၁၆ လသားအရြယ္သာ ရွိေသးတဲ့ မိန္းကေလးတစ္ဦးဟာ ျဖစ္ခဲလွတဲ့ ကင္ဆာေရာဂါေၾကာင့္ မ်က္လုံးႏွစ္ဖက္ ကြယ္ခဲ့ရၿပီး အခ်ိန္မေရြး ေသဆုံးသြားနိုင္တဲ့ အေျခအေနနဲ႔ ရင္ဆိုင္ေနရပါတယ္။

အသက္ ၁၆ လ သမီးေလး ‘ခၽြန္းဇီ’ ဟာ တ႐ုပ္နိုင္ငံ ဂန္ဆူးျပည္နယ္ ေဂ်းရင္ဂြမ္ၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။ ဖခင္ျဖစ္သူရဲ့ ေျပာျပခ်က္အရ ေမြးၿပီး ၉ လသမီးအရြယ္ထိ က်န္းက်န္းမာမာနဲ႔ ရွိခဲ့ၿပီး ေနာက္ပိုင္းမွာ ေရာဂါလကၡဏာေတြျပလာခဲ့ပါတယ္။
 
“မ်က္လုံးေလးေတြ ဖူးေယာင္ရာၿပီး အဝါေရာင္သမ္းလာတယ္၊ အဲံဒီအခ်ိန္မွာ ကေလးက အရမ္းလည္း ပိန္သြားတယ္။ ေဆး႐ုံသြားျပတဲ့အခါ သမီးရဲ့ ဝမ္းဗိုက္ထဲမွာ အႀကိတ္လုံးေတြ႕ရတယ္” လို႔ အသက္ ၂၉ ႏွစ္အရြယ္ ဖခင္ျဖစ္သူ ‘ခ်ဴးရွား’ က ဆိုပါတယ္။

“ကၽြန္ေတာ္တို႔ ေဘဂ်င္းမွာ သမီးရဲ့ ကင္ဆာေရာဂါကို ေဆးကုဖို႔ ႀကိဳးစားပါတယ္၊ ဒါေပမယ့္ ေသေသခ်ခ်ာကုသေပးနိုင္တဲ့ ေနရာမရွိဘူး၊ သမီးေလးက အခ်ိန္မေရြး ေသသြားနိုင္တယ္” လို႔ဆိုပါတယ္။
 
ကေလးမွာျဖစ္ေနတဲ့ ႏူရိုဘလက္စ္တိုမာ ကင္ဆာေရာဂါဟာ ကေလးရဲ့ခႏၶာကိုယ္ထဲက မဖြံ႕ၿဖိဳးေသးတဲ့ အာ႐ုံေၾကာဆဲလ္ေတြထဲကေန ကိုယ္ခႏၶာအႏွံ့မွာ ေတြ႕ရတာျဖစ္ပါတယ္။ ဒီလိုကင္ဆာမ်ိဳးဟာ အသက္ ၅ ႏွစ္နဲ႔ အဲဒီထက္ပိုငယ္တဲ့ ကေလးေတြမွာသာ ျဖစ္တတ္ၿပီး အသက္နဲနဲပိုႀကီးတဲ့ ကေလးေတြမွာေတာ့ ျဖစ္ခဲတဲ့ ေရာဂါျဖစ္ပါတယ္။
 
ဒါေၾကာင့္ သူတို႔လင္မယားႏွစ္ေယာက္ ေဘဂ်င္းကေန စင္ကာပူထိ ကေလးကို ေခၚလာခဲ့ၿပီး ကုသဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ကေလးကို စင္ကာပူနိုင္ငံ ေမာင့္အဲလိဇဘတ္ ေဆး႐ုံႀကီးမွာ တင္ၿပီး ကုသေနပါတယ္။

ကေလးရဲ့ မ်က္ခြံေတြဟာ ေဖာင္းကားေရာင္ယမ္းၿပီး ေသြးေၾကာေလးေတြေတာင္ ေပၚေနတာကို စိတ္မေကာင္းဖြယ္ရာ ေတြ႕ရပါတယ္။ ကေလးဟာ ႐ုတ္တရက္မ်က္စိကြယ္ခဲ့ၿပီး အလြန္စိုးရိမ္စရာေကာင္းတဲ့ အေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ မၾကာခဏဆိုသလို ေအာ္ဟစ္ငိုယိုေနၿပီး ကိုယ္ခံအားလည္း က်လာတယ္လို႔ ဖခင္ျဖစ္သူက ဆိုပါတယ္။
ေဘဂ်င္းမွာ ဓာတုကုထုံး(ကီမိုသရဖီ) ၇ ႀကိမ္နဲ႔ ခြဲစိတ္မွု တစ္ႀကိမ္ လုပ္ခဲ့ေပမယ့္ ကေလးအေျခအေန တိုးတက္မလာခဲ့ပါဘူး။


အဲဒီေနာက္ စင္ကာပူနိုင္ငံမွာ ကုသဖို႔ ဆုံးျဖတ္ၿပီး အလုပ္ထြက္ကာ စင္ကာပူနိုင္ငံကို ဇန္နဝါရီ ၂၂ ရက္ေန႔က ေရာက္လာခဲ့ပါတယ္။ တစ္လခန႔္ၾကာကုသမွုခံယူၿပီးေနာက္ ‘ခၽြန္းဇီ’ ရဲ့ က်န္းမာေရးအေျခေန တိုးတက္လာတာကိုေတြ႕ရပါတယ္။ ဒါေပမယ့္ ကင္ဆာႀကိတ္ေတြကို ကုန္စင္ေအာင္ မဖယ္ရွားနိုင္ေသးသလို မ်က္လုံးလဲ ျပန္မျမင္ေသးပါဘူး။

ကုန္က်စရိတ္ႀကီးတဲ့ ခြဲစိတ္ကုသမွုနဲ႔ ဓာတုကုထုံးေတြေၾကာင့္ မိဘေတြမွာ ေငြေရးေၾကးေရးအက်ပ္အတည္းနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။ ကေလးက အားနည္းေနဆဲျဖစ္ၿပီး ဓာတုကုထုံး သုံႀကိမ္ ကုသေပးခဲ့ကာ ေနာက္ထပ္ ဓာတ္ေရာင္ျခည္ကုထုံး သုံးႀကိမ္ေလာက္ ထပ္မံကုသမွုခံယူရဦးမွာျဖစ္ပါတယ္။

“ေဆးကုသစရိတ္ေတြက ကၽြန္ေတာ္တို႔ မိဘေတြအတြက္ အသက္ရွုရပ္မတတ္ပါပဲ ဒါေပမယ့္ ဘယ္လိုပဲျဖစ္ျဖစ္ သမီးေလးကို ရေအာင္ ကယ္မယ္” လို႔ ေျပာဆိုခဲ့ပါတယ္။ သူဟာ ဝင္ေငြမေကာင္းတဲ့ စက္႐ုံအလုပ္သမားျဖစ္ၿပီး မိသားစုကို ရွာေဖြေကၽြးေမြးရသူလည္းျဖစ္ပါတယ္။
သမီးျဖစ္သူ ေနမေကာင္းတဲ့အခ်ိန္က စၿပီးအေလုပ္ထြက္ထားရတဲ့အတြက္ အခုဆိုရင္ လူမြဲတစ္ေယာက္ျဖစ္လာမွာကို ျပင္ဆင္ထားတယ္လို႔ ဆိုပါတယ္။

ေဆးကုသစရိတ္ေတြအတြက္ အြန္လိုင္းလူမွုကူညီေရးအဖြဲ႕အစည္းက အလွူေငြေတြ ေကာက္ခံေပးခဲ့တဲ့အတြက္ ကေလးကို ဆက္လက္ၿပီး ေဆးကုသနိုင္ေနတာျဖစ္လို႔ ေက်းဇူးတင္ေၾကာင္း ေျပာဆိုပါတယ္။

“ကၽြန္ေတာ္တို႔အတြက္ ေလယာဥ္လက္မွတ္၊ ေနထိုင္စရိတ္၊ ေဆးကုသစရိတ္ေတြသာမကပဲ လက္ေျမႇာက္အရွုံးမေပးဖို႔ ဝိုင္းဝန္းအားေပးခဲ့တဲ့ အလွူရွင္ေတြကို ေက်းဇူးတင္ပါတယ္” လို႔ ဆိုပါတယ္။

“ေနာက္ထပ္ ေဆးကုသစရိတ္ေတြအတြက္ ရထားတဲ့ ေငြေၾကးက မလုံေလာက္ေသးဘူးဆိုသည့္တိုင္ေအာင္ ကၽြန္ေတာ္တို႔ ဇနီးေမာင္ႏွံက ကိုယ္ခ်င္စာစိတ္နဲ႔ ကူညီခဲ့ၾကသူအားလုံးကို ေက်းဇူးတင္ပါတယ္”

ကေလးကို ေနာက္ထပ္ ကုသမွုေတြ တတ္နိုင္ေသလာက္ ျမန္ျမန္လုပ္ပါက မ်က္စိျပန္ေကာင္းလာနိုင္တဲ့ အခြင့္အေရး ရွိေသးေၾကာင္း ဆရာဝန္ေတြက ဖခင္ျဖစ္သူကို ေျပာၾကားခဲ့ပါတယ္။ အကယ္၍ ေနာက္က်သြားမယ္ဆိုရင္ေတာ့ ေမၽွာ္လင့္ခ်က္ မရွိပဲ ထာဝရ မ်က္လုံးကြယ္သြားမွာ ျဖစ္ပါတယ္။

လက္ရွိအေျခေနမွာေတာ့ ကေလးကို ဆက္လက္ကုသဖို႔အတြက္ စရိတ္ေငြေၾကး လိုအပ္ေနဆဲျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay

#Unicode Version#
၁၆ လသားအရွယ်သာ ရှိသေးတဲ့ မိန်းကလေးတစ်ဦးဟာ ဖြစ်ခဲလှတဲ့ ကင်ဆာရောဂါကြောင့် မျက်လုံးနှစ်ဖက် ကွယ်ခဲ့ရပြီး အချိန်မရွေး သေဆုံးသွားနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

အသက် ၁၆ လ သမီးလေး ‘ချွန်းဇီ’ ဟာ တရုပ်နိုင်ငံ ဂန်ဆူးပြည်နယ် ဂျေးရင်ဂွမ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့ ပြောပြချက်အရ မွေးပြီး ၉ လသမီးအရွယ်ထိ ကျန်းကျန်းမာမာနဲ့ ရှိခဲ့ပြီး နောက်ပိုင်းမှာ ရောဂါလက္ခဏာတွေပြလာခဲ့ပါတယ်။

“မျက်လုံးလေးတွေ ဖူးယောင်ရာပြီး အဝါရောင်သမ်းလာတယ်၊ အဲံဒီအချိန်မှာ ကလေးက အရမ်းလည်း ပိန်သွားတယ်။ ဆေးရုံသွားပြတဲ့အခါ သမီးရဲ့ ဝမ်းဗိုက်ထဲမှာ အကြိတ်လုံးတွေ့ရတယ်” လို့ အသက် ၂၉ နှစ်အရွယ် ဖခင်ဖြစ်သူ ‘ချူးရှား’ က ဆိုပါတယ်။

“ကျွန်တော်တို့ ဘေဂျင်းမှာ သမီးရဲ့ ကင်ဆာရောဂါကို ဆေးကုဖို့ ကြိုးစားပါတယ်၊ ဒါပေမယ့် သေသေချချာကုသပေးနိုင်တဲ့ နေရာမရှိဘူး၊ သမီးလေးက အချိန်မရွေး သေသွားနိုင်တယ်” လို့ဆိုပါတယ်။

ကလေးမှာဖြစ်နေတဲ့ နူရိုဘလက်စ်တိုမာ ကင်ဆာရောဂါဟာ ကလေးရဲ့ခန္ဓာကိုယ်ထဲက မဖွံ့ဖြိုးသေးတဲ့ အာရုံကြောဆဲလ်တွေထဲကနေ ကိုယ်ခန္ဓာအနှံ့မှာ တွေ့ရတာဖြစ်ပါတယ်။ ဒီလိုကင်ဆာမျိုးဟာ အသက် ၅ နှစ်နဲ့ အဲဒီထက်ပိုငယ်တဲ့ ကလေးတွေမှာသာ ဖြစ်တတ်ပြီး အသက်နဲနဲပိုကြီးတဲ့ ကလေးတွေမှာတော့ ဖြစ်ခဲတဲ့ ရောဂါဖြစ်ပါတယ်။

ဒါကြောင့် သူတို့လင်မယားနှစ်ယောက် ဘေဂျင်းကနေ စင်ကာပူထိ ကလေးကို ခေါ်လာခဲ့ပြီး ကုသဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကလေးကို စင်ကာပူနိုင်ငံ မောင့်အဲလိဇဘတ် ဆေးရုံကြီးမှာ တင်ပြီး ကုသနေပါတယ်။

ကလေးရဲ့ မျက်ခွံတွေဟာ ဖောင်းကားရောင်ယမ်းပြီး သွေးကြောလေးတွေတောင် ပေါ်နေတာကို စိတ်မကောင်းဖွယ်ရာ တွေ့ရပါတယ်။ ကလေးဟာ ရုတ်တရက်မျက်စိကွယ်ခဲ့ပြီး အလွန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မကြာခဏဆိုသလို အော်ဟစ်ငိုယိုနေပြီး ကိုယ်ခံအားလည်း ကျလာတယ်လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။
ဘေဂျင်းမှာ ဓာတုကုထုံး(ကီမိုသရဖီ) ၇ ကြိမ်နဲ့ ခွဲစိတ်မှု တစ်ကြိမ် လုပ်ခဲ့ပေမယ့် ကလေးအခြေအနေ တိုးတက်မလာခဲ့ပါဘူး။


အဲဒီနောက် စင်ကာပူနိုင်ငံမှာ ကုသဖို့ ဆုံးဖြတ်ပြီး အလုပ်ထွက်ကာ စင်ကာပူနိုင်ငံကို ဇန်နဝါရီ ၂၂ ရက်နေ့က ရောက်လာခဲ့ပါတယ်။ တစ်လခန့်ကြာကုသမှုခံယူပြီးနောက် ‘ချွန်းဇီ’ ရဲ့ ကျန်းမာရေးအခြေနေ တိုးတက်လာတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ကင်ဆာကြိတ်တွေကို ကုန်စင်အောင် မဖယ်ရှားနိုင်သေးသလို မျက်လုံးလဲ ပြန်မမြင်သေးပါဘူး။

ကုန်ကျစရိတ်ကြီးတဲ့ ခွဲစိတ်ကုသမှုနဲ့ ဓာတုကုထုံးတွေကြောင့် မိဘတွေမှာ ငွေရေးကြေးရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေကြရပါတယ်။ ကလေးက အားနည်းနေဆဲဖြစ်ပြီး ဓာတုကုထုံး သုံကြိမ် ကုသပေးခဲ့ကာ နောက်ထပ် ဓာတ်ရောင်ခြည်ကုထုံး သုံးကြိမ်လောက် ထပ်မံကုသမှုခံယူရဦးမှာဖြစ်ပါတယ်။

“ဆေးကုသစရိတ်တွေက ကျွန်တော်တို့ မိဘတွေအတွက် အသက်ရှုရပ်မတတ်ပါပဲ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သမီးလေးကို ရအောင် ကယ်မယ်” လို့ ပြောဆိုခဲ့ပါတယ်။ သူဟာ ဝင်ငွေမကောင်းတဲ့ စက်ရုံအလုပ်သမားဖြစ်ပြီး မိသားစုကို ရှာဖွေကျွေးမွေးရသူလည်းဖြစ်ပါတယ်။
သမီးဖြစ်သူ နေမကောင်းတဲ့အချိန်က စပြီးအလေုပ်ထွက်ထားရတဲ့အတွက် အခုဆိုရင် လူမွဲတစ်ယောက်ဖြစ်လာမှာကို ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဆေးကုသစရိတ်တွေအတွက် အွန်လိုင်းလူမှုကူညီရေးအဖွဲ့အစည်းက အလှူငွေတွေ ကောက်ခံပေးခဲ့တဲ့အတွက် ကလေးကို ဆက်လက်ပြီး ဆေးကုသနိုင်နေတာဖြစ်လို့ ကျေးဇူးတင်ကြောင်း ပြောဆိုပါတယ်။

“ကျွန်တော်တို့အတွက် လေယာဉ်လက်မှတ်၊ နေထိုင်စရိတ်၊ ဆေးကုသစရိတ်တွေသာမကပဲ လက်မြှောက်အရှုံးမပေးဖို့ ဝိုင်းဝန်းအားပေးခဲ့တဲ့ အလှူရှင်တွေကို ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။

“နောက်ထပ် ဆေးကုသစရိတ်တွေအတွက် ရထားတဲ့ ငွေကြေးက မလုံလောက်သေးဘူးဆိုသည့်တိုင်အောင် ကျွန်တော်တို့ ဇနီးမောင်နှံက ကိုယ်ချင်စာစိတ်နဲ့ ကူညီခဲ့ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်”

ကလေးကို နောက်ထပ် ကုသမှုတွေ တတ်နိုင်သေလာက် မြန်မြန်လုပ်ပါက မျက်စိပြန်ကောင်းလာနိုင်တဲ့ အခွင့်အရေး ရှိသေးကြောင်း ဆရာဝန်တွေက ဖခင်ဖြစ်သူကို ပြောကြားခဲ့ပါတယ်။ အကယ်၍ နောက်ကျသွားမယ်ဆိုရင်တော့ မျှော်လင့်ချက် မရှိပဲ ထာဝရ မျက်လုံးကွယ်သွားမှာ ဖြစ်ပါတယ်။

လက်ရှိအခြေနေမှာတော့ ကလေးကို ဆက်လက်ကုသဖို့အတွက် စရိတ်ငွေကြေး လိုအပ်နေဆဲဖြစ်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top