ျမတ္စြာဘုရားရွင္၏ ေထရဝါဒဗုဒၶသာသနာေတာ္ အဓြန္႔ရွည္တည္တံ့ေစဖို႔ သာသနာ့ဝန္ကိုထမ္းၾကရတဲ့ သာသနာ့အာဇာနည္ေတြထဲမွာ ရဟန္းသံဃာေတာ္အရွင္သူျမတ္ေတြ ပါဝင္ၾကသလို သီလရွင္(ဆရာေလး) ေတြကလည္း မိမိတို႔တတ္ႏိုင္တဲ့ဘက္ကေန တစ္တပ္တစ္အားပါဝင္ၾကပါတယ္။

ဘုရားရွင္လက္ထက္ေတာ္က မိေထြးေတာ္ေဂါတမီနဲ႔ သာကီဝင္မင္းသမီး ၅၀၀တို႔ကေနစခဲ့တဲ့ ဘိကၡဳနီသာသနာကေန သီလရွင္သမိုင္းစခဲ့တယ္လို႔ဆိုရင္ အတိအက်မွန္ကန္ခ်င္မွ မွန္ကန္မယ္ဆိုေပမယ့္ အက်ဳိးအေၾကာင္းဆီေလ်ာ္မႈေတာ့ ရိွမွာပါ။

ဘိကၡဳနီသာသနာမွာဆိုရင္ ပဋာစာရီ၊ ဓမၼဒိႏၷာစတဲ့ ထင္ရွားေက်ာ္ၾကားသူ ဘိကၡဳနီမမ်ား၊ ဧတဒဂၤဘြဲ႕ရ ဘိကၡဳနီေထရီမမ်ားနဲ႔ ဘိကၡဳနီေထရီမေပါင္းမ်ားစြာတို႔ဟာ သာသနာမွာေပ်ာ္ေမြ႕ၿပီး သံသရာမွလြတ္ေျမာက္ေၾကာင္းတရားေတြကို က်င့္ႀကံအားထုတ္ခဲ့ၾကတာပါ။

ျမန္မာႏိုင္ငံမွာဆိုရင္ေတာ့ သီလရွင္အစမယ္ကင္းကလို႔သိၾကတဲ့အတိုင္း မင္းအကိုးကြယ္ခံ သာသနာမိခင္ႀကီးဆရာကင္း ( ေခၚ )ေဒၚေခမာက အမ်ဳိးသမီးသာသနာကိုလမ္းစေဖာ္ေပးခဲ့တာျဖစ္ပါတယ္။

ေဒၚေခမာက စစ္ကုိင္းေတာင္ရိုး ဂူတလုံးေခ်ာင္မွာအေနမ်ားပါတယ္။ ဒီေန႕ေတြ႕ျမင္ရတဲ့ သီလရွင္မ်ားဟာေဒၚေခမာရဲ႕ တပည့္အစဥ္အဆက္မွ ေပါက္ဖြားတယ္လို႔ဆိုႏိုင္ပါတယ္။ သီလရွင္ကိုေနာက္တစ္မ်ဳိးေခၚေဝၚၾကတာကေတာ့ သိကၡာရွင္ပါ။ အမည္နာမနဲ႔ လိုက္ဖက္ပါဘိျခင္း။

ျမတ္စြာဘုရားရွင္ရဲ႕ သာသနာနဲ႔ ႀကံဳႀကိဳက္တဲ့အခိုက္၊ လူျဖစ္တဲ့အခိုက္မွာ သာသနာ့ေဘာင္ကိုဝင္ရင္း သံသရာမွလြတ္ေျမာက္ေၾကာင္းတရားေတြကို က်င့္ႀကံအားထုတ္ရခြင့္ရတာဟာ နည္းတဲ့ကုသိုလ္ကံပါလား။ ဒီအခြင့္အေရးကို ပိုပိုတစ္ေယာက္အျပည့္အဝအသံုးခ်ပါၿပီ။

စစ္ကိုင္းေတာင္ရိွ ဇမၺဴထိန္ဝင္းခါေတာ္မီေက်ာင္းမွာ သီလရွင္/သိကၡာရွင္အျဖစ္ သာသနာ့ေဘာင္ကို ပိုပိုကဝင္ေရာက္ခဲ့ၿပီျဖစ္ပါတယ္။ ဘြဲ႕အမည္နာမကေတာ့ မဝိမလဥာဏီလို႔ အမည္တြင္ခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:popular

#Unicode Version#
မြတ်စွာဘုရားရှင်၏ ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့စေဖို့ သာသနာ့ဝန်ကိုထမ်းကြရတဲ့ သာသနာ့အာဇာနည်တွေထဲမှာ ရဟန်းသံဃာတော်အရှင်သူမြတ်တွေ ပါဝင်ကြသလို သီလရှင်(ဆရာလေး) တွေကလည်း မိမိတို့တတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တစ်အားပါဝင်ကြပါတယ်။

ဘုရားရှင်လက်ထက်တော်က မိထွေးတော်ဂေါတမီနဲ့ သာကီဝင်မင်းသမီး ၅၀၀တို့ကနေစခဲ့တဲ့ ဘိက္ခုနီသာသနာကနေ သီလရှင်သမိုင်းစခဲ့တယ်လို့ဆိုရင် အတိအကျမှန်ကန်ချင်မှ မှန်ကန်မယ်ဆိုပေမယ့် အကျိုးအကြောင်းဆီလျော်မှုတော့ ရှိမှာပါ။

ဘိက္ခုနီသာသနာမှာဆိုရင် ပဋာစာရီ၊ ဓမ္မဒိန္နာစတဲ့ ထင်ရှားကျော်ကြားသူ ဘိက္ခုနီမများ၊ ဧတဒင်္ဂဘွဲ့ရ ဘိက္ခုနီထေရီမများနဲ့ ဘိက္ခုနီထေရီမပေါင်းများစွာတို့ဟာ သာသနာမှာပျော်မွေ့ပြီး သံသရာမှလွတ်မြောက်ကြောင်းတရားတွေကို ကျင့်ကြံအားထုတ်ခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာဆိုရင်တော့ သီလရှင်အစမယ်ကင်းကလို့သိကြတဲ့အတိုင်း မင်းအကိုးကွယ်ခံ သာသနာမိခင်ကြီးဆရာကင်း ( ခေါ် )ဒေါ်ခေမာက အမျိုးသမီးသာသနာကိုလမ်းစဖော်ပေးခဲ့တာဖြစ်ပါတယ်။

ဒေါ်ခေမာက စစ်ကိုင်းတောင်ရိုး ဂူတလုံးချောင်မှာအနေများပါတယ်။ ဒီနေ့တွေ့မြင်ရတဲ့ သီလရှင်များဟာဒေါ်ခေမာရဲ့ တပည့်အစဉ်အဆက်မှ ပေါက်ဖွားတယ်လို့ဆိုနိုင်ပါတယ်။ သီလရှင်ကိုနောက်တစ်မျိုးခေါ်ဝေါ်ကြတာကတော့ သိက္ခာရှင်ပါ။ အမည်နာမနဲ့ လိုက်ဖက်ပါဘိခြင်း။

မြတ်စွာဘုရားရှင်ရဲ့ သာသနာနဲ့ ကြုံကြိုက်တဲ့အခိုက်၊ လူဖြစ်တဲ့အခိုက်မှာ သာသနာ့ဘောင်ကိုဝင်ရင်း သံသရာမှလွတ်မြောက်ကြောင်းတရားတွေကို ကျင့်ကြံအားထုတ်ရခွင့်ရတာဟာ နည်းတဲ့ကုသိုလ်ကံပါလား။ ဒီအခွင့်အရေးကို ပိုပိုတစ်ယောက်အပြည့်အဝအသုံးချပါပြီ။

စစ်ကိုင်းတောင်ရှိ ဇမ္ဗူထိန်ဝင်းခါတော်မီကျောင်းမှာ သီလရှင်/သိက္ခာရှင်အဖြစ် သာသနာ့ဘောင်ကို ပိုပိုကဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်။ ဘွဲ့အမည်နာမကတော့ မဝိမလဉာဏီလို့ အမည်တွင်ခဲ့ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:popular
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top