


Credit:burmese.asia

#Unicode Version# ဖြင့်ဖတ်ပါ ။

ပရိသတ်ကြီးရေ အကယ်ဒမီနေတိုးကိုတော့ ဘက်စုံတော်တဲ့အနုပညာရှင်တစ်ယောက်လို့ ပရိသတ်တွေကအသိအမှတ်ပြုထားကြတာဖြစ်ပါတယ်။အနုပညာနဲ့ပက်သက်ရင် အိုင်တက်ပိုင်းရော အပြင်အဆင်ပိုင်းရော အကုန်တော်တဲ့ နေတိုးက စတိုင်ခပ်မိုက်မိုက်နဲ့ တည်ငြိမ်တဲ့ မင်းသာတစ်လက်ပါနော်။နေတိုးရဲ့ ခန့်ညားတည်ကြည်တဲ့ပုံလေးတွေနဲ့ စိတ်ထားလေးကောင်းပြီး ဖော်ရွေတတ်လို့ ပျိုမဒီလေးတွေက သည်းသည်းလှုပ်နေရတာပါနော်။

ခုလက်တလောမှာနေတိုးရဲ့အနုပညာလှုပ်ရှားမှုတွေကတော့ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေပြီး ပွဲအခမ်းအနားတွေတက်ရောက်နေပါတယ်။နေတိုးပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတွေဆို ပရိသတ်တွေက ရုံပြည့်ရုံလျှံတဲ့အထိ အကြိတ်အနယ်အားပေးကြတာပါ။မာန်မာနကင်းမဲ့ပြီးဖော်ရွေတတ်လို့လည်း လူချစ်လူခင်ပေါများပြီး ပရိသတ်အများဆုံးအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

အခုဆိုရင်တော့ နေတိုးက “Sweet & Smart”ရဲ့ ပွဲအခမ်းနားလေးကို တည်ကြည်ခန့်ညားတဲ့စတိုင်အပြည့်နဲ့တက်ရောက်လာတာကိုတွေ့ရပါတယ်နော်။နေတိုးက လူလတ်ပိုင်းအရွယ်ကို ရောက်ရှိနေပေမယ့် ခန့်ညားနုပျိုခြင်းတွေကတော့ တစ်နေ့တစ်ခြားပိုပိုတိုးလာပါတယ်နော်။နေတိုးရဲ့ တည်ကြည်ခန့်ညားခြင်းတွေအောက်မှာ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းနှလုံးတွေကြွေကျသွားအောင်လို့ အကယ်ဒမီနေတိုးရဲ့ ပုံရိပ်လေးတွေကိုမျှဝေလိုက်ပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top