




Credit:lwinpyin
# Unicode Version # ဖြင့် ဖတ်ပါ #

Gym ဆော့ဖို့လည်း အချိန်မပေးနိုင်၊ အပင်ပန်းလည်း အရမ်းမခံနိုင်တဲ့ ပျိုမေတို့အတွက် ခါးလေးတွေကို သိမ်ပြီးကောက်ကြောင်းလှသွားစေမယ့် လေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဘာကိရိယာမှ မလိုတာကြောင့် အိပ်မှာနေရင်းနဲ့ကို လွယ်လွယ်ကူကူပြုလုပ်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁) ဘေးတစ်စောင်းအနေအထားနဲ့ ဒူးတစ်ဖက်၊ လက်တစ်ဖက်တို့ကို အားပြုရမှာဖြစ်ပါတယ်။ ပြီးရင်တော့ လက်နဲ့ ခြေထောက်ကိုထိထိပြီး ဆန့်လိုက်၊ ထိလိုက်လုပ်ပေးရမှာပါ။ တစ်ဖက်ကို အခါ ၃၀ နဲ့ ၃ ခါကျော့ပေးရမှာပါ။

လေ့ကျင့်ခန်း (၂) ဘေးတစ်စောင်းအနေအထားနဲ့ လှပြီး ခြေထောက်ကို မြှောက်လိုက်ချလိုက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ တစ်ဖက်ကို အခါ ၃၀ နဲ့ ၃ခါကျော့ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃) မှောက်လျက်အနေအထားနဲ့နေပြီး ဒူးနှစ်ဖက်ကို ဆန့်ကာ တံတောင်ကို အားပြုပါ။ ပြီးရင်တော့ တင်ကိုမြှောက်ပြီး ဟိုဖက်၊ ဒီဖက်လှည့်ပါ။ အခါ ၃၀ နဲ့ ၃ ကျော့လုပ်ပေးပါ။

ဒီနည်းလမ်းလေးတွေက အရမ်းကိုလွယ်ကူရိုးရှင်းတဲ့အပြင် ထိရောက်မှုရှိလွန်းတာကြောင့် ခါးသေးပြီးကောက်ကြောင်းလှချင်တဲ့ ပျိုမေတိုင်းအတွက် လုပ်သင့်တဲ့ လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top