သတင္​းေနာက္​ဆက္​တဲြ ေတာင္​ငူၿမိဳ ကားအတြင္းေသဆုံးသူမိန္းကေလးငယ္ ႏွစ္ဦး

ေသဆုံးသူမိန္းကေလးငယ္ ႏွစ္ဦးမွာ အသက္ ၅ ႏွစ္ ၆ ႏွစ္ခန႔္ အရြယ္ရွိကာ ၿပီးခဲ့ေသာ ၅ ရက္ခန႔္က ေသဆုံးေနေသာ အေနအထားျဖစ္ၿပီး အနီးတြင္လည္း မူးေဝေအာ့အန္ထားျခင္း လကၡဏာမ်ားႏွင့္

မိန္းကေလးတစ္ဦးမွာ မိန္းမတန္ဆာမွအူမ်ားထြက္လၽွက္ အေနအထားျဖင့္ ေမာ္ေတာ္ယာဥ္ ေနာက္ခန္း၏ ထိုင္ခုံမ်ားေရွ႕ ေျခနင္းေနရာတြင္ အထက္ေအာက္ ေသဆုံးေနခဲ့ၾကျခင္း ျဖစ္ေၾကာင္း၊

ေသဆုံးေနေေသာ ကေလးႏွစ္ဦး အေလာင္းအား ေတာင္ငူၿမိဳ့ အမွတ္(၆)ရပ္ကြက္၊ နာေရးကူညီမွုအသင္း ေမာ္ေတာ္ယာဥ္ျဖင့္ ေတာင္ငူၿမိဳ့ ျပည္သူ႔ေဆး႐ုံႀကီး ရင္ခြဲ႐ုံသို့ နံနက္ ၉ နာရီခန႔္တြင္ ပို့ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ပုတ္ပြေသဆုံးေနေသာ ကေလးႏွစ္ဦး အေလာင္းအား နာေရးကူညီမွု ေမာ္ေတာ္ယာဥ္ျဖင့္ ေတာင္ငူေဆး႐ုံသို့ ပို့ေဆာင္ခဲ့သူ ကိုသူရေအာင္က “ဖုန္းဝင္လာတယ္။ အမွတ္(၂)စခန္းရယ္ စိန္ေမတၱာကိုသက္ရယ္က ဖုန္းလွမ္းဆက္တယ္။

အမွတ္(၂) ရဲစခန္းေရွ႕မွာ ကေလးေလး ႏွစ္ေယာက္ ေသေနတယ္ဆိုလို့ ကၽြန္ေတာ္ Deadbody ကားထုတ္ၿပီးေတာ့ ထြက္လာတယ္။ ဟိုေရာက္ေတာ့ ကားထဲကေန ကေလးေလး

ႏွစ္ေလာင္းကို ထုတ္ရတယ္၊ ပုတ္ပြေနၿပီ ကေလးေလးေတြက အဲ့ဒါနဲ႔ ကၽြန္ေတာ္တို့ ကေလးေလး ႏွစ္ေလာင္းကို အေရးေပၚဌာနကို ပို့ေဆာင္ေပးၿပီးေတာ့ အခု ရင္ခြဲ႐ုံထဲကို ပို့ေဆာင္ေပးခဲ့ပါတယ္” ဟု ေျပာၾကားသည္။

ေမာ္ေတာ္ယာဥ္အတြင္း ေသဆုံးေနေသာ အမည္မသိ မိန္းကေလး ငယ္ႏွစ္ဦးမွာ အေျခအေနမဲ့ လွည့္လည္ သြားလာသူမ်ား ျဖစ္နိုင္ၿပီး ယာဥ္အတြင္း ဝင္ေရာက္ေနထိုင္စဥ္ အသက္ရွူ မြန္းၾကပ္၍ ေသဆုံးသည္ဟု ယူဆရေၾကာင္း၊

ျပင္ပဒဏ္ရာမ်ား တစ္စုံတစ္ရာ ေတြ႕ရွိျခင္းမရွိပဲ ၄င္းတို့ေသဆုံးေနေသာ ေမာ္ေတာ္ယာဥ္မွာ အမွတ္ (၂) နယ္ေျမရဲစခန္းမွ ဖမ္းဆီးထားေသာ မယ (ပ) ၃/၂၀၁၈၊ မူး/စိတ္ပုဒ္မ-၁၆ (ဂ) ၿမိဳ့နယ္ တရားသူႀကီး႐ုံး ရာႀကီးအမွတ္ (၂၀၉၉) ျဖင့္သိမ္းဆည္းထားေသာ ေမာ္ေတာ္ယာဥ္ျဖစ္ေၾကာင္း ရဲမွတ္တမ္းမ်ားတြင္ ေဖာ္ျပထားသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး အမည္မသိ မိန္းကေလးငယ္ႏွစ္ဦး ေသဆုံးျခင္းမွာ ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္မဟုတ္ စစ္ေဆးနိုင္ရန္ ေတာင္ငူၿမိဳ့အမွတ္(၂)နယ္ေျမရဲစခန္း မွေသမွုေသခင္း အမွတ္စဥ္ (၆/၂၀၁၉)ျဖင့္ အမွုဖြင့္ ေဆာင္ရြက္ကာ

ပုတ္ပြေသဆုံးေနေသာ မိန္းကေလးငယ္ႏွစ္ဦး အေလာင္းအား ေတာင္ငူေဆး႐ုံသို့ ရဲေဆးစာျဖင့္ ပို့ေဆာင္၍ ေတာင္ငူျပည္သူ႔ ေဆး႐ုံႀကီးမွ ပီအာအမွတ္(၈/၉)ျဖင့္ လက္ခံစစ္ေဆး ေဆာင္ရြက္လၽွက္ ရွိေၾကာင္းႏွင့္ ပုတ္ပြေသဆုံးေနသူ မိန္းကေလးငယ္၏မိဘေဆြမ်ိဳးမ်ားအားစုံစမ္းစစ္ေဆးရွာေဖြလ်က္ရွိေၾကာင္းေတာင္ငူအမွတ္(၂)နယ္ေျမ ရဲစခန္းမွသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutasone

#Unicode Version# ျဖင့္ဖတ္ပါ ။

သတင်းနောက်ဆက်တွဲ တောင်ငူမြို ကားအတွင်းသေဆုံးသူမိန်းကလေးငယ် နှစ်ဦး

သေဆုံးသူမိန်းကလေးငယ် နှစ်ဦးမှာ အသက် ၅ နှစ် ၆ နှစ်ခန့် အရွယ်ရှိကာ ပြီးခဲ့သော ၅ ရက်ခန့်က သေဆုံးနေသော အနေအထားဖြစ်ပြီး အနီးတွင်လည်း မူးဝေအော့အန်ထားခြင်း လက္ခဏာများနှင့်

မိန်းကလေးတစ်ဦးမှာ မိန်းမတန်ဆာမှအူများထွက်လျှက် အနေအထားဖြင့် မော်တော်ယာဉ် နောက်ခန်း၏ ထိုင်ခုံများရှေ့ ခြေနင်းနေရာတွင် အထက်အောက် သေဆုံးနေခဲ့ကြခြင်း ဖြစ်ကြောင်း၊

သေဆုံးနေေသော ကလေးနှစ်ဦး အလောင်းအား တောင်ငူမြို့ အမှတ်(၆)ရပ်ကွက်၊ နာရေးကူညီမှုအသင်း မော်တော်ယာဉ်ဖြင့် တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ နံနက် ၉ နာရီခန့်တွင် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပုတ်ပွသေဆုံးနေသော ကလေးနှစ်ဦး အလောင်းအား နာရေးကူညီမှု မော်တော်ယာဉ်ဖြင့် တောင်ငူဆေးရုံသို့ ပို့ဆောင်ခဲ့သူ ကိုသူရအောင်က “ဖုန်းဝင်လာတယ်။ အမှတ်(၂)စခန်းရယ် စိန်မေတ္တာကိုသက်ရယ်က ဖုန်းလှမ်းဆက်တယ်။

အမှတ်(၂) ရဲစခန်းရှေ့မှာ ကလေးလေး နှစ်ယောက် သေနေတယ်ဆိုလို့ ကျွန်တော် Deadbody ကားထုတ်ပြီးတော့ ထွက်လာတယ်။ ဟိုရောက်တော့ ကားထဲကနေ ကလေးလေး

နှစ်လောင်းကို ထုတ်ရတယ်၊ ပုတ်ပွနေပြီ ကလေးလေးတွေက အဲ့ဒါနဲ့ ကျွန်တော်တို့ ကလေးလေး နှစ်လောင်းကို အရေးပေါ်ဌာနကို ပို့ဆောင်ပေးပြီးတော့ အခု ရင်ခွဲရုံထဲကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ပြောကြားသည်။

မော်တော်ယာဉ်အတွင်း သေဆုံးနေသော အမည်မသိ မိန်းကလေး ငယ်နှစ်ဦးမှာ အခြေအနေမဲ့ လှည့်လည် သွားလာသူများ ဖြစ်နိုင်ပြီး ယာဉ်အတွင်း ဝင်ရောက်နေထိုင်စဉ် အသက်ရှူ မွန်းကြပ်၍ သေဆုံးသည်ဟု ယူဆရကြောင်း၊

ပြင်ပဒဏ်ရာများ တစ်စုံတစ်ရာ တွေ့ရှိခြင်းမရှိပဲ ၎င်းတို့သေဆုံးနေသော မော်တော်ယာဉ်မှာ အမှတ် (၂) နယ်မြေရဲစခန်းမှ ဖမ်းဆီးထားသော မယ (ပ) ၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ-၁၆ (ဂ) မြို့နယ် တရားသူကြီးရုံး ရာကြီးအမှတ် (၂၀၉၉) ဖြင့်သိမ်းဆည်းထားသော မော်တော်ယာဉ်ဖြစ်ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အမည်မသိ မိန်းကလေးငယ်နှစ်ဦး သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် တောင်ငူမြို့အမှတ်(၂)နယ်မြေရဲစခန်း မှသေမှုသေခင်း အမှတ်စဉ် (၆/၂၀၁၉)ဖြင့် အမှုဖွင့် ဆောင်ရွက်ကာ

ပုတ်ပွသေဆုံးနေသော မိန်းကလေးငယ်နှစ်ဦး အလောင်းအား တောင်ငူဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်၍ တောင်ငူပြည်သူ့ ဆေးရုံကြီးမှ ပီအာအမှတ်(၈/၉)ဖြင့် လက်ခံစစ်ဆေး ဆောင်ရွက်လျှက် ရှိကြောင်းနှင့် ပုတ်ပွသေဆုံးနေသူ မိန်းကလေးငယ်၏မိဘဆွေမျိုးများအားစုံစမ်းစစ်ဆေးရှာဖွေလျက်ရှိကြောင်းတောင်ငူအမှတ်(၂)နယ်မြေ ရဲစခန်းမှသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top