အလွမယ္သင္းသင္းကေတာ့သရုပ္ေဆာင္ေ၀ဠဳေက်ာ္ကုိကာမလိမ္လည္မွုနဲ႔တရားစြဲဆိုေတာ့မယ့္အေၾကာင္းကိုမီဒီယာေတြကေနတဆင့္ေျဖၾကားလိုက္ၿပီးေနာက္မွာေတာ့ လက္႐ွိအခ်ိန္မွာ အမွန္တကယ္တရားစြဲဆုိထားၿပီး အမႈရင္ဆုိင္ေနရပါတယ္။

 ၿပီးခဲ့တဲ့ ႐ုံးခ်ိန္းတစ္ခုမွာေတာ့ သင္းသင္းက လူေတြအားလုံးကုိ အံ့အားသင့္သြားေစမယ့္ အသံဖုိင္တစ္ခုကုိ သက္ေသအျဖစ္ ႐ုံးေတာ္ကုိ တင္သြင္းခဲ့ပါတယ္။ ဒီအသံဖုိင္ဟာ ၾကဳိတင္ၾကံစည္ၿပီး ဖမ္းယူခဲ့တာမဟုတ္ဘဲ သင္းသင္းရဲ႕ ဖုန္းက Auto record ေၾကာင့္ ဖမ္းမိေနျခင္းျဖစ္တယ္လုိ႔ 8days ရဲ႕အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

သင္းသင္းက “တင္သြင္းျဖစ္တာကေတာ့ အစ္မတုိ႔က ဒီအမႈနဲ႔ ပတ္သက္တဲ့ဟာေပါ့ အက်ဳံးဝင္တယ္ ပုဒ္မနဲ႔ ပတ္သက္တဲ့ဟာကုိေတာ့ အစ္မတုိ႔ ဘက္က သက္ေသအေနနဲ႔ကေတာ့ တင္သြင္းသြားရမွာပဲေလ အဲ့တာေၾကာင့္မုိ႔လုိ႔ တင္သြင္းလုိက္တာပါ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ရည္ရြယ္ခ်က္႐ွိ႐ွိနဲ႔ လုပ္ထားတယ္ဆုိၿပီး ေျပာေနၾကတဲ့အေပၚကုိ သင္းသင္းက “ဆုိ႐ွယ္မီဒီယာေခတ္မွာက သူလည္းေျပာတယ္ ကုိယ္လည္း ေျပာတယ္ အစ္မသိပ္ၿပီးေတာ့ ေခါင္းထဲမွာ မ႐ွိပါဘူး။

 ၾကဳိတင္ၾကံစည္ထားရေအာင္လည္း ၾကဳိတင္ၾကံစည္စရာလားေပါ့ ကုိယ္ကုိယ္လည္း သိပါတယ္ အေျဖမေပၚေသးတဲ့အတြက္ေၾကာင့္ အခ်ိန္က စကားေျပာသြားပါလိမ့္မယ္။ ဆုိ႐ွယ္မီဒီယာေပၚက သတင္းေတြ အားလုံးကေတာ့ ကုိယ့္အမႈကိစၥနဲ႔ ပတ္သက္ေနလုိ႔ ေျပာခ်င္တဲ့သူေျပာပါေစ။



ဆဲခ်င္ဆဲၾကပါေစဆုိေတာ့ ဘယ္သူ႔ကုိမွ အျပစ္မေျပာခ်င္ပါဘူး။ ထပ္ခါထပ္ခါလည္း သင္းသင္း ေျပာခဲ့ဖူးပါတယ္ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ဓာတ္မတူတဲ့အတြက္ ေျပာေနၾကမွာပဲ ကုိယ့္ကုိၾကဳိက္တဲ့သူက ၾကဳိက္မွာပဲ အဲ့အတြက္ ဆုိ႐ွယ္မီဒီယာအေပၚမွာ ခံစားမႈမ႐ွိပါဘူး။ အခ်ိန္က စကားေျပာသြားပါလိမ့္မယ္ အဲ့တာေလးပဲ ေျပာခ်င္ပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဒီလုိမ်ိဴးေတြ ျဖစ္မယ္ဆုိတာ ၾကဳိသိလုိ႔ အသံသြင္းထားခဲ့တာလား လုိ႔ ေမးျမန္းရာ “အစ္မရဲ႕ ဖုန္းက Auto Record ပါေနတယ္။ ပါေနတယ္ဆုိေတာ့ သူနဲ႔မွ မဟုတ္ဘူး ဝင္လာတဲ့ Call တုိင္းက Auto ျဖစ္ေနတာ ၿပီးေတာ့ အစ္မက ဖုန္းမကြၽမ္းဘူး။

အဲ့တာေၾကာင့္လည္း စၿပီးေတာ့ ျပႆနာျဖစ္ခါစမွာ အစ္မ ေလာ့က်ေနတဲ့ အေကာင့္ေတြကုိ Hack ၾကတယ္။ Hack ၿပီးေတာ့ ေရးခ်င္တာေရး တင္ခ်င္တာ တင္ၾကတယ္။ ၾကဳိတင္ၾကံစည္စရာအေၾကာင္းမ႐ွိပါဘူး။ ၾကဳိတင္ၾကံစည္ရင္ အဲ့တုန္းက ႐ုိက္ထားမွာေပါ့ေနာ္။

ဘာလုိ႔လဲ ဆုိေတာ့ ကုိယ္က မိန္းကေလးတစ္ေယာက္အေနနဲ႔ ဒီလုိမ်ိဴး ပတ္သက္ရတဲ့ အေၾကာင္းအရာတစ္ခုမွာက အေျဖအတိအက်ေပါ့ေနာ္ အေၾကာင္းအရာက ကုိယ္ကုိယ္ခ်င္းပဲ သိတာေပါ့ေနာ္။ ကုိယ့္ရဲ႕ View ေလးေပၚမွာၾကည့္ၿပီးေတာ့ လူေတြက လုိရာေတြ ဆြဲေတြးၾကတယ္။

အဲ့ေတာ့ ကာယကံ႐ွင္ကုိယ္တုိင္ပဲ သိတာေလ။ အဲ့တုန္းကသာ ႐ုိက္ထားတာ႐ွိရင္ ႀကိဳတင္ၾကံစည္ထားၿပီေပါ့ေနာ္ သူနဲ႔စေတြ႔ေတြ႔ခ်င္းမွာပဲဆုိေတာ့။”လုိ႔ ေျပာသြားခဲ့ပါတယ္။



လက္ထဲမွာ လက္ဆုပ္လက္ကုိင္႐ွိတယ္ဆုိ အသံဖုိင္ကုိ ေျပာတာလားလုိ႔ ေမးျမန္းရာ “ကုိယ့္လက္ထက္မွာ လက္ဆုပ္လက္ကုိင္႐ွိတာထက္စာရင္ ခုနကေျပာသလုိ တခ်ိဳ႕ၾကေတာ့ ဒီကိစၥနဲ႔ ပတ္သက္ရင္ ဟုိးအရင္တုန္းက ပုဒ္မအရ ဥပေဒအရ အတူတူေနတဲ့ ဖုိင္ေပါ့ေနာ္ Video ဖုိင္ပါမွ အဆင္ေျပတယ္။

အခုၾကေတာ့ အဲ့လုိမဟုတ္ေတာ့ပါဘူး ဥပေဒ စနစ္ေလးေျပာင္းသြားေတာ့ ဒီအသံ Record ေတြဘာေတြ အားလုံး အက်ဳံးဝင္ပါတယ္။ “လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

အလှမယ်သင်းသင်းကတော့သရုပ်ဆောင်ဝေဠုကျော်ကိုကာမလိမ်လည်မှုနဲ့တရားစွဲဆိုတော့မယ့်အကြောင်းကိုမီဒီယာတွေကနေတဆင့်ဖြေကြားလိုက်ပြီးနောက်မှာတော့ လက်ရှိအချိန်မှာ အမှန်တကယ်တရားစွဲဆိုထားပြီး အမှုရင်ဆိုင်နေရပါတယ်။

 ပြီးခဲ့တဲ့ ရုံးချိန်းတစ်ခုမှာတော့ သင်းသင်းက လူတွေအားလုံးကို အံ့အားသင့်သွားစေမယ့် အသံဖိုင်တစ်ခုကို သက်သေအဖြစ် ရုံးတော်ကို တင်သွင်းခဲ့ပါတယ်။ ဒီအသံဖိုင်ဟာ ကြိုတင်ကြံစည်ပြီး ဖမ်းယူခဲ့တာမဟုတ်ဘဲ သင်းသင်းရဲ့ ဖုန်းက Auto record ကြောင့် ဖမ်းမိနေခြင်းဖြစ်တယ်လို့ 8days ရဲ့အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

သင်းသင်းက “တင်သွင်းဖြစ်တာကတော့ အစ်မတို့က ဒီအမှုနဲ့ ပတ်သက်တဲ့ဟာပေါ့ အကျုံးဝင်တယ် ပုဒ်မနဲ့ ပတ်သက်တဲ့ဟာကိုတော့ အစ်မတို့ ဘက်က သက်သေအနေနဲ့ကတော့ တင်သွင်းသွားရမှာပဲလေ အဲ့တာကြောင့်မို့လို့ တင်သွင်းလိုက်တာပါ။”လို့ ပြောသွားခဲ့ပါတယ်။

ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ထားတယ်ဆိုပြီး ပြောနေကြတဲ့အပေါ်ကို သင်းသင်းက “ဆိုရှယ်မီဒီယာခေတ်မှာက သူလည်းပြောတယ် ကိုယ်လည်း ပြောတယ် အစ်မသိပ်ပြီးတော့ ခေါင်းထဲမှာ မရှိပါဘူး။

 ကြိုတင်ကြံစည်ထားရအောင်လည်း ကြိုတင်ကြံစည်စရာလားပေါ့ ကိုယ်ကိုယ်လည်း သိပါတယ် အဖြေမပေါ်သေးတဲ့အတွက်ကြောင့် အချိန်က စကားပြောသွားပါလိမ့်မယ်။ ဆိုရှယ်မီဒီယာပေါ်က သတင်းတွေ အားလုံးကတော့ ကိုယ့်အမှုကိစ္စနဲ့ ပတ်သက်နေလို့ ပြောချင်တဲ့သူပြောပါစေ။

ဆဲချင်ဆဲကြပါစေဆိုတော့ ဘယ်သူ့ကိုမှ အပြစ်မပြောချင်ပါဘူး။ ထပ်ခါထပ်ခါလည်း သင်းသင်း ပြောခဲ့ဖူးပါတယ် တစ်ယောက်နဲ့တစ်ယောက် စိတ်ဓာတ်မတူတဲ့အတွက် ပြောနေကြမှာပဲ ကိုယ့်ကိုကြိုက်တဲ့သူက ကြိုက်မှာပဲ အဲ့အတွက် ဆိုရှယ်မီဒီယာအပေါ်မှာ ခံစားမှုမရှိပါဘူး။ အချိန်က စကားပြောသွားပါလိမ့်မယ် အဲ့တာလေးပဲ ပြောချင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ဒီလိုမျိူးတွေ ဖြစ်မယ်ဆိုတာ ကြိုသိလို့ အသံသွင်းထားခဲ့တာလား လို့ မေးမြန်းရာ “အစ်မရဲ့ ဖုန်းက Auto Record ပါနေတယ်။ ပါနေတယ်ဆိုတော့ သူနဲ့မှ မဟုတ်ဘူး ဝင်လာတဲ့ Call တိုင်းက Auto ဖြစ်နေတာ ပြီးတော့ အစ်မက ဖုန်းမကျွမ်းဘူး။

အဲ့တာကြောင့်လည်း စပြီးတော့ ပြဿနာဖြစ်ခါစမှာ အစ်မ လော့ကျနေတဲ့ အကောင့်တွေကို Hack ကြတယ်။ Hack ပြီးတော့ ရေးချင်တာရေး တင်ချင်တာ တင်ကြတယ်။ ကြိုတင်ကြံစည်စရာအကြောင်းမရှိပါဘူး။ ကြိုတင်ကြံစည်ရင် အဲ့တုန်းက ရိုက်ထားမှာပေါ့နော်။

ဘာလို့လဲ ဆိုတော့ ကိုယ်က မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလိုမျိူး ပတ်သက်ရတဲ့ အကြောင်းအရာတစ်ခုမှာက အဖြေအတိအကျပေါ့နော် အကြောင်းအရာက ကိုယ်ကိုယ်ချင်းပဲ သိတာပေါ့နော်။ ကိုယ့်ရဲ့ View လေးပေါ်မှာကြည့်ပြီးတော့ လူတွေက လိုရာတွေ ဆွဲတွေးကြတယ်။

အဲ့တော့ ကာယကံရှင်ကိုယ်တိုင်ပဲ သိတာလေ။ အဲ့တုန်းကသာ ရိုက်ထားတာရှိရင် ကြိုတင်ကြံစည်ထားပြီပေါ့နော် သူနဲ့စတွေ့တွေ့ချင်းမှာပဲဆိုတော့။”လို့ ပြောသွားခဲ့ပါတယ်။

လက်ထဲမှာ လက်ဆုပ်လက်ကိုင်ရှိတယ်ဆို အသံဖိုင်ကို ပြောတာလားလို့ မေးမြန်းရာ “ကိုယ့်လက်ထက်မှာ လက်ဆုပ်လက်ကိုင်ရှိတာထက်စာရင် ခုနကပြောသလို တချို့ကြတော့ ဒီကိစ္စနဲ့ ပတ်သက်ရင် ဟိုးအရင်တုန်းက ပုဒ်မအရ ဥပဒေအရ အတူတူနေတဲ့ ဖိုင်ပေါ့နော် Video ဖိုင်ပါမှ အဆင်ပြေတယ်။

အခုကြတော့ အဲ့လိုမဟုတ်တော့ပါဘူး ဥပဒေ စနစ်လေးပြောင်းသွားတော့ ဒီအသံ Record တွေဘာတွေ အားလုံး အကျုံးဝင်ပါတယ်။ “လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top