ဆုပန္ထြာတို႔ မိသားစုက ဝမ္းဗိုက္ကေန မစင္စြန႔္ေနရတဲ့ မိဘမဲ့ေက်ာင္းက သမီးေလး အတြက္ ခြဲစိတ္မႈ ကုန္က်ေငြကို အျပည့္အဝ တာဝန္ယူခဲ့ၾက ပါတယ္တဲ့။ ဒီ သမီးေလးအတြက္ ဆုပန္ထြာကလည္း စိတ္မေကာင္းျဖစ္လို႔ ေနပါတယ္။

သ႐ုပ္ေဆာင္ ဆုပန္ထြာ တို႔ မိသားစုဟာ ေမလ ၄ ရက္ေန႔က YGW ပရဟိတ မိဘမဲ့ေက်ာင္းမွာ ဗိုက္ကေနေဖာက္ၿပီး မစင္စြန႔္ရတဲ့ ကေလးအတြက္ ခြဲစိတ္မႈေတြကို တာဝန္ယူခဲ့တယ္လို႔ သိရပါတယ္။

“ ဒီေန႔လႉ ျဖစ္တဲ့အလႉေလးပါ။ မႏၲေလး YGW ပရဟိတမိဘမဲ့ ေက်ာင္းအသင္းမွာ ရွိတဲ့ ဗိုက္ကေနေဖာက္ၿပီး မစင္စြန႔္ရတဲ့ သမီးေလး တစ္ေယာက္ကို သူ ေကာင္းသြားေအာင္ ခြဲစိတ္တဲ့ အခါ တတ္ႏိုင္သေလာက္ လႉဖို႔ 2.3.2019 သြားလႉခဲ့ၾကတုန္းက ေတြ႕ၿပီး၊ တာဝန္ယူခဲ့ ပါတယ္’’ ဆိုၿပီးေတာ့ ေမလ ၄ ရက္ေန႔ ည ၁၀ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ ပါတယ္။

ကေလး ေလး အေပၚမွာလည္း ဆုပန္ထြာက အရမ္းကို သနားမိတယ္လို႔ ဆိုပါတယ္။ က်န္းမာေရးေကာင္းမြန္တဲ့ သာမန္ကေလး တစ္ေယာက္ ျဖစ္လာဖို႔ ကိုလည္း ေမွ်ာ္လင့္တယ္ ဆိုတဲ့ သူမရဲ႕ ခံစားခ်က္ေတြကို အခုလို ရင္ဖြင့္ေျပာျပထား ပါေသးတယ္။

‘’ သူ႔ကိုၾကည့္ေတာ့ အသားေလးကျဖဴေဖြးလို႔၊ မ်က္ႏွာေလးကလည္း ေခ်ာမွေခ်ာ ရင္ထဲ သူ႔ၾကည့္ၿပီးသနားလြန္းလို႔ ဒီမိဘမဲ့ေက်ာင္းကို ဘယ္လို ေရာက္လာလည္း သူ႔အေၾကာင္းေလးေတြ အကုန္ေမး၊ သူ႔ကို သာမာန္လူေတြလို ဘယ္လို ျပန္လုပ္ေပးရင္ ရမလဲ။ ဘုန္းဘုန္းကို ေလ်ာက္ေတာ့ သူခံႏိုင္ရည္ရွိၿပီး ခြဲစိတ္ႏိုင္တဲ့ အခါ သာမာန္ လူေတြလို လုပ္ေပးလို႔ရတယ္ ဆိုေတာ့ ” ဒါဆို သူ႔ကိုလုပ္ေပးပါဘုရား တပည့္ေတာ္မတို႔ မိသားစု ကေနတတ္ႏိုင္သေလာက္ တာဝန္ယူ ပါ့မယ္ ေျပာခဲ့တာမို႔ အခု သူခြဲစိတ္တဲ့ အခါ အစစ အရာရာ ဘုန္းဘုန္းေျပာတဲ့ ကုန္က်စရိတ္ေတြ လွမ္းလႉ ျဖစ္ပါတယ္။

အနားမွာ ကေလးကို ေသခ်ာ လုပ္ေပးႏိုင္ခ်င္ေပမယ့္ အေဝးကပဲ တတ္ႏိုင္သေလာက္ေလး ကူျဖစ္ပါတယ္’’ လို႔လည္း ဆက္လက္ေျပာျပ ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Swelsonenews

#Unicode Version#
ဆုပန်ထွာတို့ မိသားစုက ဝမ်းဗိုက်ကနေ မစင်စွန့်နေရတဲ့ မိဘမဲ့ကျောင်းက သမီးလေး အတွက် ခွဲစိတ်မှု ကုန်ကျငွေကို အပြည့်အဝ တာဝန်ယူခဲ့ကြ ပါတယ်တဲ့။ ဒီ သမီးလေးအတွက် ဆုပန်ထွာကလည်း စိတ်မကောင်းဖြစ်လို့ နေပါတယ်။

သရုပ်ဆောင် ဆုပန်ထွာ တို့ မိသားစုဟာ မေလ ၄ ရက်နေ့က YGW ပရဟိတ မိဘမဲ့ကျောင်းမှာ ဗိုက်ကနေဖောက်ပြီး မစင်စွန့်ရတဲ့ ကလေးအတွက် ခွဲစိတ်မှုတွေကို တာဝန်ယူခဲ့တယ်လို့ သိရပါတယ်။

“ ဒီနေ့လှူ ဖြစ်တဲ့အလှူလေးပါ။ မန္တလေး YGW ပရဟိတမိဘမဲ့ ကျောင်းအသင်းမှာ ရှိတဲ့ ဗိုက်ကနေဖောက်ပြီး မစင်စွန့်ရတဲ့ သမီးလေး တစ်ယောက်ကို သူ ကောင်းသွားအောင် ခွဲစိတ်တဲ့ အခါ တတ်နိုင်သလောက် လှူဖို့ 2.3.2019 သွားလှူခဲ့ကြတုန်းက တွေ့ပြီး၊ တာဝန်ယူခဲ့ ပါတယ်’’ ဆိုပြီးတော့ မေလ ၄ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ ပါတယ်။

ကလေး လေး အပေါ်မှာလည်း ဆုပန်ထွာက အရမ်းကို သနားမိတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးကောင်းမွန်တဲ့ သာမန်ကလေး တစ်ယောက် ဖြစ်လာဖို့ ကိုလည်း မျှော်လင့်တယ် ဆိုတဲ့ သူမရဲ့ ခံစားချက်တွေကို အခုလို ရင်ဖွင့်ပြောပြထား ပါသေးတယ်။

‘’ သူ့ကိုကြည့်တော့ အသားလေးကဖြူဖွေးလို့၊ မျက်နှာလေးကလည်း ချောမှချော ရင်ထဲ သူ့ကြည့်ပြီးသနားလွန်းလို့ ဒီမိဘမဲ့ကျောင်းကို ဘယ်လို ရောက်လာလည်း သူ့အကြောင်းလေးတွေ အကုန်မေး၊ သူ့ကို သာမာန်လူတွေလို ဘယ်လို ပြန်လုပ်ပေးရင် ရမလဲ။ ဘုန်းဘုန်းကို လျောက်တော့ သူခံနိုင်ရည်ရှိပြီး ခွဲစိတ်နိုင်တဲ့ အခါ သာမာန် လူတွေလို လုပ်ပေးလို့ရတယ် ဆိုတော့ ” ဒါဆို သူ့ကိုလုပ်ပေးပါဘုရား တပည့်တော်မတို့ မိသားစု ကနေတတ်နိုင်သလောက် တာဝန်ယူ ပါ့မယ် ပြောခဲ့တာမို့ အခု သူခွဲစိတ်တဲ့ အခါ အစစ အရာရာ ဘုန်းဘုန်းပြောတဲ့ ကုန်ကျစရိတ်တွေ လှမ်းလှူ ဖြစ်ပါတယ်။

အနားမှာ ကလေးကို သေချာ လုပ်ပေးနိုင်ချင်ပေမယ့် အဝေးကပဲ တတ်နိုင်သလောက်လေး ကူဖြစ်ပါတယ်’’ လို့လည်း ဆက်လက်ပြောပြ ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Swelsonenews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top