ လာေရာက္ေလ့လာသူမ်ားအား ရွင္းျပခဲ့သည္။

ေရကန္တူးေဖာ္ေနေသာ ဘက္ဟိုးတစ္စီး ကန္အတြင္း နစ္ဝင္ေနစဥ္

ဘူတာေရကန္တူးေဖၚေရးလုပ္ငန္းေဆာင္ရြက္ေနသူမ်ားသည္ လုပ္ငန္းခြင္၀င္ေရာက္ေနစဥ္ အရက္ေသစာေသာက္စားျခင္း၊ ေနည အနီးအနားရွိ အပင္မ်ားတြင္ ငွက္မ်ားအား ပစ္ခတ္စားေသာက္ျခင္း၊ အလုပ္လုပ္ကုိင္ေနစဥ္ မထီမဲ့ျမင္ျပဳမူျဖင္းမ်ားေၾကာင့္ တူးေဖၚေနေသာ ဘက္ဟုိးစက္ပ်က္ျခင္း၊ စက္မ်ားနစ္ျမဳပ္ျခင္းမ်ားရွိေနၿပီး

လွံတံပံုသ႑န္ထိပ္ဖူး

လာမည့္ တနဂၤေႏြေန႕ ညေန (၅) နာရီတြင္ အေႏွာင့္အယွက္ကင္းေ၀းရန္ ပဲြမ်ားေပး၍ ျပန္လည္ေတာင္းပန္သြားမည္ဟု အဆုိပါအနီးေနထုိင္သူမ်ားက လူထုကေလာင္သုိ႕ေျပာၾကားခဲ့သည္။

လွံပံုသ႑န္သံေခ်ာင္းႏွင့္ စံပယ္ဖူးပံုသ႑န္ သံေခ်ာင္းေကာက္

ဓါတ္ပုံတစ္ပုံျခင္းစီတြင္ Caption ထုိးေပးထားပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Pmk Kyaw

#Unicode Version# ျဖင့္ဖတ္ပါ ။

သထုံမြို့ ဘူတာရေကန်တူးဖေါ်နေစဉ် ဝိဉာည်ပူးကပ်မှုများရှိနေ

မင်းနန္ဒ၊ သမိန်ဗြတ်စ

မွန်ပြည်နယ်အစိုးရအဖွဲ့ဘတ်ဂျက်ရံပုံငွေဖြင့် တူးဖေါ်ဆောင်ရွက်နေသောလုပ်ငန်းခွင်အတွင်း ဝိဉာည်ပူးကပ်မှုများ ဖြစ်ပွားခဲ့ကြောင်း မေလ (၂) ရက်နေ့ နံနက်ပိုင်းက အဆိုပါလုပ်ငန်းခွင်အတွင်း တာဝန်ရှိသူတစ်ဦးက လူထုကလောင်သို့ပြောကြားသည်။

လှံတံပုံသဏ္ဍန်(၆)ပေခန့်ရှိသံချောင်း

“ ကျွန်တော်တို့ ရေကန်တူးဖေါ်တော့ လှံပုံစံမျိုး တစ်ခု၊ စိန်အသွားအချွန် သံချောင်းကွေးနှစ်ချောင်း ဘက်ဟိုးကုတ်တော့ ပါလာတယ်။ အနီးအနားမှာရှိတဲ့သူတွေက အဲဒီသံချောင်းတွေကို လာယူသွားကြတယ်။ မနေ့ကတော့ ပယောဂဆရာတစ်ဦးကို ဝင်ပူးပြီး သူ့ပစ္စည်းသူ့နေရာထားပါလို့ပြောနေတယ်။ ကျွန်တော် သိသလောက်တော့ အဲဒါပါဘဲ” ဟု ရေကူးတူးဖေါ်ရာတွင် ဘက်ဟိုးစက်မောင်းနှင်သူ ကရင်အမျိုးသားတစ်ဦးက ပြောသည်။

တွေ့ရှိရသော ပစ္စည်းများ

သထုံမြို့ရှိဘူတာကန်သည် လွန်ခဲ့သည့်နှစ်ပေါင်း (၁၀၀ ) ခန့်က တူးဖေါ်ထားပြီး မီးရထားစက်ခေါင်းများအတွက် အဓိကအသုံးပြုခဲ့ပြီး၊ အနီးအနားရပ်ကွက်များကလည်းသုံးစွဲခဲ့သောကန်ဖြစ်ကာ ယခုအခါတွင် ရေရှားပါးသည့် ရပ်ကွက်များအတွက် ရေလှောင်နိုင်ရန် ပြည်နယ်ဘတ်ဂျက် ရံပုံငွေဖြင့် ပြန်လည်တူးဖေါ်နေခြင်းခြစ်သည်။

“ ထူးခြားဖြစ်စဉ်တွေရှိတယ်ဆိုလို့ တူးဖေါ်နေတဲ့ လုပ်ငန်းခွင်နေရာကိုသွားတော့ ဝင်ပူးတဲ့သူကို အခုလုပ်ငန်းခွင်လုပ်တဲ့သူတွေက စည်းကမ်းရှိဘူး၊ ပတ်ဝန်းကျင်ကိုစော်ကားတယ်၊ မိမိတို့ပိုင်တဲ့ ပစ္စည်းတွေကို သူတို့ယူပြီးရောင်းစားထားတယ်။ အဲဒါတွေ သူ့နေရာမှာသူထားပေးပါဆိုပြီးပြောတယ်လို့သိရတော့ စုံစမ်းလိုက်တော့

တွေ့မြင်ရသော ပစ္စည်း ၃ခုအား ဆက်စပ်နေစဉ် ဟိန္ဒူဘုရား လက်နက်ပုံသဏ္ဍန်အဖြင့် ထင်မြင်ယူဆစဉ်

၆) ပေလောက်ရှိတဲ့ လှံလိုအရာတစ်ခုနဲ့ အလေးချိန် အချိန် (၂၀ ) လောက်ရှိတယ် စပယ်ထိပ်ဖူးပါ သံချောင်းအကောက်ကြီးနှစ်ခုက သံဟောင်းရောင်းတဲ့ဆိုင်မှာသွားရောင်းထားလို့ အခု ပိုက်ဆံပြန်ပေးပြီး ပြန်ယူလာကြပါတယ်။ ဖြစ်စဉ်ကတော့ တကယ်ဖြစ်သွားတာပါဟု” ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ကပြောသည်။

ဦးငြိမ်မြင့်ကြည်မှ သံချောင်းပေါ်ရှိ မူလီစုပ်သည့် အပေါက်များကို ရှင်းလင်းပြောကြားနေစဉ်

အဆိုပါ (၆) ပေခန့်ရှိ လှံပုံသဏ္ဍန်ရှိ သံချောင်းနှင့် စပါယ်ဖူးသဏ္ဍန်ပါ သံချောင်း အကွေးနှစ်ခုအား ဆက်စပ်ပါက ဟိန္ဒူဘာသာဝင်တို့ ကိုးကွယ်ရာ မဟာသီ၀ ဘုရား၏ လက်နက် ပုံသဏ္ဍန်ဖြစ်ပေါ်လာခြင်း ကြောင့် အချို့ကလည်း ဟိန္ဒူဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာလက်နက်ဖြစ်ပြီး ထိုလက်နက်ကို သွားရောက်ရောင်းစားခဲ့ခြင်းကြောင့် ယခုလိုပူးကပ်ခြင်းများဖြစ်လာကြောင်းပြောဆိုနေကြသည်။

တွေ့ရှိရသော ပစ္စည်း ၃မျိုး

“ မီရထားကြေးနန်းနှင့်အချက်ပြရာတွင် အသုံးပြုခဲ့သောပစ္စည်းများဟု ခန့်မှန်းရကြောင်း၊ အချွန်ထက်ပါသောသံချောင်းဧ။်ကိုယ်ထည်များ၌မူလီပေါက်များပါရှိသောကြောင့် ဘာသာရေး အသုံးအဆောင် မဖြစ်နိုင်ပါဘူးဟု ” တွဲစစ်မှူး(၃) ဦးငြိမ်းမြင့်ကြည်မှ လာရောက်လေ့လာသူများအား ရှင်းပြခဲ့သည်။

ရေကန်တူးဖော်နေသော ဘက်ဟိုးတစ်စီး ကန်အတွင်း နစ်ဝင်နေစဉ်

ဘူတာရေကန်တူးဖေါ်ရေးလုပ်ငန်းဆောင်ရွက်နေသူများသည် လုပ်ငန်းခွင်ဝင်ရောက်နေစဉ် အရက်သေစာသောက်စားခြင်း၊ နေည အနီးအနားရှိ အပင်များတွင် ငှက်များအား ပစ်ခတ်စားသောက်ခြင်း၊ အလုပ်လုပ်ကိုင်နေစဉ် မထီမဲ့မြင်ပြုမူဖြင်းများကြောင့် တူးဖေါ်နေသော ဘက်ဟိုးစက်ပျက်ခြင်း၊ စက်များနစ်မြုပ်ခြင်းများရှိနေပြီး

လှံတံပုံသဏ္ဍန်ထိပ်ဖူး

လာမည့် တနင်္ဂနွေနေ့ ညနေ (၅) နာရီတွင် အနှောင့်အယှက်ကင်းဝေးရန် ပွဲများပေး၍ ပြန်လည်တောင်းပန်သွားမည်ဟု အဆိုပါအနီးနေထိုင်သူများက လူထုကလောင်သို့ပြောကြားခဲ့သည်။

လှံပုံသဏ္ဍန်သံချောင်းနှင့် စံပယ်ဖူးပုံသဏ္ဍန် သံချောင်းကောက်

ဓါတ်ပုံတစ်ပုံခြင်းစီတွင် Caption ထိုးပေးထားပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Pmk Kyaw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top