20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ျမန္မာ့စီးပြားေရးဘဏ္ေငြတိုက္ေသာ့ကိ္ိုင္ တစ္ဦးက ဘဏ္ေငြတိုက္ထဲမွ က်ပ္သိန္း ၄၀၀၀ ခိုးယူသြားမႈ ေမ ၁၄ ရက္ေန႔ကျဖစ္ပြားခဲ့သည္။

အဆုိပါျဖစ္စဥ္မွာ မြန္ျပည္နယ္က်ိဳက္ထိုၿမိဳ႕ရိွိ ေတာင္သူစုရပ္ကြက္ရွိ ျမန္မာ့စီးပြားေရးဘဏ္ေငြတိုက္တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

က်ဴးလြန္သြားသူမွာ ျမန္မာ့ စီးပြားေရးဘဏ္(က်ိဳက္ထို)မွ ေငြကိုင္(၃) အသက္ ၄၄ ႏွစ္အရြယ္္ ေက်ာ္မိုး၀င္း ဆိုသူျဖစ္ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာနမွသိရသည္။

ျမန္မာ့စီးပြားေရးဘဏ္ ခ႐ိုင္မန္ေနဂ်ာ ေဒၚရွင္ျမင့္ေထြး ဆိိိုသူသည္ ေမလ ၁၄ ရက္ေန႔ ၀၈၃၀ အခ်ိန္ က်ိဳက္ထိုၿမိဳ႕၊ ေတာင္သူစုရပ္ကြက္ရွိ ျမန္မာ့စီးပြားေရးဘဏ္ေငြတိုက္မွ ေငြထုတ္ယူရန္ ေဆာင္႐ြက္စဥ္ ေငြတိုက္ေသာ့ကိုင္ တစ္ဦးျဖစ္သူ ေက်ာ္မိုးဝင္းမွာ ေရာက္မလာသျဖင့္ ၎၏ေနအိမ္သို႔ သြားေရာက္ေခၚေဆာင္ခဲ့ရာ ၎အား ေနအိမ္၌မေတြ႕ရွိဘဲ အိပ္ခန္းအတြင္းရွိ အိပ္ယာေပၚမွ ေငြတိုက္ေသာ့အား ေတြ႕ရွိခဲ့ေၾကာင္း၊ ယင္းအတြက္ မသကၤာသျဖင့္ ဘဏ္ေငြတိုက္အား ဖြင့္၍စစ္ေဆးရာ ေငြက်ပ္ ၄၀၀၀ သိန္း ေပ်ာက္ဆုံးေနေၾကာင္း စိစစ္ေတြ႕ရွိရ၍ အမႈဖြင့္ တိုင္တန္းျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ေငြတိုက္ေသာ့ကိုင္ကိို က်ိဳက္ထိုၿမိဳ႕မရဲစခန္း (ပ)၂၃၅၁/ ၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၄၀၉(ျပည္သူ႔ဝန္ထမ္းအား ယုံၾကည္အပ္ႏွံေရး ေဖာက္ဖ်က္မႈ)ျဖင့္ အမႈဖြင့္စုံံစမ္းေနေၾကာင္းသိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:thutasone
#Unicode Version#
မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်သော့ကိုင် တစ်ဦးက ဘဏ်ငွေတိုက်ထဲမှ ကျပ်သိန်း ၄၀၀၀ ခိုးယူသွားမှု မေ ၁၄ ရက်နေ့ကဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်မှာ မွန်ပြည်နယ်ကျိုက်ထိုမြို့ရှိ တောင်သူစုရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကျူးလွန်သွားသူမှာ မြန်မာ့ စီးပွားရေးဘဏ်(ကျိုက်ထို)မှ ငွေကိုင်(၃) အသက် ၄၄ နှစ်အရွယ် ကျော်မိုးဝင်း ဆိုသူဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှသိရသည်။

မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာ ဒေါ်ရှင်မြင့်ထွေး ဆိုသူသည် မေလ ၁၄ ရက်နေ့ ၀၈၃၀ အချိန် ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်မှ ငွေထုတ်ယူရန် ဆောင်ရွက်စဉ် ငွေတိုက်သော့ကိုင် တစ်ဦးဖြစ်သူ ကျော်မိုးဝင်းမှာ ရောက်မလာသဖြင့် ၎င်း၏နေအိမ်သို့ သွားရောက်ခေါ်ဆောင်ခဲ့ရာ ၎င်းအား နေအိမ်၌မတွေ့ရှိဘဲ အိပ်ခန်းအတွင်းရှိ အိပ်ယာပေါ်မှ ငွေတိုက်သော့အား တွေ့ရှိခဲ့ကြောင်း၊ ယင်းအတွက် မသင်္ကာသဖြင့် ဘဏ်ငွေတိုက်အား ဖွင့်၍စစ်ဆေးရာ ငွေကျပ် ၄၀၀၀ သိန်း ပျောက်ဆုံးနေကြောင်း စိစစ်တွေ့ရှိရ၍ အမှုဖွင့် တိုင်တန်းခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ငွေတိုက်သော့ကိုင်ကို ကျိုက်ထိုမြို့မရဲစခန်း (ပ)၂၃၅၁/ ၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၄၀၉(ပြည်သူ့ဝန်ထမ်းအား ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု)ဖြင့် အမှုဖွင့်စုံံစမ်းနေကြောင်းသိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top