အလြန္ သန္မာ ပါ တယ္ လို ့နာမည္ၾကီးတဲ့ သစ္ခုတ္သမား တစ္ေယာက္ ဟာ သူေ႒း တ ေယာက္ ဆီ မွာ အလုပ္ ၀င္ခဲ့ တယ္ ။

သူ႔ရဲ ့နာမည္ေက်ာ္ၾကားမွဳေၾကာင့္ေရာ ခြန္အားေၾကာင့္ေရာ လစာက ေတာ့ ေတာ္ေတာ္ ေကာင္းတာေပါ ့။ ဒီ အတြက္ ေၾကာင့္ လည္း သစ္ခုတ္သမားက သူလုပ္ရမဲ့ အလုပ္ကို အ ေကာင္းဆံုး လုပ္ေပးဖို႔ ့ဆံုးျဖတ္လုိက္တယ္။

သူ႔ရဲ ့ သူေ႒းက သူ အလုပ္၀င္တဲ ့ေန ့မွာ ပုဆိန္တစ္လက္ေပးပီးေတာ့ သူ ခုတ္ရမဲ့ ဧရိယာကို ျပပါတယ္။
ပထမ ေန ့..

သူ သစ္ပင္ (၁၈)ပင္ ျပီးေအာင္ ခုတ္ႏိုင္ခဲ့တယ္။

“ဂုဏ္ယူပါတယ္”လို ့သူေ႒းက သူ ့ကို ခ်ီးမြမ္းတယ္။ “’ဒီအတိုင္းပဲ ဆက္လုပ္သြားပါ”

သူေ႒းရဲ့ အားေပးစကားက သူ ့ကို အလြန္အားတက္သြားေစခဲ ့တယ္။
ဒုတိယ ေန ့..

သူ ပိုၾကိဳးစားပီး ခုတ္တယ္။ဒါေပမဲ့ သူ ဒီေန ့မွာေတာ့ သစ္ပင္ (၁၅) ပင္သာ ရေအာင္ ခုတ္ႏုိင္ခဲ့ပါတယ္။
တတိယ ေန ့…

သူ ပိုျပီး ၾကိဳးစားခဲ့တယ္။ အားၾကိဳးမာန္တက္နဲ ့ သစ္ပင္ေတြကို ခုတ္လွဲခဲ့တယ္။ ေန၀င္ခ်ိန္မွာ ခုတ္ပီးတဲ ့အပင္ေတြကို ေရ ၾကည္ ့လိုက္ေတာ့ (၁၀) ပင္သာ ရိွေၾကာင္း ထူးဆန္းစြာ ေတြ႔လိုက္ရတယ္။

တစ္ရက္ပီးတစ္ရက္ သူ ့ရဲ့စြမ္းေဆာင္ရည္ေတြ က် က်လာေနတယ္လို ့သူ သိေနခ့ဲတယ္။

“ငါ ့ရဲ ့ အင္အားေတြ ကုန္ေနပီနဲ ့တူပါတယ္” လို ့ သူ ့ကိုယ္သူ ေတြးခဲ ့တယ္။

သူဟာ သူေ႒းဆီကို သြားပီး သူ ့ရဲ ့ က်ဆင္းလာတဲ ့စြမ္းေဆာင္ရည္အတြက္ ေတာင္းပန္ပါေၾကာင္းနဲ ့သူ ၾကိဳးစားပမ္းစား လုပ္ေနပါရက္နဲ ့ဘာလို ့ ဒီလို ျဖစ္ေနတာလဲ ့ဆိုတာကို သူကိုယ္တုိင္နားမလည္ ေၾကာင္းကို ဖြင့္ေျပာခဲ့တယ္။

သူေ႒းက သူ ့ကို စူးစိုက္စြာ ၾကည့္ရင္း…

“မင္း သစ္တစ္ပင္ခုတ္ပီးတိုင္း ေနာက္ဆံုးအခ်ိန္ေတြမွာ ပုဆိန္ကို ျပန္ေသြးေသးလား”

“ဗ်ာ….ပုဆိန္ကိုလား….ျပန္ေသြးရမယ္ဟုတ္လား…အဲဒါ

အဲဒါေတာ့ ကြ်န္ေတာ္မလုပ္ျဖစ္ဘူးဗ်..

ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္ သစ္ပင္ေတြကို ခုတ္ဖို ့အလုပ္အရမ္းရႈပ္ေနတယ္ေလ”

ကၽြန္ေတာ္တို ့ရဲ ့ဘ၀ေတြလည္း ဒီလိုပါပဲ။ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ အလုပ္ေတြ ရႈပ္ေနပါတယ္ဆိုၿပီး ပုဆိန္ရဲ ့အသြားကို ျပန္ေသြးဖို႔ ေမ့ေနၾကတယ္။

အခုအခ်ိန္ေတြမွာ ကၽြန္ေတာ္ အပါအ၀င္လူေတာ္ေတာ္မ်ား အလုပ္ အလုပ္ အလုပ္နဲ ့အလုပ္ေတြကို ဖိပီး အ ၿမဲ တမ္း ၾကိဳးစားလုပ္ကိုင္ရင္းနဲ ့ ေပ်ာ္ရႊင္မွဳ ဆိုတဲ ့ ပုဆိန္ေသြးတဲ ့အခ်ိန္ေလးေတြကို အျမဲတမ္းေပ်ာက္ဆံုးေနရတယ္။

ပုဆိန္ေသြးဖို ့ဘာေၾကာင္ ့လိုအပ္တာပါလဲ?

ဘာေၾကာင့္ ပုဆိန္ကို ေသြးဖို ့မေမ့သင့္တာပါလဲ?

အလုပ္အရမ္းၾကိဳးစားတယ္ဆိုတာက မွားတဲ့ အခ်က္မဟုတ္ပါဘူး။

ဒါေပမဲ့ အလုပ္ေတြကို ဖိလုပ္ရင္းနဲ ့ ဘ၀ရဲ ့ တကယ္ ့အေရးၾကီးတဲ့ လုပ္ရမဲ့အရာေတြကို ေမ့ေနတာက လွ်စ္လ်ဴရူထားတာက မွားတာပါ။

ကြ်န္ေတာ္တို ့မိသားစု အတြက္ ေပးရမဲ့ အခ်ိန္ေလးေတြ သူငယ္ခ်င္းေတြနဲ ့ ေပ်ာ္ရႊင္စြာ စကားေျပာရမဲ့အခ်ိန္ေလး ေတြ ခ်စ္ရသူေတြအတြက္ ေပးရမဲ့အခ်ိန္ေလး…….စတဲ့ တကယ္ ့တန္ဖိုး မျဖတ္ႏိုင္တဲ ့ အစားျပန္မရေတာ့မဲ ့ အခ်ိန္ ေလးေတြ (ပုဆိန္ကို ျပန္ေသြးရမဲ့ အခ်ိန္ေလး)ေတြကို ေမ ့ေလ်ာ့ေနျခင္းပါပဲ။

ကၽြန္ေတာ္တုိ ့အားလံုး အနားယူဖို ့ မိသားစုအတြက္ အခ်ိန္ေပးဖို ့သင္ယူဖို႔ နဲ့ရွင္သန္ဖို ့အတြက္ အခ်ိန္ေလးေတြ ရိွရပါမယ္။

တကယ္လို႔ အဲလို အခ်ိန္ေလးေတြကို တန္ဖိုးမထား အေလးမထားခဲ ့ဘူးဆိုရင္ေတာ့ တခ်ိန္မွာ ၀မ္းနည္းေၾကကြဲ ရပါလိမ့္မယ္။

မ ေသြးဘဲနဲ ့ ဆက္ခုတ္ေနတဲ ့ပုဆိန္လို အခ်ိန္ၾကာလာတဲ့အမွ် တံုးလာျပီး စြမ္းေဆာင္ရည္ေတြပါ က်ဆင္းလာပါလိမ့္မယ္။မိသားစုအတြက္ သူငယ္ခ်င္းအတြက္ ခ်စ္ခင္ရသူေတြအတြက္ အခ်ိန္ေပးပါ။ၾကင္နာပါ။ေႏြးေထြးပါ။ဂရုစိုက္ပါ။

အစားထုိးလို ့မရတဲ ့အရာေတြ အတြက္ ေနာင္တေတြ မလုိခ်င္ပါနဲ ့။၀မ္းနည္း ေၾကကြဲမွဳေတြ ပါ အပိုပါလာတတ္လို ့ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Original Writer
# Unicode Version # ျဖင့္ ဖတ္ပါ #

အလွန် သန်မာ ပါ တယ် လို့နာမည်ကြီးတဲ့ သစ်ခုတ်သမား တစ်ယောက် ဟာ သူဋ္ဌေး တ ယောက် ဆီ မှာ အလုပ် ဝင်ခဲ့ တယ် ။

သူ့ရဲ့နာမည်ကျော်ကြားမှုကြောင့်ရော ခွန်အားကြောင့်ရော လစာက တော့ တော်တော် ကောင်းတာပေါ့။ ဒီ အတွက် ကြောင့် လည်း သစ်ခုတ်သမားက သူလုပ်ရမဲ့ အလုပ်ကို အ ကောင်းဆုံး လုပ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။

သူ့ရဲ့ သူဋ္ဌေးက သူ အလုပ်ဝင်တဲ့နေ့မှာ ပုဆိန်တစ်လက်ပေးပီးတော့ သူ ခုတ်ရမဲ့ ဧရိယာကို ပြပါတယ်။
ပထမ နေ့..

သူ သစ်ပင် (၁၈)ပင် ပြီးအောင် ခုတ်နိုင်ခဲ့တယ်။

“ဂုဏ်ယူပါတယ်”လို့သူဋ္ဌေးက သူ့ကို ချီးမွမ်းတယ်။ “’ဒီအတိုင်းပဲ ဆက်လုပ်သွားပါ”

သူဋ္ဌေးရဲ့ အားပေးစကားက သူ့ကို အလွန်အားတက်သွားစေခဲ့တယ်။
ဒုတိယ နေ့..

သူ ပိုကြိုးစားပီး ခုတ်တယ်။ဒါပေမဲ့ သူ ဒီနေ့မှာတော့ သစ်ပင် (၁၅) ပင်သာ ရအောင် ခုတ်နိုင်ခဲ့ပါတယ်။
တတိယ နေ့…

သူ ပိုပြီး ကြိုးစားခဲ့တယ်။ အားကြိုးမာန်တက်နဲ့ သစ်ပင်တွေကို ခုတ်လှဲခဲ့တယ်။ နေဝင်ချိန်မှာ ခုတ်ပီးတဲ့အပင်တွေကို ရေ ကြည့်လိုက်တော့ (၁၀) ပင်သာ ရှိကြောင်း ထူးဆန်းစွာ တွေ့လိုက်ရတယ်။

တစ်ရက်ပီးတစ်ရက် သူ့ရဲ့စွမ်းဆောင်ရည်တွေ ကျ ကျလာနေတယ်လို့သူ သိနေခဲ့တယ်။

“ငါ့ရဲ့ အင်အားတွေ ကုန်နေပီနဲ့တူပါတယ်” လို့ သူ့ကိုယ်သူ တွေးခဲ့တယ်။

သူဟာ သူဋ္ဌေးဆီကို သွားပီး သူ့ရဲ့ ကျဆင်းလာတဲ့စွမ်းဆောင်ရည်အတွက် တောင်းပန်ပါကြောင်းနဲ့သူ ကြိုးစားပမ်းစား လုပ်နေပါရက်နဲ့ဘာလို့ ဒီလို ဖြစ်နေတာလဲ့ဆိုတာကို သူကိုယ်တိုင်နားမလည် ကြောင်းကို ဖွင့်ပြောခဲ့တယ်။

သူဋ္ဌေးက သူ့ကို စူးစိုက်စွာ ကြည့်ရင်း…

“မင်း သစ်တစ်ပင်ခုတ်ပီးတိုင်း နောက်ဆုံးအချိန်တွေမှာ ပုဆိန်ကို ပြန်သွေးသေးလား”

“ဗျာ….ပုဆိန်ကိုလား….ပြန်သွေးရမယ်ဟုတ်လား…အဲဒါ

အဲဒါတော့ ကျွန်တော်မလုပ်ဖြစ်ဘူးဗျ..

ဘာကြောင့်လဲဆိုတော့ ကျွန်တော် သစ်ပင်တွေကို ခုတ်ဖို့အလုပ်အရမ်းရှုပ်နေတယ်လေ”

ကျွန်တော်တို့ရဲ့ဘဝတွေလည်း ဒီလိုပါပဲ။ အချိန်တော်တော်များများမှာ အလုပ်တွေ ရှုပ်နေပါတယ်ဆိုပြီး ပုဆိန်ရဲ့အသွားကို ပြန်သွေးဖို့ မေ့နေကြတယ်။

အခုအချိန်တွေမှာ ကျွန်တော် အပါအဝင်လူတော်တော်များ အလုပ် အလုပ် အလုပ်နဲ့အလုပ်တွေကို ဖိပီး အ မြဲ တမ်း ကြိုးစားလုပ်ကိုင်ရင်းနဲ့ ပျော်ရွှင်မှု ဆိုတဲ့ ပုဆိန်သွေးတဲ့အချိန်လေးတွေကို အမြဲတမ်းပျောက်ဆုံးနေရတယ်။

ပုဆိန်သွေးဖို့ဘာကြောင့်လိုအပ်တာပါလဲ?

ဘာကြောင့် ပုဆိန်ကို သွေးဖို့မမေ့သင့်တာပါလဲ?

အလုပ်အရမ်းကြိုးစားတယ်ဆိုတာက မှားတဲ့ အချက်မဟုတ်ပါဘူး။

ဒါပေမဲ့ အလုပ်တွေကို ဖိလုပ်ရင်းနဲ့ ဘဝရဲ့ တကယ့်အရေးကြီးတဲ့ လုပ်ရမဲ့အရာတွေကို မေ့နေတာက လျှစ်လျူရူထားတာက မှားတာပါ။

ကျွန်တော်တို့မိသားစု အတွက် ပေးရမဲ့ အချိန်လေးတွေ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ စကားပြောရမဲ့အချိန်လေး တွေ ချစ်ရသူတွေအတွက် ပေးရမဲ့အချိန်လေး…….စတဲ့ တကယ့်တန်ဖိုး မဖြတ်နိုင်တဲ့ အစားပြန်မရတော့မဲ့ အချိန် လေးတွေ (ပုဆိန်ကို ပြန်သွေးရမဲ့ အချိန်လေး)တွေကို မေ့လျော့နေခြင်းပါပဲ။

ကျွန်တော်တို့အားလုံး အနားယူဖို့ မိသားစုအတွက် အချိန်ပေးဖို့သင်ယူဖို့ နဲ့ရှင်သန်ဖို့အတွက် အချိန်လေးတွေ ရှိရပါမယ်။

တကယ်လို့ အဲလို အချိန်လေးတွေကို တန်ဖိုးမထား အလေးမထားခဲ့ဘူးဆိုရင်တော့ တချိန်မှာ ဝမ်းနည်းကြေကွဲ ရပါလိမ့်မယ်။

မ သွေးဘဲနဲ့ ဆက်ခုတ်နေတဲ့ပုဆိန်လို အချိန်ကြာလာတဲ့အမျှ တုံးလာပြီး စွမ်းဆောင်ရည်တွေပါ ကျဆင်းလာပါလိမ့်မယ်။မိသားစုအတွက် သူငယ်ချင်းအတွက် ချစ်ခင်ရသူတွေအတွက် အချိန်ပေးပါ။ကြင်နာပါ။နွေးထွေးပါ။ဂရုစိုက်ပါ။

အစားထိုးလို့မရတဲ့အရာတွေ အတွက် နောင်တတွေ မလိုချင်ပါနဲ့။ဝမ်းနည်း ကြေကွဲမှုတွေ ပါ အပိုပါလာတတ်လို့ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top