ငဖဲၿမိဳ႕နယ္တြင္ ေလျပင္းေၾကာင့္ ေနအိမ္ ၁၇၀ ခန္႔ အမိုးလန္ ပ်က္စီး
မေကြးတိုင္းေဒသႀကီး၊ ငဖဲၿမိဳ႕နယ္အတြင္းမွာ ေမ ၁၉ ရက္ ညေနပိုင္းက ေလျပင္းတိုက္ခတ္ခဲ့တဲ့အတြက္ လူေနအိမ္ ၁၇၀ ေလာက္ ထိခိုက္ပ်က္ဆီးသြားပါတယ္။
ၿမိဳ႕မရပ္ကြက္မွာ ေနအိမ္ ၁၃ လံုး၊ ေခ်ာင္ျဖဴေက်းရြာမွာ ေနအိမ္ ၁၄၂ လံုး၊ သရက္ပင္ေက်းရြာမွာ ေနအိမ္ ၈ လံုး၊ ထန္းကိုင္းေက်းရြာမွာ ေနအိမ္ ၃ လံုး၊ ပင္ဦးေက်းရြာမွာ ေနအိမ္ ၃ လံုး စုစုေပါင္း ေနအိမ္ ၁၆၉ လံုး အမိုးေတြလန္ကာ၊ ထရံအကာေတြ ပ်က္စီးခဲ့ၿပီး ေနအိမ္ ၁ လံုး ၿပိဳက်ခဲ့တယ္လို႔ ငဖဲၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးဆန္းထြန္းက ေျပာပါတယ္။
ေလျပင္းတုိက္လုိ႔ အမုိးလန္ပ်က္စီးခဲ့တဲ့ ေခ်ာင္းျဖဴ၊ သရက္ပင္၊ ပင္ဦး ေက်းရြာေတြမွာ လႊတ္ေတာ္ကိုယ္စားလွယ္၊ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးနဲ႔ ေက်းလက္ေဒသဖြံ႔ၿဖိဳးေရးဦးစီးမႉးနဲ႔အဖြဲ႔ေတြက စစ္တမ္းေကာက္ယူခဲ့တယ္လို႔ ငဖဲၿမိဳ႕နယ္ အန္အယ္လ္ဒီအလုပ္အမႈေဆာင္ ဦးဝင္းျမင့္က ေျပာပါတယ္။
အဆိုပါေလျပင္းတိုက္ခတ္ခဲ့တဲ့ ေနရာေတြမွာ ဌာနဆိုင္ရာေတြ၊ မီးသတ္တပ္ဖြဲ႔ဝင္ေတြ၊ ေဒသခံျပည္သူေတြ ပူးေပါင္း ရွင္းလင္းေနကာ သဘာဝေဘးဆိုင္ရာ ေထာက္ပံ့မႈေတြရရွိဖို႔ ပ်က္စီးဆံုး႐ႈံးမႈတန္ဖိုးကို အေသးစိတ္တြက္ခ်က္ေနပါတယ္။
မေကြးတိုင္းေဒသႀကီး မင္းလွၿမိဳ႕နယ္မွာလည္း ေမ ၁၅ ရက္က ေနအိမ္ ၁၅ လံုးနဲ႔ ႏြားတင္းကုတ္တလံုး၊ မင္းဘူး(စကု)ၿမိဳ႕နယ္မွာ ေနအိမ္ ၃၃ လံုးနဲ႔ ဘာသာေရး အေဆာက္ဦ ၃ လံုး အမိုးလန္ပ်က္စီးခဲ့ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်းမှာ မေ ၁၉ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် လူနေအိမ် ၁၇၀ လောက် ထိခိုက်ပျက်ဆီးသွားပါတယ်။
မြို့မရပ်ကွက်မှာ နေအိမ် ၁၃ လုံး၊ ချောင်ဖြူကျေးရွာမှာ နေအိမ် ၁၄၂ လုံး၊ သရက်ပင်ကျေးရွာမှာ နေအိမ် ၈ လုံး၊ ထန်းကိုင်းကျေးရွာမှာ နေအိမ် ၃ လုံး၊ ပင်ဦးကျေးရွာမှာ နေအိမ် ၃ လုံး စုစုပေါင်း နေအိမ် ၁၆၉ လုံး အမိုးတွေလန်ကာ၊ ထရံအကာတွေ ပျက်စီးခဲ့ပြီး နေအိမ် ၁ လုံး ပြိုကျခဲ့တယ်လို့ ငဖဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက ပြောပါတယ်။
လေပြင်းတိုက်လို့ အမိုးလန်ပျက်စီးခဲ့တဲ့ ချောင်းဖြူ၊ သရက်ပင်၊ ပင်ဦး ကျေးရွာတွေမှာ လွှတ်တော်ကိုယ်စားလှယ်၊မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးမှူးနဲ့အဖွဲ့တွေက စစ်တမ်းကောက်ယူခဲ့တယ်လို့ ငဖဲမြို့နယ် အန်အယ်လ်ဒီအလုပ်အမှုဆောင် ဦးဝင်းမြင့်က ပြောပါတယ်။
အဆိုပါလေပြင်းတိုက်ခတ်ခဲ့တဲ့ နေရာတွေမှာ ဌာနဆိုင်ရာတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံပြည်သူတွေ ပူးပေါင်း ရှင်းလင်းနေကာ သဘာဝဘေးဆိုင်ရာ ထောက်ပံ့မှုတွေရရှိဖို့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို အသေးစိတ်တွက်ချက်နေပါတယ်။
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်မှာလည်း မေ ၁၅ ရက်က နေအိမ် ၁၅ လုံးနဲ့ နွားတင်းကုတ်တလုံး၊ မင်းဘူး(စကု)မြို့နယ်မှာ နေအိမ် ၃၃ လုံးနဲ့ ဘာသာရေး အဆောက်ဦ ၃ လုံး အမိုးလန်ပျက်စီးခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:dvb