မႏၲေလးတိုင္းေဒသႀကီး၊ သပိတ္က်င္းၿမိဳ႕နယ္၊ ဇရပ္ကြင္းေက်းရြာ အမွတ္ (၂) ရပ္ကြက္တြင္ ေမလ (၂) ရက္ေန႔က အသက္ (၁၄) ႏွစ္အရြယ္ ဆြံ႕အနားမၾကားသူ မိန္းကေလးအဓမၼျပဳက်င့္ခံရမႈ၌ က်ဴးလြန္သူအား အမႈဖြင့္ဖမ္းဆီးထားေၾကာင္း သိရသည္ ။

အသက္ (၁၄) ႏွစ္အရြယ္ ဆြံ႕အနားမၾကားသူ မိန္းကေလးသည္ ၄င္း၏ ဖခင္အား သားမယားအျဖစ္ အဓမၼျပဳက်င့္ခံရေၾကာင္း ေျခဟန္လက္ဟန္ျဖင့္ ေျပာျပခဲ့ျခင္းျဖစ္ေၾကာင္း သပိတ္က်င္းရဲစခန္း က သိရသည္ ။

ျဖစ္စဥ္မွာ ဧၿပီလ ၂၇ ရက္ေန႔က အသက္ (၁၄) ႏွစ္အရြယ္ ဆြံ႕အနားမၾကား မိန္းကေလးသည္ ၄င္း၏ မိခင္ျဖစ္သူ ေရခ်ိဳးေနသည့္ ေရကန္သို႔ လိုက္သြားစဥ္ ဦးခင္ေမာင္စိုး (ခ) ေမာင္စိုး (၃၇) ႏွစ္ ၏ ေနအိမ္ အေရွ႕အေရာက္တြင္ ဗြီဒီယိုၾကည့္ရန္ လက္ကိုင္ဖုန္းအားျပ၍ ေခၚေဆာင္ခဲ့သည္ ။

ထို႔ေနာက္ ေနအိမ္အေပၚထပ္အေရာက္တြင္ ဦးခင္ေမာင္စိုး (ခ) ေမာင္စိုး က အသက္ (၁၄) ႏွစ္အရြယ္ ဆြံ႕အနားမၾကား မိန္းကေလးအား သားမယားအျဖစ္ အဓမၼျပဳက်င့္ခဲ့ေၾကာင္း မႈခင္းမွတ္တမ္းအရသိရသည္ ။

ထို႔အျပင္ ဧၿပီလ ၂၉ ရက္ေန႔ကလည္း အသက္ (၁၄) ႏွစ္အရြယ္ ဆြံ႕အနားမၾကား မိန္းကေလးအား ဦးခင္ေမာင္စိုး (ခ) ေမာင္စိုး က ထပ္မံသားမယားအျဖစ္ ျပဳက်င့္ခဲ့ေၾကာင္းသိရသည္ ။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပဳက်င့္ခံရသူ၏ ဖခင္ျဖစ္သူက တိုင္တန္းသည့္အတြက္ ဦးခင္ေမာင္စိုး (ခ) ေမာင္စိုးအား သပိတ္က်င္းၿမိဳ႕မရဲစခန္းတြင္ (ပ)၁၈၂/၂၀၁၉ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၆၃ ျဖင့္ အမႈဖြင့္ ဖမ္းဆီးထားေၾကာင္း သိရသည္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:bamakhit

#Unicode Version# ျဖင့္ဖတ္ပါ ။

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ အမှတ် (၂) ရပ်ကွက်တွင် မေလ (၂) ရက်နေ့က အသက် (၁၄) နှစ်အရွယ် ဆွံ့အနားမကြားသူ မိန်းကလေးအဓမ္မပြုကျင့်ခံရမှု၌ ကျူးလွန်သူအား အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည် ။

အသက် (၁၄) နှစ်အရွယ် ဆွံ့အနားမကြားသူ မိန်းကလေးသည် ၎င်း၏ ဖခင်အား သားမယားအဖြစ် အဓမ္မပြုကျင့်ခံရကြောင်း ခြေဟန်လက်ဟန်ဖြင့် ပြောပြခဲ့ခြင်းဖြစ်ကြောင်း သပိတ်ကျင်းရဲစခန်း က သိရသည် ။

ဖြစ်စဉ်မှာ ဧပြီလ ၂၇ ရက်နေ့က အသက် (၁၄) နှစ်အရွယ် ဆွံ့အနားမကြား မိန်းကလေးသည် ၎င်း၏ မိခင်ဖြစ်သူ ရေချိုးနေသည့် ရေကန်သို့ လိုက်သွားစဉ် ဦးခင်မောင်စိုး (ခ) မောင်စိုး (၃၇) နှစ် ၏ နေအိမ် အရှေ့အရောက်တွင် ဗွီဒီယိုကြည့်ရန် လက်ကိုင်ဖုန်းအားပြ၍ ခေါ်ဆောင်ခဲ့သည် ။

ထို့နောက် နေအိမ်အပေါ်ထပ်အရောက်တွင် ဦးခင်မောင်စိုး (ခ) မောင်စိုး က အသက် (၁၄) နှစ်အရွယ် ဆွံ့အနားမကြား မိန်းကလေးအား သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရသိရသည် ။

ထို့အပြင် ဧပြီလ ၂၉ ရက်နေ့ကလည်း အသက် (၁၄) နှစ်အရွယ် ဆွံ့အနားမကြား မိန်းကလေးအား ဦးခင်မောင်စိုး (ခ) မောင်စိုး က ထပ်မံသားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်းသိရသည် ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြုကျင့်ခံရသူ၏ ဖခင်ဖြစ်သူက တိုင်တန်းသည့်အတွက် ဦးခင်မောင်စိုး (ခ) မောင်စိုးအား သပိတ်ကျင်းမြို့မရဲစခန်းတွင် (ပ)၁၈၂/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည် ။

ဖိုးသူတော် (www.phothutaw.com)
Credit:bamakhit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top