ယခုေခတ္မွာ အမ်ိဳးသမီးမ်ားသာမက အမ်ိဳးသားေတြပါ အသားအေရ အလွအပကို ပိုမိုဂ႐ုစိုက္လာၾကပါၿပီ။ ဒါေၾကာင့္ ၀က္ၿခံေပါက္ေလ့ရွိသူမ်ား အေနျဖင့္ ယခင္ကထက္ အသားအေရကို ပိုမိုဂ႐ုစိုက္ၾကၿပီး skincare ကို အဆင့္ဆင့္ ျပဳလုပ္ေလ့ ရွိၾကပါတယ္။ ထိုသို႔ ပိုဂ႐ုစိုက္တဲ့ၾကားထဲက ၀က္ၿခံေတြ ပိုထြက္လာတာမ်ိဳးလည္း ၾကံဳၾကေလ့ရွိပါတယ္။ ဒါဟာ ဘာလို႔လဲဆိုရင္ေတာ့ မွားယြင္းတဲ့ skin care အေလ့အထေတြကို ျပဳလုပ္မိၾကလို႔ပဲ ျဖစ္တယ္ေနာ္။ ဘယ္လို skin care အေလ့အထေတြက ၀က္ၿခံေတြ ပိုမိုျဖစ္ေပၚေစဖို႔ အားေပးသလဲဆိုတာ ေလ့လာၾကည့္ၾကရေအာင္ေနာ္။

(၁)    ၀က္ၿခံေပ်ာက္ေစေသာ skin care အမ်ိဳးမ်ိဳးကို တစ္ပတ္တစ္ခါ ေျပာင္းသံုးျခင္း

          ဒီတစ္ပတ္ကို ဒီ skin care သံုးလိုက္ ေနာက္တစ္ပတ္ကို အသစ္တစ္မ်ိဳး သံုးလိုက္ ျပဳလုပ္ျခင္းက အေရျပားကို ပိုမိုဆြေပးသလို ျဖစ္ေစၿပီး အဆီဖုနဲ႔ ၀က္ၿခံမ်ားကို ပိုမိုျဖစ္ေပၚေစပါလိမ့္မယ္။

          ** လိုက္နာရန္ - ထိုသို႔ အမိ်ဳးမ်ိဳး ေျပာင္းသံုးမည့္အစား ကိုယ္ႏွင့္ အဆင္ေျပေသာ skin care တစ္မ်ိဳးကို အနည္းဆံုး ၆ ပတ္ကေန ၈ ပတ္အထိ သံုးၾကည့္ပါ။ ၈ ပတ္ၾကာသည့္တိုင္ေအာင္ ဘာမွမထူးျခားပါမွ ေနာက္အသစ္တစ္မ်ိဳးကို ေျပာင္းသံုးသင့္ပါတယ္။

(၂)    ၀က္ၿခံေပၚတြင္သာ ၀က္ၿခံေပ်ာက္ေဆးကို တို႔ျခင္း

          ၀က္ၿခံေပၚတြင္သာ ၀က္ၿခံေပ်ာက္ေဆးကို တုိ႔ျခင္းဟာ သဘာ၀က်ေသာ္လည္း ေနာက္ထြက္မယ့္ ၀က္ၿခံေတြကိုေတာ့ တားဆီးေပးမွာ မဟုတ္ပါဘူး။

          ** လိုက္နာရန္ - ၀က္ၿခံံေပ်ာက္ေဆး အလႊာခပ္ပါးပါးကို မ်က္ႏွာတစ္ခုလံုးေပၚတြင္ ညီညာစြာ လိမ္းက်ံေပးသင့္ပါတယ္။

(၃)    ၀က္ၿခံျဖစ္ေစေသာ မိတ္ကပ္၊ skin care ႏွင့္ ေခါင္းေလွ်ာ္ရည္မ်ားကို အသံုးျပဳျခင္း

          အဆီပါ၀င္မႈ မ်ားေသာ မိတ္ကပ္ပစၥည္းမ်ားႏွင့္ skin care မ်ားဟာ ေခြၽးေပါက္ေတြကို ပိတ္ဆို႔ေစတာမို႔ သင့္၀က္ၿခံေတြကို ပိုမိုဆိုးရြားေစႏိုင္ပါတယ္။ ဒါေတြကို ဆက္သံုးေနမယ္ဆိုရင္ေတာ့ သင့္၀က္ၿခံေတြဟာ ေပ်ာက္လိုက္၊ ေပါက္လိုက္ႏွင့္ သံသရာလည္ေနမွာပါပဲ။

          ** လိုက္နာရန္ - ေရဓာတ္ကို အေျခခံထားေသာ skin care ႏွင့္ မိတ္ကပ္မ်ားကို အသံုးျပဳပါ။ အစိုဓာတ္ထိန္းခရင္မ္ကို ေန႔စဥ္ အသံုးျပဳပါ။ ညအိပ္ရာ၀င္ခါနီး မိတ္ကပ္မ်ားကို ေသခ်ာစြာ သန္႔စင္ေဆးေၾကာဖို႔ မေမ့နဲ႔ေနာ္။

(၄)    မိတ္ကပ္ပစၥည္းႏွင့္ ဘရပ္ခ်္မ်ားကို မွ်ေ၀သံုးစြဲျခင္း

          ေခြၽးေပါက္ေတြကို မပိတ္ဆို႔ေစမယ့္ မိတ္ကပ္ေတြကို ေရြးခ်ယ္တာေတာင္မွ ၀က္ၿခံေတြ ျဖစ္ေပၚေနေသးပါက သင့္သူငယ္ခ်င္း/ညီအစ္မမ်ားႏွင့္ မိတ္ကပ္ေဖာ့ေတြ၊ ဘရပ္ခ်္ေတြ အတူတူ အသံုးျပဳေနသလား ဆန္းစစ္ၾကည့္ပါ။ ၀က္ၿခံဟာ ကူးစက္ေစတာေတာ့ မဟုတ္ေပမယ့္လည္း အဆိုပါပစၥည္းမ်ားကို အတူတူသံုးစြဲျခင္းျဖင့္ တစ္ေယာက္ဆီက ဘက္တီးရီးယားႏွင့္ အဆီမ်ား ဆဲလ္ေသမ်ားဟာ တျခားသူဆီ ေရာက္ေစၿပီး ၀က္ၿခံမ်ား ျဖစ္ေပၚေစပါတယ္။

          ** လိုက္နာရန္ - မိမိတစ္ဦးတည္း သီးသန္႔ အသံုးျပဳပါ။

(၅)    မိတ္ကပ္မ်ားကို ေသခ်ာစြာ မသန္႔စင္ဘဲ အိပ္ရာ၀င္ျခင္း

          သင္ဟာ ဘယ္လို အေကာင္းစား မိတ္ကပ္မ်ားကို သံုးေစကာမူ မိတ္ကပ္မ်ားကို ေသခ်ာစြာ ဖ်က္ၿပီးမွ အိပ္ရာ၀င္သင့္ပါတယ္။

          ** လိုက္နာရန္ - မိတ္ကပ္မ်ားကို make up remover ျဖင့္ အရင္ဆံုး ဖ်က္ၿပီးမွ facial foam ျဖင့္ ေဆးေၾကာသင့္ပါတယ္။ ဒါကို double cleansing (၂ ထပ္ သန္႔စင္ျခင္း) လို႔ ေခၚပါတယ္။ သင္ အရမ္းပင္ပန္းလို႔ မ်က္ႏွာမသစ္ႏုိင္ရင္ေတာင္မွ wet tissue ႏွင့္ေတာ့ အနည္းဆုံး သန္႔စင္သင့္ပါတယ္။

(၆)    မၾကာခဏ မ်က္ႏွာသစ္ျခင္း

          မ်က္ႏွာအသားအေရကို ပိုမိုဆြေပးသလိုျဖစ္ၿပီး ၀က္ၿခံေတြ ပိုမိုျဖစ္ေပၚေစပါတယ္။

          ** လိုက္နာရန္ - တစ္ေန႔ကို မနက္ႏွင့္ည ၂ ႀကိမ္သာ မ်က္ႏွာသန္႔စင္သင့္ပါတယ္။

(၇)     မ်က္ႏွာ ေျခာက္ေသြ႕ျခင္း

          အဆီျပန္ေသာ အသားအေရပိုင္ရွင္မ်ားတြင္ ၀က္ၿခံ ပိုမိုျဖစ္ေပၚတတ္တာမို႔ မ်က္ႏွာအသားအေရကို ေျခာက္ေသြ႕ေအာင္ ႀကိဳးစားတတ္ၾကပါတယ္။ တကယ္ေတာ့ ဒါဟာ မွားယြင္းေသာ အယူအဆ ျဖစ္ပါတယ္။ မ်က္ႏွာအသားအေရ ေျခာက္ေသြ႕ျခင္းျဖင့္ ပိုမို sensitive ျဖစ္ေစၿပီး ၀က္ၿခံျဖစ္ေပၚဖို႔ အလားအလာ ပိုမ်ားေစပါတယ္။

          ** လိုက္နာရန္ - ေန႔စဥ္ အစိုဓာတ္ထိန္းခရင္မ္ကို လိမ္းေပးပါ။

(၈)    အလြန္အမင္း scrub ျပဳလုပ္ျခင္း

          ၀က္ၿခံမ်ား ေယာင္ေနစဥ္တြင္ scrub ျပဳလုပ္ျခင္းေၾကာင့္ ဘက္တီးရီးယားမ်ားပိုမို ပ်ံ႕ႏွံေစၿပီး ၀က္ၿခံ ပိုပြားေစပါတယ္။

          ** လိုက္နာရန္ - ၀က္ၿခံမ်ား ျဖစ္ေပၚေနစဥ္တြင္ ႏူးညံ့စြာ မ်က္ႏွာသစ္ပါ။ facial foam ကို ညင္သာစြာ လိမ္းၿပီး စက္၀ိုင္းပံု ႏွိပ္နယ္ေပးပါ။ ထို႔ေနာက္ ေရေႏြးေႏြးျဖင့္ ေဆးေၾကာၿပီး ႏူးညံ့စြာ သုတ္ေပးပါ။

(၉)    ေလ့က်င့္ခန္း လုပ္ေနစဥ္ မ်က္ႏွာသုတ္ပ၀ါျဖင့္ မ်က္ႏွာကိုပြတ္ျခင္း

          ေလ့က်င့္ခန္း လုပ္ေနစဥ္တြင္ မ်က္ႏွာေပၚမွာ ေခြၽးမ်ားျဖင့္ စိုစြတ္ေနတာမို႔ ဘက္တီးရီးယားမ်ား ေပါက္ဖြားဖို႔ အလားအလာ မ်ားပါတယ္။ ထိုအခ်ိန္မ်ိဳးမွာ တဘက္ႏွင့္မ်က္ႏွာကို သုတ္ျခင္းျဖင့္ အေရျပားကို ပိုမိုပြန္းေစၿပီး ၀က္ၿခံေတြ ျဖစ္ေပၚလာေစမွာ ျဖစ္ပါတယ္။

          **လိုက္နာရန္ - wet tissue ႏွင့္ ညင္သာစြာ ပြတ္ေပးပါ။

(၁၀)  ၀က္ၿခံညႇစ္ျခင္း

          ၀က္ၿခံညႇစ္ျခင္းျဖင့္ ၀က္ၿခံအတြင္းရွိ ျပည္မ်ား၊ ဘက္တီးရီးယားမ်ားႏွင့္ ဆဲလ္ေသမ်ားကို ထြက္ေပၚလာေစတဲ့အျပင္ ေယာင္ယမ္းျခင္းကို ျဖစ္ေပၚပါလိမ့္မယ္။ အခန္႔မသင့္ပါက အမာရြတ္မ်ားပင္ ျဖစ္လာေစပါတယ္။

          ** လိုက္နာရန္ - ၀က္ၿခံကို ညႇစ္မယ့္အစား ၀က္ၿခံေပ်ာက္ေဆးကို တို႔ေပးပါ။ ၿမဳံေနေသာ ၀က္ၿခံမ်ားရွိပါက အေရျပားဆရာ၀န္ႏွင့္ျပသဖို႔ လိုအပ္ပါတယ္။

          အခုေဖာ္ျပသြားတဲ့ အခ်က္မ်ားကိုေရွာင္ၿပီး အစားအေသာက္ႏွင့္ အိပ္စက္ျခင္းကို ညီညြတ္မွ်တေအာင္ ထိန္းသိမ္းဖို႔လည္း မေမ့ၾကနဲ႔ေနာ္။ တစ္ေန႔ကို ေရ ၈ ဖန္ခြက္ေသာက္ေပးဖို႔လည္း အေရးႀကီးပါတယ္။ တကယ္လို႔ သင့္အေနႏွင့္ အထက္ပါအခ်က္အားလံုးကို လိုက္နာတာေတာင္မွ ၀က္ၿခံေတြ ရွိေနေသးတယ္ဆိုပါက အေရျပားဆရာ၀န္ႏွင့္ အျမန္ဆံုး သြားေရာက္ျပသဖို႔ မေမ့နဲ႔ေနာ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr. ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)

#Unicode Version#
ယခုခေတ်မှာ အမျိုးသမီးများသာမက အမျိုးသားတွေပါ အသားအရေ အလှအပကို ပိုမိုဂရုစိုက်လာကြပါပြီ။ ဒါကြောင့် ဝက်ခြံပေါက်လေ့ရှိသူများ အနေဖြင့် ယခင်ကထက် အသားအရေကို ပိုမိုဂရုစိုက်ကြပြီး skincare ကို အဆင့်ဆင့် ပြုလုပ်လေ့ ရှိကြပါတယ်။ ထိုသို့ ပိုဂရုစိုက်တဲ့ကြားထဲက ဝက်ခြံတွေ ပိုထွက်လာတာမျိုးလည်း ကြုံကြလေ့ရှိပါတယ်။ ဒါဟာ ဘာလို့လဲဆိုရင်တော့ မှားယွင်းတဲ့ skin care အလေ့အထတွေကို ပြုလုပ်မိကြလို့ပဲ ဖြစ်တယ်နော်။ ဘယ်လို skin care အလေ့အထတွေက ဝက်ခြံတွေ ပိုမိုဖြစ်ပေါ်စေဖို့ အားပေးသလဲဆိုတာ လေ့လာကြည့်ကြရအောင်နော်။

(၁)    ဝက်ခြံပျောက်စေသော skin care အမျိုးမျိုးကို တစ်ပတ်တစ်ခါ ပြောင်းသုံးခြင်း

          ဒီတစ်ပတ်ကို ဒီ skin care သုံးလိုက် နောက်တစ်ပတ်ကို အသစ်တစ်မျိုး သုံးလိုက် ပြုလုပ်ခြင်းက အရေပြားကို ပိုမိုဆွပေးသလို ဖြစ်စေပြီး အဆီဖုနဲ့ ဝက်ခြံများကို ပိုမိုဖြစ်ပေါ်စေပါလိမ့်မယ်။

          ** လိုက်နာရန် - ထိုသို့ အမျိုးမျိုး ပြောင်းသုံးမည့်အစား ကိုယ်နှင့် အဆင်ပြေသော skin care တစ်မျိုးကို အနည်းဆုံး ၆ ပတ်ကနေ ၈ ပတ်အထိ သုံးကြည့်ပါ။ ၈ ပတ်ကြာသည့်တိုင်အောင် ဘာမှမထူးခြားပါမှ နောက်အသစ်တစ်မျိုးကို ပြောင်းသုံးသင့်ပါတယ်။

(၂)    ဝက်ခြံပေါ်တွင်သာ ဝက်ခြံပျောက်ဆေးကို တို့ခြင်း

          ဝက်ခြံပေါ်တွင်သာ ဝက်ခြံပျောက်ဆေးကို တို့ခြင်းဟာ သဘာဝကျသော်လည်း နောက်ထွက်မယ့် ဝက်ခြံတွေကိုတော့ တားဆီးပေးမှာ မဟုတ်ပါဘူး။

          ** လိုက်နာရန် - ဝက်ခြံံပျောက်ဆေး အလွှာခပ်ပါးပါးကို မျက်နှာတစ်ခုလုံးပေါ်တွင် ညီညာစွာ လိမ်းကျံပေးသင့်ပါတယ်။

(၃)    ဝက်ခြံဖြစ်စေသော မိတ်ကပ်၊ skin care နှင့် ခေါင်းလျှော်ရည်များကို အသုံးပြုခြင်း

          အဆီပါဝင်မှု များသော မိတ်ကပ်ပစ္စည်းများနှင့် skin care များဟာ ချွေးပေါက်တွေကို ပိတ်ဆို့စေတာမို့ သင့်ဝက်ခြံတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒါတွေကို ဆက်သုံးနေမယ်ဆိုရင်တော့ သင့်ဝက်ခြံတွေဟာ ပျောက်လိုက်၊ ပေါက်လိုက်နှင့် သံသရာလည်နေမှာပါပဲ။

          ** လိုက်နာရန် - ရေဓာတ်ကို အခြေခံထားသော skin care နှင့် မိတ်ကပ်များကို အသုံးပြုပါ။ အစိုဓာတ်ထိန်းခရင်မ်ကို နေ့စဉ် အသုံးပြုပါ။ ညအိပ်ရာဝင်ခါနီး မိတ်ကပ်များကို သေချာစွာ သန့်စင်ဆေးကြောဖို့ မမေ့နဲ့နော်။

(၄)    မိတ်ကပ်ပစ္စည်းနှင့် ဘရပ်ချ်များကို မျှဝေသုံးစွဲခြင်း

          ချွေးပေါက်တွေကို မပိတ်ဆို့စေမယ့် မိတ်ကပ်တွေကို ရွေးချယ်တာတောင်မှ ဝက်ခြံတွေ ဖြစ်ပေါ်နေသေးပါက သင့်သူငယ်ချင်း/ညီအစ်မများနှင့် မိတ်ကပ်ဖော့တွေ၊ ဘရပ်ချ်တွေ အတူတူ အသုံးပြုနေသလား ဆန်းစစ်ကြည့်ပါ။ ဝက်ခြံဟာ ကူးစက်စေတာတော့ မဟုတ်ပေမယ့်လည်း အဆိုပါပစ္စည်းများကို အတူတူသုံးစွဲခြင်းဖြင့် တစ်ယောက်ဆီက ဘက်တီးရီးယားနှင့် အဆီများ ဆဲလ်သေများဟာ တခြားသူဆီ ရောက်စေပြီး ဝက်ခြံများ ဖြစ်ပေါ်စေပါတယ်။

          ** လိုက်နာရန် - မိမိတစ်ဦးတည်း သီးသန့် အသုံးပြုပါ။

(၅)    မိတ်ကပ်များကို သေချာစွာ မသန့်စင်ဘဲ အိပ်ရာဝင်ခြင်း

          သင်ဟာ ဘယ်လို အကောင်းစား မိတ်ကပ်များကို သုံးစေကာမူ မိတ်ကပ်များကို သေချာစွာ ဖျက်ပြီးမှ အိပ်ရာဝင်သင့်ပါတယ်။

          ** လိုက်နာရန် - မိတ်ကပ်များကို make up remover ဖြင့် အရင်ဆုံး ဖျက်ပြီးမှ facial foam ဖြင့် ဆေးကြောသင့်ပါတယ်။ ဒါကို double cleansing (၂ ထပ် သန့်စင်ခြင်း) လို့ ခေါ်ပါတယ်။ သင် အရမ်းပင်ပန်းလို့ မျက်နှာမသစ်နိုင်ရင်တောင်မှ wet tissue နှင့်တော့ အနည်းဆုံး သန့်စင်သင့်ပါတယ်။

(၆)    မကြာခဏ မျက်နှာသစ်ခြင်း

          မျက်နှာအသားအရေကို ပိုမိုဆွပေးသလိုဖြစ်ပြီး ဝက်ခြံတွေ ပိုမိုဖြစ်ပေါ်စေပါတယ်။

          ** လိုက်နာရန် - တစ်နေ့ကို မနက်နှင့်ည ၂ ကြိမ်သာ မျက်နှာသန့်စင်သင့်ပါတယ်။

(၇)     မျက်နှာ ခြောက်သွေ့ခြင်း

          အဆီပြန်သော အသားအရေပိုင်ရှင်များတွင် ဝက်ခြံ ပိုမိုဖြစ်ပေါ်တတ်တာမို့ မျက်နှာအသားအရေကို ခြောက်သွေ့အောင် ကြိုးစားတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ မှားယွင်းသော အယူအဆ ဖြစ်ပါတယ်။ မျက်နှာအသားအရေ ခြောက်သွေ့ခြင်းဖြင့် ပိုမို sensitive ဖြစ်စေပြီး ဝက်ခြံဖြစ်ပေါ်ဖို့ အလားအလာ ပိုများစေပါတယ်။

          ** လိုက်နာရန် - နေ့စဉ် အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးပါ။

(၈)    အလွန်အမင်း scrub ပြုလုပ်ခြင်း

          ဝက်ခြံများ ယောင်နေစဉ်တွင် scrub ပြုလုပ်ခြင်းကြောင့် ဘက်တီးရီးယားများပိုမို ပျံ့နှံစေပြီး ဝက်ခြံ ပိုပွားစေပါတယ်။

          ** လိုက်နာရန် - ဝက်ခြံများ ဖြစ်ပေါ်နေစဉ်တွင် နူးညံ့စွာ မျက်နှာသစ်ပါ။ facial foam ကို ညင်သာစွာ လိမ်းပြီး စက်ဝိုင်းပုံ နှိပ်နယ်ပေးပါ။ ထို့နောက် ရေနွေးနွေးဖြင့် ဆေးကြောပြီး နူးညံ့စွာ သုတ်ပေးပါ။

(၉)    လေ့ကျင့်ခန်း လုပ်နေစဉ် မျက်နှာသုတ်ပဝါဖြင့် မျက်နှာကိုပွတ်ခြင်း

          လေ့ကျင့်ခန်း လုပ်နေစဉ်တွင် မျက်နှာပေါ်မှာ ချွေးများဖြင့် စိုစွတ်နေတာမို့ ဘက်တီးရီးယားများ ပေါက်ဖွားဖို့ အလားအလာ များပါတယ်။ ထိုအချိန်မျိုးမှာ တဘက်နှင့်မျက်နှာကို သုတ်ခြင်းဖြင့် အရေပြားကို ပိုမိုပွန်းစေပြီး ဝက်ခြံတွေ ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။

          **လိုက်နာရန် - wet tissue နှင့် ညင်သာစွာ ပွတ်ပေးပါ။

(၁၀)  ဝက်ခြံညှစ်ခြင်း

          ဝက်ခြံညှစ်ခြင်းဖြင့် ဝက်ခြံအတွင်းရှိ ပြည်များ၊ ဘက်တီးရီးယားများနှင့် ဆဲလ်သေများကို ထွက်ပေါ်လာစေတဲ့အပြင် ယောင်ယမ်းခြင်းကို ဖြစ်ပေါ်ပါလိမ့်မယ်။ အခန့်မသင့်ပါက အမာရွတ်များပင် ဖြစ်လာစေပါတယ်။

          ** လိုက်နာရန် - ဝက်ခြံကို ညှစ်မယ့်အစား ဝက်ခြံပျောက်ဆေးကို တို့ပေးပါ။ မြုံနေသော ဝက်ခြံများရှိပါက အရေပြားဆရာဝန်နှင့်ပြသဖို့ လိုအပ်ပါတယ်။

          အခုဖော်ပြသွားတဲ့ အချက်များကိုရှောင်ပြီး အစားအသောက်နှင့် အိပ်စက်ခြင်းကို ညီညွတ်မျှတအောင် ထိန်းသိမ်းဖို့လည်း မမေ့ကြနဲ့နော်။ တစ်နေ့ကို ရေ ၈ ဖန်ခွက်သောက်ပေးဖို့လည်း အရေးကြီးပါတယ်။ တကယ်လို့ သင့်အနေနှင့် အထက်ပါအချက်အားလုံးကို လိုက်နာတာတောင်မှ ဝက်ခြံတွေ ရှိနေသေးတယ်ဆိုပါက အရေပြားဆရာဝန်နှင့် အမြန်ဆုံး သွားရောက်ပြသဖို့ မမေ့နဲ့နော်။

ဖိုးသူတော်(www.phothutaw.com)
Credit:Dr. လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top