ရန္ကုန္တိုင္းေဒသႀကီးအတြင္း လူကုန္ကူးသူအခ်ိဳ႕မွ ျမန္မာအမ်ိဳးသမီးငယ္မ်ားကို တရုတ္အမ်ိဳးသားမ်ားႏွင့္ လက္ထပ္ရန္ အတြက္ ေငြက်ပ္သိန္း ၄၀ မွ ေငြက်ပ္သိန္း ၈၀ အထိ မက္လုံးေပးကာ လူကုန္ကူးမႈမ်ားျပဳလုပ္လွ်က္ရွိ ေၾကာင္းသိရသည္။

ယင္းသုိ႔ လူကုန္ကူးမႈတြင္ အသက္ငယ္ရြယ္ၿပီး အိမ္ေထာင္မရွိအပ်ိဳျဖစ္ပါက ေငြက်ပ္သိန္း ၈၀ ႏွင့္အထက္ေပးကာ အသက္ အရြယ္ အေတာ္အတန္ရွိ အိမ္ေထာင္မရွိသည့္ အမ်ိဳးသမီးမ်ားကိုမူ ေငြက်ပ္သိန္း ၄၀ ခန္႔ေပးကာ စည္းရုံးမႈမ်ားရွိ ေနေၾကာင္း လူကုန္ကူးခံရသည့္ မိသားစုမ်ားႏွင့္ နီးစပ္သည့္အသုိင္းအ၀ိုင္းမ်ားထံမွ သိရသည္။

“မိန္းကေလးက အပ်ိဳဆိုရင္ သူတို႔ေျပာတဲ့စကားအရေတာ့ သိန္း ၈၀ ေလာက္ေပးတယ္။ တခ်ိဳ႕လည္း ပိုက္ဆံပိုရတာ ေတြရွိတယ္။ ေနာက္ အသက္ ၄၀ အရြယ္ေလာက္ေပါ့။ အိမ္ေထာင္မရွိဘူးဆိုရင္ေတာ့ သိန္း ၄၀ ေလာက္ ေပးတယ္” ဟု လူကုန္ကူးခံရသည့္ မိသားစုမ်ားႏွင့္ နီးစပ္သူတစ္ဦးက ေျပာၾကားသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းတြင္ အဆိုပါ လူကုန္းကူးသူမ်ား အေနျဖင့္ ေငြေၾကးခ်ိဳ႕တဲ့သည့္ မိသားစုမ်ားရွိ မိန္းကေလးငယ္မ်ားကို ပစ္မွတ္ထားစည္းရုံးမႈမ်ားရွိေနၿပီး လုိက္ပါမည့္ အမ်ိဳးသမီးႏွင့္ အမ်ိဳးသမီး၏ မိသားစု ၀င္မ်ားမွ လက္ခံပါက ရန္ကုန္မွ မူဆယ္ၿမိဳ႕အထိ ယင္းလူကုန္ကူးသူမ်ားက လိုက္ပါပုိ႔ေဆာင္ေပးၿပီး တရုတ္ႏိုင္ငံဘက္ကိုမူ လူကုန္းကူးသည့္ပြဲစားမ်ားမွတဆင့္ ပုိ႔ေဆာင္လ်က္ရွိေၾကာင္းလည္း သိရသည္။

ထိုျပင္ ၄င္းတရုတ္ႏိုင္ငံသားႏွင့္လက္ထပ္ ေပါင္းသင္းရန္ သေဘာတူလက္ခံသည့္ အမ်ိဳးသမီးမ်ားအေနျဖင့္ တရုတ္ ႏိုင္ငံသားႏွင့္ ေပါင္းသင္းခ်ိန္အတြင္း၌ သားေယာက္က်ားေလးေမြးဖြားပါက ယင္းလက္ထပ္ ေပါင္းသင္းသည့္ တရုတ္ ႏိုင္ငံသား မိသားစုမ်ားက အေရးေပးဆက္ဆံျခင္းခံရၿပီး မိန္းကေလးေမြးဖြားပါက ၄င္းလက္ထပ္ ေပါင္းသင္းသည့္ အမ်ိဳးသမီးကိုေနရပ္သုိ႔ျပန္လႊတ္ကာ တျခားအမ်ိဳးသမီးတစ္ဦးႏွင့္ ထပ္မံလက္ထပ္ေပါင္းသင္းမႈမ်ားရွိေနေၾကာင္းလည္း လူကုန္ကူးခံရသည့္ မိသားစုမ်ားႏွင့္ နီးစပ္သူတစ္ဦး၏ ေျပာၾကားမႈအရ သိရသည္။

လက္ရွိျမန္မာႏိုင္ငံလူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ ၿပီးခဲ့သည့္ ဧၿပီလအတြင္းတြင္ ျမန္မာႏိုင္ငံအတြင္း လူကုန္ကူးသည့္ အမႈေပါင္း ၁၅ မႈအထိရွိၿပီး လူကုန္ကူးခံရသူ စုစုေပါင္း ၂၁ ဦးရွိေၾကာင္းႏွင့္ ရန္ကုန္ တိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ မႏၱေလးတိုင္းေဒသႀကီးႏွင့္ ဧရာ၀တီတုိင္းေဒသႀကီးတို႔အနက္ ရန္ကုန္ တိုင္းေဒသႀကီးတြင္ လူကုန္ကူးခံရမႈ အမ်ားဆုံးျဖစ္ေၾကာင္းလည္း ျမန္မာႏိုင္ငံ လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႕ ထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Isee Media

#Unicode Version#  ျဖင့္ဖတ္ပါ ။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူကုန်ကူးသူအချို့မှ မြန်မာအမျိုးသမီးငယ်များကို တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် အတွက် ငွေကျပ်သိန်း ၄၀ မှ ငွေကျပ်သိန်း ၈၀ အထိ မက်လုံးပေးကာ လူကုန်ကူးမှုများပြုလုပ်လျှက်ရှိ ကြောင်းသိရသည်။

ယင်းသို့ လူကုန်ကူးမှုတွင် အသက်ငယ်ရွယ်ပြီး အိမ်ထောင်မရှိအပျိုဖြစ်ပါက ငွေကျပ်သိန်း ၈၀ နှင့်အထက်ပေးကာ အသက် အရွယ် အတော်အတန်ရှိ အိမ်ထောင်မရှိသည့် အမျိုးသမီးများကိုမူ ငွေကျပ်သိန်း ၄၀ ခန့်ပေးကာ စည်းရုံးမှုများရှိ နေကြောင်း လူကုန်ကူးခံရသည့် မိသားစုများနှင့် နီးစပ်သည့်အသိုင်းအဝိုင်းများထံမှ သိရသည်။

“မိန်းကလေးက အပျိုဆိုရင် သူတို့ပြောတဲ့စကားအရတော့ သိန်း ၈၀ လောက်ပေးတယ်။ တချို့လည်း ပိုက်ဆံပိုရတာ တွေရှိတယ်။ နောက် အသက် ၄၀ အရွယ်လောက်ပေါ့။ အိမ်ထောင်မရှိဘူးဆိုရင်တော့ သိန်း ၄၀ လောက် ပေးတယ်” ဟု လူကုန်ကူးခံရသည့် မိသားစုများနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် အဆိုပါ လူကုန်းကူးသူများ အနေဖြင့် ငွေကြေးချို့တဲ့သည့် မိသားစုများရှိ မိန်းကလေးငယ်များကို ပစ်မှတ်ထားစည်းရုံးမှုများရှိနေပြီး လိုက်ပါမည့် အမျိုးသမီးနှင့် အမျိုးသမီး၏ မိသားစု ဝင်များမှ လက်ခံပါက ရန်ကုန်မှ မူဆယ်မြို့အထိ ယင်းလူကုန်ကူးသူများက လိုက်ပါပို့ဆောင်ပေးပြီး တရုတ်နိုင်ငံဘက်ကိုမူ လူကုန်းကူးသည့်ပွဲစားများမှတဆင့် ပို့ဆောင်လျက်ရှိကြောင်းလည်း သိရသည်။

ထိုပြင် ၎င်းတရုတ်နိုင်ငံသားနှင့်လက်ထပ် ပေါင်းသင်းရန် သဘောတူလက်ခံသည့် အမျိုးသမီးများအနေဖြင့် တရုတ် နိုင်ငံသားနှင့် ပေါင်းသင်းချိန်အတွင်း၌ သားယောက်ကျားလေးမွေးဖွားပါက ယင်းလက်ထပ် ပေါင်းသင်းသည့် တရုတ် နိုင်ငံသား မိသားစုများက အရေးပေးဆက်ဆံခြင်းခံရပြီး မိန်းကလေးမွေးဖွားပါက ၎င်းလက်ထပ် ပေါင်းသင်းသည့် အမျိုးသမီးကိုနေရပ်သို့ပြန်လွှတ်ကာ တခြားအမျိုးသမီးတစ်ဦးနှင့် ထပ်မံလက်ထပ်ပေါင်းသင်းမှုများရှိနေကြောင်းလည်း လူကုန်ကူးခံရသည့် မိသားစုများနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားမှုအရ သိရသည်။

လက်ရှိမြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် ဧပြီလအတွင်းတွင် မြန်မာနိုင်ငံအတွင်း လူကုန်ကူးသည့် အမှုပေါင်း ၁၅ မှုအထိရှိပြီး လူကုန်ကူးခံရသူ စုစုပေါင်း ၂၁ ဦးရှိကြောင်းနှင့် ရန်ကုန် တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အနက် ရန်ကုန် တိုင်းဒေသကြီးတွင် လူကုန်ကူးခံရမှု အများဆုံးဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ထံမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Isee Media
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top