ေတာင္ငူျမိဳ႕၊ ကံေတာ္ႀကီးႀကား ေရႊဆံေတာ္ဘုရားေတာင္ဘက္မုခ္၊ မန္း ရပ္ကြက္တြင္ရွိသည္႔ ေဒၚမယ္ေအး၏ ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္ႀကီးသုိ႔ ညေန(၆) နာရီအခ်ိန္ခန္႔တြင္ ကြ်န္ေတာ္တုိ႔ သားအဖသုံးေယာက္ ေရာက္ရွိလာႀကသည္။

ဆုိက္ကားေပၚမွဆင္း၍ အိမ္ေပၚသုိ႔ ေျပးတက္လုိက္သည္ႏွင္႔ ဘုရား ေက်ာင္းေဆာင္ေရွ႕၌ ခင္းထားေသာဖ်ာေပၚတြင္ လဲေလ်ာင္းေနသည္႔ သားကုိ ေတြ႔လုိက္ရသည္ႏွင္႔ အေမက –“ သား … လူေလး ေမာင္ထြန္းႀကည္၊ ေနသာရဲ႕လား ”ဟု ေမး၏။

အေမ၏အသံမ်ား သိသိသာသာတုန္ယင္ျပီး အက္ကြဲေနသည္။ စုိ႔ထြက္ လာေသာ မ်က္ရည္မ်ားကိုလည္း တဘက္ျဖင္႔ သုတ္သည္။ အေဖႏွင္႔ကြ်န္ေတာ္ ကမူ ဘာမွ်မေျပာႏုိင္ႀကေသးဘဲ အံ႔ႀသစြာျဖင္႔သာ ေငးေႀကာင္႔ႀကည္႔ေနႀကသည္။

ကြ်န္ေတာ္႔အစ္ကုိ ေမာင္ထြန္းႀကည္ကား ဘာစကားမွ် ျပန္မေျပာႏုိင္ရွာေပ။ တစ္စုံ တစ္ခုေသာေ၀ဒနာကုိ ျပင္းျပင္းထန္ထန္ ခံစားေနရေလသည္။ ဘြားေလး ေဒၚ မယ္ေအးက …

“ တူမႀကီး မယ္ေခြး၊ သိပ္ျပီးလည္း ေသာကမျဖစ္နဲ႔ဦးကြယ္။ အေဒၚ ဆရာ၀န္ေခၚခုိင္းထားပါတယ္။ ေတာ္ႀကာေရာက္လာလိမ္႔မယ္။ ဆရာ၀န္အေျဖကုိ ေစာင္႔ႀကည္႔ႀကတာေပါ႔ ”

တေအာင္႔အႀကာတြင္ ဆရာ၀န္ေရာက္လာသည္။ ေသြးခုန္ႏႈန္းကုိ တုိင္း သည္။ ေဆးထုိးေပးသည္။ ထုိ႔ေနာက္ တစ္ေအာင္႔ေလးစဥ္းစားလုိက္ျပီး ဘြားေလး ေဒၚမယ္ေအးကုိ ဆင္၀င္ေအာက္သုိ႔ေခၚသြားကာ တုိးတုိးေျပာေနသည္ကုိ ေတြ႔ရ သည္။ ေဒၚမယ္ေအး ခပ္ဆတ္ဆတ္ ေခါင္းညိတ္ေနသည္ကုိလည္း ေတြ႔ရသည္။

ေဒၚမယ္ေအးသည္ တူတစ္ေယာက္ကုိေခၚျပီး တုိးတုိးေျပာဆုိကာ လႊတ္ လုိက္သည္။ ထုိအေႀကာင္းႏွင္႔ပတ္သက္၍ ကြ်န္ေတာ္တုိ႔ကုိ ဘာမွ်ျပန္မေျပာေသာ ေႀကာင္႔ ဘာမွ မသိရေပ။ ဆရာ၀န္ျပန္သြားျပီးေနာက္ တေအာင္႔အႀကာတြင္ (ည၈ နာရီခန္႔) သူ႔တူႏွင္႔အတူ တုိက္ပုံအကၤ် ီအညိဳေရာင္၊ ကြက္ေထာက္ပုဆုိးျဖင္႔ လြယ္ အိတ္ႀကီးကုိလြယ္ျပီး အိမ္ေပၚသုိ႔ လူႀကီးတစ္ေယာက္ တက္လာသည္။ ဆရာ ျဖစ္ ဟန္တူသည္။

ထုိအခ်ိန္၌ အစ္ကုိေမာင္ထြန္းႀကည္သည္ မႈန္တည္တည္အမူအရာျဖင္႔ ငုတ္တုတ္ထုိင္ေနရာမွ ဆရာႏွင္႔ မ်က္ႏွာခ်င္းမဆုိင္မီ မတ္တတ္ရပ္ကာ ျပတင္း ေပါက္ဆီသုိ႔ ထြက္ေျပးသျဖင္႔ ေယာက္်ားႀကီးေလးေယာက္တုိ႔က အတင္းအက်ပ္ ဖက္ဆြဲထားလုိက္ႀကရသည္။ အခ်ိန္မီဖမ္းဆြဲထားႏုိင္လုိက္၍ ေတာ္ေသးသည္။ သုိ႔မဟုတ္ပါက ျပတင္းေပါက္မွ ခုန္ခ်လွ်င္ ကုိးေပခန္႔ျမင္႔ေသာေႀကာင္႔ ေတြး၀ံ႔စရာ မရွိေပ။

သတိလစ္ေမ႔ေျမာသည္အထိ နာေနေသာ လူနာျဖစ္ပါလ်က္ ေယာက်္ား ႀကီးေလးေယာက္တုိ႔ဖမ္းခ်ဳပ္ထားသည္႔ႀကားမွ ရုန္းထြက္ႏုိင္ေသာအားသည္ နည္း နည္းေနာေနာမဟုတ္ေပ။ ေယာက္်ားႀကီးေလးေယာက္တုိ႔က အစ္ကုိ ေမာင္ထြန္း ႀကည္အား ဘုရားေက်ာင္းေဆာင္ေရွ႕သုိ႔ ျပန္ဆြဲယူလာႀကသည္။

ဆရာႀကီးက ဘုရားရွိခုိးခုိင္းျပီးေနာက္ ဘုရားပြဲျပင္ေပးရန္ ဘြားေလး ေဒၚမယ္ေအးအား ေျပာသည္။ ဖေယာင္းတုိင္ကုိးတုိင္ကုိ မီးထြန္းညွိျပီး အစ္ကုိ ေမာင္ထြန္းႀကည္ကုိ ဆရာႏွင္႔မ်က္ႏွာခ်င္းဆုိင္ ထုိင္ေစသည္။ ဤတြင္လည္း မထုိင္လုိ၍ အေတာ္ေလးပင္ ခ်ဳပ္တည္းျပီး ထုိင္ခုိင္းႀကရသည္။ ဆရာႀကီးက အစ္ကုိ ေမာင္ထြန္းႀကည္၏ ဦးေခါင္းကုိ ႀကိမ္လုံးျဖင္႔ ထိရုံထိျပီး …

“ ေမာင္ထြန္းႀကည္ … မင္းဘာျဖစ္တာလဲ။ ဆရာႀကီးကုိ ေျပာျပစမ္း ”ဟု ေမးသည္။ အစ္ကုိေမာင္ထြန္းႀကည္ကမူ မ်က္ေထာင္႔နီႀကီးျဖင္႔ “ ငါ ေမာင္ထြန္းႀကည္မဟုတ္ဘူးကြ။ ငါ႔နာမည္ ငေကာင္း ”

“ ေႀသာ္ … ေႀသာ္ … ငေကာင္းတဲ႔လား။ ဒီေတာ႔ ငေကာင္းက ဘယ္မွာ ေနသတုန္း ”

“ တဘက္ေကြ႔ရြာက ပုဏၰားေတာင္ကုန္းမွာ ေနတယ္ ”

“ ပုဏၰာေတာင္ကုန္းမွာ ေနတာလား။ ႏုိ႔ … ငေကာင္းက ဘယ္အဆင္႔ရွိ ပါသလဲ ”

“ နတ္ဘီလူး ”

ဆရာႀကီးသည္ အသံခ်ိဳခ်ိဳျဖင္႔ ေျပာသည္။ ရုပ္ႀကီးက ခန္႔ျပီး ႀကည္ လည္း ႀကည္သည္။ ဆရာႀကီးက အသံခ်ိဳခ်ိဳျဖင္႔ တည္တည္ျငိမ္ျငိမ္ ေျပာဆုိေန ေသာ္လည္း အနီးအနားတြင္ ရွိေနႀကေသာ လူ(၁၀)ေယာက္ေက်ာ္တုိ႔သည္ “ နတ္ဘီလူးငေကာင္း ”ဟူေသာ အစ္ကုိ ေမာင္ထြန္းႀကည္၏ အသံကုိ ႀကားလုိက္ရ ၍ မ်က္လုံးျပဴးျပီး ႀကက္သီးေမြးညင္းထကာ ဆံပင္မ်ားပါ ေထာင္သြားႀကေလ သည္။

“ ငေကာင္း … ဒီလူငယ္ေလးကုိ ဘာျဖစ္လုိ႔ ဒီလုိလုပ္ထားတာလဲ၊ ဆရာ႔ ကုိ ေျပာျပပါလား ”

“ ဒီေကာင္ (အစ္ကုိ ေမာင္ထြန္းႀကည္)က ငါေနတဲ႔ ျပသာဒ္ကုိ ဆင္နဲ႔ ဖက္ဆီးလုိက္လုိ႔ေပါ႔။ အဲဒီျပသာဒ္မွာ ငါတစ္ေယာက္တည္းမဟုတ္ဘူး။ ဇနီးနဲ႔ သားေလးတစ္ေယာက္တုိ႔ပါ အတူေနထုိင္ႀကတယ္။ အခုေတာ႔ ဒီေကာင္ဆင္နဲ႔ ဖ်က္ဆီးလုိက္လုိ႔ ငါတုိ႔မိသားစုေနစရာမရွိေတာ႔ဘူး။ အားလုံးဒုကၡေရာက္ကုန္ႀက ျပီ။ ဒါေႀကာင္႔ ငါစိတ္ဆုိးလုိ႔ လုပ္လုိက္တာ ”

“ ဦးငေကာင္းရယ္ … စိတ္ဆုိးရုံနဲ႔ပဲ ဒီလုိလုပ္ရသလား။ လူတစ္ေယာက္ ကုိ ဒုကၡေရာက္ေအာင္လုပ္ရင္ ငရဲႀကီးတယ္ဆုိတာကုိ ဦးငေကာင္း မသိဘူးလား။ ဒီေတာ႔ ဆရာက ေနစရာျပန္လုပ္ေပးမယ္။ ဒီသူငယ္ေလးကုိ က်န္းမာလာေအာင္ ျပန္လုပ္ေပးပါ ”

“ ငါလုပ္တုန္းက ဒီအထိ မရည္ရြယ္ဘူး။ အခုေတာ႔ နယ္ေက်ာ္ျပီး သယ္ လာႀကလုိ႔ ငါျပန္ဖုိ႔ခက္ေနျပီ။ ႀကက္ရုိးပင္ဘုိးဘုိးႀကီးကလည္း ငါအျပန္ လက္ခံမွာ မဟုတ္ေတာပဘူး။ ငါအရမ္းဗုိက္ဆာေနျပီ။ ဒါေႀကာင္႔ လူနာရဲ႕ အတြင္းကလီစာ တစ္ခုႏွစ္ခုကုိေတာင္ စားျပီးေနျပီျဖစ္လုိ႔ ျပန္ေကာင္းေအာင္ လုပ္မေပးႏုိင္ေတာ႔ ဘူး ”

“ ဒုကၡပဲ၊ ဒီလုိဆုိရင္ ဆက္မစားနဲ႔ေတာ႔၊ အျခား ဘာစားခ်င္တုန္း၊ ဆရာ ေကြ်းမယ္ ” အစ္ကုိထြန္းႀကည္က လက္သုံးေခ်ာင္းေထာင္ျပသည္။ အမဲသားဟု လည္း ေျပာသည္။ အမဲသား သုံးပိႆာ ျဖစ္ေပလိမ္႔မည္။

“ အမဲသားေတာ႔ မလုပ္ပါနဲ႔။ ဆရာလည္း မစားဘူး။ ဘယ္သူ႔ကုိမွလည္း အမဲသားမေကြ်းဘူး။ က်န္တာပဲ ေျပာပါ ”ဟု ဆုိလုိက္ရာ သူဘာမွ်ျပန္မေျပာေတာ႔ေပ။ ငူငူငိုင္ငုိင္ မ်က္ေထာင္႔နီ ႀကီးျဖင္႔သာ ထုိင္ေနေလသည္။

ဆရာႀကီးလည္း တတ္ႏုိင္သမွ်ကုိ ႀကိဳးစားျပီး လုပ္ကုိင္ေလသည္။ ေအး ေဆးတည္ျငိမ္စြာျဖင္႔ ေက်ာက္ဘီလူးႀကီးဦးငေကာင္းအား စကားဆုိျခင္း၊ အမိန္႔ ေပးျခင္း၊ ဂါထာရြတ္ျခင္း စသည္မ်ားကုိ တေအာင္႔ႀကာေအာင္ ျပဳလုပ္ေသာ္လည္း ေက်ာက္ဘီလူးႀကီး ပူးကပ္ေနေသာ အစ္ကုိေမာင္ထြန္းႀကည္သည္ လုံး၀ စကား မေျပာေတာ႔ေပ။

ထုိ႔ေနာက္ ဆရာႀကီးသည္ ေရထည္႔ထားေသာ လုံးပတ္(၃)လက္မ၊ အရွည္(၂)ေပခန္႔ရွိေသာ ေရက်ည္ေတာက္ႏွစ္ခုကုိ ေရထည္႔၍ မန္းမႈတ္သည္။ ဖေယာင္းတုိင္အထုပ္ႀကီး ႏွစ္ထုပ္ကုိလည္း မန္းမႈတ္၍ ေရက်ည္ေတာက္ႏွစ္လုံး ကုိ ဘုရားေက်ာင္းေဆာင္ေအာက္တြင္ ေထာင္ထားျပီး ဖေယာင္းတုိင္မ်ားကုိ အဆက္မျပတ္ ထြန္းညွိရန္မွာႀကားကာ ဘြားေလး ေဒၚမယ္ေအးအား …

“ ေဒၚမယ္ေအး … ခင္ဗ်ား တူေျမးေလးရဲ႕အသက္က ဒီေရက်ည္ ေတာက္ႏွစ္လုံးမွာ မူတည္ေနျပီး မနက္ျဖန္(၆)နာရီထုိးတာနဲ႔ က်ည္ေတာက္ထဲက ေရေတြကုိ သြန္ႀကည္႔ပါ။ ႏွစ္ဘူးလုံးပကတိအျဖဴေရာင္ရွိေနရင္ ကြ်န္ေတာ္႔ကုိ လာ ေခၚပါ။ တစ္ဘူးဘူး အေရာင္ေျပာင္းသြားျပီဆုိရင္ ကြ်န္ေတာ္႔ဆီ မလာပါနဲ႔ေတာ႔။ ဒီကေလးရဲ႕ သက္တမ္း ဒီေလာက္နဲ႔ရပ္သြားျပီလုိ႔ ေျပာရမယ္ ”ဟု တုိးတုိးေျပာ ကာ သူ၏ေဆးပစၥည္းမ်ားကုိ သိမ္းေလသည္။

ဘြားေလးေဒၚမယ္ေအး၏ တူက ဆုိက္ကားျဖင္႔ လုိက္ပုိ႔ေပးလုိက္သည္။ ထုိအခ်ိန္က ည(၁၀)နာရီ ထုိးေနျပီ။ ကြ်န္ေတာ္က အသက္ငယ္ေသး၍ ဆရာ၏နာမည္ကုိ မသိလုိက္ေပ။

ဘြားေလးေဒၚမယ္ေအးက ဆင္ေလးေကာင္ပုိင္သည္။ ေတာင္ငူျမိဳ႕၊ မန္း (၁၀)ရပ္ကြက္တြင္ ေနသည္။ သားျဖစ္သူ ကုိတင္ေမာင္(၂၇)ႏွစ္က ဆင္ေလး ေကာင္ႏွင္႔ သစ္ထုတ္လုပ္ေရးကုိ ဦးစီးျပီး ဆင္စခန္းမွာ အျမဲေနရသည္။

ဆင္ေလးေကာင္မွာ ေအာင္ဘြားအမည္ရွိ စြယ္စုံဆင္ေပါက္ႀကီးက အ သက္(၄၅)ႏွစ္၊ ကရင္မႀကီးအမည္ရွိ ဆင္မႀကီး အသက္က(၅၀)ႏွစ္၊ သန္း စိန္အမည္ရွိ ဆင္မလတ္က အသက္(၄၀)ႏွစ္၊ မေလးအမည္ ဆင္မငယ္က အသက္(၁၆)ႏွစ္တုိ႔ ျဖစ္သည္။

ဆင္လုပ္သားမ်ားမွာ ဆင္ေအာင္ဘြား၏ဦးစီး ဖုိးစိန္၊ ပဲ႔ခ်ိတ္မွာငေကာက္၊ ငေရႊ။ ဆင္ ကရင္မႀကီး၏ ဦးစီး ဖုိးေအး၊ ပဲ႔ခ်ိတ္ ငလွ။ဆင္ သန္းစိန္၏ ဦးစီး ငပု၊ ပဲ႔ခ်ိတ္မွာ မလုိအပ္ေသး၍ မထားေသးေပ။

ထမင္းခ်က္ ငေတာ၊ သစ္စာေရး ေမာင္ေစာ ဟူ၍ ဆင္လုပ္သား(၁၁) ေယာက္ရွိသည္။ အလြန္ေပ်ာ္စရာေကာင္းေသာ ဆင္လုပ္သား၊ ေတာလုပ္သား မ်ား ျဖစ္ႀကသည္ အလုပ္သမားအားလုံးကုိ ႏွစ္ခ်ဳပ္ငွားျပီး ၄င္းတုိ႔၏ စား၀တ္ေန ေရး၊ က်န္းမာေရးမွ စ၍ တာ၀န္ယူရသည္။

ကုိတင္ေမာင္တုိ႔မွာ ေမြးခ်င္း သုံးေယာက္ရွိႀကသည္။ ကုိတင္ေမာင္၊ မေမွးဥ၊ မနီမဟူ၍ ျဖစ္သည္။ ကုိတင္ေမာင္က အရြယ္ေရာက္ျပီျဖစ္၍ မိဘတုိ႔၏ အထူးအားကုိးရေသာ သားႀကီးျဖစ္သည္။ ကုိတင္ေမာင္၏ မိဘမ်ားျဖစ္ေသာ ဦး ခ်စ္၊ ေဒၚမယ္ေအးတုိ႔မွာ မိရုိးဖလာဆင္ပုိင္ရွင္မ်ားျဖစ္သည္။ ဆင္လုပ္ငန္းမ်ားႏွင္႔ ပင္ အသက္ေမြးႀကသည္။

ကြ်န္ေတာ္႔အေဖ ဦးစီက ဦးခ်စ္၏ ညီအရင္းျဖစ္ျပီး ကြ်န္ေတာ္႔အေမ ေဒၚ မယ္ေခြးက ေဒၚမယ္ေအး၏ တူမအရင္းျဖစ္သည္။ အေဖညီအစ္ကုိ၊ အေမတူ၀ရီး တုိ႔မွ ေမြးေသာ ကြ်န္ေတာ္တုိ႔ ညီအစ္ကုိ ႏွစ္ဖက္ေတာ္ျဖစ္၍ ပုိျပီး ခ်စ္ႀကသည္။ ထုိ႔ေႀကာင္႔ အစ္ကုိေမာင္ထြန္းႀကည္ ေလးတန္းေအာင္ျပီးေနာက္ ေက်ာင္းဆက္ မတက္ေတာ႔ဘဲ ဘႀကီး+ဘြားေလးတုိ႔၏ ဆင္လုပ္ငန္း သစ္လုပ္ငန္းသုိ႔ လုိက္ သြားေလသည္။

အစ္ကုိတင္ေမာင္က ညီျဖစ္သူ ကိုထြန္းႀကည္ကုိ အသက္ပင္ငယ္ေသာ္ လည္း အနာဂတ္အတြက္ ေမွ်ာ္လင္႔ျပီး ဆင္ႏွင္႔ သစ္လုပ္ငန္းမ်ားကုိ သင္ႀကား ေပးသည္။ ကြ်န္ေတာ္႔ကုိမူ ဘႀကီးႏွင္႔ ဘြားေလးတုိ႔က သူတုိ႔သမီးမ်ားႏွင္႔အတူ အတန္းပညာကုိ ဆက္သင္ခုိင္းသည္။ ကုိထြန္းႀကည္ကုိမူ ဆင္စခန္းသုိ႔ ေရာက္ သည္ႏွင္႔ အသက္အႀကီးဆုံး၊ သေဘာလည္း ေကာင္းသည္႔ ကရင္မႀကီးအမည္ရွိ ဆင္မႀကီးကုိ စီးခုိင္းသည္။ ကုိတင္ေမာင္ႏွင္႔ အျခားဆင္ဦးစီးမ်ားက ဆင္ဦးစီးအ တတ္ပညာႏွင္႔ ပတ္သက္ျပီး လုိသလုိ ေျပာဆုိသင္ႀကားေပးသည္။

ကုိထြန္းႀကည္ ဆင္ဦးစီးသက္ရင္႔၍ ဆင္ကုိ ပုိင္ပုိင္ႏုိင္ႏုိင္စီးႏုိင္၊ ခုိင္းႏုိင္ ေသာတစ္ေန႔တြင္ ကုိတင္ေမာင္က ဆင္ဦးစီးအားလုံးကုိ ဆင္မ်ားႏွင္႔ တြဲဖက္ျပီး လုပ္ငန္းအသီးသီးကုိ ခုိင္းေစသည္။

တစ္ေန႔ …“ညီေလးေရ … မနက္ျဖန္မနက္က်ရင္ မင္းကရင္မႀကီးနဲ႔ ပုဏၰားကုန္း ေတာင္က သစ္ပင္ႀကီးခြမွာ တင္ေနတဲ႔ အပင္ႀကီးတစ္ပင္ကုိ ဆြဲခ်ေပးလုိက္ပါကြာ”

ဆင္စခန္းႏွင္႔ သိပ္ျပီးမေ၀းေသာ ပုဏၰားကုန္းေတာင္သုိ႔ေရာက္လွ်င္ ဆြဲ ရမည္႔ သစ္ပင္ႀကီး၏အေျခအေနကုိ ႀကည္႔သည္။ ဆြဲရမည္႔ သစ္ပင္ကႀကီးသလုိ၊ တင္ေနေသာ ခြႀကီးကလည္း ႀကီးသျဖင္႔ ခက္ခက္ခဲခဲအားစုိက္ျပီး ဆြဲရမည္႔ သေဘာရွိသည္။ ထုိ႔ေနာက္ ဆြဲရမည္႔ သစ္ပင္ႀကီးတြင္ ေဖာက္ထားေသာ နဖား ေပါက္ထဲသုိ႔ သံႀကိဳးကုိ ထည္႔ခ်ိတ္ကာ အသင္႔အေနအထားျဖစ္သည္ႏွင္႔ ပဲ႔ခ်ိတ္ ငသာေအးက ကုိထြန္းႀကည္ကုိ လွမ္းေျပာသည္။

“ ထြန္းႀကည္ေရ … အသင္႔ျဖစ္ျပီေဟ႔။ ကရင္မႀကီးကုိ ေမာင္းေတာ႔ ”

ကုိထြန္းႀကည္သည္ ပဲ႔ခ်ိတ္သာေအးက ေအာ္ေျပာလုိက္သည္ႏွင္႔ ကရင္ မႀကီး၏ နားရြက္ကုိ ေျခေထာက္ႏွင္႔ကန္၍ အခ်က္ေပးျပီး ဆြဲခုိင္းေလသည္။ သစ္ ပင္ႀကီးက အဖ်ားပုိင္း ကန္႔လန္႔ညပ္ေန၍ ေတာ္ရုံျဖင္႔ ဆြဲမရေပ။ ထုိ႔ေႀကာင္႔ ကရင္ မႀကီး၏ နားရြက္ကုိ နာနာကန္ျပီး ေအာ္ေငါက္လ်က္ တအားဆြဲခုိင္းရေလသည္။

ကရင္မႀကီးလည္း ေဒါသထြက္ထြက္ျဖင္႔ အားကုန္သုံး၍ ေဆာင္႔ဆြဲလုိက္ ေသာေႀကာင္႔ ညပ္လ်က္ရွိေသာ ခြဆုံႀကီး ပဲ႔ထြက္သြားျပီး တင္ေနေသာ လုံးပတ္ (၈)ေပ၊ အခ်င္းေပ(၄၀)ခန္႔ ရွိသည္႔ သစ္ပင္ႀကီးသည္ က်ယ္ေလာင္စြာဆူညံလ်က္ ေအာက္သုိ႔ ျပဳတ္က်သြားေလသည္။ ဤတြင္ ကုိထြန္းႀကည္လည္း ႀကက္သီးေမြး ညင္းမ်ား ေထာင္ထသြားသည္။

ေအာ္ဟစ္သံမ်ားကုိလည္း နားႏွင္႔မဆံ႔ေအာင္ ေႀကာက္ခမန္းလိလိ ႀကားလုိက္ရေလသည္။

“ အမေလး… ငါ႔အေဆာက္အအုံႀကီး က်ိဳးပဲ႔ထြက္သြားပါျပီ ”

“ အေဖႀကီးေရ … လုပ္ပါဦးဗ်၊ ကြ်န္ေတာ္တုိ႔အေဆာက္အအုံႀကီး ပ်က္ စီးသြားပါျပီ ”

“ ေဖႀကီးေရ … လုပ္ပါဦး၊ က်ဳပ္တုိ႔ ေနထုိင္စရာမရွိေတာ႔ပါဘူးေတာ္ ”

ကုိထြန္းႀကည္သည္ ထုိထုိအသံနက္ႀကီးမ်ားကုိ အဆက္မျပတ္ ႀကား လုိက္ရသည္။ ထုိ႔ေနာက္ ေခါင္းမွစ၍ ေျခဖ်ားအဆုံး ႀကက္သီးေမြးညင္းမ်ားလည္း ေထာင္ထသြားသည္။ တစ္ဆက္တည္းပင္ မ်က္စိထဲမွာ ႏွစ္ခ်က္သုံးခ်က္ အကြင္း လုိက္ မီးေတာက္သြားျပီး ခ်မ္းစိမ္႔လ်က္ တုန္ယင္လာေလသည္။ သည္အေႀကာင္း ကုိ ပဲ႔ခ်ိတ္ငသာေအးအားလည္း ေျပာျပလုိက္သည္။

“ ကုိသာေအး … ကြ်န္ေတာ္ ဘယ္လုိျဖစ္သြားမွန္း မသိဘူး။ တုန္ျပီး တစ္ကုိယ္လုံး ေအးစက္လာတယ္။ ဒါေႀကာင္႔ စခန္းကုိ ျပန္မွျဖစ္မယ္ဗ်ာ ”

ပဲ႔ခ်ိတ္ငသာေအးသည္ သစ္ပင္ႀကီးျပဳတ္ထြက္ပါလာသည္ကုိ သေဘာ တက်ႀကည္႔ေနရာမွ ကုိထြန္းႀကည္အား ကြက္ခနဲ လွည္႔ႀကည္႔၏။ ထုိ႔ေနာက္ စူး စမ္းသလုိ ႀကည္႔လုိက္ျပီး “ ဖ်ားတာမ်ားလား ”ဟု ေမးသည္။

“ ဖ်ားတာလည္း မဟုတ္ဘူးဗ်။ ဘာျဖစ္သြားမွန္းကုိ မသိဘူး။ တစ္ကုိယ္ လုံး ေအးစက္ျပီး တုန္တက္လာတယ္။ နားေတြထူျပီး မ်က္လုံးေတြ က်ဥ္ေနသလုိ လည္း ျဖစ္တယ္ ”

“ ဒီလုိဆုိရင္ ခပ္သုတ္သုတ္ျပန္မွ ျဖစ္မယ္။ အလုပ္လည္း ျပီးျပီပဲ ”

ဆင္ကုိ ေမာင္းျပီး ခပ္သုတ္သုတ္ျပန္လာႀကသည္။ စခန္းကုိ ေရာက္ လွ်င္ ကရင္မႀကီး၏ ေက်ာေပၚမွ ကႀကိဳးတန္ဆာ(အုံးတုံး)မ်ားကုိ ျဖဳတ္ခ်ႀက သည္။ ကုိတင္ေမာင္ကုိလည္း ကုိထြန္းႀကည္ ေနမေကာင္း၍ ျပန္လာရသည္႔ အေႀကာင္းေျပာသည္။ ကုိတင္ေမာင္လည္း ခ်က္ခ်င္းပင္ ကုိထြန္းႀကည္၏ နဖူးကုိ လာစမ္းႀကည္႔သည္။ ျခစ္ျခစ္ေတာက္ပူေနသည္ကုိ သိသြားေလသည္။

“ မင္း ဖ်ားေနျပီကြ။ တဲေပၚတက္ ေစာင္ျခဳံျပီး အိပ္ေနလုိက္။ ငသာေအး က ကရင္မႀကီးကုိ ေတာထဲ သြားလႊတ္လုိက္ ”

“ ဟုတ္ကဲ႔ ကုိတင္ေမာင္ ” ပဲ႔ခ်ိတ္ငသာေအးသည္ ကရင္မႀကီးကုိ ေမာင္းျပီး ေတာထဲသုိ႔ သြားလႊတ္ လုိက္သည္။ ဆင္ဦးစီးျဖစ္ေသာ ကုိထြန္းႀကည္ ေနထုိင္မေကာင္းျဖစ္ေနသျဖင္႔ ကရင္မႀကီးလည္း နားခြင္႔ရသြားေတာ႔သည္။ ပဲ႔ခ်ိတ္ငသာေအးလည္း ထုိနည္း လည္းေကာင္း ျဖစ္သည္။

တေအာင္႔အႀကာတြင္ ကုိထြန္းႀကည္သည္ ေယာက္ယက္ခတ္ျပီး က ေယာင္ကတမ္းျဖင္႔ အသံမ်ိဳးစုံ ေအာ္လာေလသည္။ မနက္(၁၀)နာရီထုိးေနျပီ။ ကုိ တင္ေမာင္သည္ ဘာမွ မလုပ္ေပးတတ္၊ ေဆး၀ါးလည္း မရွိ၊ ထုိ႔ေႀကာင္႔ ဘာလုပ္ ၍ ဘာကုိင္ရမွန္း မသိျဖစ္ေနရသည္။

“ ကဲ … ငသာေအး မင္းတစ္ဘက္ေကြ႔ရြာကုိသြားျပီး လူႀကီးေတြကုိ ေခၚ ကြာ ”ေတာေဆးျမီးတုိဆရာမ်ားကုိ ေခၚကုႀကည္႔ေသာ္လည္း ကုိထြန္းႀကည္၏ ေရာဂါသည္ သက္သာ၍ မလာ။ ညသုိ႔ေရာက္လာေသာအခါ ေရာဂါမွာ ပို၍သာ ဆုိးလာေလသည္။ ခဏခဏလည္း သတိလစ္ေနသည္က ပုိ၍မ်ားလာသည္။ ထုိ႔ ေႀကာင္႔ ကုိတင္ေမာင္မွာ စိတ္ပူလြန္း၍ ေျခမကုိင္မိ လက္မကုိင္မိ ျဖစ္လာရသည္။

“ ငသာေအး … တုိ႔ခုတ္ထားတဲ႔ ႀကက္ေသာင္း၀ါးေတြ ဘယ္ေလာက္ ရွိ မလဲကြ ”

“ အလုံးတစ္ရာေလာက္ေတာ႔ရွိပါတယ္ ကုိတင္ေမာင္ ”

“ ေအး၊ မနက္လင္းတာနဲ႔ ၀ါးေဖာင္သြားဖြဲ႔ကြာ။ ထြန္းႀကည္ေရာဂါက မသက္သာဘူး။ ေတာင္ငူပုိ႔ျပီး ဆရာ၀န္နဲ႔ ျပမွျဖစ္မယ္ ”

“ ဟုတ္ကဲ႔ပါ ကုိတင္ေမာင္ ” ငသာေအးသည္ကား အလြန္သြက္သည္။ သန္မာဖ်တ္လတ္သည္။ အရုဏ္တက္သည္ႏွင္႔ ၀ါးေဖာင္သြားဖြဲ႔ျပီး ကုိတင္ေမာင္အား သူ၀ါးေဖာင္ဖြဲ႔ျပီးျပီျဖစ္ ေႀကာင္းကုိ ေျပာျပသည္။

ကုိတင္ေမာင္မွာလည္း ညီျဖစ္သူ ကုိထြန္းႀကည္ လတ္တေလာ ေရာဂါ ဆုိးႀကီးအား လူးလိမ္႔ခံစားေနရသည္ကုိ ျမင္ေသာေႀကာင္႔ တစ္ညလုံး အိပ္သည္ ဟူ၍ပင္ မရွိဘဲ ေသာကေရာက္လ်က္ သည္အတုိင္းပင္ ငုတ္တုတ္ မုိးလင္းခဲ႔ သည္။

ကုိထြန္းႀကည္ သတိရလာ၍ ေမးႀကည္႔လွ်င္လည္း “ ဗုိက္ထဲက ေအာင္႔ တယ္၊ နာတယ္ ”ဟုေျပာသည္။ “ မ်က္ႏွာမည္းႀကီးက လည္ပင္းကုိ လာညွစ္ေန တယ္ ”ဟုလည္း အလန္႔တႀကား ထေအာ္သည္မွာလည္း ခဏခဏျဖစ္သည္။ ထုိ႔ ေနာက္ သတိလစ္သြားျပန္သည္။ ထုိ႔ေႀကာင္႔ ဆင္သမားမ်ားႏွင္႔ လာႀကည္႔ေနႀက ေသာ တဘက္ေကြ႔ရြာသားမ်ားမွာ အလြန္အမင္း စိတ္မခ်မ္းမသာ ျဖစ္ေနႀကရ သည္။

မုိးစင္စင္လင္းသည္ႏွင္႔ ေစာင္ပုခက္လုပ္သယ္ျပီး ကုိထြန္းႀကည္ကုိ ၀ါး ေဖာင္ေပၚတင္ကာ ခေပါင္းေခ်ာင္းအတုိင္း စုန္၍ ဆင္းႀကေလသည္။ ကုိတင္ ေမာင္က အေရးႀကီး၍ စခန္းမွာ က်န္ေနခဲ႔ျပီး သစ္စာေရး ေမာင္ေစာ၊ ဖုိးေအး၊ ငပု ႏွင္႔ ရြာလူႀကီးဦးေပါတုိ႔သာ လိုက္ပါလာႀကသည္။

မနက္(၁၀)နာရီအခ်ိန္တြင္ ႀကက္ရုိးပင္ရြာဆိပ္ကုိ ျဖတ္ႀကရသည္။ ဤ တြင္ ျငိမ္သက္စြာျဖင္႔ အိပ္ေပ်ာ္၍ လုိက္ပါလာေသာ ကုိထြန္းႀကည္ ေဖာက္လာ သည္။ ပါးစပ္က မပီမသ ၀ူး၀ါးေအာ္ျပီး ၀ါးေဖာင္ေပၚမွ ခုန္ခ်ရန္ ရုန္းကန္သျဖင္႔ ေယာက်္ာႀကီးေလးေယာက္တုိ႔က တအားဖမ္းခ်ဳပ္ျပီး ဖိထားႀကရသည္။

ထုိ႔ေနာက္ တအားရုန္းကန္လာေသာေႀကာင္႔ ဖိထားရုံျဖင္႔ မရႏုိင္၍ မတတ္သာသည္႔အဆုံး ၀ါးေဖာင္ျဖင္႔ပူးကပ္ကာ ႀကိဳးျဖင္႔တုပ္ႀကရသည္အထိ ျဖစ္ ရေလသည္။ အျဖစ္က ဆုိးလွေသာေႀကာင္႔ ကုိထြန္းႀကည္အား ႀကည္႔ကာ လုိက္ ပါလာႀကေသာ လူအားလုံးပင္ စိတ္မေကာင္းႀကီးစြာ ျဖစ္ႀကရေလသည္။

ဤအတုိင္းသာဆုိလွ်င္ ေမာင္ထြန္းႀကည္ကေလး အသက္ရွင္ႏုိင္ပါေတာ႔ မလားဟုလည္း အားေလ်ာ႔စြာျဖင္႔ ေတြးမိႀကသည္။ ေမာင္ထြန္းႀကည္ ရုန္းကန္ေန ျခင္းမွာ သာမန္လူတစ္ေယာက္၏ အားအင္ႏွင္႔ မမွ်ေလာက္ေအာင္ရွိေနျပီး ထ,ထ ေအာ္ေသာ အသံႀကီးမွာလည္း လူသံႏွင္႔မတူဘဲ ဘီလူးသဘက္ႀကီးတစ္ေကာင္၏ အသံကဲ႔သုိ႔ အလြန္ေႀကာက္မက္ဖြယ္ေကာင္းေနေလသည္။ ထုိ႔ေႀကာင္႔ သက္မကုိ အႀကိမ္ႀကိမ္ခ်လ်က္ ေမာင္ထြန္းႀကည္၏ မ်က္ႏွာကုိ စုိက္ႀကည္႔ေနေလသည္။

မနက္(၆)နာရီ ထုိးေနျပီ၊ ေမာင္ထြန္းႀကည္ကား ႏုိး၍ မလာေပ။ ႏႈိး၍ လည္း မရဘဲ၊ ေစာင္႔ေနႀကေသာလူမ်ားလည္း ေမာင္ထြန္းႀကည္၏ မ်က္ႏွာကုိ ေငးႀကည္႔ရင္းျဖင္႔ တစ္ေမွးမွ် မေမွးရဘဲ မုိးစင္စင္လင္းခဲ႔ႀကသည္။ ဆရာမွာခဲ႔ ေသာ ဖေယာင္းတုိင္မီးကုိလည္း မျငိမ္းရေအာင္ ညလုံးေပါက္ ထြန္းညွိထားႀက သည္။

ေမာင္ထြန္းႀကည္ကား တစ္ညလုံး ျငိမ္လ်က္သာ ရွိသည္။ လႈပ္ရွားျခင္း ဟူ၍လည္း အလ်ဥ္းမရွိေပ။ မ်က္စိလည္း မမွိတ္၊ မ်က္ေတာင္လည္း မခတ္၊ ပကတိအားျဖင္႔ ျငိမ္၍သာေနသည္။ ထုိ႔ေႀကာင္႔ ေစာင္႔ႀကည္႔ေနႀကေသာလူမ်ားမွာ မ်ားစြာစိတ္မေကာင္းျဖစ္လ်က္ ေနာက္ဆုံးတြင္ ဆရာမွာထားခဲ႔ေသာ ေရက်ည္ ေတာက္ႏွစ္လုံးကုိ သြန္၍ ႀကည္႔ႀကရေလသည္။

တစ္လုံးက ေသြးကဲ႔သုိ႔ ရဲရဲနီေနျပီး ေနာက္တစ္လုံး အ၀ါႏုေရာင္ သမ္းေန သည္။ ထုိ႔ေႀကာင္႔ မိဘေဆြမ်ိဳးအားလုံး သက္မကုိ အႀကိမ္ႀကိမ္ ခ်လုိက္မိသည္။ ဆရာမွာထားခဲ႔သည္႔အတုိင္း ေမာင္ထြန္းႀကည္၏ အသက္သည္ ဤတြင္ရပ္ေလျပီ ဟုလည္း နားလည္လုိက္ႀကသည္။ ေရတြက္ႀကည္႔ႀကရာ ေမာင္ထြန္းႀကည္၏ အသက္သည္ တစ္ဆယ္႔ေျခာက္ႏွစ္ႏွင္႔ တစ္ဆယ္႔ေျခာက္ရက္တိတိျဖစ္သည္။

အသက္ရွဴကား မရပ္ေသးေပ။ ျပန္ေကာင္းလာရန္ အေျခအေနလည္း လုံး၀မျမင္ေတာ႔။ ေသရေတာ႔မည္ဟု တိတိက်က်သိေနေသာ လူတစ္ေယာက္၏ အသက္ရွဴရွဴေနျခင္းကုိ ႀကည္႔လ်က္ ခံစားရသည္မွာ ဆုိးလြန္းလွသည္။ ရင္တစ္ခု လုံး ေလာင္ကြ်မ္းသြားျပီလားဟု ထင္ရသည္။ ၀မ္းနည္းျခင္း၊ ေႀကကြဲျခင္းတုိ႔သည္ ရင္ကုိ တုတ္ျဖင္႔ ဆြဘိသုိ႔ ရွိသည္။

တေအာင္႔အႀကာတြင္ ဘြားေလး ေဒၚမယ္ေအးတုိ႔ ပင္႔ထားေသာ ထုိင္ ဆြမ္းကုိယ္ေတာ္ ႀကြလာသည္။ ထုိင္ဆြမ္းကုိယ္ေတာ္က ေမတၱာသုတ္၏အဆုံး တြင္ ေမာင္ထြန္းႀကည္၏ ကုိယ္မွ ၀ိဥာဥ္ခြာ၍ ကမၼဇရုပ္ ခ်ဳပ္ျငိမ္းသြားေလသည္။ ေမာင္ထြန္းႀကည္၏ ခံစားရေသာ ေ၀ဒနာျဖစ္ပ်က္ပုံ ေရာဂါအလုံးစုံတုိ႔မွာ အံ႔ဖြယ္ ရွိစြသည္။ ဆရာ၀န္လည္း အေျဖမရွာႏုိင္ေပ။ ပေယာဂဆရာလည္း မတတ္ ေကာင္၊ မိဘေဆြမ်ိဳးမ်ားလည္း မကယ္ႏုိင္သည္႔အဆုံး ေမာင္ထြန္းႀကည္၏ဘ၀ ဤတြင္ နိဂုံးသတ္သြားေလသည္။

ေဆြမ်ိဳးမ်ားကုိ စုံေအာင္အေႀကာင္းႀကားျပီး အသုဘကုိ ငါးရက္ထားရန္ အတြက္ ဗုိက္ခြဲႀကရသည္။ ကလီစာမ်ားက ဟုိတစ္စ ဒီတစ္စ ျပန္႔က်ဲေနသည္။ အသည္းကုိ တစတေလမွ်သာ ေတြ႔ရသည္။ အသက္ငယ္ငယ္ရြယ္ရြယ္ျဖင္႔ စြန္႔ပစ္ ရေတာ႔မည္႔အေရးကုိ မိဘေဆြမ်ိဳးမ်ားအျပင္ ေဘးလူမ်ားပင္ ႏွေျမာတသ ၀မ္း နည္း ေႀကကြဲမဆုံးျဖစ္ႀကရသည္။

ငါးရက္ေျမာက္ေန႔တြင္ အေလာင္းကုိ ေျမခ်သျဂၤဳ ိဟ္ရန္အတြက္ ဆင္ ေလးေကာင္လုံးကုိ ေခၚယူျပီး ေခါင္းေဆာင္ဆင္ျဖစ္သည္႔ ေအာင္ဘြားႀကီးကုိ ေရွ႕ဆုံးက ထားသည္။ ထုိ႔ေနာက္ ကရင္မႀကီး၊ မသန္းစိန္၊ မေလးဟု ေလးေကာင္ လုံးကုိ ဇက္ခတ္ျပီး အေလာင္းတင္ယာဥ္ကုိ ဆြဲေစခ်က္ စည္ကားသုိက္ျမိဳက္စြာ ျဖင္႔ သုႆာန္သုိ႔လုိက္ပုိ႔ျပီး သျဂၤဳ ိဟ္ႀကသည္။

ခုနစ္ရက္ျပည္႔၍ ရက္လည္ဆြမ္းကပ္ေသာေန႔တြင္ ဆရာ၀န္ေရာ၊ ပ ေယာဂဆရာတုိ႔ပါ အလွဴခ်ီးျမွင္႔ရန္ လာႀကသည္။ ပင္႔သံဃာေတာ္ငါးပါးႏွင္႔ ဖိတ္ ႀကားထားေသာ ဧည္႔သည္မ်ား စုံလင္ေနသည္႔အခ်ိန္မွာပင္ ေဒၚမယ္ေအး၏ သမီး ႀကီး အသက္သုံးဆယ္အရြယ္ မေမွးဥကုိ ၀င္၍ ပူးကပ္ေလသည္။ ပေယာဂဆရာ ႀကီးအား ရွိခုိးျပီး …

“ ဆရာႀကီး … ကြ်န္ေတာ္ ငေကာင္းပါ။ ကြ်န္ေတာ္႔မိန္းမနဲ႔ ကြ်န္ေတာ္႔ သားေလးတုိ႔ရွိတဲ႔ ပုဏၰားကုန္းေတာင္ကုိ သြားလုိ႔ရေအာင္ လုပ္ေပးပါ။ ကြ်န္ေတာ္ မွားယြင္းစြာျဖင္႔ ျပဳလုပ္ခဲ႔မိတာေတြအားလုံးကုိ ဆရာ႔အား ေတာင္းပန္ပါတယ္။ ကြ်န္ေတာ္႔ေနရာပုဏၰားကုန္းေတာင္ကုိ ျပန္ေတာ႔ ႀကက္ရုိးပင္ဘုိးဘုိးႀကီးက လက္ မခံဘူး။ ႀကိမ္နဲ႔ရုိက္လႊတ္လုိ႔ ဒီကုိပဲ ျပန္ေျပးလာခဲ႔ရပါတယ္။ ဗုိက္လည္း အရမ္း ဆာေနျပီ။ ဘာမွလည္း မစားရဘူး။

ဒီကုိေရာက္ေနတာလည္း ဆယ္ရက္ေတာင္ ရွိေနျပီဆုိေတာ႔ ကြ်န္ေတာ္႔ကုိ သနားပါဆရာႀကီးရယ္။ ကြ်န္ေတာ္ျပန္လုိ႔ရေအာင္ ႀကက္ရုိးပင္ဘုိးဘုိးႀကီၚကုိ ေတာင္းပန္ေပးပါဦး။ ရွိႀကီးခုိးပါတယ္ ဆရာႀကီးရယ္ ”ဟု ဗလုံးဗေထြးျဖင္႔ ေအာ္ေျပာကာ ပေယာဂဆရာႀကီးကုိ ေပါက္ဆိန္ေပါက္သလုိ မ်ိဳး ရွိခုိးဦးခ်ေနေလသည္။

“ ေအး၊ ငါႀကည္႔လုိက္ပါဦးမယ္ ”

ေက်ာက္ဘီလူးႀကီးငေကာင္း ဒုကၡေရာက္ေနရျပီဟု သိလုိက္ရ၏။ ကြ်န္ ေတာ္တုိ႔ မိသားစု၀င္အားလုံးက ၀မ္းသာ၍ ေက်နပ္ဆုံး ျဖစ္ေနႀကသည္။ အစ္ကုိ ထြန္းႀကည္ကုိ သတ္သြားသည္႔အတြက္ ေက်ာက္ဘီလူးႀကီးငေကာင္းအား ျဖစ္ႏုိင္ လွ်င္ လက္စားေခ်သည္႔အေနျဖင္႔ ဓားျဖင္႔ ႏုတ္ႏုတ္စဥ္းျပီး သတ္ပစ္ခ်င္ေနႀက သည္။

သုိ႔ေသာ ပေယာဂဆရာႀကီးကမူ သူ႔အလုပ္သူလုပ္သည္႔အေနျဖင္႔ သံဃာ ေတာ္မ်ားႏွင္႔ ဘုရားဘက္ကုိ မ်က္ႏွာမူကာ မ်က္လုံးကုိ စုံမွိတ္ျပီး တုိးတုိးရြတ္ဆုိ ေနေလသည္။ တေအာင္႔ႀကာေအာင္ တုိးတုိးရြတ္ပြားေျပာဆုိလုိက္ျပီးေနာက္ ေက်ာက္ဘီလူးႀကီးငေကာင္းအား ျပန္လည္၍ ေျပာျပသည္။

“ ႀကက္ရုိးပင္ဘုိးဘုိးႀကီးက ေျပာတယ္။ ဒီေကာင္ မုိက္ရုိင္းလြန္းလုိ႔ ငါ လက္မခံခ်င္ေတာ႔ဘူး။ ငါ႔နယ္ေျမနဲ႔လည္း မတန္ဘူး။ ဒါေပမယ္႔ သူ႔မိန္းမနဲ႔ သူ႔ သားငယ္တုိ႔လည္း ငါ႔ဆီေရာက္လာျပီး ေတာင္းပန္ေနႀကတယ္။ အခုဆရာက လည္း ေတာင္းပန္တယ္ဆုိေတာ႔ ငါလည္း မေနသာေတာ႔ပါဘူး။ ဒါေပမယ္႔ ဒီ အတုိင္း ငါလက္မခံခ်င္ေသးဘူး။

ေနာက္ေနာင္ အခုလုိ ရုိင္းရုိင္းစုိင္းစုိင္း မလုပ္ ေတာ႔ပါဘူး။ သူတစ္ပါးအသက္ရႈံးဆုံးသည္အထိလည္း ဘယ္ေတာ႔မွ မျပဳလုပ္ ေတာ႔ပါဘူးလုိ႔ ကတိခံ၊ သစၥာေရတုိက္ျပီးမွ ျပန္လႊတ္လုိက္ပါတဲ႔ ”

“၀မ္းသာလုိက္တာဆရာႀကီးရယ္။ အခုပဲ သစၥာေရတုိက္ပါေတာ႔၊ ကြ်န္ ေတာ္ျပန္ခ်င္လွပါျပီ။ ဆရာ႔ေက်းဇူးကုိလည္း ကြ်န္ေတာ္ ဘယ္ေတာ႔မွ မေမ႔ပါဘူး”

ဆရာႀကီးတုိင္ေပးသည္႔အတုိင္း ငေကာင္းလုိက္ဆုိျပီး သစၥာေရေသာက္ သည္။ ထုိ႔ေနာက္ ဆရာႀကီးအား ခြင္႔ေတာင္းသည္။

“ ေအး၊ ျပန္ရမွာေပါ႔၊ ဒါေပမယ္႔ အခု ေမာင္ထြန္းႀကည္အတြက္ ရက္ လည္ ဆြမ္းသြတ္ေနတယ္ေလ။ ငေကာင္းလည္း ဘုန္းႀကီးတရားနာ၊ ေရစက္ခ်လုိ႔ သာဓုေခၚျပီးမွ ျပန္ပါလား ”

“ ဟုတ္ကဲ႔ပါဆရာႀကီး ”

ပေယာဂဆရာႀကီးႏွင္႔ နတ္ဘီလူးႀကီး ဦးငေကာင္းတုိ႔ မည္သုိ႔ပင္ ေျပာ ဆုိေနႀကေသာ္လည္း ကုိထြန္းႀကည္၏ မိဘႏွင္႔ ေဆြမ်ိဳးမ်ားကမူ ေက်ာက္ဘီလူး ႀကီး ဦးငေကာင္းအား အမွ်ေပးေ၀လုိစိတ္မရွိႀကေပ။ အလြန္အမင္း ခါးသီးစြာျဖင္႔ မုန္းတီးေနႀကျခင္းသာ ျဖစ္သည္။ ဤသည္ကုိ ဆရာေတာ္မ်ားႏွင္႔ ပေယာဂဆရာ ႀကီးက ေဖ်ာင္းဖ်ႀကသည္။

သားတစ္ေယာက္ကုိ သတ္ျဖတ္ထားသည္မွာ မွန္ေသာ္လည္း ငေကာင္း အေပၚတြင္ ေဒါသတင္ေနျခင္းမွာ အက်ိဳးမရွိ။ သား၏အသက္ကုိ ျပန္ရွင္လာ ေအာင္ ျပဳလုပ္၍လည္း မရႏုိင္ေတာ႔ေပ။

ေက်ာက္ဘီလူးႀကီးငေကာင္းကလည္း သူ၏အမွားကုိ ၀န္ခံ၍ ေတာင္းပန္ျပီးျဖစ္ေသာေႀကာင္႔ မုန္းစကုိပယ္၍ ခ်စ္စကုိ သာ ေရွ႕ရႈေသာအေနျဖင္႔ ေက်ာက္ဘီလူးႀကီးငေကာင္းအား အမွ်ေပးေ၀သင္႔ သည္ စသည္ျဖင္႔ ေျပာဆုိဆုံးမႀကသည္။

ထုိ႔ေႀကာင္႔ မိဘႏွင္႔ ေဆြမ်ိဳးမ်ားကလည္း မိမိတုိ႔၏ သားကုိ သတ္ျဖတ္ ထားသည္႔ ေက်ာက္ဘီလူႀကီးငေကာင္းအား ကြ်တ္လြတ္၍ လူ႔ဘ၀၊ နတ္ဘ၀ စေသာ ခ်မ္းသာသုခကုိ ခံစားရေစျခင္းအက်ိဳးငွာ ေမတၱာကုိ ေရွ႕ရႈျပီး အမွ်ေ၀ လုိက္ႀကေလသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ထြန္းေတာက္
# Unicode Version # ျဖင့္ ဖတ္ပါ #

တောင်ငူမြို့၊ ကံတော်ကြီးကြား ရွှေဆံတော်ဘုရားတောင်ဘက်မုခ်၊ မန်း ရပ်ကွက်တွင်ရှိသည့် ဒေါ်မယ်အေး၏ နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးသို့ ညနေ(၆) နာရီအချိန်ခန့်တွင် ကျွန်တော်တို့ သားအဖသုံးယောက် ရောက်ရှိလာကြသည်။

ဆိုက်ကားပေါ်မှဆင်း၍ အိမ်ပေါ်သို့ ပြေးတက်လိုက်သည်နှင့် ဘုရား ကျောင်းဆောင်ရှေ့၌ ခင်းထားသောဖျာပေါ်တွင် လဲလျောင်းနေသည့် သားကို တွေ့လိုက်ရသည်နှင့် အမေက –“ သား … လူလေး မောင်ထွန်းကြည်၊ နေသာရဲ့လား ”ဟု မေး၏။

အမေ၏အသံများ သိသိသာသာတုန်ယင်ပြီး အက်ကွဲနေသည်။ စို့ထွက် လာသော မျက်ရည်များကိုလည်း တဘက်ဖြင့် သုတ်သည်။ အဖေနှင့်ကျွန်တော် ကမူ ဘာမျှမပြောနိုင်ကြသေးဘဲ အံ့သြစွာဖြင့်သာ ငေးကြောင့်ကြည့်နေကြသည်။

ကျွန်တော့်အစ်ကို မောင်ထွန်းကြည်ကား ဘာစကားမျှ ပြန်မပြောနိုင်ရှာပေ။ တစ်စုံ တစ်ခုသောဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရလေသည်။ ဘွားလေး ဒေါ် မယ်အေးက …

“ တူမကြီး မယ်ခွေး၊ သိပ်ပြီးလည်း သောကမဖြစ်နဲ့ဦးကွယ်။ အဒေါ် ဆရာဝန်ခေါ်ခိုင်းထားပါတယ်။ တော်ကြာရောက်လာလိမ့်မယ်။ ဆရာဝန်အဖြေကို စောင့်ကြည့်ကြတာပေါ့ ”

တအောင့်အကြာတွင် ဆရာဝန်ရောက်လာသည်။ သွေးခုန်နှုန်းကို တိုင်း သည်။ ဆေးထိုးပေးသည်။ ထို့နောက် တစ်အောင့်လေးစဉ်းစားလိုက်ပြီး ဘွားလေး ဒေါ်မယ်အေးကို ဆင်ဝင်အောက်သို့ခေါ်သွားကာ တိုးတိုးပြောနေသည်ကို တွေ့ရ သည်။ ဒေါ်မယ်အေး ခပ်ဆတ်ဆတ် ခေါင်းညိတ်နေသည်ကိုလည်း တွေ့ရသည်။

ဒေါ်မယ်အေးသည် တူတစ်ယောက်ကိုခေါ်ပြီး တိုးတိုးပြောဆိုကာ လွှတ် လိုက်သည်။ ထိုအကြောင်းနှင့်ပတ်သက်၍ ကျွန်တော်တို့ကို ဘာမျှပြန်မပြောသော ကြောင့် ဘာမှ မသိရပေ။ ဆရာဝန်ပြန်သွားပြီးနောက် တအောင့်အကြာတွင် (ည၈ နာရီခန့်) သူ့တူနှင့်အတူ တိုက်ပုံအင်္ကျ ီအညိုရောင်၊ ကွက်ထောက်ပုဆိုးဖြင့် လွယ် အိတ်ကြီးကိုလွယ်ပြီး အိမ်ပေါ်သို့ လူကြီးတစ်ယောက် တက်လာသည်။ ဆရာ ဖြစ် ဟန်တူသည်။

ထိုအချိန်၌ အစ်ကိုမောင်ထွန်းကြည်သည် မှုန်တည်တည်အမူအရာဖြင့် ငုတ်တုတ်ထိုင်နေရာမှ ဆရာနှင့် မျက်နှာချင်းမဆိုင်မီ မတ်တတ်ရပ်ကာ ပြတင်း ပေါက်ဆီသို့ ထွက်ပြေးသဖြင့် ယောက်ျားကြီးလေးယောက်တို့က အတင်းအကျပ် ဖက်ဆွဲထားလိုက်ကြရသည်။ အချိန်မီဖမ်းဆွဲထားနိုင်လိုက်၍ တော်သေးသည်။ သို့မဟုတ်ပါက ပြတင်းပေါက်မှ ခုန်ချလျှင် ကိုးပေခန့်မြင့်သောကြောင့် တွေးဝံ့စရာ မရှိပေ။

သတိလစ်မေ့မြောသည်အထိ နာနေသော လူနာဖြစ်ပါလျက် ယောကျ်ား ကြီးလေးယောက်တို့ဖမ်းချုပ်ထားသည့်ကြားမှ ရုန်းထွက်နိုင်သောအားသည် နည်း နည်းနောနောမဟုတ်ပေ။ ယောက်ျားကြီးလေးယောက်တို့က အစ်ကို မောင်ထွန်း ကြည်အား ဘုရားကျောင်းဆောင်ရှေ့သို့ ပြန်ဆွဲယူလာကြသည်။

ဆရာကြီးက ဘုရားရှိခိုးခိုင်းပြီးနောက် ဘုရားပွဲပြင်ပေးရန် ဘွားလေး ဒေါ်မယ်အေးအား ပြောသည်။ ဖယောင်းတိုင်ကိုးတိုင်ကို မီးထွန်းညှိပြီး အစ်ကို မောင်ထွန်းကြည်ကို ဆရာနှင့်မျက်နှာချင်းဆိုင် ထိုင်စေသည်။ ဤတွင်လည်း မထိုင်လို၍ အတော်လေးပင် ချုပ်တည်းပြီး ထိုင်ခိုင်းကြရသည်။ ဆရာကြီးက အစ်ကို မောင်ထွန်းကြည်၏ ဦးခေါင်းကို ကြိမ်လုံးဖြင့် ထိရုံထိပြီး …

“ မောင်ထွန်းကြည် … မင်းဘာဖြစ်တာလဲ။ ဆရာကြီးကို ပြောပြစမ်း ”ဟု မေးသည်။ အစ်ကိုမောင်ထွန်းကြည်ကမူ မျက်ထောင့်နီကြီးဖြင့် “ ငါ မောင်ထွန်းကြည်မဟုတ်ဘူးကွ။ ငါ့နာမည် ငကောင်း ”

“ သြော် … သြော် … ငကောင်းတဲ့လား။ ဒီတော့ ငကောင်းက ဘယ်မှာ နေသတုန်း ”

“ တဘက်ကွေ့ရွာက ပုဏ္ဏားတောင်ကုန်းမှာ နေတယ် ”

“ ပုဏ္ဏာတောင်ကုန်းမှာ နေတာလား။ နို့ … ငကောင်းက ဘယ်အဆင့်ရှိ ပါသလဲ ”

“ နတ်ဘီလူး ”

ဆရာကြီးသည် အသံချိုချိုဖြင့် ပြောသည်။ ရုပ်ကြီးက ခန့်ပြီး ကြည် လည်း ကြည်သည်။ ဆရာကြီးက အသံချိုချိုဖြင့် တည်တည်ငြိမ်ငြိမ် ပြောဆိုနေ သော်လည်း အနီးအနားတွင် ရှိနေကြသော လူ(၁၀)ယောက်ကျော်တို့သည် “ နတ်ဘီလူးငကောင်း ”ဟူသော အစ်ကို မောင်ထွန်းကြည်၏ အသံကို ကြားလိုက်ရ ၍ မျက်လုံးပြူးပြီး ကြက်သီးမွေးညင်းထကာ ဆံပင်များပါ ထောင်သွားကြလေ သည်။

“ ငကောင်း … ဒီလူငယ်လေးကို ဘာဖြစ်လို့ ဒီလိုလုပ်ထားတာလဲ၊ ဆရာ့ ကို ပြောပြပါလား ”

“ ဒီကောင် (အစ်ကို မောင်ထွန်းကြည်)က ငါနေတဲ့ ပြသာဒ်ကို ဆင်နဲ့ ဖက်ဆီးလိုက်လို့ပေါ့။ အဲဒီပြသာဒ်မှာ ငါတစ်ယောက်တည်းမဟုတ်ဘူး။ ဇနီးနဲ့ သားလေးတစ်ယောက်တို့ပါ အတူနေထိုင်ကြတယ်။ အခုတော့ ဒီကောင်ဆင်နဲ့ ဖျက်ဆီးလိုက်လို့ ငါတို့မိသားစုနေစရာမရှိတော့ဘူး။ အားလုံးဒုက္ခရောက်ကုန်ကြ ပြီ။ ဒါကြောင့် ငါစိတ်ဆိုးလို့ လုပ်လိုက်တာ ”

“ ဦးငကောင်းရယ် … စိတ်ဆိုးရုံနဲ့ပဲ ဒီလိုလုပ်ရသလား။ လူတစ်ယောက် ကို ဒုက္ခရောက်အောင်လုပ်ရင် ငရဲကြီးတယ်ဆိုတာကို ဦးငကောင်း မသိဘူးလား။ ဒီတော့ ဆရာက နေစရာပြန်လုပ်ပေးမယ်။ ဒီသူငယ်လေးကို ကျန်းမာလာအောင် ပြန်လုပ်ပေးပါ ”

“ ငါလုပ်တုန်းက ဒီအထိ မရည်ရွယ်ဘူး။ အခုတော့ နယ်ကျော်ပြီး သယ် လာကြလို့ ငါပြန်ဖို့ခက်နေပြီ။ ကြက်ရိုးပင်ဘိုးဘိုးကြီးကလည်း ငါအပြန် လက်ခံမှာ မဟုတ်တောပဘူး။ ငါအရမ်းဗိုက်ဆာနေပြီ။ ဒါကြောင့် လူနာရဲ့ အတွင်းကလီစာ တစ်ခုနှစ်ခုကိုတောင် စားပြီးနေပြီဖြစ်လို့ ပြန်ကောင်းအောင် လုပ်မပေးနိုင်တော့ ဘူး ”

“ ဒုက္ခပဲ၊ ဒီလိုဆိုရင် ဆက်မစားနဲ့တော့၊ အခြား ဘာစားချင်တုန်း၊ ဆရာ ကျွေးမယ် ” အစ်ကိုထွန်းကြည်က လက်သုံးချောင်းထောင်ပြသည်။ အမဲသားဟု လည်း ပြောသည်။ အမဲသား သုံးပိဿာ ဖြစ်ပေလိမ့်မည်။

“ အမဲသားတော့ မလုပ်ပါနဲ့။ ဆရာလည်း မစားဘူး။ ဘယ်သူ့ကိုမှလည်း အမဲသားမကျွေးဘူး။ ကျန်တာပဲ ပြောပါ ”ဟု ဆိုလိုက်ရာ သူဘာမျှပြန်မပြောတော့ပေ။ ငူငူငိုင်ငိုင် မျက်ထောင့်နီ ကြီးဖြင့်သာ ထိုင်နေလေသည်။

ဆရာကြီးလည်း တတ်နိုင်သမျှကို ကြိုးစားပြီး လုပ်ကိုင်လေသည်။ အေး ဆေးတည်ငြိမ်စွာဖြင့် ကျောက်ဘီလူးကြီးဦးငကောင်းအား စကားဆိုခြင်း၊ အမိန့် ပေးခြင်း၊ ဂါထာရွတ်ခြင်း စသည်များကို တအောင့်ကြာအောင် ပြုလုပ်သော်လည်း ကျောက်ဘီလူးကြီး ပူးကပ်နေသော အစ်ကိုမောင်ထွန်းကြည်သည် လုံး၀ စကား မပြောတော့ပေ။

ထို့နောက် ဆရာကြီးသည် ရေထည့်ထားသော လုံးပတ်(၃)လက်မ၊ အရှည်(၂)ပေခန့်ရှိသော ရေကျည်တောက်နှစ်ခုကို ရေထည့်၍ မန်းမှုတ်သည်။ ဖယောင်းတိုင်အထုပ်ကြီး နှစ်ထုပ်ကိုလည်း မန်းမှုတ်၍ ရေကျည်တောက်နှစ်လုံး ကို ဘုရားကျောင်းဆောင်အောက်တွင် ထောင်ထားပြီး ဖယောင်းတိုင်များကို အဆက်မပြတ် ထွန်းညှိရန်မှာကြားကာ ဘွားလေး ဒေါ်မယ်အေးအား …

“ ဒေါ်မယ်အေး … ခင်ဗျား တူမြေးလေးရဲ့အသက်က ဒီရေကျည် တောက်နှစ်လုံးမှာ မူတည်နေပြီး မနက်ဖြန်(၆)နာရီထိုးတာနဲ့ ကျည်တောက်ထဲက ရေတွေကို သွန်ကြည့်ပါ။ နှစ်ဘူးလုံးပကတိအဖြူရောင်ရှိနေရင် ကျွန်တော့်ကို လာ ခေါ်ပါ။ တစ်ဘူးဘူး အရောင်ပြောင်းသွားပြီဆိုရင် ကျွန်တော့်ဆီ မလာပါနဲ့တော့။ ဒီကလေးရဲ့ သက်တမ်း ဒီလောက်နဲ့ရပ်သွားပြီလို့ ပြောရမယ် ”ဟု တိုးတိုးပြော ကာ သူ၏ဆေးပစ္စည်းများကို သိမ်းလေသည်။

ဘွားလေးဒေါ်မယ်အေး၏ တူက ဆိုက်ကားဖြင့် လိုက်ပို့ပေးလိုက်သည်။ ထိုအချိန်က ည(၁၀)နာရီ ထိုးနေပြီ။ ကျွန်တော်က အသက်ငယ်သေး၍ ဆရာ၏နာမည်ကို မသိလိုက်ပေ။

ဘွားလေးဒေါ်မယ်အေးက ဆင်လေးကောင်ပိုင်သည်။ တောင်ငူမြို့၊ မန်း (၁၀)ရပ်ကွက်တွင် နေသည်။ သားဖြစ်သူ ကိုတင်မောင်(၂၇)နှစ်က ဆင်လေး ကောင်နှင့် သစ်ထုတ်လုပ်ရေးကို ဦးစီးပြီး ဆင်စခန်းမှာ အမြဲနေရသည်။

ဆင်လေးကောင်မှာ အောင်ဘွားအမည်ရှိ စွယ်စုံဆင်ပေါက်ကြီးက အ သက်(၄၅)နှစ်၊ ကရင်မကြီးအမည်ရှိ ဆင်မကြီး အသက်က(၅၀)နှစ်၊ သန်း စိန်အမည်ရှိ ဆင်မလတ်က အသက်(၄၀)နှစ်၊ မလေးအမည် ဆင်မငယ်က အသက်(၁၆)နှစ်တို့ ဖြစ်သည်။

ဆင်လုပ်သားများမှာ ဆင်အောင်ဘွား၏ဦးစီး ဖိုးစိန်၊ ပဲ့ချိတ်မှာငကောက်၊ ငရွှေ။ ဆင် ကရင်မကြီး၏ ဦးစီး ဖိုးအေး၊ ပဲ့ချိတ် ငလှ။ဆင် သန်းစိန်၏ ဦးစီး ငပု၊ ပဲ့ချိတ်မှာ မလိုအပ်သေး၍ မထားသေးပေ။

ထမင်းချက် ငတော၊ သစ်စာရေး မောင်စော ဟူ၍ ဆင်လုပ်သား(၁၁) ယောက်ရှိသည်။ အလွန်ပျော်စရာကောင်းသော ဆင်လုပ်သား၊ တောလုပ်သား များ ဖြစ်ကြသည် အလုပ်သမားအားလုံးကို နှစ်ချုပ်ငှားပြီး ၎င်းတို့၏ စားဝတ်နေ ရေး၊ ကျန်းမာရေးမှ စ၍ တာဝန်ယူရသည်။

ကိုတင်မောင်တို့မှာ မွေးချင်း သုံးယောက်ရှိကြသည်။ ကိုတင်မောင်၊ မမှေးဥ၊ မနီမဟူ၍ ဖြစ်သည်။ ကိုတင်မောင်က အရွယ်ရောက်ပြီဖြစ်၍ မိဘတို့၏ အထူးအားကိုးရသော သားကြီးဖြစ်သည်။ ကိုတင်မောင်၏ မိဘများဖြစ်သော ဦး ချစ်၊ ဒေါ်မယ်အေးတို့မှာ မိရိုးဖလာဆင်ပိုင်ရှင်များဖြစ်သည်။ ဆင်လုပ်ငန်းများနှင့် ပင် အသက်မွေးကြသည်။

ကျွန်တော့်အဖေ ဦးစီက ဦးချစ်၏ ညီအရင်းဖြစ်ပြီး ကျွန်တော့်အမေ ဒေါ် မယ်ခွေးက ဒေါ်မယ်အေး၏ တူမအရင်းဖြစ်သည်။ အဖေညီအစ်ကို၊ အမေတူဝရီး တို့မှ မွေးသော ကျွန်တော်တို့ ညီအစ်ကို နှစ်ဖက်တော်ဖြစ်၍ ပိုပြီး ချစ်ကြသည်။ ထို့ကြောင့် အစ်ကိုမောင်ထွန်းကြည် လေးတန်းအောင်ပြီးနောက် ကျောင်းဆက် မတက်တော့ဘဲ ဘကြီး+ဘွားလေးတို့၏ ဆင်လုပ်ငန်း သစ်လုပ်ငန်းသို့ လိုက် သွားလေသည်။

အစ်ကိုတင်မောင်က ညီဖြစ်သူ ကိုထွန်းကြည်ကို အသက်ပင်ငယ်သော် လည်း အနာဂတ်အတွက် မျှော်လင့်ပြီး ဆင်နှင့် သစ်လုပ်ငန်းများကို သင်ကြား ပေးသည်။ ကျွန်တော့်ကိုမူ ဘကြီးနှင့် ဘွားလေးတို့က သူတို့သမီးများနှင့်အတူ အတန်းပညာကို ဆက်သင်ခိုင်းသည်။ ကိုထွန်းကြည်ကိုမူ ဆင်စခန်းသို့ ရောက် သည်နှင့် အသက်အကြီးဆုံး၊ သဘောလည်း ကောင်းသည့် ကရင်မကြီးအမည်ရှိ ဆင်မကြီးကို စီးခိုင်းသည်။ ကိုတင်မောင်နှင့် အခြားဆင်ဦးစီးများက ဆင်ဦးစီးအ တတ်ပညာနှင့် ပတ်သက်ပြီး လိုသလို ပြောဆိုသင်ကြားပေးသည်။

ကိုထွန်းကြည် ဆင်ဦးစီးသက်ရင့်၍ ဆင်ကို ပိုင်ပိုင်နိုင်နိုင်စီးနိုင်၊ ခိုင်းနိုင် သောတစ်နေ့တွင် ကိုတင်မောင်က ဆင်ဦးစီးအားလုံးကို ဆင်များနှင့် တွဲဖက်ပြီး လုပ်ငန်းအသီးသီးကို ခိုင်းစေသည်။

တစ်နေ့ …“ညီလေးရေ … မနက်ဖြန်မနက်ကျရင် မင်းကရင်မကြီးနဲ့ ပုဏ္ဏားကုန်း တောင်က သစ်ပင်ကြီးခွမှာ တင်နေတဲ့ အပင်ကြီးတစ်ပင်ကို ဆွဲချပေးလိုက်ပါကွာ”

ဆင်စခန်းနှင့် သိပ်ပြီးမဝေးသော ပုဏ္ဏားကုန်းတောင်သို့ရောက်လျှင် ဆွဲ ရမည့် သစ်ပင်ကြီး၏အခြေအနေကို ကြည့်သည်။ ဆွဲရမည့် သစ်ပင်ကကြီးသလို၊ တင်နေသော ခွကြီးကလည်း ကြီးသဖြင့် ခက်ခက်ခဲခဲအားစိုက်ပြီး ဆွဲရမည့် သဘောရှိသည်။ ထို့နောက် ဆွဲရမည့် သစ်ပင်ကြီးတွင် ဖောက်ထားသော နဖား ပေါက်ထဲသို့ သံကြိုးကို ထည့်ချိတ်ကာ အသင့်အနေအထားဖြစ်သည်နှင့် ပဲ့ချိတ် ငသာအေးက ကိုထွန်းကြည်ကို လှမ်းပြောသည်။

“ ထွန်းကြည်ရေ … အသင့်ဖြစ်ပြီဟေ့။ ကရင်မကြီးကို မောင်းတော့ ”

ကိုထွန်းကြည်သည် ပဲ့ချိတ်သာအေးက အော်ပြောလိုက်သည်နှင့် ကရင် မကြီး၏ နားရွက်ကို ခြေထောက်နှင့်ကန်၍ အချက်ပေးပြီး ဆွဲခိုင်းလေသည်။ သစ် ပင်ကြီးက အဖျားပိုင်း ကန့်လန့်ညပ်နေ၍ တော်ရုံဖြင့် ဆွဲမရပေ။ ထို့ကြောင့် ကရင် မကြီး၏ နားရွက်ကို နာနာကန်ပြီး အော်ငေါက်လျက် တအားဆွဲခိုင်းရလေသည်။

ကရင်မကြီးလည်း ဒေါသထွက်ထွက်ဖြင့် အားကုန်သုံး၍ ဆောင့်ဆွဲလိုက် သောကြောင့် ညပ်လျက်ရှိသော ခွဆုံကြီး ပဲ့ထွက်သွားပြီး တင်နေသော လုံးပတ် (၈)ပေ၊ အချင်းပေ(၄၀)ခန့် ရှိသည့် သစ်ပင်ကြီးသည် ကျယ်လောင်စွာဆူညံလျက် အောက်သို့ ပြုတ်ကျသွားလေသည်။ ဤတွင် ကိုထွန်းကြည်လည်း ကြက်သီးမွေး ညင်းများ ထောင်ထသွားသည်။

အော်ဟစ်သံများကိုလည်း နားနှင့်မဆံ့အောင် ကြောက်ခမန်းလိလိ ကြားလိုက်ရလေသည်။

“ အမလေး… ငါ့အဆောက်အအုံကြီး ကျိုးပဲ့ထွက်သွားပါပြီ ”

“ အဖေကြီးရေ … လုပ်ပါဦးဗျ၊ ကျွန်တော်တို့အဆောက်အအုံကြီး ပျက် စီးသွားပါပြီ ”

“ ဖေကြီးရေ … လုပ်ပါဦး၊ ကျုပ်တို့ နေထိုင်စရာမရှိတော့ပါဘူးတော် ”

ကိုထွန်းကြည်သည် ထိုထိုအသံနက်ကြီးများကို အဆက်မပြတ် ကြား လိုက်ရသည်။ ထို့နောက် ခေါင်းမှစ၍ ခြေဖျားအဆုံး ကြက်သီးမွေးညင်းများလည်း ထောင်ထသွားသည်။ တစ်ဆက်တည်းပင် မျက်စိထဲမှာ နှစ်ချက်သုံးချက် အကွင်း လိုက် မီးတောက်သွားပြီး ချမ်းစိမ့်လျက် တုန်ယင်လာလေသည်။ သည်အကြောင်း ကို ပဲ့ချိတ်ငသာအေးအားလည်း ပြောပြလိုက်သည်။

“ ကိုသာအေး … ကျွန်တော် ဘယ်လိုဖြစ်သွားမှန်း မသိဘူး။ တုန်ပြီး တစ်ကိုယ်လုံး အေးစက်လာတယ်။ ဒါကြောင့် စခန်းကို ပြန်မှဖြစ်မယ်ဗျာ ”

ပဲ့ချိတ်ငသာအေးသည် သစ်ပင်ကြီးပြုတ်ထွက်ပါလာသည်ကို သဘော တကျကြည့်နေရာမှ ကိုထွန်းကြည်အား ကွက်ခနဲ လှည့်ကြည့်၏။ ထို့နောက် စူး စမ်းသလို ကြည့်လိုက်ပြီး “ ဖျားတာများလား ”ဟု မေးသည်။

“ ဖျားတာလည်း မဟုတ်ဘူးဗျ။ ဘာဖြစ်သွားမှန်းကို မသိဘူး။ တစ်ကိုယ် လုံး အေးစက်ပြီး တုန်တက်လာတယ်။ နားတွေထူပြီး မျက်လုံးတွေ ကျဉ်နေသလို လည်း ဖြစ်တယ် ”

“ ဒီလိုဆိုရင် ခပ်သုတ်သုတ်ပြန်မှ ဖြစ်မယ်။ အလုပ်လည်း ပြီးပြီပဲ ”

ဆင်ကို မောင်းပြီး ခပ်သုတ်သုတ်ပြန်လာကြသည်။ စခန်းကို ရောက် လျှင် ကရင်မကြီး၏ ကျောပေါ်မှ ကကြိုးတန်ဆာ(အုံးတုံး)များကို ဖြုတ်ချကြ သည်။ ကိုတင်မောင်ကိုလည်း ကိုထွန်းကြည် နေမကောင်း၍ ပြန်လာရသည့် အကြောင်းပြောသည်။ ကိုတင်မောင်လည်း ချက်ချင်းပင် ကိုထွန်းကြည်၏ နဖူးကို လာစမ်းကြည့်သည်။ ခြစ်ခြစ်တောက်ပူနေသည်ကို သိသွားလေသည်။

“ မင်း ဖျားနေပြီကွ။ တဲပေါ်တက် စောင်ခြုံပြီး အိပ်နေလိုက်။ ငသာအေး က ကရင်မကြီးကို တောထဲ သွားလွှတ်လိုက် ”

“ ဟုတ်ကဲ့ ကိုတင်မောင် ” ပဲ့ချိတ်ငသာအေးသည် ကရင်မကြီးကို မောင်းပြီး တောထဲသို့ သွားလွှတ် လိုက်သည်။ ဆင်ဦးစီးဖြစ်သော ကိုထွန်းကြည် နေထိုင်မကောင်းဖြစ်နေသဖြင့် ကရင်မကြီးလည်း နားခွင့်ရသွားတော့သည်။ ပဲ့ချိတ်ငသာအေးလည်း ထိုနည်း လည်းကောင်း ဖြစ်သည်။

တအောင့်အကြာတွင် ကိုထွန်းကြည်သည် ယောက်ယက်ခတ်ပြီး က ယောင်ကတမ်းဖြင့် အသံမျိုးစုံ အော်လာလေသည်။ မနက်(၁၀)နာရီထိုးနေပြီ။ ကို တင်မောင်သည် ဘာမှ မလုပ်ပေးတတ်၊ ဆေးဝါးလည်း မရှိ၊ ထို့ကြောင့် ဘာလုပ် ၍ ဘာကိုင်ရမှန်း မသိဖြစ်နေရသည်။

“ ကဲ … ငသာအေး မင်းတစ်ဘက်ကွေ့ရွာကိုသွားပြီး လူကြီးတွေကို ခေါ် ကွာ ”တောဆေးမြီးတိုဆရာများကို ခေါ်ကုကြည့်သော်လည်း ကိုထွန်းကြည်၏ ရောဂါသည် သက်သာ၍ မလာ။ ညသို့ရောက်လာသောအခါ ရောဂါမှာ ပို၍သာ ဆိုးလာလေသည်။ ခဏခဏလည်း သတိလစ်နေသည်က ပို၍များလာသည်။ ထို့ ကြောင့် ကိုတင်မောင်မှာ စိတ်ပူလွန်း၍ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာရသည်။

“ ငသာအေး … တို့ခုတ်ထားတဲ့ ကြက်သောင်းဝါးတွေ ဘယ်လောက် ရှိ မလဲကွ ”

“ အလုံးတစ်ရာလောက်တော့ရှိပါတယ် ကိုတင်မောင် ”

“ အေး၊ မနက်လင်းတာနဲ့ ဝါးဖောင်သွားဖွဲ့ကွာ။ ထွန်းကြည်ရောဂါက မသက်သာဘူး။ တောင်ငူပို့ပြီး ဆရာဝန်နဲ့ ပြမှဖြစ်မယ် ”

“ ဟုတ်ကဲ့ပါ ကိုတင်မောင် ” ငသာအေးသည်ကား အလွန်သွက်သည်။ သန်မာဖျတ်လတ်သည်။ အရုဏ်တက်သည်နှင့် ဝါးဖောင်သွားဖွဲ့ပြီး ကိုတင်မောင်အား သူဝါးဖောင်ဖွဲ့ပြီးပြီဖြစ် ကြောင်းကို ပြောပြသည်။

ကိုတင်မောင်မှာလည်း ညီဖြစ်သူ ကိုထွန်းကြည် လတ်တလော ရောဂါ ဆိုးကြီးအား လူးလိမ့်ခံစားနေရသည်ကို မြင်သောကြောင့် တစ်ညလုံး အိပ်သည် ဟူ၍ပင် မရှိဘဲ သောကရောက်လျက် သည်အတိုင်းပင် ငုတ်တုတ် မိုးလင်းခဲ့ သည်။

ကိုထွန်းကြည် သတိရလာ၍ မေးကြည့်လျှင်လည်း “ ဗိုက်ထဲက အောင့် တယ်၊ နာတယ် ”ဟုပြောသည်။ “ မျက်နှာမည်းကြီးက လည်ပင်းကို လာညှစ်နေ တယ် ”ဟုလည်း အလန့်တကြား ထအော်သည်မှာလည်း ခဏခဏဖြစ်သည်။ ထို့ နောက် သတိလစ်သွားပြန်သည်။ ထို့ကြောင့် ဆင်သမားများနှင့် လာကြည့်နေကြ သော တဘက်ကွေ့ရွာသားများမှာ အလွန်အမင်း စိတ်မချမ်းမသာ ဖြစ်နေကြရ သည်။

မိုးစင်စင်လင်းသည်နှင့် စောင်ပုခက်လုပ်သယ်ပြီး ကိုထွန်းကြည်ကို ဝါး ဖောင်ပေါ်တင်ကာ ခပေါင်းချောင်းအတိုင်း စုန်၍ ဆင်းကြလေသည်။ ကိုတင် မောင်က အရေးကြီး၍ စခန်းမှာ ကျန်နေခဲ့ပြီး သစ်စာရေး မောင်စော၊ ဖိုးအေး၊ ငပု နှင့် ရွာလူကြီးဦးပေါတို့သာ လိုက်ပါလာကြသည်။

မနက်(၁၀)နာရီအချိန်တွင် ကြက်ရိုးပင်ရွာဆိပ်ကို ဖြတ်ကြရသည်။ ဤ တွင် ငြိမ်သက်စွာဖြင့် အိပ်ပျော်၍ လိုက်ပါလာသော ကိုထွန်းကြည် ဖောက်လာ သည်။ ပါးစပ်က မပီမသ ဝူးဝါးအော်ပြီး ဝါးဖောင်ပေါ်မှ ခုန်ချရန် ရုန်းကန်သဖြင့် ယောကျ်ာကြီးလေးယောက်တို့က တအားဖမ်းချုပ်ပြီး ဖိထားကြရသည်။

ထို့နောက် တအားရုန်းကန်လာသောကြောင့် ဖိထားရုံဖြင့် မရနိုင်၍ မတတ်သာသည့်အဆုံး ဝါးဖောင်ဖြင့်ပူးကပ်ကာ ကြိုးဖြင့်တုပ်ကြရသည်အထိ ဖြစ် ရလေသည်။ အဖြစ်က ဆိုးလှသောကြောင့် ကိုထွန်းကြည်အား ကြည့်ကာ လိုက် ပါလာကြသော လူအားလုံးပင် စိတ်မကောင်းကြီးစွာ ဖြစ်ကြရလေသည်။

ဤအတိုင်းသာဆိုလျှင် မောင်ထွန်းကြည်ကလေး အသက်ရှင်နိုင်ပါတော့ မလားဟုလည်း အားလျော့စွာဖြင့် တွေးမိကြသည်။ မောင်ထွန်းကြည် ရုန်းကန်နေ ခြင်းမှာ သာမန်လူတစ်ယောက်၏ အားအင်နှင့် မမျှလောက်အောင်ရှိနေပြီး ထ,ထ အော်သော အသံကြီးမှာလည်း လူသံနှင့်မတူဘဲ ဘီလူးသဘက်ကြီးတစ်ကောင်၏ အသံကဲ့သို့ အလွန်ကြောက်မက်ဖွယ်ကောင်းနေလေသည်။ ထို့ကြောင့် သက်မကို အကြိမ်ကြိမ်ချလျက် မောင်ထွန်းကြည်၏ မျက်နှာကို စိုက်ကြည့်နေလေသည်။

မနက်(၆)နာရီ ထိုးနေပြီ၊ မောင်ထွန်းကြည်ကား နိုး၍ မလာပေ။ နှိုး၍ လည်း မရဘဲ၊ စောင့်နေကြသောလူများလည်း မောင်ထွန်းကြည်၏ မျက်နှာကို ငေးကြည့်ရင်းဖြင့် တစ်မှေးမျှ မမှေးရဘဲ မိုးစင်စင်လင်းခဲ့ကြသည်။ ဆရာမှာခဲ့ သော ဖယောင်းတိုင်မီးကိုလည်း မငြိမ်းရအောင် ညလုံးပေါက် ထွန်းညှိထားကြ သည်။

မောင်ထွန်းကြည်ကား တစ်ညလုံး ငြိမ်လျက်သာ ရှိသည်။ လှုပ်ရှားခြင်း ဟူ၍လည်း အလျဉ်းမရှိပေ။ မျက်စိလည်း မမှိတ်၊ မျက်တောင်လည်း မခတ်၊ ပကတိအားဖြင့် ငြိမ်၍သာနေသည်။ ထို့ကြောင့် စောင့်ကြည့်နေကြသောလူများမှာ များစွာစိတ်မကောင်းဖြစ်လျက် နောက်ဆုံးတွင် ဆရာမှာထားခဲ့သော ရေကျည် တောက်နှစ်လုံးကို သွန်၍ ကြည့်ကြရလေသည်။

တစ်လုံးက သွေးကဲ့သို့ ရဲရဲနီနေပြီး နောက်တစ်လုံး အဝါနုရောင် သမ်းနေ သည်။ ထို့ကြောင့် မိဘဆွေမျိုးအားလုံး သက်မကို အကြိမ်ကြိမ် ချလိုက်မိသည်။ ဆရာမှာထားခဲ့သည့်အတိုင်း မောင်ထွန်းကြည်၏ အသက်သည် ဤတွင်ရပ်လေပြီ ဟုလည်း နားလည်လိုက်ကြသည်။ ရေတွက်ကြည့်ကြရာ မောင်ထွန်းကြည်၏ အသက်သည် တစ်ဆယ့်ခြောက်နှစ်နှင့် တစ်ဆယ့်ခြောက်ရက်တိတိဖြစ်သည်။

အသက်ရှူကား မရပ်သေးပေ။ ပြန်ကောင်းလာရန် အခြေအနေလည်း လုံးဝမမြင်တော့။ သေရတော့မည်ဟု တိတိကျကျသိနေသော လူတစ်ယောက်၏ အသက်ရှူရှူနေခြင်းကို ကြည့်လျက် ခံစားရသည်မှာ ဆိုးလွန်းလှသည်။ ရင်တစ်ခု လုံး လောင်ကျွမ်းသွားပြီလားဟု ထင်ရသည်။ ဝမ်းနည်းခြင်း၊ ကြေကွဲခြင်းတို့သည် ရင်ကို တုတ်ဖြင့် ဆွဘိသို့ ရှိသည်။

တအောင့်အကြာတွင် ဘွားလေး ဒေါ်မယ်အေးတို့ ပင့်ထားသော ထိုင် ဆွမ်းကိုယ်တော် ကြွလာသည်။ ထိုင်ဆွမ်းကိုယ်တော်က မေတ္တာသုတ်၏အဆုံး တွင် မောင်ထွန်းကြည်၏ ကိုယ်မှ ဝိဉာဉ်ခွာ၍ ကမ္မဇရုပ် ချုပ်ငြိမ်းသွားလေသည်။ မောင်ထွန်းကြည်၏ ခံစားရသော ဝေဒနာဖြစ်ပျက်ပုံ ရောဂါအလုံးစုံတို့မှာ အံ့ဖွယ် ရှိစွသည်။ ဆရာဝန်လည်း အဖြေမရှာနိုင်ပေ။ ပယောဂဆရာလည်း မတတ် ကောင်၊ မိဘဆွေမျိုးများလည်း မကယ်နိုင်သည့်အဆုံး မောင်ထွန်းကြည်၏ဘ၀ ဤတွင် နိဂုံးသတ်သွားလေသည်။

ဆွေမျိုးများကို စုံအောင်အကြောင်းကြားပြီး အသုဘကို ငါးရက်ထားရန် အတွက် ဗိုက်ခွဲကြရသည်။ ကလီစာများက ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသည်။ အသည်းကို တစတလေမျှသာ တွေ့ရသည်။ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် စွန့်ပစ် ရတော့မည့်အရေးကို မိဘဆွေမျိုးများအပြင် ဘေးလူများပင် နှမြောတသ ဝမ်း နည်း ကြေကွဲမဆုံးဖြစ်ကြရသည်။

ငါးရက်မြောက်နေ့တွင် အလောင်းကို မြေချသြင်္ဂု ိဟ်ရန်အတွက် ဆင် လေးကောင်လုံးကို ခေါ်ယူပြီး ခေါင်းဆောင်ဆင်ဖြစ်သည့် အောင်ဘွားကြီးကို ရှေ့ဆုံးက ထားသည်။ ထို့နောက် ကရင်မကြီး၊ မသန်းစိန်၊ မလေးဟု လေးကောင် လုံးကို ဇက်ခတ်ပြီး အလောင်းတင်ယာဉ်ကို ဆွဲစေချက် စည်ကားသိုက်မြိုက်စွာ ဖြင့် သုဿာန်သို့လိုက်ပို့ပြီး သြင်္ဂု ိဟ်ကြသည်။

ခုနစ်ရက်ပြည့်၍ ရက်လည်ဆွမ်းကပ်သောနေ့တွင် ဆရာဝန်ရော၊ ပ ယောဂဆရာတို့ပါ အလှူချီးမြှင့်ရန် လာကြသည်။ ပင့်သံဃာတော်ငါးပါးနှင့် ဖိတ် ကြားထားသော ဧည့်သည်များ စုံလင်နေသည့်အချိန်မှာပင် ဒေါ်မယ်အေး၏ သမီး ကြီး အသက်သုံးဆယ်အရွယ် မမှေးဥကို ဝင်၍ ပူးကပ်လေသည်။ ပယောဂဆရာ ကြီးအား ရှိခိုးပြီး …

“ ဆရာကြီး … ကျွန်တော် ငကောင်းပါ။ ကျွန်တော့်မိန်းမနဲ့ ကျွန်တော့် သားလေးတို့ရှိတဲ့ ပုဏ္ဏားကုန်းတောင်ကို သွားလို့ရအောင် လုပ်ပေးပါ။ ကျွန်တော် မှားယွင်းစွာဖြင့် ပြုလုပ်ခဲ့မိတာတွေအားလုံးကို ဆရာ့အား တောင်းပန်ပါတယ်။ ကျွန်တော့်နေရာပုဏ္ဏားကုန်းတောင်ကို ပြန်တော့ ကြက်ရိုးပင်ဘိုးဘိုးကြီးက လက် မခံဘူး။ ကြိမ်နဲ့ရိုက်လွှတ်လို့ ဒီကိုပဲ ပြန်ပြေးလာခဲ့ရပါတယ်။ ဗိုက်လည်း အရမ်း ဆာနေပြီ။ ဘာမှလည်း မစားရဘူး။

ဒီကိုရောက်နေတာလည်း ဆယ်ရက်တောင် ရှိနေပြီဆိုတော့ ကျွန်တော့်ကို သနားပါဆရာကြီးရယ်။ ကျွန်တော်ပြန်လို့ရအောင် ကြက်ရိုးပင်ဘိုးဘိုးကြီါ်ကို တောင်းပန်ပေးပါဦး။ ရှိကြီးခိုးပါတယ် ဆရာကြီးရယ် ”ဟု ဗလုံးဗထွေးဖြင့် အော်ပြောကာ ပယောဂဆရာကြီးကို ပေါက်ဆိန်ပေါက်သလို မျိုး ရှိခိုးဦးချနေလေသည်။

“ အေး၊ ငါကြည့်လိုက်ပါဦးမယ် ”

ကျောက်ဘီလူးကြီးငကောင်း ဒုက္ခရောက်နေရပြီဟု သိလိုက်ရ၏။ ကျွန် တော်တို့ မိသားစုဝင်အားလုံးက ဝမ်းသာ၍ ကျေနပ်ဆုံး ဖြစ်နေကြသည်။ အစ်ကို ထွန်းကြည်ကို သတ်သွားသည့်အတွက် ကျောက်ဘီလူးကြီးငကောင်းအား ဖြစ်နိုင် လျှင် လက်စားချေသည့်အနေဖြင့် ဓားဖြင့် နုတ်နုတ်စဉ်းပြီး သတ်ပစ်ချင်နေကြ သည်။

သို့သော ပယောဂဆရာကြီးကမူ သူ့အလုပ်သူလုပ်သည့်အနေဖြင့် သံဃာ တော်များနှင့် ဘုရားဘက်ကို မျက်နှာမူကာ မျက်လုံးကို စုံမှိတ်ပြီး တိုးတိုးရွတ်ဆို နေလေသည်။ တအောင့်ကြာအောင် တိုးတိုးရွတ်ပွားပြောဆိုလိုက်ပြီးနောက် ကျောက်ဘီလူးကြီးငကောင်းအား ပြန်လည်၍ ပြောပြသည်။

“ ကြက်ရိုးပင်ဘိုးဘိုးကြီးက ပြောတယ်။ ဒီကောင် မိုက်ရိုင်းလွန်းလို့ ငါ လက်မခံချင်တော့ဘူး။ ငါ့နယ်မြေနဲ့လည်း မတန်ဘူး။ ဒါပေမယ့် သူ့မိန်းမနဲ့ သူ့ သားငယ်တို့လည်း ငါ့ဆီရောက်လာပြီး တောင်းပန်နေကြတယ်။ အခုဆရာက လည်း တောင်းပန်တယ်ဆိုတော့ ငါလည်း မနေသာတော့ပါဘူး။ ဒါပေမယ့် ဒီ အတိုင်း ငါလက်မခံချင်သေးဘူး။

နောက်နောင် အခုလို ရိုင်းရိုင်းစိုင်းစိုင်း မလုပ် တော့ပါဘူး။ သူတစ်ပါးအသက်ရှုံးဆုံးသည်အထိလည်း ဘယ်တော့မှ မပြုလုပ် တော့ပါဘူးလို့ ကတိခံ၊ သစ္စာရေတိုက်ပြီးမှ ပြန်လွှတ်လိုက်ပါတဲ့ ”

“ဝမ်းသာလိုက်တာဆရာကြီးရယ်။ အခုပဲ သစ္စာရေတိုက်ပါတော့၊ ကျွန် တော်ပြန်ချင်လှပါပြီ။ ဆရာ့ကျေးဇူးကိုလည်း ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး”

ဆရာကြီးတိုင်ပေးသည့်အတိုင်း ငကောင်းလိုက်ဆိုပြီး သစ္စာရေသောက် သည်။ ထို့နောက် ဆရာကြီးအား ခွင့်တောင်းသည်။

“ အေး၊ ပြန်ရမှာပေါ့၊ ဒါပေမယ့် အခု မောင်ထွန်းကြည်အတွက် ရက် လည် ဆွမ်းသွတ်နေတယ်လေ။ ငကောင်းလည်း ဘုန်းကြီးတရားနာ၊ ရေစက်ချလို့ သာဓုခေါ်ပြီးမှ ပြန်ပါလား ”

“ ဟုတ်ကဲ့ပါဆရာကြီး ”

ပယောဂဆရာကြီးနှင့် နတ်ဘီလူးကြီး ဦးငကောင်းတို့ မည်သို့ပင် ပြော ဆိုနေကြသော်လည်း ကိုထွန်းကြည်၏ မိဘနှင့် ဆွေမျိုးများကမူ ကျောက်ဘီလူး ကြီး ဦးငကောင်းအား အမျှပေးဝေလိုစိတ်မရှိကြပေ။ အလွန်အမင်း ခါးသီးစွာဖြင့် မုန်းတီးနေကြခြင်းသာ ဖြစ်သည်။ ဤသည်ကို ဆရာတော်များနှင့် ပယောဂဆရာ ကြီးက ဖျောင်းဖျကြသည်။

သားတစ်ယောက်ကို သတ်ဖြတ်ထားသည်မှာ မှန်သော်လည်း ငကောင်း အပေါ်တွင် ဒေါသတင်နေခြင်းမှာ အကျိုးမရှိ။ သား၏အသက်ကို ပြန်ရှင်လာ အောင် ပြုလုပ်၍လည်း မရနိုင်တော့ပေ။

ကျောက်ဘီလူးကြီးငကောင်းကလည်း သူ၏အမှားကို ဝန်ခံ၍ တောင်းပန်ပြီးဖြစ်သောကြောင့် မုန်းစကိုပယ်၍ ချစ်စကို သာ ရှေ့ရှုသောအနေဖြင့် ကျောက်ဘီလူးကြီးငကောင်းအား အမျှပေးဝေသင့် သည် စသည်ဖြင့် ပြောဆိုဆုံးမကြသည်။

ထို့ကြောင့် မိဘနှင့် ဆွေမျိုးများကလည်း မိမိတို့၏ သားကို သတ်ဖြတ် ထားသည့် ကျောက်ဘီလူကြီးငကောင်းအား ကျွတ်လွတ်၍ လူ့ဘဝ၊ နတ်ဘ၀ စသော ချမ်းသာသုခကို ခံစားရစေခြင်းအကျိုးငှာ မေတ္တာကို ရှေ့ရှုပြီး အမျှေ၀ လိုက်ကြလေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ထွန်းတောက်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top