Image may contain: one or more people and people sitting
Image may contain: one or more people and people sitting


#Unicode Version#
 7-5-2019-ပဲခူးတိုင်းဒေသကြီးအုတ်တွင်းမြို့နယ်
ဘုရားလေးကျေးရွာအုပ်စုကံလျှက်တောကျေးရွာနေ
မဇင်မာဦး(ဘ)ဦးအောင်မြင့်နှင့်ညီမဖြစ်သူမခိုင်ဇာဝင်း
တို့သည် တောင်ငူမြို့အမှတ်(2)ရပ်ကွက် KBZဘဏ်မှ
ငွေ(15)သိန်းအားထုပ်ယူ၍ ၄၆ယ/၇၃၁၂၆ဆိုင်ကယ်နှင့်
ညီမဖြစ်သူမခိုင်ဇာဝင်းမှမောင်း၍မဇင်မာဦးမှငွေနှင့်ဖုန်းထည့်
ထားသောပိုက်ဆံအိပ်ကိုကိုင်ဆောင်၍ဆိုင်ကယ်နောက်မှစီး
ပြီးပြန်လာခဲ့ရာ ရန်ကုန်မန္တလေးလမ်းဟောင်း၁၄၇/၂ အရောက်
14:55အချိန် တွင်နောက်မှကပ်လိုက်လာသောဆိုင်ကယ်မှ
ငွေအိပ်အားဆွဲလုပြေးသွားရာ ကျွဲပွဲနယ်မြေရဲစခန်းသို့အကူအညီ
တောင်းခဲ့ရာ ကျွဲပွဲနယ်မြေရဲစခန်း ခေတ္တစခန်းမှူးးဒုရဲအုပ်မြင့်သူ
သည်နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်စိုးမိုးနှင့်ရဲတပ်ဖွဲဝင်များနှင့်
ပိတ်ဆို့၍အုပ်ဖိုကျေးရွာအုပ်ချူပ်ရေးမှူး ဂွေးတောက်ခင်ကျေးရွာ
အုပ်ချူပ်ရေးမှူးဘုရားလေးကျေးရွာအုပ်ချူပ်ရေးမှူးများထံအကြောင်းကြား၍ပိတ်ဆို့ရှာဖွေရာ...

မိုင်တိုင်အမှတ်၁၄၃/၆အနီးကိုင်းတော
အတွင်းတွင်ဆိုင်ကယ်ဘက်မှန်နှင့်နံပါတ်ပြားတပ်နေသော
လူနှစ်ဦးအားမသင်ကာသဖြင့်စစ်ဆေးရာကိုကို(18)နှစ်(ဘ)
ဦးလှစိုး မွတ်ဆလင်/အစ္စလမ်တောင်ငူမြို့၂၃ရပ်ကွက်မိုးကောင်းနေသူနှင့် ကိုဖိုးအေး(20)နှစ်(ဘ)ဦးစိုးလှိုင် အိမ်အမှတ်၁၂/၂၂၂ ဦးစိုးဝင်းလမ်း၁၂ရပ်ကွက်တောင်ငူမြို့နေသူ
တို့ထံမှ လုယူသွားသောငွေ ၁၄သိန်း၇သောင်းနှင့်အတူ
ml7ဖုန်းပါပြန်လည်သိမ်းဆည်းမိခဲ့ပါသည်။

၅၈ယ/၇၂၉၉၇ဆိုင်ကယ်နှင့်လုယက်မှု့ကျူ းလွန်သူနှစ်ဦး
အားကျွဲပွဲနယ်မြေစခန်းမှအမှု့စစ်ဒုရဲအုပ်စိုးမိုးမှ(ပ)၅၀/၂၀၁၉
ရာဇသတ်ကြီးပုဒ္မ၃၈၂အရအမှု့ဖွင့်အရေးယူထားပါသည်
ရဲနှင့်ပြည်သူလက်တွဲ၍လုယူပြေးသူတရားခံများအားအချိန်တို
အတွင်းဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါသည် သတင်းအချက်အလက်
များအားပေး၍ကူညီသောဂွေးတောက်ခင်ကျေးရွာမှပြည်သူများ
နှင့်ဆွဲလဲချောင်းမှပြည်သူများ နှင့်အုပ်ချူပ်ရေးမှုးများအားအထူး
လေးစားဂုဏ်ယူပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ကိုကြည် အုတ်တွင်း
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top