ဒါဖတ္ၿပီးမွ လမ္းေဘးေစ်းသည္ေတြကို သနားပါ။

ရန္ကုန္ၿမိဳ႕လယ္က အိိမ္ဆိုင္ေတြဟာ ဆိုင္ခန္းငွါးခ ၁၀သိန္း၊ ၁၅သိန္း ေပးရေပမယ့္ ကိုယ့္ဆိုင္ မ်က္ႏွာစာကို ကိုယ္မပိုင္ပါဘူး။ လမ္းေဘးေစ်းသည္က တျပားမွ မေပးရေပမယ့္ ကိုယ့္ဆိုင္ မ်က္ႏွာစာကို သူတို႔ ပိုင္ပါတယ္။
အိမ္ဆိုင္ေတြကို ၾကည့္လိုက္ရင္ လမ္းေဘးေစ်းသည္ေတြရဲ႕ ထီးေတြ၊ စားပြဲေတြနဲ႔ ကြယ္ေနပါတယ္။ လမ္းသြားလမ္းလာ ေတြ သြားရင္းလာရင္း ဝင္ၾကည့္ဖို႔ ေနေနသာသာ တကူးတက လာတဲ့လူေတာင္ ဆိုင္မျမင္ရလို့ မနည္းကို ႐ွာေနရပါတယ္။

ဆိုင္ခန္းရယ္လို႔ ျဖစ္လာတာနဲ႔ လုပ္ငန္းလိုင္စင္ စလုပ္ရပါတယ္။ လုပ္ငန္း ျဖစ္သြားတာနဲ႔ မီတာခကလည္း ၃ဆ တက္ပါ တယ္။လမ္းေဘးေစ်းသည္က လိုင္စင္ လုပ္စရာမလို၊ မီတာတက္စရာလည္း မလိုပါ။

အိမ္ဆိုင္ေတြက တရက္ ၁ေသာင္း၊ ၂ေသာင္း ရေအာင္ မနည္းေရာင္းေနရေပမယ့္ ဝင္ေငြခြန္၊ အျမတ္ခြန္ေတြ ေဆာင္ရပါ တယ္။ လမ္းေဘးေစ်းသည္ေတြက တစ္ရက္ကို သိန္းခ်ီေရာင္းရေပမယ့္ လိုင္းေျကးေလာက္ပဲ ေပးၾကရတာပါ။ (လိုင္းေၾကး က အိပ္ကပ္ထဲ ေရာက္တာပါ။ ႏိုင္ငံေတာ္ ဘ႑ာထဲ မေရာက္ပါ။)

အရင္းအနွီး၊ လစဥ္ အကုန္အက် မ်ားလြန္းတဲ့အတြက္ ဝန္ထမ္းေလး ၂ေယာက္ေလာက္ ငွါးဖို႔ ခ်ိန္ဆစဥ္းစားေနရခ်ိန္မွာ..
လမ္းေဘးေစ်းသည္က စားပြဲထိုး ၇ေယာက္၊ ၈ေယာက္္ကို ေခၚထားနိုင္ပါတယ္။

လမ္းေဘး ကြမ္းဆိုင္ေတြ ေထြးခဲ့သမွ် ကြမ္းတံေတြးေတြ ညတိုင္း ကိုယ့္ဆိုင္ေရွ႕ကိုယ္ ေဆးရပါတယ္။ လမ္းေဘး ေစ်းသည္ေတြ ဖြခဲ့သမ်ွ အမႈိက္ေတြၾကားမွာ.. အိမ္ဆိုင္ေတြက အမႈိက္ခြန္ ေဆာင္ေနၾကရပါတယ္။

အိမ္ဆိုင္ေတြက ေရခြန္ လစဥ္ ေဆာင္ရပါတယ္။ လမ္းေဘးေစ်းသည္ေတြက (ဘယ္သူ တပ္ထားေပးမွန္း မသိတဲ့) ေရဘံုဘိုင္းေခါင္းေတြကေန ေရအလကား သံုးလို႔ ရပါတယ္။

လမ္းေဘးေစ်းသည္ေတြက တေန႔လုပ္မွ တေန႔စားရတာ..တဲ့။ ဟုတ္လား?? ရပ္ကြက္ထဲက သူတို႔ အိမ္ေ႐ွ႕မွာ မေရာင္းပဲ၊ ၿမိဳ႕ထဲက ပလက္ေဖာင္းမွာပဲ ဘာလို႔ လာေရာင္းၾကလဲ? သိလား?? ဘာျဖစ္လို႔လဲ ဆိုေတာ့.. ၿမိဳ႕ထဲမွာက ၁၀၀ တန္ကို ၅၀၀ ေရာင္းလို႔ ရတယ္။ ၁၀၀၀ ေရာင္းလို႔ရတယ္။ ဘာအခြန္အခမွ မကုန္က်ပဲ ၅ဆ၊ ၁၀ဆ ျမတ္တဲ့ လမ္းေဘး ေစ်းသည္ေတြ က ေရႊတြဲလြဲ၊ ေငြတြဲလြဲနဲ႔ ၿမိဳ႕လည္ေခါင္မွာ တိုက္ခန္းေတြ ၁ခန္းၿပီး၊ ၁ခန္း ဝယ္ေနခ်ိန္မွာ အိမ္ဆိုင္ေတြကေတာ့ ဆိုင္ခန္းခနဲ႔ ဝန္ထမ္းခကိုေတာင္ မနဲ ႐ွာေနၾကရပါတယ္။

လမ္းေဘးကြမ္းဆိုင္ေတြဆိုလည္း အိမ္ဝယ္လိုက္ ကားဝယ္လိုက္ ႀကီးပြားသြားၾကတာ.. ဝင္ေငြခြန္၊ အျမတ္ခြန္၊ သန္႔႐ွင္းေရး ခြန္မ်ား ေဆာင္ရတယ္လို႔ ၾကားဖူးလို႔လားဗ်ာ? လမ္းေဘးမို႔လို႔ ဆိုင္ခန္းခေတာင္ ေပးစရာ မလိုပါဘူး။

ဒီလို တရားမ်ွတမႈမ႐ွိတဲ့ စံနစ္ဆိုး၊ အက်င့္ဆိုးဒါဏ္ေတြ ဒီဖက္ေခတ္မွာ မ႐ွိသင့္ေတာ့ပါဘူး။ စည္ပင္ကို တိုင္ေတာ့ ရပ္ကြက္လူႀကီးနဲ႔ ေျပာပါဆိုၿပီး လႊဲခ်တယ္။ ရပ္ကြက္လူႀကီး သြားေျပာေတာ့ စည္ပင္ကို ေျပာပါလို႔ ေဘာလီေဘာ ထပ္ပုတ္တယ္။ ဘယ္သူ႔ကို တိုင္ရမွန္းလည္း မသိပါ။

စည္ပင္ စည္းကမ္းထိန္းသိမ္းေရးကား လိုက္ဖမ္းျပန္ေတာ့လည္း လိုင္းေၾကးယူထားတဲ့ ဝန္ထမ္းက ႀကိဳသတိေပးထား တယ္။ ကားလာတာနဲ႔ လမ္းေဘးေစ်းသည္ေတြက ၾကက္ေပ်ာက္ ငွက္ေပ်ာက္ပါပဲ။

ေနရာနဲ႔တကြ စနစ္တက် တိုင္ျပန္ေတာ့.. တိုင္စာပို႔တဲ့လူနဲ႔ ဆိုင္ခန္းကို စည္ပင္ဝန္ထမ္းရယ္၊ ရပ္ကြက္လူႀကီးရယ္၊ လမ္းေဘးေစ်းသည္ရယ္က အၿငိဳးထားၿပီး ဒုကၡျပန္ေပးတတ္လို႔ မတိုင္ရဲျကျပန္ပါဘူး။

ကမ္းနား ညေစ်းေတြ ေဖာ္ေဆာင္လိုက္လို႔ လမ္းေဘးေစ်းသည္ေတြ မ႐ွိေတာ့ဘူးတဲ့.. ဟုတ္လား?? ကြီးၿဖိဳးရဲ႕ ၿမိဳ႕ေတာ္ ခန္းမ အနီးက ဆူးေလစကြဲ ခံုးေက်ာ္တဝိုက္မွာတင္ လာၾကည့္ပါ။ ၃မိနစ္ေလာက္ ေလ်ွာက္လိုက္ရင္ ဘားလမ္းမွာ လာၾကည့္ပါ။ ၅မိနစ္ေလာက္ ထပ္ေလ်ာက္လိုက္ရင္ ဆိပ္ကမ္းသာလမ္း၊ ဗိုလ္ေအာင္ေက်ာ္လမ္းေတြမွာ လာၾကည့္လိုက္ပါ။တကယ္ေတာ့ ကြီးၿဖိဳးဟာ တ႐ုတ္တန္းကိုပဲ ကမ္းနားေရႊ႔ႏိုင္တာပါ။ ကုလားတန္းတို႔၊ ဘာတန္း၊ ညာတန္းတို႔ေတာ့ မေရႊ႕ႏိုင္ ခဲ့ပါဘူး။

ႏိုင္ငံေတာ္ စီးပြားေရး တိုးတက္ေစခ်င္ရင္ အေသးစား စက္မႈလက္မႈလုပ္ငန္း SME ေတြ တြင္က်ယ္ေအာင္ လုပ္ရမယ္..တဲ့။ ေလာေလာဆည္ေတာ့.. အေသးစား အိမ္ဆိုင္ေလးေတြေတာင္ လမ္းေဘးေစ်းသည္နဲ့ ယွဥ္ၿပီး ပလက္ေဖာင္းေပၚ ဆင္းေရာင္း ရမလို ျဖစ္ေနပါတယ္။

ဘယ္ကိုတိုင္ရမွန္းမသိေတာ့လို႔ တာဝန္႐ွိသူေတြ ျမင္ေအာင္ ရွဲ သြားေပးၾကပါဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Wunna Soe

#Unicode Version# ျဖင့္ဖတ္ပါ ။

ဒါဖတ်ပြီးမှ လမ်းဘေးဈေးသည်တွေကို သနားပါ။

ရန်ကုန်မြို့လယ်က အိမ်ဆိုင်တွေဟာ ဆိုင်ခန်းငှါးခ ၁၀သိန်း၊ ၁၅သိန်း ပေးရပေမယ့် ကိုယ့်ဆိုင် မျက်နှာစာကို ကိုယ်မပိုင်ပါဘူး။ လမ်းဘေးဈေးသည်က တပြားမှ မပေးရပေမယ့် ကိုယ့်ဆိုင် မျက်နှာစာကို သူတို့ ပိုင်ပါတယ်။
အိမ်ဆိုင်တွေကို ကြည့်လိုက်ရင် လမ်းဘေးဈေးသည်တွေရဲ့ ထီးတွေ၊ စားပွဲတွေနဲ့ ကွယ်နေပါတယ်။ လမ်းသွားလမ်းလာ တွေ သွားရင်းလာရင်း ဝင်ကြည့်ဖို့ နေနေသာသာ တကူးတက လာတဲ့လူတောင် ဆိုင်မမြင်ရလို့ မနည်းကို ရှာနေရပါတယ်။

ဆိုင်ခန်းရယ်လို့ ဖြစ်လာတာနဲ့ လုပ်ငန်းလိုင်စင် စလုပ်ရပါတယ်။ လုပ်ငန်း ဖြစ်သွားတာနဲ့ မီတာခကလည်း ၃ဆ တက်ပါ တယ်။လမ်းဘေးဈေးသည်က လိုင်စင် လုပ်စရာမလို၊ မီတာတက်စရာလည်း မလိုပါ။

အိမ်ဆိုင်တွေက တရက် ၁သောင်း၊ ၂သောင်း ရအောင် မနည်းရောင်းနေရပေမယ့် ဝင်ငွေခွန်၊ အမြတ်ခွန်တွေ ဆောင်ရပါ တယ်။ လမ်းဘေးဈေးသည်တွေက တစ်ရက်ကို သိန်းချီရောင်းရပေမယ့် လိုင်းကြေးလောက်ပဲ ပေးကြရတာပါ။ (လိုင်းကြေး က အိပ်ကပ်ထဲ ရောက်တာပါ။ နိုင်ငံတော် ဘဏ္ဍာထဲ မရောက်ပါ။)

အရင်းအနှီး၊ လစဉ် အကုန်အကျ များလွန်းတဲ့အတွက် ဝန်ထမ်းလေး ၂ယောက်လောက် ငှါးဖို့ ချိန်ဆစဉ်းစားနေရချိန်မှာ..
လမ်းဘေးဈေးသည်က စားပွဲထိုး ၇ယောက်၊ ၈ယောက်ကို ခေါ်ထားနိုင်ပါတယ်။

လမ်းဘေး ကွမ်းဆိုင်တွေ ထွေးခဲ့သမျှ ကွမ်းတံတွေးတွေ ညတိုင်း ကိုယ့်ဆိုင်ရှေ့ကိုယ် ဆေးရပါတယ်။ လမ်းဘေး ဈေးသည်တွေ ဖွခဲ့သမျှ အမှိုက်တွေကြားမှာ.. အိမ်ဆိုင်တွေက အမှိုက်ခွန် ဆောင်နေကြရပါတယ်။

အိမ်ဆိုင်တွေက ရေခွန် လစဉ် ဆောင်ရပါတယ်။ လမ်းဘေးဈေးသည်တွေက (ဘယ်သူ တပ်ထားပေးမှန်း မသိတဲ့) ရေဘုံဘိုင်းခေါင်းတွေကနေ ရေအလကား သုံးလို့ ရပါတယ်။

လမ်းဘေးဈေးသည်တွေက တနေ့လုပ်မှ တနေ့စားရတာ..တဲ့။ ဟုတ်လား?? ရပ်ကွက်ထဲက သူတို့ အိမ်ရှေ့မှာ မရောင်းပဲ၊ မြို့ထဲက ပလက်ဖောင်းမှာပဲ ဘာလို့ လာရောင်းကြလဲ? သိလား?? ဘာဖြစ်လို့လဲ ဆိုတော့.. မြို့ထဲမှာက ၁၀၀ တန်ကို ၅၀၀ ရောင်းလို့ ရတယ်။ ၁၀၀၀ ရောင်းလို့ရတယ်။ ဘာအခွန်အခမှ မကုန်ကျပဲ ၅ဆ၊ ၁၀ဆ မြတ်တဲ့ လမ်းဘေး ဈေးသည်တွေ က ရွှေတွဲလွဲ၊ ငွေတွဲလွဲနဲ့ မြို့လည်ခေါင်မှာ တိုက်ခန်းတွေ ၁ခန်းပြီး၊ ၁ခန်း ဝယ်နေချိန်မှာ အိမ်ဆိုင်တွေကတော့ ဆိုင်ခန်းခနဲ့ ဝန်ထမ်းခကိုတောင် မနဲ ရှာနေကြရပါတယ်။

လမ်းဘေးကွမ်းဆိုင်တွေဆိုလည်း အိမ်ဝယ်လိုက် ကားဝယ်လိုက် ကြီးပွားသွားကြတာ.. ဝင်ငွေခွန်၊ အမြတ်ခွန်၊ သန့်ရှင်းရေး ခွန်များ ဆောင်ရတယ်လို့ ကြားဖူးလို့လားဗျာ? လမ်းဘေးမို့လို့ ဆိုင်ခန်းခတောင် ပေးစရာ မလိုပါဘူး။

ဒီလို တရားမျှတမှုမရှိတဲ့ စံနစ်ဆိုး၊ အကျင့်ဆိုးဒါဏ်တွေ ဒီဖက်ခေတ်မှာ မရှိသင့်တော့ပါဘူး။ စည်ပင်ကို တိုင်တော့ ရပ်ကွက်လူကြီးနဲ့ ပြောပါဆိုပြီး လွှဲချတယ်။ ရပ်ကွက်လူကြီး သွားပြောတော့ စည်ပင်ကို ပြောပါလို့ ဘောလီဘော ထပ်ပုတ်တယ်။ ဘယ်သူ့ကို တိုင်ရမှန်းလည်း မသိပါ။

စည်ပင် စည်းကမ်းထိန်းသိမ်းရေးကား လိုက်ဖမ်းပြန်တော့လည်း လိုင်းကြေးယူထားတဲ့ ဝန်ထမ်းက ကြိုသတိပေးထား တယ်။ ကားလာတာနဲ့ လမ်းဘေးဈေးသည်တွေက ကြက်ပျောက် ငှက်ပျောက်ပါပဲ။

နေရာနဲ့တကွ စနစ်တကျ တိုင်ပြန်တော့.. တိုင်စာပို့တဲ့လူနဲ့ ဆိုင်ခန်းကို စည်ပင်ဝန်ထမ်းရယ်၊ ရပ်ကွက်လူကြီးရယ်၊ လမ်းဘေးဈေးသည်ရယ်က အငြိုးထားပြီး ဒုက္ခပြန်ပေးတတ်လို့ မတိုင်ရဲကြပြန်ပါဘူး။

ကမ်းနား ညဈေးတွေ ဖော်ဆောင်လိုက်လို့ လမ်းဘေးဈေးသည်တွေ မရှိတော့ဘူးတဲ့.. ဟုတ်လား?? ကွီးဖြိုးရဲ့ မြို့တော် ခန်းမ အနီးက ဆူးလေစကွဲ ခုံးကျော်တဝိုက်မှာတင် လာကြည့်ပါ။ ၃မိနစ်လောက် လျှောက်လိုက်ရင် ဘားလမ်းမှာ လာကြည့်ပါ။ ၅မိနစ်လောက် ထပ်လျောက်လိုက်ရင် ဆိပ်ကမ်းသာလမ်း၊ ဗိုလ်အောင်ကျော်လမ်းတွေမှာ လာကြည့်လိုက်ပါ။တကယ်တော့ ကွီးဖြိုးဟာ တရုတ်တန်းကိုပဲ ကမ်းနားရွှေ့နိုင်တာပါ။ ကုလားတန်းတို့၊ ဘာတန်း၊ ညာတန်းတို့တော့ မရွှေ့နိုင် ခဲ့ပါဘူး။

နိုင်ငံတော် စီးပွားရေး တိုးတက်စေချင်ရင် အသေးစား စက်မှုလက်မှုလုပ်ငန်း SME တွေ တွင်ကျယ်အောင် လုပ်ရမယ်..တဲ့။ လောလောဆည်တော့.. အသေးစား အိမ်ဆိုင်လေးတွေတောင် လမ်းဘေးဈေးသည်နဲ့ ယှဉ်ပြီး ပလက်ဖောင်းပေါ် ဆင်းရောင်း ရမလို ဖြစ်နေပါတယ်။

ဘယ်ကိုတိုင်ရမှန်းမသိတော့လို့ တာဝန်ရှိသူတွေ မြင်အောင် ရှဲ သွားပေးကြပါဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: Wunna Soe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top