20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ေမ ၁၅ ရက္ ၀၅၀၀ အခ်ိန္ မူးယစ္တပ္ဖြဲ႕စု(၄၀)ရန္ကုန္(ေျမာက္ပိုင္း)မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာပူးေပါင္းအဖြဲ႕သည္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ အမွတ္(၂)ရပ္ကြက္၊ ယုဇန(၂)လမ္း၊ အမွတ္(မ-၂၀၉) ေရွ႕တြင္ ျမင့္ေဇာ္(ခ)ဆံရွည္ ေမာင္းႏွင္ၿပီး ေအာင္ေလး(ခ)ေအာင္ရဲၿဖိဳးႏွင့္ ျပည့္ၿဖိဳးေအာင္ တို႔လိုက္ပါ လာသည့္ Mark II အမ်ိဳးအစားေမာ္ေတာ္ယာဥ္ကို ရပ္တန္႔ရွာေဖြရာ ျမင့္ေဇာ္(ခ)ဆံရွည္ႏွင့္ ျပည့္ၿဖိဳးေအာင္တို႔ထံမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၁၉ ျပား၊ ေဆးေျခာက္ ၈ ဂရမ္၊ လက္ကိုင္ဖုန္း(၄)လုံး၊

ေငြ ၁၀၁,၀၀၀က်ပ္ႏွင့္ ဓား(၃)ေခ်ာင္းတို႔ကို သိမ္းဆည္းရမိခဲ့ၿပီး ၀၆၀၀ အခ်ိန္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ အမွတ္(၂)ရပ္ကြက္၊ ယုဇန(၂)လမ္း၊ အမွတ္(မ-၂၀၉)၊ (၄)လႊာရွိ ျမင့္ေဇာ္(ခ)ဆံရွည္၏ေနအိမ္ကိုဝင္ေရာက္ရွာေဖြရာ အိပ္ခန္းအတြင္းတြင္ ေအာင္ေက်ာ္(ခ)ေက်ာ္သက္လင္း အားေတြ႕ရွိရၿပီး အိပ္ခန္းေထာင့္တြင္ ခ်ိတ္ထားသည့္လက္ဆြဲအိတ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၇,၀၀၀ ျပားႏွင့္ ဓား(၄)ေခ်ာင္းတို႔ကိုထပ္မံသိမ္းဆည္းရမိခဲ့သျဖင့္ ျမင့္ေဇာ္(ခ) ဆံရွည္(၂၆)ႏွစ္၊ ေအာင္ေလး(ခ)ေအာင္ရဲၿဖိဳး(၂၅)ႏွစ္၊ ျပည့္ၿဖိဳးေအာင္(၂၃)ႏွစ္ႏွင့္ ေအာင္ေက်ာ္(ခ)ေက်ာ္သက္လင္း (၂၁)ႏွစ္တို႔အား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:theesaychin

#Unicode Version# ျဖင့္ဖတ္ပါ ။

မေ ၁၅ ရက် ၀၅၀၀ အချိန် မူးယစ်တပ်ဖွဲ့စု(၄၀)ရန်ကုန်(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ယုဇန(၂)လမ်း၊ အမှတ်(မ-၂၀၉) ရှေ့တွင် မြင့်ဇော်(ခ)ဆံရှည် မောင်းနှင်ပြီး အောင်လေး(ခ)အောင်ရဲဖြိုးနှင့် ပြည့်ဖြိုးအောင် တို့လိုက်ပါ လာသည့် Mark II အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ မြင့်ဇော်(ခ)ဆံရှည်နှင့် ပြည့်ဖြိုးအောင်တို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၉ ပြား၊ ဆေးခြောက် ၈ ဂရမ်၊ လက်ကိုင်ဖုန်း(၄)လုံး၊

ငွေ ၁၀၁,၀၀၀ကျပ်နှင့် ဓား(၃)ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပြီး ၀၆၀၀ အချိန် မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ယုဇန(၂)လမ်း၊ အမှတ်(မ-၂၀၉)၊ (၄)လွှာရှိ မြင့်ဇော်(ခ)ဆံရှည်၏နေအိမ်ကိုဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်းတွင် အောင်ကျော်(ခ)ကျော်သက်လင်း အားတွေ့ရှိရပြီး အိပ်ခန်းထောင့်တွင် ချိတ်ထားသည့်လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇,၀၀၀ ပြားနှင့် ဓား(၄)ချောင်းတို့ကိုထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် မြင့်ဇော်(ခ) ဆံရှည်(၂၆)နှစ်၊ အောင်လေး(ခ)အောင်ရဲဖြိုး(၂၅)နှစ်၊ ပြည့်ဖြိုးအောင်(၂၃)နှစ်နှင့် အောင်ကျော်(ခ)ကျော်သက်လင်း (၂၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:theesaychin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top