ေမလ ၂ ရက္က ႏိုင္ငံကူး လက္မွတ္ သက္တမ္း သြားတိုး ျဖစ္သည္။ ယခင္ အေတြ႕အႀကဳံ အရ၊ တျခားသူမ်ား၏ ေျပာျပ ခ်က္အရ ေန႔လယ္ခင္း အခ်ိန္တြင္ လူပါးသည္ဟု သိထားေသာေၾကာင့္ ေန႔လယ္ ၁၂ နာရီခြဲခန႔္တြင္ ႏိုင္ငံကူး လက္မွတ္ ထုတ္ေပးသည့္ ႐ုံးေရွ႕သို႔ ေရာက္ခဲ့သည္။ ပူျပင္းေတာက္ပ လွေသာ ေမလ၏ ေနေရာင္ေအာက္တြင္ လူအုပ္ႀကီးက ထုႏွင့္ထည္ႏွင့္ ႐ုံးတြင္း ဝင္ခြင့္ရရန္ ႀကိဳးစား ေနၾကသည္။

ေရာက္သည့္ေနာက္ မထူးဘူးဟု စိတ္ပိုင္းျဖတ္ကာ က်မလည္း လူအုပ္ႀကီးႏွင့္ ဝင္ေရာလိုက္သည္။ မည္သူမွ် တန္းမစီ။ အထဲက လဝက ရဲဝန္ထမ္းက တကိုယ္စာ တံခါး ခ်ပ္လွပ္ေပးလိုက္သည္ႏွင့္ ဝုန္းခနဲ တိုးဝင္ၾကသည္။ တံေတာင္ႏွင့္ တြတ္ ၾက၊ တိုးၾက ေဝွ႔ၾကရင္း တသုတ္ဝင္သည္ႏွင့္ တံခါးကို ပိတ္လိုက္သည္။

ခဏေနေတာ့ တကိုယ္စာ တံခါးပြင့္လာ ျပန္သည္။ တိုးၾက ျပန္သည္။ က်မလည္း လူအုပ္ႀကီးႏွင့္ ေရာ၍ တျဖည္းျဖည္း တံခါးနား နီးကပ္လာသည္။ တံခါးနားနီးလာေလ လူပို တိုးေလ၊ ေနာက္ဆုံးေတာ့ စိတ္မွန္းျဖင့္ ေလွခါးထစ္ တထစ္ကို ေက်ာ္ကာ အမ်ားပုံစံ တိုးေဝွ႔ရာ ေျခေထာက္ နည္းနည္း နာသြားသည္က လြဲ၍ အထဲသို႔ ေရာက္သြားေတာ့သည္။ ေက်ာပိုးအိတ္ကို ေရွ႕တြင္ လြယ္ကာ တိုးရ ေဝွ႔ရသည္က အေတာ္ မလြယ္လွ။ သို႔ေသာ္ အထဲသို႔ ေရာက္ၿပီ ဆိုေတာ့ တဆင့္ ေအာင္ျမင္ၿပီ။

ပါလာသည့္ ေရဗူးကို ဖြင့္ကာ ေရကို တငုံငုံၿပီးမွ ေလွ်ာက္လႊာ သြားယူကာ ေလွ်ာက္လႊာျဖည့္သည့္ ေနရာတြင္ က်န္ေန သည့္ တကိုယ္စာ ကပ္ကပ္သပ္သပ္ကို သြားဦးလိုက္ၿပီး ေလွ်ာက္လႊာကို ျဖည့္သည္။ သက္တမ္းတိုးမ်ား တန္းစီရသည့္ လဝက ေကာင္တာ ၁ တြင္ေတာ့ လူက သိပ္မရွိ။ က်မ ေရွ႕တြင္ ၃ ဦးခန႔္သာ ရွိသည္။ တျခား ေကာင္တာမ်ားတြင္ေတာ့ လူမ်ားက အုံခဲလ်က္။

ခန္းမႀကီးထဲတြင္ ပန္ကာႀကီးမ်ား ဖြင့္ထားေသာ္လည္း ေျမာက္ျမား လွစြာေသာ လူအုပ္ႀကီးေၾကာင့္ အားလုံး ေခြၽးဒီးဒီး က် ေနၾကသည္။ လဝက ျဖတ္အၿပီး ေငြ ၃၀၀၀ က်ပ္ ေပးေခ်ကာ သြားတန္းစီ လိုက္သည္။ သက္တမ္းတိုး လုပ္မည့္သူက မမ်ားလွဘူး ဆိုေတာင္ အနည္းဆုံး ၂၀၀ ခန႔္ ရွိမည္။ ႏိုင္ငံကူးလက္မွတ္ အသစ္လုပ္မည့္ သူကေတာ့ ေထာင္ႏွင့္ ခ်ီသည္။

ဘဏ္ေငြ သြင္းရန္ ခန္းမ ကူးဖို႔ တန္းစီၾကရသည္။ သက္တမ္းတိုးမည့္ သူမ်ား၊ စာအုပ္ အသစ္လုပ္မည့္သူမ်ား တန္းအသီး သီး စီၾကေသာ္လည္း ဝင္ေပါက္က တေပါက္တည္း ျဖစ္ေန၍ ထိုဝင္ေပါက္ ေနရာတြင္ စုၿပဳံတိုးၾက ျပန္သည္။

လဝက ရဲက အဝတြင္ ေစာင့္ကာ သက္တမ္းတိုးမည့္သူမ်ား တလွည့္၊ စာအုပ္အသစ္ လုပ္မည့္သူမ်ား တလွည့္သြင္းေပး သည္။ အထဲေရာက္ေတာ့ က်မ တကိုယ္လုံး ေခြၽးမ်ားႏွင့္ ႐ႊဲနစ္ေနၿပီ။ အထဲတြင္ ေရေသာက္ခ်င္သူမ်ား အတြက္ ေရသန႔္ ဗူးေသးမ်ား ေဝေပးေနသည္ကို ေတြ႕ရသည္။ က်မတြင္ ေရဘူးႀကီး တဝက္ေက်ာ္ က်န္ေနေသးေသာေၾကာင့္ ေဝသည့္ ေရဘူးေလးကို မယူေတာ့။

ထိုေနရာတြင္ ျပႆနာက စသည္။ လဝက ရဲဝန္ထမ္း လမ္းၫႊန္သည့္ ဘဏ္ေငြသြင္းရမည့္ ေနရာကို ဘယ္လိုမွ သြားမရ။ က်ပ္ႁပြတ္ေနေအာင္ ရပ္ေစာင့္ေနသည့္ လူအုပ္ႀကီးထဲ တေစာင္းတိုးလိုက္၊ တံေတာင္ သုံးလိုက္ တေ႐ြ႕ေ႐ြ႕ သြားေနရ သည္။ ထိုသို႔ သြားသည့္တိုင္ ဘဏ္ေကာင္တာကို ေတာ္ေတာ္ႏွင့္ မျမင္ရ၊ လူမ်ားလြန္း၍ တန္းစီေနသည္လား စုၿပဳံ တိုးေန သည္လားလည္း မသဲကြဲ။

တန္းစီေနသည္ဟု ယူဆရေသာ ေကာင္တာတြင္ က်မလည္း ဝင္ရပ္လိုက္သည္။ ေနာက္က လူအုပ္ႀကီးက ဖိတြန္းသည္။ ဒီေလာက္ ဆိုး႐ြားမည္ မထင္၍ ပလတ္စတစ္ ဖိုင္ မယူခဲ့မိရာ လက္ထဲတြင္ ကိုင္ထားသည့္ စာ႐ြက္စာတမ္းမ်ား ေခြၽးႏွင့္ ေပ်ာ့အိလာသည္။

အိတ္ဖြင့္ထည့္ရန္လည္း ငါးပိသိပ္ငါးခ်ဥ္သိပ္ လူအုပ္ႀကီးထဲ မျဖစ္ႏိုင္။ ထို႔ေၾကာင့္ စာ႐ြက္ကိုင္ထားသည့္ လက္ကို လူအမ်ား ႏွင့္ လြတ္ေအာင္ အေပၚေျမႇာက္ ထားလိုက္သည္။

ထိုစဥ္ မွတ္ပုံတင္ကို လည္ပင္းတြင္ ဆြဲထားေသာ အမ်ိဳးသမီး တဦးကို က်မကို အတင္း တိုးေဝွ႔ေက်ာ္ကာ၊ က်မေရွ႕က လူမ်ားကိုလည္း တိုးေဝွ႔က ေကာင္တာနားထိ သြားသည္။ သူ႔လက္ထဲတြင္ ေငြသြင္းစလစ္က အထပ္လိုက္။ သူက နာမည္ တခုကို ေျပာကာ ေကာင္တာ တာဝန္ခံကို ထိုစလစ္ အထပ္လိုက္ ေပးလိုက္သည္။ ထို႔ေနာက္ အဲဒီနားက မခြာဘဲ ဆက္ရပ္ ေနသည္။

ခဏေနေတာ့ ေနာက္ထပ္ မွတ္ပုံတင္ လည္ဆြဲႏွင့္ အမ်ိဳးသမီး တဦး ေရာက္လာျပန္သည္။ သူလည္း က်မတို႔ကို ေက်ာ္ ျဖတ္ တိုးေဝွ႔ တံေတာင္ႏွင့္ တြတ္ကာ ေရွ႕တိုးသည္။ သူက်ေတာ့ နာမည္ တခုကို ေျပာကာ စလစ္ အထပ္လိုက္ ျပန္ယူ သည္။

ထိုအခါ က်မတို႔လို ပုံမွန္ သက္တမ္း တိုးသူ၊ စာအုပ္အသစ္ လုပ္သူမ်ား အေရွ႕ မေရာက္ေတာ့။ ပထမ အမ်ိဳးသမီး၏ စာ႐ြက္အထပ္လိုက္ကို ေငြသြင္းေနေသာေၾကာင့္ က်မတို႔ လုံးဝ ေရွ႕မေရာက္ေတာ့ျခင္း ျဖစ္သည္။ က်မတို႔ေနာက္က လူအုပ္ႀကီးက ၾကားမျဖတ္ဖို႔၊ အေရွ႕က ေငြသြင္းၿပီးရင္ ျပန္ၾကဖို႔ ေအာ္ဟစ္ၾကသည္။

က်မ ေကာင္တာနား နည္းနည္း နီးလာေတာ့ လက္ထဲက စလစ္ႏွင့္ ထုတ္ထားၿပီးသား ေငြ ၂၅၀၀၀ က်ပ္ကို လက္ေထာင္၍ လွမ္းေပးလိုက္သည္။ က်မ ေထာင္ထားသည့္ လက္ထဲက စလစ္ႏွင့္ ေငြကို ဘဏ္ဝန္ထမ္းက လွမ္းယူလိုက္သည္။ က်မ ကဲ့သို႔ပင္ ေစာင့္ေနသည့္ အမ်ိဳးသမီးတဦးကလည္း က်မ အတုကို ယူကာ လွမ္းေပးသည္။

စလစ္ ျပန္ယူရန္ မေစာင့္ေတာ့ဘဲ လူအုပ္ အျပင္ဘက္သို႔ တိုးေဝွ႔ ထြက္လိုက္သည္။ လူတိုင္းလူတိုင္း ေခြၽးဒီးဒီးက်ကာ ေရခ်ိဳးထားသကဲ့သို႔ ျဖစ္ေနသည္။ ထိုင္ခုံမ်ား ရွိေသာ္လည္း တခုံမွ် မလြတ္၊ ထိုင္ခုံ ရထား သူမ်ား အျပည့္။ တခ်ိဳ႕က အိပ္ ပင္ေပ်ာ္ေနေသးသည္။

ေငြသြင္း ဌာနႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ဓာတ္ပုံ႐ိုက္သည့္ အခန္းမ်ား ရွိေနေသာေၾကာင့္ ဓာတ္ပုံ ႐ိုက္ရန္ တန္းစီသူမ်ား ကလည္း အျပည့္အက်ပ္၊ ဘဏ္တြင္ ေငြသြင္းမည့္ သူမ်ားကလည္း အျပည့္အက်ပ္ျဖင့္ ခန္းမ တခုလုံး ၾကက္မ တဝပ္စာ ပင္ ေနရာ မလပ္ခ်င္။ က်မလည္း စလစ္ ျပန္ေစာင့္ရန္ ေငြသြင္း ဌာနက ေခၚလွ်င္ ၾကားႏိုင္မည့္ လူတေယာက္ ရပ္စာ ေနရာေလးတြင္ ရပ္ေစာင့္ ေနလိုက္သည္။

က်မ ပါလာသည့္ ေရလည္း ကုန္ၿပီ။ ခုနက ေရေဝေနသည့္ ေနရာကို ၾကည့္လိုက္ေတာ့ ေရတဗူးပင္ မက်န္ေတာ့။ ဆူညံ ေနသည့္ လူအုပ္ႀကီး ၾကားထဲ ေကာင္တာကေန၍ နာမည္မ်ား ေအာ္ေခၚေနသည္ကို နားစြင့္ရသည္မွာ အေတာ္ ခက္ခဲ သည္။

ထို႔ေၾကာင့္ အနားေရာက္လာသည့္ လဝက ရဲဝန္ထမ္း တဦးကို ေျပာျပလိုက္ရာ သူက ေကာင္တာမွ ေငြသြင္းၿပီး စာ႐ြက္မ်ား ေတာင္းယူၿပီး ေအာ္ေခၚေပးသျဖင့္ က်မ စလစ္ရၿပီ။

ထိုအခါ ဓာတ္ပုံ႐ိုက္ရန္ က်မ အေပၚထပ္သို႔ တက္သည္။ က်မႏွင့္ အတူ ေငြသြင္းခဲ့ေသာ အမ်ိဳးသမီးလည္း လိုက္ပါလာ သည္။ အေပၚတြင္ တန္း အတိုဆုံးကို ေ႐ြး၍ စီလိုက္သည္။ အေပၚထပ္တြင္က ပန္ကာ အလုံအေလာက္ မရွိေသာေၾကာင့္ ပို၍ ပူအိုက္သည္။ ခဏေနေတာ့ လူတအုပ္ တက္လာကာ တန္း ၂၇ က ဘယ္မွာလဲဟု ေမးလာသည္။ ဘယ္တန္း ဝင္စီစီ ရတယ္ဟု က်မ ျပန္ေျပာေသာ္လည္း သူတို႔ကို ပြဲစားက၂၇ တြင္ စီခိုင္းေသာေၾကာင့္ ၂၇ ကိုသာ လိုက္ ရွာ သည္။ ထိုအခါက်မွ က်မ သေဘာေပါက္ သြားသည္။

က်မတို႔တန္းက အခန္းနံပါတ္ ၃၀၊ လူ အနည္းဆုံး၊ အနည္းဆုံးပင္ အ ေယာက္ ၅၀ ေက်ာ္မည္။ က်မတို႔ေဘးက ၃၁ ဆို လွ်င္ လူ ၁၀၀ ခန႔္ပင္ ရွိေလာက္သည္။ ေအးေအးေဆးေဆး ထိုင္ေစာင့္ေနၾကသည္။ မွတ္ပုံတင္ လည္ဆြဲသမားမ်ားက တက္လိုက္ဆင္းလိုက္။ တန္းစီေနသူမ်ားၾကား သြားစကားေျပာလိုက္ အလုပ္ရႈပ္ေနၾကသည္။

က်မ သေဘာေပါက္သြားသည္ ဆိုျခင္းက လည္ဆြဲ ဆြဲထားသည့္ ပြဲစားမ်ားက ဘဏ္ေငြသြား သြင္းေပးထားစဥ္ ဓာတ္ပုံ ႐ိုက္ရန္ တန္းႀကိဳစီခိုင္းထားျခင္း ျဖစ္သည္။

“က်ေနာ္ကို စာအုပ္လုပ္ဖို႔ တေယာက္ကို ၇ ေသာင္းေပးရတယ္” ဟု က်မေနာက္က တန္းစီေနသည့္ လူငယ္တဦးက ေျပာသည္။ သူက ေအာင္လံ ဘက္က၊ သူတို႔ အုပ္စုက ၁၀ ေယာက္ခန႔္ ရွိသည္။ မေလးရွားသို႔ သြားအလုပ္လုပ္ရန္ ႏိုင္ငံကူးလက္မွတ္ လာလုပ္ျခင္း ျဖစ္သည္။

က်မတို႔ တန္းေဘးက ထိုင္ေစာင့္ေနေသာ အမ်ိဳးသမီးအုပ္ထဲသို႔ က်မေရွ႕မွ ၾကားျဖတ္ကာ အထပ္လိုက္ ေငြသြင္းသြားေသာ အမ်ိဳးသမီး ေရာက္လာၿပီး တင္ျပင္ေခြ ဝင္ထိုင္သည္။ ထိုေနရာတြင္ပင္ ဓာတ္ပုံ႐ိုက္ရန္ ေစာင့္ဆိုင္းေနသူမ်ားက သူ႔ကို ေငြ ရွင္းေနတာ ေတြ႕ရသည္။ နာရီဝက္ခန႔္ တန္းစီ အၿပီးတြင္ က်မတို႔ေရွ႕မွ လူ ၇ ေယာက္၊ ၈ ေယာက္ခန႔္ကို မွတ္ပုံတင္ လည္ဆြဲျဖင့္ လူတဦးက ဆြဲ ထုတ္သြားသည္။

“ဒီေန႔ ေငြသြင္းတာ မမီေတာ့လို႔ မနက္ျဖန္မွ လုပ္လို႔ ရမယ္၊ အားလုံး ျပန္ၾကမယ္” ဟု ေျပာေနတာ ၾကားလိုက္သည္။

က်မ စိတ္တြင္ျဖင့္ တြက္ေနမိသည္။ ႏိုင္ငံကူး လက္မွတ္ကို ကိုယ့္ဘာသာ လုပ္လွ်င္ အမွန္တကယ္ ကုန္က်ေငြက ၂ ေသာင္း ၈ ေထာင္ ဆိုေတာ့ ပြဲခက ၄ ေသာင္း ၂ ေထာင္ ျဖစ္ေနသည္။ ဘယ္ေကာင္တာမွာ စီ၊ ဘယ္ေကာင္တာမွာ မစီနဲ႔ ဆိုၿပီး ေျပာထားတာကလည္း သိပ္ စဥ္းစားစရာ မလို။ ရာဇဝင္ စစ္ေဆးကာ ဓာတ္ပုံ ႐ိုက္သည့္ အခန္းထဲသို႔ မွတ္ပုံတင္ လည္ဆြဲ ဆြဲထားသူမ်ား တခါဝင္သြားလွ်င္ က်မတို႔ ေတာ္ေတာ္ႏွင့္ ေရွ႕မေရာက္ေတာ့။

က်မႏွင့္ အတူ ေငြသြင္းသည့္ အမ်ိဳးသမီးက “ဒီေလာက္ လူေတြ မ်ားေနတာ၊ တိုင္းနဲ႔ ျပည္နယ္တိုင္းမွာ ပတ္စ္ပို႔႐ုံးေတြ ထား ေပးသင့္တယ္ေနာ္။ အဲဒါဆို နယ္က လူေတြလည္း ရန္ကုန္ ဆင္းလာစရာ မလိုဘူး” ဟု ေျပာသည္။ က်မ ေတြ႕ရသေလာက္ လဝက ရဲဝန္ထမ္းမ်ား စကားေျပာ ခ်ိဳသာၾကသည္၊ ေရလည္း ေဝေပးသည္။ ဒါေတြကေတာ့ ယခင္ အေျခအေနထက္ မ်ားစြာ ေျပာင္းလဲ တိုးတက္ လာသည္ဟု ဆိုရမည္။

တျဖည္းျဖည္းႏွင့္ က်မ အေရွ႕ ေရာက္လာသည္။ ေရွ႕ေရာက္ခါနီးေတာ့ က်မတို႔ေရွ႕က တန္းစီေနသူမ်ား အနက္ ၄ ဦးက စလစ္ မရေသးဟု ဆိုေသာေၾကာင့္ က်မေရွ႕ေရာက္ေတာ့မည္ဟု ထင္သြားခ်ိန္ လည္ဆြဲတဦး သုတ္ကနဲ အခန္းထဲ ဝင္သြားသည္။

ထိုအခါ က်မတို႔ ေရွ႕က စလစ္မရဟု ဆိုေသာ ၄ ဦးကို အထဲက လဝက ရဲဝန္ထမ္းက နာမည္ေခၚသည္ကို ထူးဆန္းစြာ ၾကားလိုက္ရသည္။ က်မနားလည္ထားသည္က ကိုယ့္စလစ္ကိုယ္ ကိုင္ၿပီး အလွည့္က် ဝင္ရသည္ ဟု။

ေနာက္ဆုံးတြင္ ၄ နာရီခန႔္ ေက်ာပိုးအိတ္လြယ္ တိုးေဝွ႔ မတ္တပ္ရပ္ၿပီးေနာက္ က်မေခြၽးမ်ားျဖင့္ စို႐ႊဲ ေပ်ာ့အိေနေသာ စာ႐ြက္စာတမ္းမ်ားကို မစုတ္ၿပဲေအာင္ ထိမ္းသိမ္းႏိုင္ခဲ့ၿပီး ေအာင္ျမင္စြာ အစစ္ေဆးခံ၍ လက္ခံ ျဖတ္ပိုင္းကို ရယူႏိုင္ခဲ့ၿပီ ျဖစ္သည္။

ေငြသြင္း ေကာင္တာတြင္ လဝက ရဲတခ်ိဳ႕ ကိုယ္တိုင္ စလစ္ထပ္ ကိုင္ကာ ေငြသြင္းဖို႔ လုပ္ေပးေနသည္ကို ေတြ႕လိုက္ရျခင္း၊ လည္ဆြဲဝတ္ ပြဲစားမ်ား ေျခခ်င္းလိမ္ကာ မသိနားမလည္သူမ်ားထံမွ အျမတ္ ထုတ္ေနျခင္း၊ ေျမာက္ျမားလွစြာေသာ လူအုပ္ ႀကီးကို တန္းစီရန္ မေျပာဘဲ ထားျခင္း၊ လူရွင္းသြားခ်ိန္ ခန္းမႀကီးထဲ ေရသန႔္ဗူးခြံမ်ား၊ ကြမ္းတံေတြး ဗူးမ်ား၊ အမႈိက္မ်ား၊ တစ္ရွဴးစမ်ား ပြထေနသည့္ ျမင္ကြင္းကို ျမင္ရျခင္း စသည္ စသည္တို႔ ကေတာ့ ျမင္ခဲ့ၾကားခဲ့သမွ် တင္ျပမိျခင္းသာ ျဖစ္ပါ ေတာ့သည္။

အတိုခ်ဳပ္ေျပာရရင္ (သေရာ္ထားတာေလးပါ)

ရဲေဘာ္တို႔ အက်ယ္ခ်ဲ႕ၿပီး ရွည္ရွည္မေျပာခ်င္ဘူး။ အခု ပတ္စပို႔ရံုးကိုသြားရမယ္။ သက္တမ္းတိုးရမယ္။ ဆင္းရဲမယ္။ ငတ္မယ္။ အခက္အခဲေတြနဲ႔ ရင္ဆိုင္ရမယ္။ ပူမယ္။ အိုက္မယ္။ ေခၽြးၿပိဳက္ၿပိဳက္က်မယ္။ ဗမာပီပီ ဗမာ့ေသြးကိုျပၾကမယ့္ၾကားျဖတ္တဲ့တာဇံေတြနဲ႔အၿပိဳင္တိုးရမယ္။ ေျခေထာက္ေညာင္းမယ္။ ႂကြက္တက္မယ္။ မူးမယ္။ ေမာ္မယ္။ သတိလစ္ခ်င္သလိုလိုျဖစ္မယ္။

လိုအပ္တဲ့စာရြက္စာတမ္း၊ မူရင္းေတြ၊ မိတၱဴေတြ၊ ေထာက္ခံခ်က္ေတြ၊ ဝန္ခံကတိစာေတြ ဘာမွဘာမွမက်န္ခဲ့ေစနဲ႔။ မွတ္ပံုတင္၊ အိမ္ေထာင္စုစာရင္းထဲမယ္ ဗမာ/ဗုဒၶ မဟုတ္ဘဲ တျခားေသြးေႏွာေတြဆို နည္းနည္းပိုခက္မယ္။ မထင္မွတ္ဘဲ မီးပ်က္တာေတြ၊ အင္တာနက္လိုင္းက်တာေတြၾကံဳခဲ့ရင္ ပိုၿပီးၾကာမယ္။ ေရသန္႔ဗူးေတြ၊ Mask ေတြ၊ ရႉေဆးေတြ၊ ေရွာက္သီးေဆးျပားေတြ၊ ခၽြင္ဂန္းေတြ၊ ယပ္ေတာင္ေတြ၊ လက္ကိုင္ပန္ကာအေသးေလးေတြ မေမ့မေလ်ာ့ယူခဲ့ၾက။ ေဘာပန္ေတြ၊ ေကာ္ရက္ရွင္ပန္ေတြ၊ ခ်ဳပ္စက္ေလးေတြ၊ ကလစ္ေလးေတြ၊ ပလပ္စတစ္ဖိုင္ေလးေတြ လိုလိုမလိုလို ပိုပိုမိုမိုသာေဆာင္သြားၾက။

ေထာင္တန္ေလးေတြလည္း လဲသြားၾက။ ပါဝါဘန္႔ေလးေတြလည္း အားအျပည့္သြင္းသြားၾက။ ရံုးေရွ႕က သနပ္ခါးပဲၾကားနဲ႔၊ လက္ေကာက္တစ္ေတာင္ေလာက္ဝတ္ထားတဲ့ အိုပိုဖုန္းအစုတ္ႀကီးတကိုင္ကိုင္နဲ႔ အေပအေတ၊ ကေလကေခ်၊ ကေလကဝ၊ ဂ်လံုးပလံုးပြဲစားမေတြကို လံုးဝလံုးဝမယံုၾကနဲ႔။ အတၱာဟိ အတၱေနာ နာေဌာ ဆိုတဲ့မူကိုပဲ ၿမဲၿမဲျမံျမံဆြဲကိုင္ထားၾက။ ေတြေဝမေနနဲ႔။ ေငးငိုင္မေနနဲ႔။ အနီးဆံုးနဲ႔အတိုဆံုးေကာင္တာကို ရွာၿပီးတန္းစီၾက။ ဒါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version# ျဖင့္ဖတ္ပါ ။

မေလ ၂ ရက်က နိုင်ငံကူး လက်မှတ် သက်တမ်း သွားတိုး ဖြစ်သည်။ ယခင် အတွေ့အကြုံ အရ၊ တခြားသူများ၏ ပြောပြ ချက်အရ နေ့လယ်ခင်း အချိန်တွင် လူပါးသည်ဟု သိထားသောကြောင့် နေ့လယ် ၁၂ နာရီခွဲခန့်တွင် နိုင်ငံကူး လက်မှတ် ထုတ်ပေးသည့် ရုံးရှေ့သို့ ရောက်ခဲ့သည်။ ပူပြင်းတောက်ပ လှသော မေလ၏ နေရောင်အောက်တွင် လူအုပ်ကြီးက ထုနှင့်ထည်နှင့် ရုံးတွင်း ဝင်ခွင့်ရရန် ကြိုးစား နေကြသည်။

ရောက်သည့်နောက် မထူးဘူးဟု စိတ်ပိုင်းဖြတ်ကာ ကျမလည်း လူအုပ်ကြီးနှင့် ဝင်ရောလိုက်သည်။ မည်သူမျှ တန်းမစီ။ အထဲက လဝက ရဲဝန်ထမ်းက တကိုယ်စာ တံခါး ချပ်လှပ်ပေးလိုက်သည်နှင့် ဝုန်းခနဲ တိုးဝင်ကြသည်။ တံတောင်နှင့် တွတ် ကြ၊ တိုးကြ ဝှေ့ကြရင်း တသုတ်ဝင်သည်နှင့် တံခါးကို ပိတ်လိုက်သည်။

ခဏနေတော့ တကိုယ်စာ တံခါးပွင့်လာ ပြန်သည်။ တိုးကြ ပြန်သည်။ ကျမလည်း လူအုပ်ကြီးနှင့် ရော၍ တဖြည်းဖြည်း တံခါးနား နီးကပ်လာသည်။ တံခါးနားနီးလာလေ လူပို တိုးလေ၊ နောက်ဆုံးတော့ စိတ်မှန်းဖြင့် လှေခါးထစ် တထစ်ကို ကျော်ကာ အများပုံစံ တိုးဝှေ့ရာ ခြေထောက် နည်းနည်း နာသွားသည်က လွဲ၍ အထဲသို့ ရောက်သွားတော့သည်။ ကျောပိုးအိတ်ကို ရှေ့တွင် လွယ်ကာ တိုးရ ဝှေ့ရသည်က အတော် မလွယ်လှ။ သို့သော် အထဲသို့ ရောက်ပြီ ဆိုတော့ တဆင့် အောင်မြင်ပြီ။

ပါလာသည့် ရေဗူးကို ဖွင့်ကာ ရေကို တငုံငုံပြီးမှ လျှောက်လွှာ သွားယူကာ လျှောက်လွှာဖြည့်သည့် နေရာတွင် ကျန်နေ သည့် တကိုယ်စာ ကပ်ကပ်သပ်သပ်ကို သွားဦးလိုက်ပြီး လျှောက်လွှာကို ဖြည့်သည်။ သက်တမ်းတိုးများ တန်းစီရသည့် လဝက ကောင်တာ ၁ တွင်တော့ လူက သိပ်မရှိ။ ကျမ ရှေ့တွင် ၃ ဦးခန့်သာ ရှိသည်။ တခြား ကောင်တာများတွင်တော့ လူများက အုံခဲလျက်။

ခန်းမကြီးထဲတွင် ပန်ကာကြီးများ ဖွင့်ထားသော်လည်း မြောက်မြား လှစွာသော လူအုပ်ကြီးကြောင့် အားလုံး ချွေးဒီးဒီး ကျ နေကြသည်။ လဝက ဖြတ်အပြီး ငွေ ၃၀၀၀ ကျပ် ပေးချေကာ သွားတန်းစီ လိုက်သည်။ သက်တမ်းတိုး လုပ်မည့်သူက မများလှဘူး ဆိုတောင် အနည်းဆုံး ၂၀၀ ခန့် ရှိမည်။ နိုင်ငံကူးလက်မှတ် အသစ်လုပ်မည့် သူကတော့ ထောင်နှင့် ချီသည်။

ဘဏ်ငွေ သွင်းရန် ခန်းမ ကူးဖို့ တန်းစီကြရသည်။ သက်တမ်းတိုးမည့် သူများ၊ စာအုပ် အသစ်လုပ်မည့်သူများ တန်းအသီး သီး စီကြသော်လည်း ဝင်ပေါက်က တပေါက်တည်း ဖြစ်နေ၍ ထိုဝင်ပေါက် နေရာတွင် စုပြုံတိုးကြ ပြန်သည်။

လဝက ရဲက အဝတွင် စောင့်ကာ သက်တမ်းတိုးမည့်သူများ တလှည့်၊ စာအုပ်အသစ် လုပ်မည့်သူများ တလှည့်သွင်းပေး သည်။ အထဲရောက်တော့ ကျမ တကိုယ်လုံး ချွေးများနှင့် ရွှဲနစ်နေပြီ။ အထဲတွင် ရေသောက်ချင်သူများ အတွက် ရေသန့် ဗူးသေးများ ဝေပေးနေသည်ကို တွေ့ရသည်။ ကျမတွင် ရေဘူးကြီး တဝက်ကျော် ကျန်နေသေးသောကြောင့် ဝေသည့် ရေဘူးလေးကို မယူတော့။

ထိုနေရာတွင် ပြဿနာက စသည်။ လဝက ရဲဝန်ထမ်း လမ်းညွှန်သည့် ဘဏ်ငွေသွင်းရမည့် နေရာကို ဘယ်လိုမှ သွားမရ။ ကျပ်ပြွတ်နေအောင် ရပ်စောင့်နေသည့် လူအုပ်ကြီးထဲ တစောင်းတိုးလိုက်၊ တံတောင် သုံးလိုက် တရွေ့ရွေ့ သွားနေရ သည်။ ထိုသို့ သွားသည့်တိုင် ဘဏ်ကောင်တာကို တော်တော်နှင့် မမြင်ရ၊ လူများလွန်း၍ တန်းစီနေသည်လား စုပြုံ တိုးနေ သည်လားလည်း မသဲကွဲ။

တန်းစီနေသည်ဟု ယူဆရသော ကောင်တာတွင် ကျမလည်း ဝင်ရပ်လိုက်သည်။ နောက်က လူအုပ်ကြီးက ဖိတွန်းသည်။ ဒီလောက် ဆိုးရွားမည် မထင်၍ ပလတ်စတစ် ဖိုင် မယူခဲ့မိရာ လက်ထဲတွင် ကိုင်ထားသည့် စာရွက်စာတမ်းများ ချွေးနှင့် ပျော့အိလာသည်။

အိတ်ဖွင့်ထည့်ရန်လည်း ငါးပိသိပ်ငါးချဉ်သိပ် လူအုပ်ကြီးထဲ မဖြစ်နိုင်။ ထို့ကြောင့် စာရွက်ကိုင်ထားသည့် လက်ကို လူအများ နှင့် လွတ်အောင် အပေါ်မြှောက် ထားလိုက်သည်။

ထိုစဉ် မှတ်ပုံတင်ကို လည်ပင်းတွင် ဆွဲထားသော အမျိုးသမီး တဦးကို ကျမကို အတင်း တိုးဝှေ့ကျော်ကာ၊ ကျမရှေ့က လူများကိုလည်း တိုးဝှေ့က ကောင်တာနားထိ သွားသည်။ သူ့လက်ထဲတွင် ငွေသွင်းစလစ်က အထပ်လိုက်။ သူက နာမည် တခုကို ပြောကာ ကောင်တာ တာဝန်ခံကို ထိုစလစ် အထပ်လိုက် ပေးလိုက်သည်။ ထို့နောက် အဲဒီနားက မခွာဘဲ ဆက်ရပ် နေသည်။

ခဏနေတော့ နောက်ထပ် မှတ်ပုံတင် လည်ဆွဲနှင့် အမျိုးသမီး တဦး ရောက်လာပြန်သည်။ သူလည်း ကျမတို့ကို ကျော် ဖြတ် တိုးဝှေ့ တံတောင်နှင့် တွတ်ကာ ရှေ့တိုးသည်။ သူကျတော့ နာမည် တခုကို ပြောကာ စလစ် အထပ်လိုက် ပြန်ယူ သည်။

ထိုအခါ ကျမတို့လို ပုံမှန် သက်တမ်း တိုးသူ၊ စာအုပ်အသစ် လုပ်သူများ အရှေ့ မရောက်တော့။ ပထမ အမျိုးသမီး၏ စာရွက်အထပ်လိုက်ကို ငွေသွင်းနေသောကြောင့် ကျမတို့ လုံးဝ ရှေ့မရောက်တော့ခြင်း ဖြစ်သည်။ ကျမတို့နောက်က လူအုပ်ကြီးက ကြားမဖြတ်ဖို့၊ အရှေ့က ငွေသွင်းပြီးရင် ပြန်ကြဖို့ အော်ဟစ်ကြသည်။

ကျမ ကောင်တာနား နည်းနည်း နီးလာတော့ လက်ထဲက စလစ်နှင့် ထုတ်ထားပြီးသား ငွေ ၂၅၀၀၀ ကျပ်ကို လက်ထောင်၍ လှမ်းပေးလိုက်သည်။ ကျမ ထောင်ထားသည့် လက်ထဲက စလစ်နှင့် ငွေကို ဘဏ်ဝန်ထမ်းက လှမ်းယူလိုက်သည်။ ကျမ ကဲ့သို့ပင် စောင့်နေသည့် အမျိုးသမီးတဦးကလည်း ကျမ အတုကို ယူကာ လှမ်းပေးသည်။

စလစ် ပြန်ယူရန် မစောင့်တော့ဘဲ လူအုပ် အပြင်ဘက်သို့ တိုးဝှေ့ ထွက်လိုက်သည်။ လူတိုင်းလူတိုင်း ချွေးဒီးဒီးကျကာ ရေချိုးထားသကဲ့သို့ ဖြစ်နေသည်။ ထိုင်ခုံများ ရှိသော်လည်း တခုံမျှ မလွတ်၊ ထိုင်ခုံ ရထား သူများ အပြည့်။ တချို့က အိပ် ပင်ပျော်နေသေးသည်။

ငွေသွင်း ဌာနနှင့် မျက်နှာချင်းဆိုင်တွင် ဓာတ်ပုံရိုက်သည့် အခန်းများ ရှိနေသောကြောင့် ဓာတ်ပုံ ရိုက်ရန် တန်းစီသူများ ကလည်း အပြည့်အကျပ်၊ ဘဏ်တွင် ငွေသွင်းမည့် သူများကလည်း အပြည့်အကျပ်ဖြင့် ခန်းမ တခုလုံး ကြက်မ တဝပ်စာ ပင် နေရာ မလပ်ချင်။ ကျမလည်း စလစ် ပြန်စောင့်ရန် ငွေသွင်း ဌာနက ခေါ်လျှင် ကြားနိုင်မည့် လူတယောက် ရပ်စာ နေရာလေးတွင် ရပ်စောင့် နေလိုက်သည်။

ကျမ ပါလာသည့် ရေလည်း ကုန်ပြီ။ ခုနက ရေဝေနေသည့် နေရာကို ကြည့်လိုက်တော့ ရေတဗူးပင် မကျန်တော့။ ဆူညံ နေသည့် လူအုပ်ကြီး ကြားထဲ ကောင်တာကနေ၍ နာမည်များ အော်ခေါ်နေသည်ကို နားစွင့်ရသည်မှာ အတော် ခက်ခဲ သည်။

ထို့ကြောင့် အနားရောက်လာသည့် လဝက ရဲဝန်ထမ်း တဦးကို ပြောပြလိုက်ရာ သူက ကောင်တာမှ ငွေသွင်းပြီး စာရွက်များ တောင်းယူပြီး အော်ခေါ်ပေးသဖြင့် ကျမ စလစ်ရပြီ။

ထိုအခါ ဓာတ်ပုံရိုက်ရန် ကျမ အပေါ်ထပ်သို့ တက်သည်။ ကျမနှင့် အတူ ငွေသွင်းခဲ့သော အမျိုးသမီးလည်း လိုက်ပါလာ သည်။ အပေါ်တွင် တန်း အတိုဆုံးကို ရွေး၍ စီလိုက်သည်။ အပေါ်ထပ်တွင်က ပန်ကာ အလုံအလောက် မရှိသောကြောင့် ပို၍ ပူအိုက်သည်။ ခဏနေတော့ လူတအုပ် တက်လာကာ တန်း ၂၇ က ဘယ်မှာလဲဟု မေးလာသည်။ ဘယ်တန်း ဝင်စီစီ ရတယ်ဟု ကျမ ပြန်ပြောသော်လည်း သူတို့ကို ပွဲစားက၂၇ တွင် စီခိုင်းသောကြောင့် ၂၇ ကိုသာ လိုက် ရှာ သည်။ ထိုအခါကျမှ ကျမ သဘောပေါက် သွားသည်။

ကျမတို့တန်းက အခန်းနံပါတ် ၃၀၊ လူ အနည်းဆုံး၊ အနည်းဆုံးပင် အ ယောက် ၅၀ ကျော်မည်။ ကျမတို့ဘေးက ၃၁ ဆို လျှင် လူ ၁၀၀ ခန့်ပင် ရှိလောက်သည်။ အေးအေးဆေးဆေး ထိုင်စောင့်နေကြသည်။ မှတ်ပုံတင် လည်ဆွဲသမားများက တက်လိုက်ဆင်းလိုက်။ တန်းစီနေသူများကြား သွားစကားပြောလိုက် အလုပ်ရှုပ်နေကြသည်။

ကျမ သဘောပေါက်သွားသည် ဆိုခြင်းက လည်ဆွဲ ဆွဲထားသည့် ပွဲစားများက ဘဏ်ငွေသွား သွင်းပေးထားစဉ် ဓာတ်ပုံ ရိုက်ရန် တန်းကြိုစီခိုင်းထားခြင်း ဖြစ်သည်။

“ကျနော်ကို စာအုပ်လုပ်ဖို့ တယောက်ကို ၇ သောင်းပေးရတယ်” ဟု ကျမနောက်က တန်းစီနေသည့် လူငယ်တဦးက ပြောသည်။ သူက အောင်လံ ဘက်က၊ သူတို့ အုပ်စုက ၁၀ ယောက်ခန့် ရှိသည်။ မလေးရှားသို့ သွားအလုပ်လုပ်ရန် နိုင်ငံကူးလက်မှတ် လာလုပ်ခြင်း ဖြစ်သည်။

ကျမတို့ တန်းဘေးက ထိုင်စောင့်နေသော အမျိုးသမီးအုပ်ထဲသို့ ကျမရှေ့မှ ကြားဖြတ်ကာ အထပ်လိုက် ငွေသွင်းသွားသော အမျိုးသမီး ရောက်လာပြီး တင်ပြင်ခွေ ဝင်ထိုင်သည်။ ထိုနေရာတွင်ပင် ဓာတ်ပုံရိုက်ရန် စောင့်ဆိုင်းနေသူများက သူ့ကို ငွေ ရှင်းနေတာ တွေ့ရသည်။ နာရီဝက်ခန့် တန်းစီ အပြီးတွင် ကျမတို့ရှေ့မှ လူ ၇ ယောက်၊ ၈ ယောက်ခန့်ကို မှတ်ပုံတင် လည်ဆွဲဖြင့် လူတဦးက ဆွဲ ထုတ်သွားသည်။

“ဒီနေ့ ငွေသွင်းတာ မမီတော့လို့ မနက်ဖြန်မှ လုပ်လို့ ရမယ်၊ အားလုံး ပြန်ကြမယ်” ဟု ပြောနေတာ ကြားလိုက်သည်။

ကျမ စိတ်တွင်ဖြင့် တွက်နေမိသည်။ နိုင်ငံကူး လက်မှတ်ကို ကိုယ့်ဘာသာ လုပ်လျှင် အမှန်တကယ် ကုန်ကျငွေက ၂ သောင်း ၈ ထောင် ဆိုတော့ ပွဲခက ၄ သောင်း ၂ ထောင် ဖြစ်နေသည်။ ဘယ်ကောင်တာမှာ စီ၊ ဘယ်ကောင်တာမှာ မစီနဲ့ ဆိုပြီး ပြောထားတာကလည်း သိပ် စဉ်းစားစရာ မလို။ ရာဇဝင် စစ်ဆေးကာ ဓာတ်ပုံ ရိုက်သည့် အခန်းထဲသို့ မှတ်ပုံတင် လည်ဆွဲ ဆွဲထားသူများ တခါဝင်သွားလျှင် ကျမတို့ တော်တော်နှင့် ရှေ့မရောက်တော့။

ကျမနှင့် အတူ ငွေသွင်းသည့် အမျိုးသမီးက “ဒီလောက် လူတွေ များနေတာ၊ တိုင်းနဲ့ ပြည်နယ်တိုင်းမှာ ပတ်စ်ပို့ရုံးတွေ ထား ပေးသင့်တယ်နော်။ အဲဒါဆို နယ်က လူတွေလည်း ရန်ကုန် ဆင်းလာစရာ မလိုဘူး” ဟု ပြောသည်။ ကျမ တွေ့ရသလောက် လဝက ရဲဝန်ထမ်းများ စကားပြော ချိုသာကြသည်၊ ရေလည်း ဝေပေးသည်။ ဒါတွေကတော့ ယခင် အခြေအနေထက် များစွာ ပြောင်းလဲ တိုးတက် လာသည်ဟု ဆိုရမည်။

တဖြည်းဖြည်းနှင့် ကျမ အရှေ့ ရောက်လာသည်။ ရှေ့ရောက်ခါနီးတော့ ကျမတို့ရှေ့က တန်းစီနေသူများ အနက် ၄ ဦးက စလစ် မရသေးဟု ဆိုသောကြောင့် ကျမရှေ့ရောက်တော့မည်ဟု ထင်သွားချိန် လည်ဆွဲတဦး သုတ်ကနဲ အခန်းထဲ ဝင်သွားသည်။

ထိုအခါ ကျမတို့ ရှေ့က စလစ်မရဟု ဆိုသော ၄ ဦးကို အထဲက လဝက ရဲဝန်ထမ်းက နာမည်ခေါ်သည်ကို ထူးဆန်းစွာ ကြားလိုက်ရသည်။ ကျမနားလည်ထားသည်က ကိုယ့်စလစ်ကိုယ် ကိုင်ပြီး အလှည့်ကျ ဝင်ရသည် ဟု။

နောက်ဆုံးတွင် ၄ နာရီခန့် ကျောပိုးအိတ်လွယ် တိုးဝှေ့ မတ်တပ်ရပ်ပြီးနောက် ကျမချွေးများဖြင့် စိုရွှဲ ပျော့အိနေသော စာရွက်စာတမ်းများကို မစုတ်ပြဲအောင် ထိမ်းသိမ်းနိုင်ခဲ့ပြီး အောင်မြင်စွာ အစစ်ဆေးခံ၍ လက်ခံ ဖြတ်ပိုင်းကို ရယူနိုင်ခဲ့ပြီ ဖြစ်သည်။

ငွေသွင်း ကောင်တာတွင် လဝက ရဲတချို့ ကိုယ်တိုင် စလစ်ထပ် ကိုင်ကာ ငွေသွင်းဖို့ လုပ်ပေးနေသည်ကို တွေ့လိုက်ရခြင်း၊ လည်ဆွဲဝတ် ပွဲစားများ ခြေချင်းလိမ်ကာ မသိနားမလည်သူများထံမှ အမြတ် ထုတ်နေခြင်း၊ မြောက်မြားလှစွာသော လူအုပ် ကြီးကို တန်းစီရန် မပြောဘဲ ထားခြင်း၊ လူရှင်းသွားချိန် ခန်းမကြီးထဲ ရေသန့်ဗူးခွံများ၊ ကွမ်းတံတွေး ဗူးများ၊ အမှိုက်များ၊ တစ်ရှူးစများ ပွထနေသည့် မြင်ကွင်းကို မြင်ရခြင်း စသည် စသည်တို့ ကတော့ မြင်ခဲ့ကြားခဲ့သမျှ တင်ပြမိခြင်းသာ ဖြစ်ပါ တော့သည်။

အတိုချုပ်ပြောရရင် (သရော်ထားတာလေးပါ)

ရဲဘော်တို့ အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး။ အခု ပတ်စပို့ရုံးကိုသွားရမယ်။ သက်တမ်းတိုးရမယ်။ ဆင်းရဲမယ်။ ငတ်မယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်။ ပူမယ်။ အိုက်မယ်။ ချွေးပြိုက်ပြိုက်ကျမယ်။ ဗမာပီပီ ဗမာ့သွေးကိုပြကြမယ့်ကြားဖြတ်တဲ့တာဇံတွေနဲ့အပြိုင်တိုးရမယ်။ ခြေထောက်ညောင်းမယ်။ ကြွက်တက်မယ်။ မူးမယ်။ မော်မယ်။ သတိလစ်ချင်သလိုလိုဖြစ်မယ်။

လိုအပ်တဲ့စာရွက်စာတမ်း၊ မူရင်းတွေ၊ မိတ္တူတွေ၊ ထောက်ခံချက်တွေ၊ ဝန်ခံကတိစာတွေ ဘာမှဘာမှမကျန်ခဲ့စေနဲ့။ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းထဲမယ် ဗမာ/ဗုဒ္ဓ မဟုတ်ဘဲ တခြားသွေးနှောတွေဆို နည်းနည်းပိုခက်မယ်။ မထင်မှတ်ဘဲ မီးပျက်တာတွေ၊ အင်တာနက်လိုင်းကျတာတွေကြုံခဲ့ရင် ပိုပြီးကြာမယ်။ ရေသန့်ဗူးတွေ၊ Mask တွေ၊ ရှူဆေးတွေ၊ ရှောက်သီးဆေးပြားတွေ၊ ချွင်ဂန်းတွေ၊ ယပ်တောင်တွေ၊ လက်ကိုင်ပန်ကာအသေးလေးတွေ မမေ့မလျော့ယူခဲ့ကြ။ ဘောပန်တွေ၊ ကော်ရက်ရှင်ပန်တွေ၊ ချုပ်စက်လေးတွေ၊ ကလစ်လေးတွေ၊ ပလပ်စတစ်ဖိုင်လေးတွေ လိုလိုမလိုလို ပိုပိုမိုမိုသာဆောင်သွားကြ။

ထောင်တန်လေးတွေလည်း လဲသွားကြ။ ပါဝါဘန့်လေးတွေလည်း အားအပြည့်သွင်းသွားကြ။ ရုံးရှေ့က သနပ်ခါးပဲကြားနဲ့၊ လက်ကောက်တစ်တောင်လောက်ဝတ်ထားတဲ့ အိုပိုဖုန်းအစုတ်ကြီးတကိုင်ကိုင်နဲ့ အပေအတေ၊ ကလေကချေ၊ ကလေကဝ၊ ဂျလုံးပလုံးပွဲစားမတွေကို လုံးဝလုံးဝမယုံကြနဲ့။ အတ္တာဟိ အတ္တနော နာဌော ဆိုတဲ့မူကိုပဲ မြဲမြဲမြံမြံဆွဲကိုင်ထားကြ။ တွေဝေမနေနဲ့။ ငေးငိုင်မနေနဲ့။ အနီးဆုံးနဲ့အတိုဆုံးကောင်တာကို ရှာပြီးတန်းစီကြ။ ဒါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top