ကြ်န္းစုၿမိဳ႕နယ္၊ ေရကန္ေတာင္ေက်းရြာအုပ္စု၊ ကလိန္ဘဲေက်းရြာတြင္ ေမလ ၂၁ ရက္ေန႔ က ရန္ျဖစ္ဖူးသူအားအၿငိဳးထား၍ ေတာခုတ္ဓါးျဖင့္ခုတ္သတ္မႈျဖစ္ပြားေၾကာင္းသိရပါတယ္။
ကလိန္ဘဲေက်းရြာေနသူ ဦးေက်ာ္ျမင့္ဦး(၄၈)နွစ္၊ ရဲ႕ အိမ္ၿခံဝင္းအတြင္းမွာ လြန္ခဲ့တဲ့တစ္လခန္႔က အိမ္နီးခ်င္း စံသိန္းမွ သေဘၤာပင္ဝင္စိုက္တဲ့ကိစၥနဲ႔ပတ္သက္ၿပီးစကားမ်ားရန္ျဖစ္ကာ အၿငိဳးထား၍ စံသိန္း မွ ဦးေက်ာ္ျမင့္ဦးအား ေတာခုတ္ဓါးနဲ႔ ခုတ္သတ္ခဲ့ေၾကာင္းသိရပါတယ္။
“”လြန္ခဲ့တဲ့ ၁ လေလာက္က ေသဆံုးသူဦးေက်ာ္ျမင့္ဦး ရဲ႕အိမ္ၿခံဝင္းအတြင္းမွာ စံသိန္းက သေဘၤာပင္ဝင္စိုက္တဲ့ကိစၥနဲ႔ စကားမ်ားၾကတယ္။
လြန္ခဲ့တဲ့ တစ္ပတ္ေလာက္ကလည္း စံသိန္းက ကေလးေလးတစ္ေယာက္ကို ေဆးလိပ္ဗူးဝယ္ခိုင္းတဲ့ကိစၥနဲ႔ ဦးေက်ာ္ျမင့္ဦးနဲ႔ စကားမ်ားခဲ့ၾကတယ္ ။
ဒီေန႔ ဦးေက်ာ္ျမင့္ဦးက ရြာထဲကသူ႔ရဲ႕အလုပ္ရွင္ဦးသန္းလြင္အိမ္ကိုသြားတဲ့အခ်ိန္မွာ စံသိန္းက ေနာက္ကေနအလစ္ေခ်ာင္းၿပီ အရွည္ ၃ ေပေလာက္ရွိတဲ့ေတာခုတ္ဓါးနဲ႔ လည္ဂုတ္ကိုခုတ္တယ္ လဲက်သြားခ်ိန္မွာ လည္ပင္းေရွ႕ကို တစ္ခ်က္ထပ္ခုတ္တယ္။
ဦးေက်ာ္ျမင့္ဦးက ဓါးခုတ္ဒဏ္ရာနဲ႔ပဲရြာလမ္းေပၚမွာေသဆံုးသြားတယ္။ တရားခံစံသိန္းကိုလည္း ဖမ္းမိထားတယ္””လို႔ ကံေမာ္ရဲစခန္းမွ ရဲအုပ္ဝင္းဆန္းကေျပာပါတယ္။
ရန္ၿငိဳးထားၿပီးျပစ္မႈက်ဴးလြန္သူ စံသိန္း(၃၃)နွစ္၊ အား ကံေမာ္ရဲစခန္းမွ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အေရးယူထားေၾကာင္းသိရပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:ျမတ္ထြဋ္ (ၿမိတ္)
#Unicode Version#
ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စု၊ ကလိန်ဘဲကျေးရွာတွင် မေလ ၂၁ ရက်နေ့ က ရန်ဖြစ်ဖူးသူအားအငြိုးထား၍ တောခုတ်ဓါးဖြင့်ခုတ်သတ်မှုဖြစ်ပွားကြောင်းသိရပါတယ်။
ကလိန်ဘဲကျေးရွာနေသူ ဦးကျော်မြင့်ဦး(၄၈)နှစ်၊ ရဲ့ အိမ်ခြံဝင်းအတွင်းမှာ လွန်ခဲ့တဲ့တစ်လခန့်က အိမ်နီးချင်း စံသိန်းမှ သင်္ဘောပင်ဝင်စိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးစကားများရန်ဖြစ်ကာ အငြိုးထား၍ စံသိန်း မှ ဦးကျော်မြင့်ဦးအား တောခုတ်ဓါးနဲ့ ခုတ်သတ်ခဲ့ကြောင်းသိရပါတယ်။
“”လွန်ခဲ့တဲ့ ၁ လလောက်က သေဆုံးသူဦးကျော်မြင့်ဦး ရဲ့အိမ်ခြံဝင်းအတွင်းမှာ စံသိန်းက သင်္ဘောပင်ဝင်စိုက်တဲ့ကိစ္စနဲ့ စကားများကြတယ်။
လွန်ခဲ့တဲ့ တစ်ပတ်လောက်ကလည်း စံသိန်းက ကလေးလေးတစ်ယောက်ကို ဆေးလိပ်ဗူးဝယ်ခိုင်းတဲ့ကိစ္စနဲ့ ဦးကျော်မြင့်ဦးနဲ့ စကားများခဲ့ကြတယ် ။
ဒီနေ့ ဦးကျော်မြင့်ဦးက ရွာထဲကသူ့ရဲ့အလုပ်ရှင်ဦးသန်းလွင်အိမ်ကိုသွားတဲ့အချိန်မှာ စံသိန်းက နောက်ကနေအလစ်ချောင်းပြီ အရှည် ၃ ပေလောက်ရှိတဲ့တောခုတ်ဓါးနဲ့ လည်ဂုတ်ကိုခုတ်တယ် လဲကျသွားချိန်မှာ လည်ပင်းရှေ့ကို တစ်ချက်ထပ်ခုတ်တယ်။
ဦးကျော်မြင့်ဦးက ဓါးခုတ်ဒဏ်ရာနဲ့ပဲရွာလမ်းပေါ်မှာသေဆုံးသွားတယ်။ တရားခံစံသိန်းကိုလည်း ဖမ်းမိထားတယ်””လို့ ကံမော်ရဲစခန်းမှ ရဲအုပ်ဝင်းဆန်းကပြောပါတယ်။
ရန်ငြိုးထားပြီးပြစ်မှုကျူးလွန်သူ စံသိန်း(၃၃)နှစ်၊ အား ကံမော်ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်းသိရပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:မြတ်ထွဋ် (မြိတ်)