ကြ်န္ေတာ့္ဇနီးဆံုးတာ ဒီေန႔တစ္လျပည့္ပါၿပီ….

အရမ္းကိုေပ်ာ္ရႊင္စရာေကာင္းခဲ့တဲ့ မိသားစုေလး အခုလို ေသကြဲကြဲၿပီး ၿပိဳကြဲရမယ္ဆိုတာ ဘယ္တုန္းကမွ မေတြးထား တဲ့အရာတစ္ခုပါ…

ေလးႏွစ္အရြယ္ သားေလးအတြက္ ေနာက္ထပ္ေမြးခ်င္းတစ္ေယာက္ေလာက္ ထပ္ေမြးေပးခ်င္ခဲ့တာ ကြ်န္ေတာ္တို႔ လင္မယားႏွစ္ေယာက္လံုးရဲ႕ ဆႏၵပါ။ အဲဒီဆႏၵကပဲ ကြ်န္ေတာ္ဇနီးကို ေသတြင္းထဲ ပို႔ခဲ့တဲ့အထိ ျဖစ္ခဲ့ရတာပါ….

ဇနီးျဖစ္သူ ကိုယ္ဝန္ရၿပီး ေလးပတ္မွာ BFC က ေဒါက္တာျမပြင့္ျဖဴနဲ႔ ကိုယ္ဝန္အပ္ခဲ့ပါတယ္။ ဆရာဝန္က တစ္လခြာ ခ်ိန္းခဲ့ေပမယ့္ သၾကၤန္တြင္းမွာ ဇနီးက ေသြးဆင္းလာလိ္ု႔ ႏွစ္ဆန္းႏွစ္ရက္ေန႔မွာ ဆရာဝန္နဲ႔ ျပန္ျပတဲ့အခ်ိန္မွာေတာ့ ဗိုက္ထဲက ကေလးဟာ ငါးပတ္အရြယ္မွာ ရပ္ေနၿပီး သႏၶမေအာင္ေတာ့ေၾကာင္းနဲ႔ ျခစ္ပစ္ဖို႔ေျပာပါတယ္။

အဲဒါနဲ႔ ၂၂.၀၄.၂၀၁၉ မွာ သားအိမ္ျခစ္ဖို႔ Sakura ေဆးရံုးကို ေရာက္ခဲ့ပါတယ္။ ညေန ငါးနာရီမွာ ခြဲခန္းဝင္ခဲ့ၿပီး ေျခာက္နာရီမွာ ၿပီးပါတယ္။ ေမ့ေဆးအရွိန္ေျပေအာင္နဲ႔ စိတ္ခ်ရမယ့္ အေနထားျဖစ္ေအာင္ Day Care ဝန္ေဆာင္မႈနဲ႔ ေနခဲ့ပါတယ္။ ဒါေပမယ့္ ေမ့ေဆးအရွိန္ေျပလာၿပီးေနာက္ပိုင္းမွာ ဗိုက္ထဲမွာ နာေနတယ္ဆိုတာနဲ႔ အိမ္မွာေနတာထက္ ေဆးရံုမွာဆို ပိုၿပီးစိတ္ခ်ရမယ္ဆိုတဲ့အေတြးနဲ႔ အဲဒီညမွာပဲ ေဆးရံုတက္မွတ္တမ္းလုပ္ၿပီး ေဆးရံုတက္ခဲ့ပါတယ္ (အဲဒီအေတြးက တကယ့္ကိုမွားယြင္းသြားတယ္ဆိုတာ ေနာက္မွေနာင္တရခဲ့ရပါတယ္)။

လူနာမွာလည္း အခ်ိန္ၾကာလာတာနဲ႔အမွ် ဗိုက္နာတဲ့အရွိန္က ပိုလာသလို ဝမ္းဗိုက္ႀကီးဟာလည္း ပိုပိုပူလာလို႔ ေပႀကိဳးနဲ႔ လာလာ တိုင္းၾကရတဲ့အထိပါပဲ။ ကိုယ္ေတြမွာလည္း ဆယ့္ငါးမိနစ္တစ္ႀကိမ္ေလာက္ ဆရာဝန္ေျပးေခၚေနရေပမယ့္ ဆရာဝန္ေတြကေတာ့ OG ဆရာဝန္မႀကီး သြင္းခိုင္းထားတဲ့ ေဆးသြင္းထားေၾကာင္းနဲ႔ မနက္ေရာက္ရင္ ဆရာမႀကီး ေဒၚျမပြင့္ျဖဴ လာမည္ျဖစ္ေၾကာင္းသာ တဖြဖြေျပာၿပီး က်န္တဲ့ ကုသမႈ ဘာမွမလုပ္ခဲ့ၾကပါဘူး။

၂၃.၄.၁၉ မနက္ရွစ္နာရီမွာေတာ့ ဆရာဝန္မႀကီး ေဒၚျမပြင့္ျဖဴ ေရာက္လာပါတယ္။ သူ D&C လုပ္တာနဲ႔ မသက္ဆိုင္ဘဲ အစာအိမ္အူလမ္းေၾကာင္းမွာ ျပသနာျဖစ္ေနတယ္ထင္ေၾကာင္းနဲ႔ ေန႔လည္ ဆယ့္ႏွစ္နာရီမွာမွ မသက္သာရင္ အူလမ္းေၾကာင္းဆရာဝန္နဲ႔ လႊဲေပးမယ္ေျပာခဲ့ပါတယ္။

ေန႔လည္ ဆယ့္ႏွစ္နာရီမွာေတာ့ ေဒၚျမပြင့္ျဖဴ ျပန္လည္ေရာက္ရွိလာပါတယ္။အူလမ္းေၾကာင္းဆရာဝန္ကိုေခၚေပးမယ္ဆိုၿပီး ေဒါက္တာလႊမ္းမိုးေအာင္ကို ေခၚေပးပါယ္။ေန႔လည္ သံုးနာရီဝန္းက်င္ေလာက္မွာ ေဒါက္တာလႊမ္းမိုးေအာင္ ေရာက္လာ ပါတယ္။ေဒါက္တာလႊမ္းမိုုးေအာင္မွ ဓါတ္မွန္႐ိုက္ခိုင္းခဲ့ၿပီး ဝမ္းဗိုက္အတြင္းမွာ အူ အစာအိမ္ အူမႀကီး တစ္ခုခုေပါက္ ေနေၾကာင္း အရည္ေတြျပည့္ေနေၾကာင္းႏွင့္ ခႏၶာကိုယ္အႏွံ ေသြးအဆိပ္မ်ား ျပန္႔ေနၿပီျဖစ္တာေၾကာင့္ ခ်က္ခ်င္းခြဲရမည္၊ မခြဲခဲ့ပါက ေနာက္ေန႔မကူးဟု ေျပာၾကားတာေၾကာင့္ အေရးေပၚ ခြဲစိတ္ဖို႔ သေဘာတူခဲ့ပါတယ္။ စိတ္ထဲမွာ အရမ္းထိတ္လန္႔ သြားရၿပီး ညထဲကသာ ဒီလိုသိခဲ့မယ္ဆို အခုလို ေသြးအဆိပ္ျပန္႔တာတို႔ ေနာက္ေန႔မကူးဘူးတို႔ ျဖစ္လာမွာ မဟုတ္ေလာက္ ဘူးလို႔ ယူၾကံဳးမရ ေတြးမိပါတယ္။

ခြဲစိတ္ဖို႔ ျပင္ဆင္ေနခ်ိန္အတြင္း လူနာက ေသြးေပါင္ခ်ိန္ေတြ ဆက္တိုက္က်ဆင္းလာလို႔ ေမ့ေဆးေပးဖို႔ အခက္ခဲရွိလာ ေၾကာင္းနဲ႔ ေမ့ေဆးေပးၿပီးပါက ျပန္ႏိုးရန္ အေျခေနနည္းပါးေၾကာင္း ထပ္မံအသိေပးလာခဲ့ပါတယ္။ ကၽြန္ေတာ္လည္း နည္းပါးလွတဲ့ အခြင့္အေရးအတြင္းကေန လူနာျပန္လည္ႏိုးထလာပါက အေကာင္းဆံုးျဖစ္ေနရန္အတြက္ ခြဲစိတ္ဖို႔ သေဘာ တူလိုက္ပါတယ္။

သို႔ေသာ္လည္း ခြြဲစိတ္မႈအတြက္ ျပင္ဆင္ေနခ်ိန္မွာပဲ လူနာမွာ ႏွလံုးရပ္သြားခဲ့လို႔ အေရးေပၚ ကုသမႈခံယူခဲ့ရပါတယ္။ ႏွလံုးပံုမွန္ျပန္ခုန္ခဲ့ေသာ္လည္း ေသြးေပါင္ခ်ိန္ အရမ္းနည္းေနေသးတာေၾကာင့္ ခြဲစိတ္မႈမျပဳလုပ္ေတာ့ဘဲ အထူး ၾကပ္မတ္ကုသေဆာင္ ICU တြင္သာ အေရးေပၚကုသမႈ ခံယူဖို႔ ဆရာဝန္ေတြက ဆံုးျဖတ္လိုက္ၾကပါတယ္။

၂၄.၀၄.၁၉ မနက္ေျခာက္နာရီမွာ ေဒါက္တာလႊမ္းမိုးေအာင္က လူနာေသြးေပါင္ခ်ိန္တက္မလာတာေၾကာင့္ ခြဲစိတ္မႈ မလုပ္ေတာ့ဘဲ ဗိုက္မွအေပါက္ေဖာက္ၿပီး အထဲမွအရည္မ်ားကို ထုတ္မည္ျဖစ္ေၾကာင္းေျပာဆိုပါတယ္။ လူနာအတြက္ အသက္ရွင္ရန္မွာလည္း ၁၀% သာရွိေၾကာင္းေျပာဆိုပါတယ္။

ဝမ္းဗိုက္ထဲမွ အရည္မ်ားကို ထုတ္ယူၿပီးခ်ိန္တြင္ ထြက္လာတဲ့ အရည္ကို ၾကည့္ပီး အူမႀကီးေပါက္သြားတာျဖစ္ေၾကာင္း မွတ္ခ်က္ေပးပါတယ္။ ဆရာဝန္နဲ႔ စကားေျပာေနစဥ္အခ်ိန္အတြင္းမွာပဲ လူနာမွာ ႏွလံုးထပ္မံရပ္သြားခဲ့ျပန္တာေၾကာင့္ အေရးေပၚ ကုသခဲ့ရျပန္တယ္။ အခ်ိန္မွာ မနက္ေျခာက္နာရီခြဲ ဝန္းက်င္ျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ လူနာမွာ ခပ္စိတ္စိတ္ေလး ႏွလံုးခုန္ ရပ္လာခဲ့ပါတယ္။ ဆရာဝန္ကို အားကိုးတႀကီးေမးၾကည့္ရာမွာေတာ့ ေဆးအရွိန္ေၾကာင့္သာ ႏွလံုးခုန္ေနတာျဖစ္ေၾကာင္းနဲ႔ မေမွ်ာ္လင့္ေတာ့ရန္ေျပာဆိုပါတယ္။

အဆိုးဆံုးကေတာ့ ICU ထဲက တာဝန္က် ဆရာမေတြက လူနာႏွလံုးရပ္သြားခ်ိန္တြင္ “ျပန္ႏိုးေပးရဦးမလား” ဟု လာလာ ေမးျခင္းပဲျဖစ္ပါတယ္။ မိမိတို႔ လူနာရွင္ဆိုသည္မွာ မိမိလူနာအား ေနာက္ဆံုးအခ်ိန္ထိ ေမွ်ာ္လင့္မိေနမယ္ ဆိုတာ ကေတာ့ ယံုမွားသံသယ ရွိေစရာမလိုပါဘူး။ ဒါကို ဆာကူရာမွ ဆရာဝန္မမ်ားက ဘာသေဘာနဲ႔ ေမးေမးေနလဲေတာ့ မစဥ္းစား တတ္ေအာင္ပါပဲ။

မနက္ ဆယ္နာရီေလာက္မွာ ေဒါက္တာျမပြင့္ျဖဴက ရႏိုင္တဲ့ဘက္ကေန ႀကိဳးစားတဲ့ေနနဲ႔ ေသြးနဲ႔ ပတ္သတ္တဲ့ ပါေမာကၡ ဆရာတစ္ဦးအား ေခၚေဆာင္လာခဲ့ပါတယ္။ ဆရာႀကီးမွ လူနာအား ရႏိုင္သမွ် ကယ္တင္မယ့္ အေၾကာင္းနဲ႔ စိတ္ေအး ေအးထားဖို႔ အားေပးစကားေျပာၾကားၿပီး အေရးေပၚ ေသြးစစ္ေဆးမႈမ်ား လုပ္ရန္ၫႊန္ၾကားပါတယ္။ ေသြးစစ္ဖို႔ လူနာကို ေသြးေဖာက္လိုက္တာနဲ႔ ႏွလံုးခုန္ တစ္ခါ ရပ္သြားျပန္ပါတယ္။ “ဪ ငါ့မိန္းမရယ္ အသက္အတြက္ တိုက္ပြဲဝင္ ေနလိုက္ ရတာ” ဆိုၿပီး သူ႔အေပၚ သနားလည္းသနား ဝမ္းလည္း အရမ္းနည္းရပါတယ္။

အဆံုးသတ္ရလဒ္ ဘာပဲျဖစ္ခဲ့ျဖစ္ခဲ့ ထိုဆရာဝန္ႀကီးကိုေတာ့ ဂ႐ုစိုက္ အားေပးမႈအတြက္ ေက်းဇူးတင္ေနမိတာေတာ့ အမွန္ပါ။ ဒါေပမယ့္ ၿပီးမွ ျပန္ေတြးမိတာက အဲ့လို ေသြးေတြ ဘာေတြ စစ္ဖို႔ လိုရင္ ICU ထဲ စေရာက္ကတည္းက ဘာလို႔ ဒီလို လိုအပ္တဲ့ စစ္ေဆးမႈေတြ မလုပ္ခဲ့သလဲ??? D&C လုပ္ၿပီးၿပီးခ်င္းညမွာ မသက္သာလို႔ ေဆးရံုကေနေတာင္ မျပန္ႏိုင္တဲ့ လူနာအေပၚ တစ္ေခါက္ေလာက္ေတာင္ ျပန္လာၾကည့္ဖို႔ မလိုအပ္တာလား??? အခ်ိန္လြန္မွ ထြန္ခ်သလိုပါလား လို႔ေတြးမိ ပါတယ္..

ေန႔လည္ တစ္နာရီမွာေတာ့ ကြ်န္ေတာ့္ဇနီး မေအးသႏၲာဝင္းတစ္ေယာက္ လူ႔ေလာကႀကီးကို ေက်ာခိုင္းထြက္ခြာ သြားခဲ့ ပါတယ္။ သူအရမ္းခ်စ္တဲ့ သားေလးကို ထားခဲ့တာ ဒီေန႔တစ္လျပည့္ပါၿပီ။

စာရင္းခ်ဳပ္ၾကည့္လိုက္ေတာ့ ဇနီးသည္ ကြယ္လြန္ခဲ့တာဟာ …

D&C လုပ္ၿပီး ခြဲခန္းထဲက ထြက္လာၿပီး အခ်ိန္ကတည္းကဆိုရင္ အခ်ိန္ တစ္ညလံုးရေနပါလ်က္နဲ႔ အနာက်င္ေပ်ာက္ေဆး ထည့္ေပးတာကလြဲလို႔ ဘာကုသမႈ၊ ေရာဂါရွာေဖြေပးမႈ မလုပ္ခဲ့တဲ့ ဆာကူရာေဆးရံုရဲ႕ လုပ္ရပ္ေၾကာင့္လား ???

ဒီလိုအေျခေနမ်ိဳးဟာ ဘာျဖစ္ႏိုင္တယ္ဆိုတာကို သာမန္ အေတြ႕အၾကံဳႏု ဆရာဝန္ေတြေတာင္ သိႏိုင္ေပမယ့္ ေဆးရံုမွာ တာဝန္က်ဆရာဝန္ေတြရဲ႕ အေၾကာင္းရင္းမွန္ကို ရွာေဖြေဖၚထုတ္ဖို႔ ေႏွာင့္ေႏွးခဲ့တဲ့ လုပ္ရပ္ေၾကာင့္လား ???

မိမိလူနာ အသည္းအသန္ျဖစ္ေနတာေတာင္ ညတြင္းခ်င္း တစ္ေခါက္ျပန္လာၾကည့္ေပးဖို႔၊ ထိေရာက္တဲ့ ၫႊန္ၾကားမႈ၊ စမ္းသပ္မႈ ေတြ အခ်ိန္မီ ျပဳလုပ္ေပးဖို႔ ပ်က္ကြက္ခဲ့တဲ့ OG ေဒါက္တာေၾကာင့္လား ???

ေနာက္ဆံုးတစ္ခ်က္ကေတာ့ “ဆရာမႀကီးဆီ ဖုန္းဆက္ထားပါတယ္”ဆိုတာကလြဲၿပီး ေ႐ာဂါမရွာေဖြတတ္တဲ့ ဆာကူရာေဆးရံုရဲ႕ တာဝန္က် ဆရာဝန္ေတြကို ယံုၾကည္အားကိုးမိတဲ့ မိမိေၾကာင့္လား ???

အားလံုးေၾကာင့္လည္း ျဖစ္ႏိုင္သလို ကိုယ္တိုင္အသက္မကယ္ႏိုင္လို႔ အသက္ကယ္ေပးဖို႔ ယံုၾကည္စြာနဲ႔ အသက္ကို ဝကြက္အပ္ခဲ့တာကို (လုပ္ေပးႏိုင္တာရွိရင္) အခ်ိန္နဲ႔တေျပးညီ ကုသေပးဖို႔ ပ်က္ကြက္ခဲ့တဲ့ လူတစ္စုေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဘာေၾကာင့္ပဲျဖစ္ျဖစ္ သားေလးရဲ႕ေမေမ၊ ကၽြန္ေတာ့္ဇနီးကေတာ့ ကြယ္လြန္သြားရွာပါၿပီ။ သူတို႔ေတြ ဖက္ကေတာ့ လူနာတစ္ေယာက္ဆံုးသြားတယ္သာ ျဖစ္ေပမယ့္ ကြ်န္ေတာ္နဲ႔ သားေလးအတြက္ကေတာ့ ဘဝတစ္ခုလံုး ေျဗာင္းဆန္သြားခဲ့ရတာပါ။

ကၽြန္ေတာ္ ဒီျဖစ္စဥ္ကို တင္ျပရတာကေတာ့ သားအိမ္ျခစ္ရာကေန ဒါမ်ိဳး အသက္ပါတဲ့အထိ ျဖစ္တတ္တာကို အမ်ား ျပည္သူ အသိရွိေစခ်င္လို႔ပါ။ ကိုယ္တိုင္ၾကံဳခဲ့ၾကရင္လည္း အခု ကြ်န္ေတာ့္လို ဆရာဝန္ေတြေပၚ ယံုၾကည္မႈထားၿပီး သူတို႔ ကုသစစ္ေဆးတာကို ေစာင့္ေနမယ့္အစား ကိုယ္ကစၿပီး ဓာတ္မွန္႐ိုက္ေပးပါ၊ အထူးကုဆရာဝန္ေခၚၿပီး စစ္ေပးပါလို႔ ေတာင္းဆိုၾကပါ။(တကယ္ပါ ကၽြန္ေတာ္သာႀကိဳသိခဲ့ရင္ စျဖစ္တဲ့ ညထဲက ဓာတ္မွန္႐ိုက္ဖို႔ ေဆးစစ္ဖို႔ ေတာင္းဆိုမိမွာပါ) အခ်ိန္မီသာ သိခဲ့ရင္ အခုလို အခ်ိန္လြန္ အေျခအေနဆိုးမွ ခြဲစိတ္ဖို႔ေတာင္ မမွီေတာ့တဲ့ အျဖစ္မ်ိဳးက ကင္းေဝးၾကမယ္လို႔ ထင္ပါတယ္။

အခုေတာ့ ကြ်န္ေတာ္တို႔မွာ ေဆးရံုေပၚမွာ တစ္ခ်ိန္လံုးရွိေနပါရဲ႕နဲ႔ ဘာျဖစ္ေနတယ္ဆိုတာကို အခ်ိန္မွီ မသိရ၊ ကုသမႈ မရလိုက္တာကို ေတြးလိုက္တိုင္းမွာ နာနာၾကည္းၾကည္း ရင္ကြဲမတတ္ ခံစားရပါတယ္…

ကြ်န္ေတာ္ခံစားေတြ႕ၾကံဳခဲ့ရတဲ့ အျဖစ္ဆိုးမိ်ဳးကို ေနာက္လူမ်ားမခံစား မၾကံဳေတြ႕ရေအာင္ တင္ျပရျခင္းျဖစ္ပါတယ္… လူအမ်ားသိႏိုင္ေအာင္လည္း လြတ္လပ္စြာ ရွယ္ေပးျခင္းျဖင့္ ကူညီေပးၾကပါလို႔ ေတာင္းဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ဦးသီဟကိုကို

#Unicode Version# ျဖင့္ဖတ္ပါ ။

ကျွန်တော့်ဇနီးဆုံးတာ ဒီနေ့တစ်လပြည့်ပါပြီ….

အရမ်းကိုပျော်ရွှင်စရာကောင်းခဲ့တဲ့ မိသားစုလေး အခုလို သေကွဲကွဲပြီး ပြိုကွဲရမယ်ဆိုတာ ဘယ်တုန်းကမှ မတွေးထား တဲ့အရာတစ်ခုပါ…

လေးနှစ်အရွယ် သားလေးအတွက် နောက်ထပ်မွေးချင်းတစ်ယောက်လောက် ထပ်မွေးပေးချင်ခဲ့တာ ကျွန်တော်တို့ လင်မယားနှစ်ယောက်လုံးရဲ့ ဆန္ဒပါ။ အဲဒီဆန္ဒကပဲ ကျွန်တော်ဇနီးကို သေတွင်းထဲ ပို့ခဲ့တဲ့အထိ ဖြစ်ခဲ့ရတာပါ….

ဇနီးဖြစ်သူ ကိုယ်ဝန်ရပြီး လေးပတ်မှာ BFC က ဒေါက်တာမြပွင့်ဖြူနဲ့ ကိုယ်ဝန်အပ်ခဲ့ပါတယ်။ ဆရာဝန်က တစ်လခွာ ချိန်းခဲ့ပေမယ့် သြင်္ကန်တွင်းမှာ ဇနီးက သွေးဆင်းလာလို့ နှစ်ဆန်းနှစ်ရက်နေ့မှာ ဆရာဝန်နဲ့ ပြန်ပြတဲ့အချိန်မှာတော့ ဗိုက်ထဲက ကလေးဟာ ငါးပတ်အရွယ်မှာ ရပ်နေပြီး သန္ဓမအောင်တော့ကြောင်းနဲ့ ခြစ်ပစ်ဖို့ပြောပါတယ်။

အဲဒါနဲ့ ၂၂.၀၄.၂၀၁၉ မှာ သားအိမ်ခြစ်ဖို့ Sakura ဆေးရုံးကို ရောက်ခဲ့ပါတယ်။ ညနေ ငါးနာရီမှာ ခွဲခန်းဝင်ခဲ့ပြီး ခြောက်နာရီမှာ ပြီးပါတယ်။ မေ့ဆေးအရှိန်ပြေအောင်နဲ့ စိတ်ချရမယ့် အနေထားဖြစ်အောင် Day Care ဝန်ဆောင်မှုနဲ့ နေခဲ့ပါတယ်။ ဒါပေမယ့် မေ့ဆေးအရှိန်ပြေလာပြီးနောက်ပိုင်းမှာ ဗိုက်ထဲမှာ နာနေတယ်ဆိုတာနဲ့ အိမ်မှာနေတာထက် ဆေးရုံမှာဆို ပိုပြီးစိတ်ချရမယ်ဆိုတဲ့အတွေးနဲ့ အဲဒီညမှာပဲ ဆေးရုံတက်မှတ်တမ်းလုပ်ပြီး ဆေးရုံတက်ခဲ့ပါတယ် (အဲဒီအတွေးက တကယ့်ကိုမှားယွင်းသွားတယ်ဆိုတာ နောက်မှနောင်တရခဲ့ရပါတယ်)။

လူနာမှာလည်း အချိန်ကြာလာတာနဲ့အမျှ ဗိုက်နာတဲ့အရှိန်က ပိုလာသလို ဝမ်းဗိုက်ကြီးဟာလည်း ပိုပိုပူလာလို့ ပေကြိုးနဲ့ လာလာ တိုင်းကြရတဲ့အထိပါပဲ။ ကိုယ်တွေမှာလည်း ဆယ့်ငါးမိနစ်တစ်ကြိမ်လောက် ဆရာဝန်ပြေးခေါ်နေရပေမယ့် ဆရာဝန်တွေကတော့ OG ဆရာဝန်မကြီး သွင်းခိုင်းထားတဲ့ ဆေးသွင်းထားကြောင်းနဲ့ မနက်ရောက်ရင် ဆရာမကြီး ဒေါ်မြပွင့်ဖြူ လာမည်ဖြစ်ကြောင်းသာ တဖွဖွပြောပြီး ကျန်တဲ့ ကုသမှု ဘာမှမလုပ်ခဲ့ကြပါဘူး။

၂၃.၄.၁၉ မနက်ရှစ်နာရီမှာတော့ ဆရာဝန်မကြီး ဒေါ်မြပွင့်ဖြူ ရောက်လာပါတယ်။ သူ D&C လုပ်တာနဲ့ မသက်ဆိုင်ဘဲ အစာအိမ်အူလမ်းကြောင်းမှာ ပြသနာဖြစ်နေတယ်ထင်ကြောင်းနဲ့ နေ့လည် ဆယ့်နှစ်နာရီမှာမှ မသက်သာရင် အူလမ်းကြောင်းဆရာဝန်နဲ့ လွှဲပေးမယ်ပြောခဲ့ပါတယ်။

နေ့လည် ဆယ့်နှစ်နာရီမှာတော့ ဒေါ်မြပွင့်ဖြူ ပြန်လည်ရောက်ရှိလာပါတယ်။အူလမ်းကြောင်းဆရာဝန်ကိုခေါ်ပေးမယ်ဆိုပြီး ဒေါက်တာလွှမ်းမိုးအောင်ကို ခေါ်ပေးပါယ်။နေ့လည် သုံးနာရီဝန်းကျင်လောက်မှာ ဒေါက်တာလွှမ်းမိုးအောင် ရောက်လာ ပါတယ်။ဒေါက်တာလွှမ်းမိုးအောင်မှ ဓါတ်မှန်ရိုက်ခိုင်းခဲ့ပြီး ဝမ်းဗိုက်အတွင်းမှာ အူ အစာအိမ် အူမကြီး တစ်ခုခုပေါက် နေကြောင်း အရည်တွေပြည့်နေကြောင်းနှင့် ခန္ဓာကိုယ်အနှံ သွေးအဆိပ်များ ပြန့်နေပြီဖြစ်တာကြောင့် ချက်ချင်းခွဲရမည်၊ မခွဲခဲ့ပါက နောက်နေ့မကူးဟု ပြောကြားတာကြောင့် အရေးပေါ် ခွဲစိတ်ဖို့ သဘောတူခဲ့ပါတယ်။ စိတ်ထဲမှာ အရမ်းထိတ်လန့် သွားရပြီး ညထဲကသာ ဒီလိုသိခဲ့မယ်ဆို အခုလို သွေးအဆိပ်ပြန့်တာတို့ နောက်နေ့မကူးဘူးတို့ ဖြစ်လာမှာ မဟုတ်လောက် ဘူးလို့ ယူကြုံးမရ တွေးမိပါတယ်။

ခွဲစိတ်ဖို့ ပြင်ဆင်နေချိန်အတွင်း လူနာက သွေးပေါင်ချိန်တွေ ဆက်တိုက်ကျဆင်းလာလို့ မေ့ဆေးပေးဖို့ အခက်ခဲရှိလာ ကြောင်းနဲ့ မေ့ဆေးပေးပြီးပါက ပြန်နိုးရန် အခြေနေနည်းပါးကြောင်း ထပ်မံအသိပေးလာခဲ့ပါတယ်။ ကျွန်တော်လည်း နည်းပါးလှတဲ့ အခွင့်အရေးအတွင်းကနေ လူနာပြန်လည်နိုးထလာပါက အကောင်းဆုံးဖြစ်နေရန်အတွက် ခွဲစိတ်ဖို့ သဘော တူလိုက်ပါတယ်။

သို့သော်လည်း ခွဲစိတ်မှုအတွက် ပြင်ဆင်နေချိန်မှာပဲ လူနာမှာ နှလုံးရပ်သွားခဲ့လို့ အရေးပေါ် ကုသမှုခံယူခဲ့ရပါတယ်။ နှလုံးပုံမှန်ပြန်ခုန်ခဲ့သော်လည်း သွေးပေါင်ချိန် အရမ်းနည်းနေသေးတာကြောင့် ခွဲစိတ်မှုမပြုလုပ်တော့ဘဲ အထူး ကြပ်မတ်ကုသဆောင် ICU တွင်သာ အရေးပေါ်ကုသမှု ခံယူဖို့ ဆရာဝန်တွေက ဆုံးဖြတ်လိုက်ကြပါတယ်။

၂၄.၀၄.၁၉ မနက်ခြောက်နာရီမှာ ဒေါက်တာလွှမ်းမိုးအောင်က လူနာသွေးပေါင်ချိန်တက်မလာတာကြောင့် ခွဲစိတ်မှု မလုပ်တော့ဘဲ ဗိုက်မှအပေါက်ဖောက်ပြီး အထဲမှအရည်များကို ထုတ်မည်ဖြစ်ကြောင်းပြောဆိုပါတယ်။ လူနာအတွက် အသက်ရှင်ရန်မှာလည်း ၁၀% သာရှိကြောင်းပြောဆိုပါတယ်။

ဝမ်းဗိုက်ထဲမှ အရည်များကို ထုတ်ယူပြီးချိန်တွင် ထွက်လာတဲ့ အရည်ကို ကြည့်ပီး အူမကြီးပေါက်သွားတာဖြစ်ကြောင်း မှတ်ချက်ပေးပါတယ်။ ဆရာဝန်နဲ့ စကားပြောနေစဉ်အချိန်အတွင်းမှာပဲ လူနာမှာ နှလုံးထပ်မံရပ်သွားခဲ့ပြန်တာကြောင့် အရေးပေါ် ကုသခဲ့ရပြန်တယ်။ အချိန်မှာ မနက်ခြောက်နာရီခွဲ ဝန်းကျင်ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ လူနာမှာ ခပ်စိတ်စိတ်လေး နှလုံးခုန် ရပ်လာခဲ့ပါတယ်။ ဆရာဝန်ကို အားကိုးတကြီးမေးကြည့်ရာမှာတော့ ဆေးအရှိန်ကြောင့်သာ နှလုံးခုန်နေတာဖြစ်ကြောင်းနဲ့ မမျှော်လင့်တော့ရန်ပြောဆိုပါတယ်။

အဆိုးဆုံးကတော့ ICU ထဲက တာဝန်ကျ ဆရာမတွေက လူနာနှလုံးရပ်သွားချိန်တွင် “ပြန်နိုးပေးရဦးမလား” ဟု လာလာ မေးခြင်းပဲဖြစ်ပါတယ်။ မိမိတို့ လူနာရှင်ဆိုသည်မှာ မိမိလူနာအား နောက်ဆုံးအချိန်ထိ မျှော်လင့်မိနေမယ် ဆိုတာ ကတော့ ယုံမှားသံသယ ရှိစေရာမလိုပါဘူး။ ဒါကို ဆာကူရာမှ ဆရာဝန်မများက ဘာသဘောနဲ့ မေးမေးနေလဲတော့ မစဉ်းစား တတ်အောင်ပါပဲ။

မနက် ဆယ်နာရီလောက်မှာ ဒေါက်တာမြပွင့်ဖြူက ရနိုင်တဲ့ဘက်ကနေ ကြိုးစားတဲ့နေနဲ့ သွေးနဲ့ ပတ်သတ်တဲ့ ပါမောက္ခ ဆရာတစ်ဦးအား ခေါ်ဆောင်လာခဲ့ပါတယ်။ ဆရာကြီးမှ လူနာအား ရနိုင်သမျှ ကယ်တင်မယ့် အကြောင်းနဲ့ စိတ်အေး အေးထားဖို့ အားပေးစကားပြောကြားပြီး အရေးပေါ် သွေးစစ်ဆေးမှုများ လုပ်ရန်ညွှန်ကြားပါတယ်။ သွေးစစ်ဖို့ လူနာကို သွေးဖောက်လိုက်တာနဲ့ နှလုံးခုန် တစ်ခါ ရပ်သွားပြန်ပါတယ်။ “ဪ ငါ့မိန်းမရယ် အသက်အတွက် တိုက်ပွဲဝင် နေလိုက် ရတာ” ဆိုပြီး သူ့အပေါ် သနားလည်းသနား ဝမ်းလည်း အရမ်းနည်းရပါတယ်။

အဆုံးသတ်ရလဒ် ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ထိုဆရာဝန်ကြီးကိုတော့ ဂရုစိုက် အားပေးမှုအတွက် ကျေးဇူးတင်နေမိတာတော့ အမှန်ပါ။ ဒါပေမယ့် ပြီးမှ ပြန်တွေးမိတာက အဲ့လို သွေးတွေ ဘာတွေ စစ်ဖို့ လိုရင် ICU ထဲ စရောက်ကတည်းက ဘာလို့ ဒီလို လိုအပ်တဲ့ စစ်ဆေးမှုတွေ မလုပ်ခဲ့သလဲ??? D&C လုပ်ပြီးပြီးချင်းညမှာ မသက်သာလို့ ဆေးရုံကနေတောင် မပြန်နိုင်တဲ့ လူနာအပေါ် တစ်ခေါက်လောက်တောင် ပြန်လာကြည့်ဖို့ မလိုအပ်တာလား??? အချိန်လွန်မှ ထွန်ချသလိုပါလား လို့တွေးမိ ပါတယ်..

နေ့လည် တစ်နာရီမှာတော့ ကျွန်တော့်ဇနီး မအေးသန္တာဝင်းတစ်ယောက် လူ့လောကကြီးကို ကျောခိုင်းထွက်ခွာ သွားခဲ့ ပါတယ်။ သူအရမ်းချစ်တဲ့ သားလေးကို ထားခဲ့တာ ဒီနေ့တစ်လပြည့်ပါပြီ။

စာရင်းချုပ်ကြည့်လိုက်တော့ ဇနီးသည် ကွယ်လွန်ခဲ့တာဟာ …

D&C လုပ်ပြီး ခွဲခန်းထဲက ထွက်လာပြီး အချိန်ကတည်းကဆိုရင် အချိန် တစ်ညလုံးရနေပါလျက်နဲ့ အနာကျင်ပျောက်ဆေး ထည့်ပေးတာကလွဲလို့ ဘာကုသမှု၊ ရောဂါရှာဖွေပေးမှု မလုပ်ခဲ့တဲ့ ဆာကူရာဆေးရုံရဲ့ လုပ်ရပ်ကြောင့်လား ???

ဒီလိုအခြေနေမျိုးဟာ ဘာဖြစ်နိုင်တယ်ဆိုတာကို သာမန် အတွေ့အကြုံနု ဆရာဝန်တွေတောင် သိနိုင်ပေမယ့် ဆေးရုံမှာ တာဝန်ကျဆရာဝန်တွေရဲ့ အကြောင်းရင်းမှန်ကို ရှာဖွေဖေါ်ထုတ်ဖို့ နှောင့်နှေးခဲ့တဲ့ လုပ်ရပ်ကြောင့်လား ???

မိမိလူနာ အသည်းအသန်ဖြစ်နေတာတောင် ညတွင်းချင်း တစ်ခေါက်ပြန်လာကြည့်ပေးဖို့၊ ထိရောက်တဲ့ ညွှန်ကြားမှု၊ စမ်းသပ်မှု တွေ အချိန်မီ ပြုလုပ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ OG ဒေါက်တာကြောင့်လား ???

နောက်ဆုံးတစ်ချက်ကတော့ “ဆရာမကြီးဆီ ဖုန်းဆက်ထားပါတယ်”ဆိုတာကလွဲပြီး ရောဂါမရှာဖွေတတ်တဲ့ ဆာကူရာဆေးရုံရဲ့ တာဝန်ကျ ဆရာဝန်တွေကို ယုံကြည်အားကိုးမိတဲ့ မိမိကြောင့်လား ???

အားလုံးကြောင့်လည်း ဖြစ်နိုင်သလို ကိုယ်တိုင်အသက်မကယ်နိုင်လို့ အသက်ကယ်ပေးဖို့ ယုံကြည်စွာနဲ့ အသက်ကို ဝကွက်အပ်ခဲ့တာကို (လုပ်ပေးနိုင်တာရှိရင်) အချိန်နဲ့တပြေးညီ ကုသပေးဖို့ ပျက်ကွက်ခဲ့တဲ့ လူတစ်စုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် သားလေးရဲ့မေမေ၊ ကျွန်တော့်ဇနီးကတော့ ကွယ်လွန်သွားရှာပါပြီ။ သူတို့တွေ ဖက်ကတော့ လူနာတစ်ယောက်ဆုံးသွားတယ်သာ ဖြစ်ပေမယ့် ကျွန်တော်နဲ့ သားလေးအတွက်ကတော့ ဘဝတစ်ခုလုံး ဗြောင်းဆန်သွားခဲ့ရတာပါ။

ကျွန်တော် ဒီဖြစ်စဉ်ကို တင်ပြရတာကတော့ သားအိမ်ခြစ်ရာကနေ ဒါမျိုး အသက်ပါတဲ့အထိ ဖြစ်တတ်တာကို အများ ပြည်သူ အသိရှိစေချင်လို့ပါ။ ကိုယ်တိုင်ကြုံခဲ့ကြရင်လည်း အခု ကျွန်တော့်လို ဆရာဝန်တွေပေါ် ယုံကြည်မှုထားပြီး သူတို့ ကုသစစ်ဆေးတာကို စောင့်နေမယ့်အစား ကိုယ်ကစပြီး ဓာတ်မှန်ရိုက်ပေးပါ၊ အထူးကုဆရာဝန်ခေါ်ပြီး စစ်ပေးပါလို့ တောင်းဆိုကြပါ။(တကယ်ပါ ကျွန်တော်သာကြိုသိခဲ့ရင် စဖြစ်တဲ့ ညထဲက ဓာတ်မှန်ရိုက်ဖို့ ဆေးစစ်ဖို့ တောင်းဆိုမိမှာပါ) အချိန်မီသာ သိခဲ့ရင် အခုလို အချိန်လွန် အခြေအနေဆိုးမှ ခွဲစိတ်ဖို့တောင် မမှီတော့တဲ့ အဖြစ်မျိုးက ကင်းဝေးကြမယ်လို့ ထင်ပါတယ်။

အခုတော့ ကျွန်တော်တို့မှာ ဆေးရုံပေါ်မှာ တစ်ချိန်လုံးရှိနေပါရဲ့နဲ့ ဘာဖြစ်နေတယ်ဆိုတာကို အချိန်မှီ မသိရ၊ ကုသမှု မရလိုက်တာကို တွေးလိုက်တိုင်းမှာ နာနာကြည်းကြည်း ရင်ကွဲမတတ် ခံစားရပါတယ်…

ကျွန်တော်ခံစားတွေ့ကြုံခဲ့ရတဲ့ အဖြစ်ဆိုးမျိုးကို နောက်လူများမခံစား မကြုံတွေ့ရအောင် တင်ပြရခြင်းဖြစ်ပါတယ်… လူအများသိနိုင်အောင်လည်း လွတ်လပ်စွာ ရှယ်ပေးခြင်းဖြင့် ကူညီပေးကြပါလို့ တောင်းဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  ဦးသီဟကိုကို
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top