ျဖစ္စဥ္မွာ ၂-၅-၂၀၁၉ ရက္ေန႔ ၁၅၀၀ အခ်ိန္ ေမွာ္ဘီၿမိဳ႕နယ္၊ ဖူးႀကီးေက်းရြာ၊ ဖူးႀကီးေရေလွာင္ကန္အနီး မေလးရွား ပိေတာက္စိုက္ခင္းအတြင္း အမည္မသိအမ်ိဳးသမီးအေလာင္းတစ္ေလာင္း ေတြ႔ရွိေၾကာင္းသတင္းအရ ေျမာင္းတကာ ရဲကင္းစခန္းမွဴး ရဲအုပ္စန္းေအာင္ႏွင့္အဖြဲ႔က သက္ေသမ်ားနွင့္အတူ သြားေရာက္စစ္ေဆးရာ

အသက္(၅၅)ႏွစ္ခန္႔ အမည္မသိအမ်ိဳးသမီး၏ ယာနားေနာက္ ထိုးသြင္းဒဏ္ရာတစ္ခ်က္ျဖင့္ ေမွာက္လ်က္ေသဆံုး ေနသည္ကို ေတြ႔ရွိရေၾကာင္း၊ ေသသူ၏အေလာင္းအား ေမွာ္ဘီေဆးရံုသို႔ပို႔အပ္ၿပီ

း ေသသူမည္သူမည္၀ါ ျဖစ္ေၾကာင္း စံုစမ္းေနစဥ္ တိုက္ႀကီး ၿမိဳ႕နယ္၊ ေမတၱာေအးေက်းရြာေန ေဒၚ—— ေရာက္ရွိလာၿပီး ေသဆံုးသူမွာ ၎၏မိခင္ ေဒၚစန္းစန္းႏြဲ႔(ခ)ေဒၚတူး ျဖစ္ေၾကာင္းႏွင့္ ၎၏မိခင္အား ေသဆံုးေအာင္ျပဳလုပ္သူကို အေရးယူေပးရန္ တိုင္တန္းမႈျဖစ္ပါသည္။

အမႈမွ ျပစ္မႈက်ဴးလြန္သူကို ေဖာ္ထုတ္ႏိုင္ေရးအတြက္ ေျမာက္ပိုင္းခရိုင္ရဲတပ္ဖြဲ႔မွဴးမွ အနီးကပ္ႀကီးၾကပ္၍ အထူးအမႈစစ္အဖြဲ႔ဖြဲ႔စည္းၿပီး အထူးအမႈစစ္အဖြဲ႔ႏွင့္ မႈခင္းရဲတပ္ဖြဲ႔မွ တပ္ဖြဲ႔၀င္မ်ားက အခင္းျဖစ္ရပ္အား အေသးစိတ္ စစ္ေဆးျခင္း၊ ပတ္၀န္းက်င္သက္ေသမ်ားအား စံုစမ္းေမးျမန္း ေထာက္လွမ္းျခင္းတို႔ ေဆာင္ရြက္ခဲ့ရာ

အခင္းျဖစ္ ေန႔က ေသသူေဒၚစန္းစန္းႏြဲ႔(ခ)ေဒၚတူး အား ေမွာ္ဘီၿမိဳ႕၌ မိုးဟိန္း၏ ဆုိင္ကယ္ႏွင့္အတူ ေနာက္ဆံုးေတြ႔ခဲ့ေၾကာင္း၊ ေဒၚစန္းစန္းႏြဲ႔(ခ)ေဒၚတူး ၏ မတ္ေတာ္သူ က်င္ေရႊက ေဒၚစန္းစန္းႏြဲ႔(ခ)ေဒၚတူး ကို သတ္ေပးရန္ မိုးဟိန္း အား ေျပာဆိုခဲ့ဖူးေၾကာင္း သတင္း ရရွိခဲ့ပါသည္။

ရရွိသတင္းအေပၚ အတည္ျပဳၿပီး မသကၤာသူမ်ားျဖစ္သည့္ မိုးဟိန္း၊ (၃၃)ႏွစ္၊ (ဘ)ဦးစံေသာင္းႏွင့္ က်င္ေရႊ(ခ) ခ်ာတိတ္(၅၉)ႏွစ္၊ (ဘ)ဦးေသာင္းတို႔ကို ၁၅-၅-၂၀၁၉ ရက္ေန႔တြင္ အမႈျဖင့္ ဖမ္းဆီးၿပီး တရားရံုးခ်ဳပ္မိန္႔ရီမာန္ရယူ စစ္ေဆးခဲ့ေၾကာင္း၊

မိုးဟိန္းက ေဒၚစန္းစန္းႏြဲ႔(ခ)ေဒၚတူး အား ေမွာ္ဘီၿမိဳ႕မွ ဆိုင္ကယ္ျဖင့္ အခင္းျဖစ္ေနရာသို႔ ေခၚေဆာင္ခဲ့ေၾကာင္း၊ ရဲလင္းႏွင့္ ထြန္းႏိုင္တို႔က ဆုိင္ကယ္ျဖင့္ ေနာက္မွလိုက္လာၿပီး ရဲလင္းက အသင့္ပါလာသည့္ သံခၽြန္တပ္ထားေသာ သံတုတ္ျဖင့္ ႏွစ္ခ်က္ရိုက္၍ ေဒၚစန္းစန္းႏြဲ႔(ခ)ေဒၚတူး လဲက်ေသဆံုးျခင္းျဖစ္ေၾကာင္း

စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း၊ စစ္ေဆးေပၚေပါက္ခ်က္အရ ျပစ္မႈက်ဴးလြန္ရာတြင္ပါ၀င္သူ ရဲလင္းႏွင့္ ထြန္းႏိုင္(ခ) ေစာထြန္းႏိုင္ တို႕အား ၁၇-၅-၂၀၁၉ ရက္ေန႔တြင္ ၎တို႔ေနအိမ္အသီးသီးမွ ဖမ္းဆီးရမိခဲ့ပါသည္။

ဖမ္းဆီးရမိသူ မိုးဟိန္း ပါ (၄)ဦး၏ ထြက္ဆိုခ်က္အရ ျပစ္မႈက်ဴးလြန္ရာတြင္ အသံုးျပဳသည့္ သက္ေသခံပစၥည္း ဆိုင္ကယ္၊ သံတုတ္ တို႔အား သိမ္းဆည္းရရွိၿပီးျဖစ္၍ အမႈခိုင္မာစြာ တည္ေဆာက္တရားစြဲ တင္ပို႔ႏိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Yangon Police

#Unicode Version#
ဖြစ်စဉ်မှာ ၂-၅-၂၀၁၉ ရက်နေ့ ၁၅၀၀ အချိန် မှော်ဘီမြို့နယ်၊ ဖူးကြီးကျေးရွာ၊ ဖူးကြီးရေလှောင်ကန်အနီး မလေးရှား ပိတောက်စိုက်ခင်းအတွင်း အမည်မသိအမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိကြောင်းသတင်းအရ မြောင်းတကာ ရဲကင်းစခန်းမှူး ရဲအုပ်စန်းအောင်နှင့်အဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ

အသက်(၅၅)နှစ်ခန့် အမည်မသိအမျိုးသမီး၏ ယာနားနောက် ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် မှောက်လျက်သေဆုံး နေသည်ကို တွေ့ရှိရကြောင်း၊ သေသူ၏အလောင်းအား မှော်ဘီဆေးရုံသို့ပို့အပ်ပြီ

း သေသူမည်သူမည်ဝါ ဖြစ်ကြောင်း စုံစမ်းနေစဉ် တိုက်ကြီး မြို့နယ်၊ မေတ္တာအေးကျေးရွာနေ ဒေါ်—— ရောက်ရှိလာပြီး သေဆုံးသူမှာ ၎င်း၏မိခင် ဒေါ်စန်းစန်းနွဲ့(ခ)ဒေါ်တူး ဖြစ်ကြောင်းနှင့် ၎င်း၏မိခင်အား သေဆုံးအောင်ပြုလုပ်သူကို အရေးယူပေးရန် တိုင်တန်းမှုဖြစ်ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်နိုင်ရေးအတွက် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးမှ အနီးကပ်ကြီးကြပ်၍ အထူးအမှုစစ်အဖွဲ့ဖွဲ့စည်းပြီး အထူးအမှုစစ်အဖွဲ့နှင့် မှုခင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက အခင်းဖြစ်ရပ်အား အသေးစိတ် စစ်ဆေးခြင်း၊ ပတ်ဝန်းကျင်သက်သေများအား စုံစမ်းမေးမြန်း ထောက်လှမ်းခြင်းတို့ ဆောင်ရွက်ခဲ့ရာ

အခင်းဖြစ် နေ့က သေသူဒေါ်စန်းစန်းနွဲ့(ခ)ဒေါ်တူး အား မှော်ဘီမြို့၌ မိုးဟိန်း၏ ဆိုင်ကယ်နှင့်အတူ နောက်ဆုံးတွေ့ခဲ့ကြောင်း၊ ဒေါ်စန်းစန်းနွဲ့(ခ)ဒေါ်တူး ၏ မတ်တော်သူ ကျင်ရွှေက ဒေါ်စန်းစန်းနွဲ့(ခ)ဒေါ်တူး ကို သတ်ပေးရန် မိုးဟိန်း အား ပြောဆိုခဲ့ဖူးကြောင်း သတင်း ရရှိခဲ့ပါသည်။

ရရှိသတင်းအပေါ် အတည်ပြုပြီး မသင်္ကာသူများဖြစ်သည့် မိုးဟိန်း၊ (၃၃)နှစ်၊ (ဘ)ဦးစံသောင်းနှင့် ကျင်ရွှေ(ခ) ချာတိတ်(၅၉)နှစ်၊ (ဘ)ဦးသောင်းတို့ကို ၁၅-၅-၂၀၁၉ ရက်နေ့တွင် အမှုဖြင့် ဖမ်းဆီးပြီး တရားရုံးချုပ်မိန့်ရီမာန်ရယူ စစ်ဆေးခဲ့ကြောင်း၊

မိုးဟိန်းက ဒေါ်စန်းစန်းနွဲ့(ခ)ဒေါ်တူး အား မှော်ဘီမြို့မှ ဆိုင်ကယ်ဖြင့် အခင်းဖြစ်နေရာသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ရဲလင်းနှင့် ထွန်းနိုင်တို့က ဆိုင်ကယ်ဖြင့် နောက်မှလိုက်လာပြီး ရဲလင်းက အသင့်ပါလာသည့် သံချွန်တပ်ထားသော သံတုတ်ဖြင့် နှစ်ချက်ရိုက်၍ ဒေါ်စန်းစန်းနွဲ့(ခ)ဒေါ်တူး လဲကျသေဆုံးခြင်းဖြစ်ကြောင်း

စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ရဲလင်းနှင့် ထွန်းနိုင်(ခ) စောထွန်းနိုင် တို့အား ၁၇-၅-၂၀၁၉ ရက်နေ့တွင် ၎င်းတို့နေအိမ်အသီးသီးမှ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ မိုးဟိန်း ပါ (၄)ဦး၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း ဆိုင်ကယ်၊ သံတုတ် တို့အား သိမ်းဆည်းရရှိပြီးဖြစ်၍ အမှုခိုင်မာစွာ တည်ဆောက်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Yangon Police
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top