အာရွယူ-၁၉ အမ်ိဳးသမီးခ်န္ပီယံရွစ္ ျမန္မာအသင္း ေျခစစ္ပြဲေအာင္
အာရွယူ-၁၉ အမ်ိဳးသမီးခ်န္ပီယံရွစ္ ဒုတိယအဆင့္ေျခစစ္ပြဲအျဖစ္ ဧၿပီ ၃၀ ရက္ေန႔၊ ည ၇ နာရီက မႏၲေလးၿမိဳ႕ မႏၲလာသီရိေဘာလုံးကြင္းတြင္ နီေပါႏွင့္ ျမန္မာ ယူ-၁၉ အသင္းတို႔ယွဥ္ၿပိဳင္ရာ ျမန္မာအသင္း အႏိုင္ရရွိခဲ့ၿပီး ၆ ႏွစ္ၾကာ ေဝးကြာေနၿပီးေနာက္ ေျခစစ္ပြဲ ေအာင္ျမင္ခဲ့ျခင္း ျဖစ္သည္။
နီေပါယူ-၁၉ အမ်ိဳးအသမီးအသင္းႏွင့္ ယွဥ္ၿပိဳင္ကစားခဲ့ရာျမန္မာအသင္းမွ တစ္ေယာက္ ထုတ္ပယ္ခံရေသာ္လည္း ျမန္မာ ယူ-၁၉ အမ်ိဳးသမီးအသင္းက (၂- ၁) ဂိုး ျဖင့္ အႏိုင္ရခဲ့သည္။
" ဒီေန႔ ပြဲ ပထမပိုင္းမွာ အသင္းက အမွားေတြမ်ားၿပီး ကစားပုံတည္လို႔ မရဘဲ ဦးေဆာင္ဂိုး ခြင့္ျပဳလိုက္ရပါတယ္။ ဒုတိယပိုင္း ျပန္အစမွာေတာ့ အေကာင္းဆုံးနဲ႔ ကစားသမားေတြ အစြမ္းကုန္ ႀကိဳးစားကစားေပးခဲ့လို႔ ေျခစစ္ပြဲ ေအာင္ျမင္ခဲ့ပါၿပီ။ တစ္ေယာက္ေလ်ာ့နဲ႔ အေကာင္းဆုံး ကစားေပးခဲ့တဲ့ ကစားသမားေတြကိုလည္း ခ်ီးက်ဴးပါတယ္။ ကစားသမားေတြအတြက္ အားျဖစ္ေစခဲ့တဲ့ လာေရာက္အားေပးၾကတဲ့ ပရိသတ္ေတြကိုလည္း အထူး ေက်းဇူးတင္ပါတယ္။ အာရွ ယူ-၁၉ အမ်ိဳးသမီးခ်န္ပီယံရွစ္မွာေတာ့ ဒီ့ထက္ပိုၿပီး အမ်ားႀကီး ႀကိဳးစားရဦးမွာပါ" ဟု နည္းျပခ်ဳပ္ ေဒၚသက္သက္ဝင္း (ျမန္မာ့လက္ေ႐ြးစင္ ယူ-၁၉ အမ်ိဳးသမီးအသင္း)က ေျပာသည္။
လက္ရွိတြင္ AFC U-19 Women's Championship Thailand 2019 ေနာက္ဆုံးအဆင့္ၿပိဳင္ပြဲသို႔ ျမန္မာအသင္း၊ အိမ္ရွင္အျဖစ္ လက္ခံက်င္းပမည့္ ထိုင္းအသင္း၊ ဂ်ပန္အသင္း၊ ေျမာက္ကိုရီးယားအသင္း၊ တ႐ုတ္အသင္း၊ ၾသစေၾတးလ်အသင္း၊ ေတာင္ကိုရီးယားအသင္းႏွင့္ ဗီယက္နမ္အသင္းတို႔က ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့သည္။
AFC U-19 Women's Championship Thailand 2019 ၿပိဳင္ပြဲတြင္ ပထမ၊ ဒုတိယ၊ တတိယရရွိမည့္ အသင္းမ်ားအေနျဖင့္ လာမည့္ ၂၀၂၀ ကမာၻ႔ဖလား အမ်ိဳးသမီး ယူ-၂၀ ၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိမည္လည္း ျဖစ္သည္။
ျမန္မာလက္ေ႐ြးစင္ယူ၁၉ အမ်ိဳးသမီးအသင္းအေနျဖင့္ ၂၀၀၂ ၊ ၂၀၀၇ ၊၂၀၁၃ ခုႏွစ္မ်ားတြင္ ေျခစစ္ပြဲေအာင္ျမင္ခဲ့ၿပီး ၂၀၁၃ ခုႏွစ္ေနာက္ပိုင္းတြင္ အာရွယူ-၁၉ အမ်ိဳးသမီးၿပိဳင္ပြဲမ်ားတြင္ ေျခစစ္ပြဲေအာင္ျမင္ခဲ့ျခင္းမရွိေတာ့ေပ။
ပြဲကစားၿပီးခ်ိန္တြင္ ျမန္မာလက္ေ႐ြးစင္ယူ-၁၉ အမ်ိဳးသမီးအသင္းကို KBZ Bank ႏွင့္ AYA bank တို႔မွ က်ပ္ သိန္း၂၀၀ စီ ႏွင့္ ျမန္မာအမ်ိဳးသမီးေဘာလုံးေကာ္မတီမွ က်ပ္သိန္း ၁၀၀ စီ ခ်ီးျမႇင့္ခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #
အာရှယူ-၁၉ အမျိုးသမီးချန်ပီယံရှစ် ဒုတိယအဆင့်ခြေစစ်ပွဲအဖြစ် ဧပြီ ၃၀ ရက်နေ့၊ ည ၇ နာရီက မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်းတွင် နီပေါနှင့် မြန်မာ ယူ-၁၉ အသင်းတို့ယှဉ်ပြိုင်ရာ မြန်မာအသင်း အနိုင်ရရှိခဲ့ပြီး ၆ နှစ်ကြာ ဝေးကွာနေပြီးနောက် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
နီပေါယူ-၁၉ အမျိုးအသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာမြန်မာအသင်းမှ တစ်ယောက် ထုတ်ပယ်ခံရသော်လည်း မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းက (၂- ၁) ဂိုး ဖြင့် အနိုင်ရခဲ့သည်။
" ဒီနေ့ ပွဲ ပထမပိုင်းမှာ အသင်းက အမှားတွေများပြီး ကစားပုံတည်လို့ မရဘဲ ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရပါတယ်။ ဒုတိယပိုင်း ပြန်အစမှာတော့ အကောင်းဆုံးနဲ့ ကစားသမားတွေ အစွမ်းကုန် ကြိုးစားကစားပေးခဲ့လို့ ခြေစစ်ပွဲ အောင်မြင်ခဲ့ပါပြီ။ တစ်ယောက်လျော့နဲ့ အကောင်းဆုံး ကစားပေးခဲ့တဲ့ ကစားသမားတွေကိုလည်း ချီးကျူးပါတယ်။ ကစားသမားတွေအတွက် အားဖြစ်စေခဲ့တဲ့ လာရောက်အားပေးကြတဲ့ ပရိသတ်တွေကိုလည်း အထူး ကျေးဇူးတင်ပါတယ်။ အာရှ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်မှာတော့ ဒီ့ထက်ပိုပြီး အများကြီး ကြိုးစားရဦးမှာပါ" ဟု နည်းပြချုပ် ဒေါ်သက်သက်ဝင်း (မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်း)က ပြောသည်။
လက်ရှိတွင် AFC U-19 Women's Championship Thailand 2019 နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ မြန်မာအသင်း၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုင်းအသင်း၊ ဂျပန်အသင်း၊ မြောက်ကိုရီးယားအသင်း၊ တရုတ်အသင်း၊ သြစတြေးလျအသင်း၊ တောင်ကိုရီးယားအသင်းနှင့် ဗီယက်နမ်အသင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။
AFC U-19 Women's Championship Thailand 2019 ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိမည့် အသင်းများအနေဖြင့် လာမည့် ၂၀၂၀ ကမ္ဘာ့ဖလား အမျိုးသမီး ယူ-၂၀ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်လည်း ဖြစ်သည်။
မြန်မာလက်ရွေးစင်ယူ၁၉ အမျိုးသမီးအသင်းအနေဖြင့် ၂၀၀၂ ၊ ၂၀၀၇ ၊၂၀၁၃ ခုနှစ်များတွင် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် အာရှယူ-၁၉ အမျိုးသမီးပြိုင်ပွဲများတွင် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိတော့ပေ။
ပွဲကစားပြီးချိန်တွင် မြန်မာလက်ရွေးစင်ယူ-၁၉ အမျိုးသမီးအသင်းကို KBZ Bank နှင့် AYA bank တို့မှ ကျပ် သိန်း၂၀၀ စီ နှင့် မြန်မာအမျိုးသမီးဘောလုံးကော်မတီမှ ကျပ်သိန်း ၁၀၀ စီ ချီးမြှင့်ခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese