အလြန္႔အလြန္အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္းသတင္း အမွတ္စဥ္(၃၈/၂၀၁၉)
(၂၀၁၉ ခုႏွစ္၊ ေမလ (၃)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္(၀၇:၀၀)နာရီအခ်ိန္ထုတ္ျပန္ခ်က္)
အလြန္႔အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္းအေျခအေန
(က) ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၆:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္းႏွင့္
ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေနာက္ အလယ္ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ အလြန္႔အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း
(Extremely Severe Cyclonic Storm) “ဖန္နီ”(FANI)သည္ ေျမာက္-အေရွ႕ေျမာက္ဘက္ သို႔ ေ႐ြ႕လ်ားခဲ့ၿပီး၊ အိႏၵိယႏိုင္ငံ၊ ပူရီၿမိဳ႕(Puri)၏ ေတာင္-အေနာက္ေတာင္ဘက္
မိုင္ (၈၀)ခန္႔၊ ဗီဇာကာပတၱနမ္ၿမိဳ႕(Vishakhapatnam)၏ အေရွ႕-အေရွ႕ေျမာက္ဘက္ (၁၂၅)မိုင္ခန္႔၊ ဒီဂါၿမိဳ႕ (Digha)၏
ေတာင္-အေနာက္ေတာင္ဘက္ မိုင္(၂၂၀)ခန္႔အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေန ပါသည္။ အဆိုပါ အလြန္႔အလြန္အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း
“ဖန္နီ”(FANI)သည္ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားမည္ဟု ခန္႔မွန္းရပါသည္။
(ခ) အလြန္႔အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း “ဖန္နီ” (FANI)၏ လက္ရွိအေျခအေန မွာ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမည့္ အေျခအေနမရွိေသးသျဖင့္ အဝါေရာင္ အဆင့္ဟု သတ္မွတ္ပါသည္။
အလြန္႔အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း၏ တည္ေနရာ၊ ဗဟိုခ်က္ေလဖိအားႏွင့္ ေလတိုက္ႏႈန္း
(က) အလြန္႔အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း “ဖန္နီ” (FANI)သည္ ျမန္မာစံေတာ္ခ်ိန္ (၀၆:၃၀)နာရီအခ်ိန္တြင္ ေျမာက္လတၱီက်ဳ(၁၈.၆)ဒီဂရီႏွင့္
အေရွ႕ေလာင္ဂ်ီက်ဳ(၈၅.၂)ဒီဂရီတြင္ ရွိၿပီး၊ ဗဟိုခ်က္ေလဖိအား (၉၃၇)ဟက္တိုပါစကယ္ႏွင့္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလၽွင္ မိုင္(၁၃၀)ႏႈန္း ျဖစ္ပါသည္။
ေနာက္(၁၂)နာရီအတြင္းခန္႔မွန္းခ်က္
(က) အလြန္႔အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း “ဖန္နီ”(FANI)သည္ ေနာက္(၁၂) နာရီအတြင္း အိႏၵိယႏိုင္ငံ၊ ဩရိႆကမ္းေျခကို ဂိုလ္ပါပူရ္ၿမိဳ႕(Gopalpur)ႏွင့္
ခ်န္ဘာလီၿမိဳ႕ (Chandbali)အၾကား၊ ပူရီၿမိဳ႕(Puri)အနီးမွ ျဖတ္ေက်ာ္ဝင္ေရာက္ၿပီး၊ အားအလြန္ေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း
“ဖန္နီ”(FANI)အျဖစ္သို႔ အားေလ်ာ့ကာ၊ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားေနမည္ဟု ခန္႔မွန္းရပါသည္။
သတိေပးႏႈိးေဆာ္ခ်က္
(က) အဆိုပါ အလြန္႔အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း “ဖန္နီ” (FANI)၏အရွိန္ေၾကာင့္ (၃.၅.၂၀၁၉)ရက္ေန႔မွ (၅.၅.၂၀၁၉)ရက္ေန႔အတြင္း
စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ရန္ကုန္တိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ကရင္ ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္၊ ေနျပည္ေတာ္၊
စစ္ကိုင္းတိုင္းေဒသႀကီး ေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီ တိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္
ကယားျပည္နယ္တို႔တြင္ ေနရာကြက္က်ား မွ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း႐ြာၿပီး၊ အခ်ိဳ႕ေဒသမ်ားတြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။
(ခ) ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္း မ်ားက်ေရာက္ၿပီး၊ လႈိင္းႀကီးမည္။
မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီ လၽွင္ မိုင္(၄၀)မွ (၄၅)မိုင္အထိ တိုက္ခတ္ႏိုင္ပါသည္။
လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္း တစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၁၀)ေပမွ (၁၃)ေပခန္႔ ရွိႏိုင္ပါသည္။
အႀကံျပဳခ်က္
(က) အဆိုပါ အလြန္႔အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း “ဖန္နီ” (FANI)၏အရွိန္ ေၾကာင့္ ျပည္တြင္းေလေၾကာင္းပ်ံသန္းေရး၊
ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္လည္း ႀကိဳတင္သတိျပဳႏိုင္ပါရန္ အႀကံျပဳအပ္ပါသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန
# Unicode Version # ျဖင့္ ဖတ္ပါ #
(၂၀၁၉ ခုနှစ်၊ မေလ (၃)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့်
ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း
(Extremely Severe Cyclonic Storm) “ဖန်နီ”(FANI)သည် မြောက်-အရှေ့မြောက်ဘက် သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့(Puri)၏ တောင်-အနောက်တောင်ဘက်
မိုင် (၈၀)ခန့်၊ ဗီဇာကာပတ္တနမ်မြို့(Vishakhapatnam)၏ အရှေ့-အရှေ့မြောက်ဘက် (၁၂၅)မိုင်ခန့်၊ ဒီဂါမြို့ (Digha)၏
တောင်-အနောက်တောင်ဘက် မိုင်(၂၂၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ပါသည်။ အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း
“ဖန်နီ”(FANI)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
(ခ) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI)၏ လက်ရှိအခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI)သည် မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၈.၆)ဒီဂရီနှင့်
အရှေ့လောင်ဂျီကျု(၈၅.၂)ဒီဂရီတွင် ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၃၇)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၃၀)နှုန်း ဖြစ်ပါသည်။
နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
(က) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ”(FANI)သည် နောက်(၁၂) နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေကို ဂိုလ်ပါပူရ်မြို့(Gopalpur)နှင့်
ချန်ဘာလီမြို့ (Chandbali)အကြား၊ ပူရီမြို့(Puri)အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီး၊ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း
“ဖန်နီ”(FANI)အဖြစ်သို့ အားလျော့ကာ၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေမည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
(က) အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI)၏အရှိန်ကြောင့် (၃.၅.၂၀၁၉)ရက်နေ့မှ (၅.၅.၂၀၁၉)ရက်နေ့အတွင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊
စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်
ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး၊ လှိုင်းကြီးမည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
(က) အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI)၏အရှိန် ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန