






Credit:ထီလာ ကိုငယ်လေး

#Unicode Version# ဖြင့်ဖတ်ပါ ။

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့မရဲစခန်းတွင် ၂၀၁၉ မေ ၂၅ရက် ညနေ ၅နာရီအချိန်ခန့်က အလိုမတူသားမယားပြုကျင့်၍ အရေးယူရေးပါရန်တိုင်တန်းမှု့ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဒေါ်—– (၅၃)နှစ် လိန်ပင်ကျေးရွာ ဝမ်းတွင်းမြို့နေသူသည် လွန်ခဲ့သော (၁)နှစ်ခန့်က ၎င်း၏ခင်ပွန်းသေဆုံးသွားသဖြင့် နေအိမ်တွင် သမီးဖြစ်သူနှင့် သားမက်ဖြစ်သူ စိုးမိုးနိုင် (၃၃)နှစ် လိန်ပင်ကျေးရွာ ဝမ်းတွင်းမြို့နေသူယောက္ခမဖြစ်သူဒေါ်တင်ကြည်(၆၀)နှစ်တို့နှင့်အတူနေထိုင်ခဲ့ကြောင်း…

၂၀၁၉ မေ ၂၃ရက်နေ့တွင် ဒေါ်—-၏ သမီးဖြစ်သူ ပွားပွား(ခ)ခင်ချိုသန်းမှာ ကိုယ်ဝန်(၈)လခန့်ရှိပြီဖြစ်သော အစ်မဖြစ်သူ ပုသိမ်ကြီးမြို့နယ်မန္တလေးတိုင်းဒေသကြီးနေသူထံပြုစုစောင့်ရှောက်ရန်သွားရောက်နေထိုင်ကြောင်

း နေအိမ်တွင် ဒေါ်—-နှင့် သားမက်ဖြစ်သူ စိုးမိုးနိုင် ယောက္ခမဖြစ်သူ ဒေါ်တင်ကြည်တို့(၃)ဦးသာကျန်ခဲ့ပြီး ၂၀၁၉ မေ ၂၄ရက် ည ၁၁နာရီအချိန်ခန့်တွင် နေအိမ်ရှေ့အဖီအောက်တွင် ဒေါ်—– တစ်ဦးတည်းအိပ်နေစဉ် ၎င်း၏ခန္ဓာကိုယ်ပေါ်မှ လူတစ်ဦးတက်ခွနေသဖြင့် အိပ်ယာမှလန့်နိုးခဲ့ပြီး…

နေအိမ်ရှေ့ထွန်းထားသောမီးအလင်းရောင်ဖြင့်ကြည့်လိုက်ရာ ၎င်းနှင့်တစ်အိမ်တည်းနေ စိုးမိုးနိုင်ဖြစ်ကြောင်း သိရှိရသဖြင့် ဒေါ်—–မှ “နင်ဘာလုပ်တာလဲ”ဟု မေးရာ “မလှုပ်နဲ့ ငြိမ်ငြိမ်နေ ဓါးရှည်ပါတယ် ငြိမ်ငြိမ်မနေရင် ဓါးနဲ့ထိုးမယ်”ဟု ပြောဆိုပြီး ဒေါ်—- ဝတ်ဆင်ထားသော ဘောင်းဘီအားဆွဲဖြဲပြီး သားမယားအဖြစ် (၁)ကြိမ်ပြုကျင့်ခဲ့ကြောင်းနှင့်

ဓားဖြင့်ထိုးမည်စိုး၍ ပေ(၂၀)ခန့်အကွာတွင် အိပ်နေသော ယောက္ခမဖြစ်သူအား အော်ဟစ်အကူအညီမတောင်းခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ဓါးရှည်ဖြင့်ထောက်၍ကြောက်ရွံ့အောင်ခြောက်လန့်ပြီး အလိုမတူ သားမယားပြုကျင့်ခဲ့သူ စိုးမိုးနိုင်အား ဥပဒေအရ အရေးယူပေးပါရန် ဒေါ်—-မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဝမ်းတွင်းမြို့မရဲစန်း(ပ)၂၁၂/၂၀၁၉ရာဇသတ်ကြီးပုဒ်မ-၃၇၆ဖြင့်အမှု့ဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ထီလာ ကိုငယ်လေး
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top