20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ေမတၱာ ပို႔တယ္ဆိုတာကိုယ့္ရဲ႕ ႏွလံုးထဲကအမုန္းေတြကို ရွင္းပစ္တာ။

ေအး တစ္ခါတေလ

သေဗၺသတၱာ ရြတ္ေနတာက

ရြတ္ေကာင္းလို႔ ရြတ္ေနတာ

စိတ္ကပါခ်င္မွပါတာ။

အဲ့ဒီလို မလုပ္နဲ႔ေမတၱာဆိုသည္မွာ မေနာကံ။

ကိုယ့္စိတ္ထဲမွာ သတၱဝါေတြရဲ႕

အက်ဳိးစီးပြားကို လိုလားတယ္ဆိုတဲ့

ေမတၱာစိတ္ကို အခိုင္အမာ

တည္ေဆာက္နိဳင္ရမယ္။

အဲ့ဒီလို တည္ေဆာက္ျခင္းဟာ

စိတ္ေကာင္းပဲ အင္မတန္မြန္ျမတ္တဲ့ စိတ္ပဲ။

ေမတၱာစိတ္ ရိွလာၿပီဆိုတဲ့

ပုဂၢိဳလ္တစ္ေယာက္ဟာ

သူတစ္ပါးကို ထိခိုက္နစ္နာမယ့္

ပါဏာတိပါတ-လုပ္ပါဦးမလား။

မလုပ္ဘူးေလ

သူကအားလံုးရဲ႕ အက်ဳိးစီးပြားကို

လိုလားတာ ဆိုေတာ့

ပါဏာတိပါတ-ဆိုတာ

အနည္းဆံုး မေသေတာင္

ဒုကၡေရာက္မွာေလ ဟိုမွာက။

တစ္ခါ သူမ်ားစိတ္ဆင္းရဲမယ့္

သူမ်ားပစၥည္းေလး ပါသြားတယ္

အခိုးခံလိုက္ရတယ္ဆိုရင္ စိတ္ဆင္းရဲမွာ

ေဟာသူမ်ားစိတ္ဆင္းရဲမယ့္

အဒိႏၷာဒါနာလည္း မလုပ္ဘူး။

သူတစ္ပါး မိသားစုထဲမွာ

သြားၿပီးေတာ့ ပစ္မွားလို႔ရိွရင္လည္း

အဲ့ဒီ မိသားစုဟာ စိတ္ဆင္းရဲမွာဆိုေတာ့

ေမတၱာရိွတဲ့ပုဂၢိဳလ္ဟာဒါ ဘယ္လိုမွ မလုပ္ဘူး။

တစ္ခါ သူမ်ားအက်ဳိးပ်က္ေအာင္

လိမ္လည္လွည့္စားတယ္ဆိုတဲ့

မုသာဝါဒ-ဆိုတာလည္း ေမတၱာရိွတဲ့ပုဂၢိဳလ္က

ဘယ္ေတာ့မွ မလုပ္ဘူး။

သူမ်ား ဒုကၡေရာက္ေအာင္ ။

သုရာ ေမရယ -ဆိုတဲ့အရာကို

ေမတၱာရိွတဲ့သူက ဘယ္လိုေတြးတုန္း

ငါဟာ မိသားစုေကာင္းက်ဳိးကို ေဆာင္ရြက္မယ္

မိသားစုေကာင္းက်ဳိး ေဆာင္ရြက္ေအာင္

ငါ့မွာေန႔စဥ္ အသိပညာ အတတ္ပညာေတြ

လိုအပ္တယ္ ပညာဆည္းပူးမယ္။

ရလာတဲ့ပညာနဲ႔ မိဘကိုေက်းဇူးဆပ္မယ္

မိသားစု ခ်မ္းသာေအာင္ထားမယ္

မိတ္ေဆြသဂၤဟေတြ အကူအညီေပးမယ္။

ကုသိုလ္ေကာင္းမႈေတြ ျပဳမယ္။

အဲ့ဒီေတာ့ ဒီလိုအသိပညာေတြ

ရဖို႔ရန္အတြက္ အေနွာင့္အယွက္

အဟန္႔အတား ျဖစ္ေနတဲ့

အရက္ေသစာ ေသာက္စားမႈကို

ငါေရွာင္ရမယ္ဆိုေတာ့ ဒီလိုဆိုလိုတာေနာ္။

မူးယစ္ေသာက္စားေနတဲ့

ပုဂၢိဳလ္တစ္ေယာက္ဟာ

ဘယ္သူအက်ဳိးမွ မလုပ္နိဳင္ဘူး။

နံပါတ္(၁)သူ႕အက်ဳိး သူမလုပ္နိဳင္ေတာ့ဘူး။

သူ႔အက်ဳိးေတာင္ သူမလုပ္နိဳင္ရင္

အမ်ားအက်ဳိးသူဘယ္လိုလုပ္မလဲ။

ဒါေၾကာင့္မို႔လို႔ သူတစ္ပါးရဲ႕

အက်ဳိးကိုလိုလားတဲ့ ပုဂၢိဳလ္တစ္ေယာက္ဟာ

မူးယစ္ေသာက္စားၿပီး ယမ္းကားေနတဲ့ပုဂၢိဳလ္၊

ယစ္မူးေနတဲ့ပုဂၢိဳလ္ဆိုတာ မျဖစ္ေတာ့ဘူး။

ငါးပါးသီလ လံုသြားၿပီ။

အဲ့ဒီေတာ့ ေမတၱာရိွျခင္းေၾကာင္းလည္း

ငါးပါးသီလ လံုသြားနိဳင္တယ္ေပါ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေက်းဇူးေတာ္ရွင္ ပါခ်ဳပ္ဆရာေတာ္ဘုရားႀကီး
# Unicode Version # ျဖင့္ ဖတ္ပါ #

မေတ္တာ ပို့တယ်ဆိုတာကိုယ့်ရဲ့ နှလုံးထဲကအမုန်းတွေကို ရှင်းပစ်တာ။

အေး တစ်ခါတလေ

သဗ္ဗေသတ္တာ ရွတ်နေတာက

ရွတ်ကောင်းလို့ ရွတ်နေတာ

စိတ်ကပါချင်မှပါတာ။

အဲ့ဒီလို မလုပ်နဲ့မေတ္တာဆိုသည်မှာ မနောကံ။

ကိုယ့်စိတ်ထဲမှာ သတ္တဝါတွေရဲ့

အကျိုးစီးပွားကို လိုလားတယ်ဆိုတဲ့

မေတ္တာစိတ်ကို အခိုင်အမာ

တည်ဆောက်နိုင်ရမယ်။

အဲ့ဒီလို တည်ဆောက်ခြင်းဟာ

စိတ်ကောင်းပဲ အင်မတန်မွန်မြတ်တဲ့ စိတ်ပဲ။

မေတ္တာစိတ် ရှိလာပြီဆိုတဲ့

ပုဂ္ဂိုလ်တစ်ယောက်ဟာ

သူတစ်ပါးကို ထိခိုက်နစ်နာမယ့်

ပါဏာတိပါတ-လုပ်ပါဦးမလား။

မလုပ်ဘူးလေ

သူကအားလုံးရဲ့ အကျိုးစီးပွားကို

လိုလားတာ ဆိုတော့

ပါဏာတိပါတ-ဆိုတာ

အနည်းဆုံး မသေတောင်

ဒုက္ခရောက်မှာလေ ဟိုမှာက။

တစ်ခါ သူများစိတ်ဆင်းရဲမယ့်

သူများပစ္စည်းလေး ပါသွားတယ်

အခိုးခံလိုက်ရတယ်ဆိုရင် စိတ်ဆင်းရဲမှာ

ဟောသူများစိတ်ဆင်းရဲမယ့်

အဒိန္နာဒါနာလည်း မလုပ်ဘူး။

သူတစ်ပါး မိသားစုထဲမှာ

သွားပြီးတော့ ပစ်မှားလို့ရှိရင်လည်း

အဲ့ဒီ မိသားစုဟာ စိတ်ဆင်းရဲမှာဆိုတော့

မေတ္တာရှိတဲ့ပုဂ္ဂိုလ်ဟာဒါ ဘယ်လိုမှ မလုပ်ဘူး။

တစ်ခါ သူများအကျိုးပျက်အောင်

လိမ်လည်လှည့်စားတယ်ဆိုတဲ့

မုသာဝါဒ-ဆိုတာလည်း မေတ္တာရှိတဲ့ပုဂ္ဂိုလ်က

ဘယ်တော့မှ မလုပ်ဘူး။

သူများ ဒုက္ခရောက်အောင် ။

သုရာ မေရယ -ဆိုတဲ့အရာကို

မေတ္တာရှိတဲ့သူက ဘယ်လိုတွေးတုန်း

ငါဟာ မိသားစုကောင်းကျိုးကို ဆောင်ရွက်မယ်

မိသားစုကောင်းကျိုး ဆောင်ရွက်အောင်

ငါ့မှာနေ့စဉ် အသိပညာ အတတ်ပညာတွေ

လိုအပ်တယ် ပညာဆည်းပူးမယ်။

ရလာတဲ့ပညာနဲ့ မိဘကိုကျေးဇူးဆပ်မယ်

မိသားစု ချမ်းသာအောင်ထားမယ်

မိတ်ဆွေသင်္ဂဟတွေ အကူအညီပေးမယ်။

ကုသိုလ်ကောင်းမှုတွေ ပြုမယ်။

အဲ့ဒီတော့ ဒီလိုအသိပညာတွေ

ရဖို့ရန်အတွက် အနှောင့်အယှက်

အဟန့်အတား ဖြစ်နေတဲ့

အရက်သေစာ သောက်စားမှုကို

ငါရှောင်ရမယ်ဆိုတော့ ဒီလိုဆိုလိုတာနော်။

မူးယစ်သောက်စားနေတဲ့

ပုဂ္ဂိုလ်တစ်ယောက်ဟာ

ဘယ်သူအကျိုးမှ မလုပ်နိုင်ဘူး။

နံပါတ်(၁)သူ့အကျိုး သူမလုပ်နိုင်တော့ဘူး။

သူ့အကျိုးတောင် သူမလုပ်နိုင်ရင်

အများအကျိုးသူဘယ်လိုလုပ်မလဲ။

ဒါကြောင့်မို့လို့ သူတစ်ပါးရဲ့

အကျိုးကိုလိုလားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ

မူးယစ်သောက်စားပြီး ယမ်းကားနေတဲ့ပုဂ္ဂိုလ်၊

ယစ်မူးနေတဲ့ပုဂ္ဂိုလ်ဆိုတာ မဖြစ်တော့ဘူး။

ငါးပါးသီလ လုံသွားပြီ။

အဲ့ဒီတော့ မေတ္တာရှိခြင်းကြောင်းလည်း

ငါးပါးသီလ လုံသွားနိုင်တယ်ပေါ့။

ဖိုးသူတော် (www.phothutaw.com)
Credit:ကျေးဇူးတော်ရှင် ပါချုပ်ဆရာတော်ဘုရားကြီး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top