ကရင္ျပည္နယ္၊ ဇြဲကပင္ေတာင္ေပၚကို တက္ေရာက္ႏိုင္ဖို႔ ေကဘယ္လ္ကား တည္ေဆာက္ေနၿပီး အေရးႀကီးတဲ့  စက္ပစၥည္းေတြကို ဧၿပီ ၂၉ ရက္က တပ္မေတာ္ ရဟတ္ယာဥ္နဲ႔ ေတာင္ထိပ္ကို သယ္ေဆာင္ေပးေနပါတယ္။

ဇြဲကပင္ေတာင္ထိပ္မွာ တပ္ဆင္မယ့္ ေကဘယ္လ္ကားရဲ႕ အေရးႀကီးစက္ပစၥည္း ကီလိုဂရမ္ ၅၀၀၀ ေက်ာ္ကို မေန႔က ရဟတ္ယာဥ္နဲ႔ သယ္ေဆာင္ခဲ့ၿပီး က်န္တဲ့ အစိတ္အပိုင္းေတြ ကို ဒီေန႔မွာ ဆက္လက္ သယ္ေဆာင္သြားမွာျဖစ္ပါတယ္။

ဇြဲကပင္ေကဘယ္လ္ကား စီမံကိန္းကို ၂၀၁၈ ခုႏွစ္ကစၿပီး ကုမၸဏီ ၄ ခုပူးေပါင္း အေကာင္အထည္ေဖာ္ေဆာင္ခဲ့ရာ ၇၅ ရာခိုင္ႏႈန္း ၿပီးစီးေနၿပီး ၂၀၂၀ ခု တေပါင္းလျပည့္ မတိုင္မီအၿပီး တည္ေဆာက္မယ္လို႔ သိရပါတယ္။

ဇြဲကပင္ေတာင္ေပၚကို ပံုမွန္အတိုင္း ေျခလွ်င္တက္ေရာက္ပါက ၂ နာရီခြဲကေန ၃ နာရီအထိ အခ်ိန္ၾကာျမင့္ၿပီး ေကဘယ္လ္ကား တပ္ဆင္ၿပီးစီးသြားပါက အခ်ိန္ ၁၀မိနစ္၊ ၁၅ မိနစ္ေလာက္နဲ႔ ဇြဲကပင္ေတာင္ထိပ္ကို တက္ေရာက္ႏုိင္မွာ ျဖစ္သလို  တဦးကို က်ပ္ ၅၀၀၀ ေကာက္ခံသြားမယ္လို႔ သိရပါတယ္။

ဇြဲကပင္ေကဘလ္ကားစီမံကိန္း ျဖစ္ေျမာက္ေရးအတြက္ ပီနန္ဆရာေတာ္၊ ဇြဲကပင္ ဆရာေတာ္နဲ႔ သုံးထပ္ေက်ာင္း ဆရာေတာ္တုိ႔က ဦးေဆာင္ၿပီး ၂၀၀၃ ခုႏွစ္တည္းက စီစဥ္ေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ကရင်ပြည်နယ်၊ ဇွဲကပင်တောင်ပေါ်ကို တက်ရောက်နိုင်ဖို့ ကေဘယ်လ်ကား တည်ဆောက်နေပြီး အရေးကြီးတဲ့  စက်ပစ္စည်းတွေကို ဧပြီ ၂၉ ရက်က တပ်မတော် ရဟတ်ယာဉ်နဲ့ တောင်ထိပ်ကို သယ်ဆောင်ပေးနေပါတယ်။

ဇွဲကပင်တောင်ထိပ်မှာ တပ်ဆင်မယ့် ကေဘယ်လ်ကားရဲ့ အရေးကြီးစက်ပစ္စည်း ကီလိုဂရမ် ၅၀၀၀ ကျော်ကို မနေ့က ရဟတ်ယာဉ်နဲ့ သယ်ဆောင်ခဲ့ပြီး ကျန်တဲ့ အစိတ်အပိုင်းတွေ ကို ဒီနေ့မှာ ဆက်လက် သယ်ဆောင်သွားမှာဖြစ်ပါတယ်။

ဇွဲကပင်ကေဘယ်လ်ကား စီမံကိန်းကို ၂၀၁၈ ခုနှစ်ကစပြီး ကုမ္ပဏီ ၄ ခုပူးပေါင်း အကောင်အထည်ဖော်ဆောင်ခဲ့ရာ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီး ၂၀၂၀ ခု တပေါင်းလပြည့် မတိုင်မီအပြီး တည်ဆောက်မယ်လို့ သိရပါတယ်။

ဇွဲကပင်တောင်ပေါ်ကို ပုံမှန်အတိုင်း ခြေလျှင်တက်ရောက်ပါက ၂ နာရီခွဲကနေ ၃ နာရီအထိ အချိန်ကြာမြင့်ပြီး ကေဘယ်လ်ကား တပ်ဆင်ပြီးစီးသွားပါက အချိန် ၁၀မိနစ်၊ ၁၅ မိနစ်လောက်နဲ့ ဇွဲကပင်တောင်ထိပ်ကို တက်ရောက်နိုင်မှာ ဖြစ်သလို  တဦးကို ကျပ် ၅၀၀၀ ကောက်ခံသွားမယ်လို့ သိရပါတယ်။

ဇွဲကပင်ကေဘလ်ကားစီမံကိန်း ဖြစ်မြောက်ရေးအတွက် ပီနန်ဆရာတော်၊ ဇွဲကပင် ဆရာတော်နဲ့ သုံးထပ်ကျောင်း ဆရာတော်တို့က ဦးဆောင်ပြီး ၂၀၀၃ ခုနှစ်တည်းက စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top