ျမန္မာႏွစ္သစ္ကူးနားရက္ေတြမွာ ရန္ကုန္ကေန ေနရပ္ျပန္ၾကမယ့္ ျပည္သူေတြ အေဝးေျပးကားလက္မွတ္ အခက္အခဲရွိရင္ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးအာဏာပိုင္အဖြဲ႕က ဖြဲ႕စည္းေပးထားတဲ့ ႀကီးၾကပ္ေရး ေကာ္မတီကိုဆက္သြယ္ ေျဖရွင္းခိုင္းနိုင္တယ္လို႔ YRTA ရဲ့ အတြင္းေရးမွူး ေဒါက္တာ ေမာင္ေအာင္က ဘီဘီစီကို ေျပာပါတယ္။

အဲဒီလိုလုပ္ေပးေနတာကို ျပည္သူေတြ သိထားတာလုံးဝမရွိဘူးလို႔ ပခုကၠဴၿမိဳ႕ကို ျပန္ဖို႔ အေဝးေျပး ကားလက္မွတ္ကို ၿပီးခဲ့တဲ့ အပတ္ေသာၾကာေနက တန္းစီကာသြားေရာက္ဝယ္ယူခဲ့ရသူ ခရီးသည္ အမ်ိဳးသမီး တစ္ဦးက ဘီဘီစီကိုေျပာပါတယ္။

အဓိကအားျဖင့္ ခရီးသြားေတြက အခုလိုေျဖရွင္းေပးေနတယ္ဆိုတာကို ထုတ္ျပန္တာမ်ိဳး၊ တရားဝင္ေျပာတာမ်ိဳး မရွိလို႔ သိတဲ့သူေတြအရမ္းနည္းတယ္၊ လက္မွတ္မရရင္ ရတဲ့ေဈးနဲ႔ လိုက္ဝယ္တာ၊ မရတဲ့အဆုံး အိမ္ျပန္သြားတာေတြေတာင္ရွိတယ္လို႔ သူကဆိုပါတယ္။

အခုရက္ေတြမွာ ရန္ကုန္ကေန နယ္ေတြကိုျပန္ဖို႔ အေဝးေျပးကားလက္မွတ္ေတြကို အမ်ားစုက စတင္ ဝယ္ယူတဲ့အခ်ိန္ျဖစ္လို႔ လက္မွတ္ေတြ အေရာင္းကုန္ေနတယ္လို႔လည္း အေဝးေျပးကားလိုင္းအခ်ိဳ႕ကေန သိရပါတယ္။ တခ်ိဳ႕ကားဂိတ္ေတြမွာဆိုရင္ မနက္ ၄ နာရီေလာက္ကစတင္ၿပီး ကားလက္မွတ္ ဝယ္မယ့္သူ ေတြကလာေရာက္တန္းစီ ေစာင့္ဆိုင္းဝယ္ယူရတာေတြရွိပါတယ္။

အဲဒီလိုဝယ္ယူရေပမဲ့လည္း လိုအပ္တဲ့လက္မွတ္ေတြကို အမ်ားအျပားကမရရွိၾကပါဘူး။ အဲဒီလို အခက္အခဲေတြရွိခဲ့ရင္ ေအာင္မဂၤလာအေဝးေျပးအပါအဝင္ ဒဂုံဧရာအေဝးေျပးစတဲ့ ကားဝန္းေတြထဲမွာရွိတဲ့ YRTA အေဝးေျပးယာဥ္ ႀကီးၾကပ္ေရးေကာ္မတီေတြကို သြားေရာက္ေျပာဆိုကာ အကူအညီရယူနိုင္တယ္လို႔ ေဒါက္တာေမာင္ေအာင္က ေျပာပါတယ္။

YRTA အေဝးေျပးယာဥ္ ႀကီးၾကပ္ေရးေကာ္မတီက အနည္းဆုံးခရီးသည္ ၂၅ေယာက္ကစၿပီး သြားခ်င္တဲ့ ေနရာကို လက္မွတ္ရရွိေအာင္ သို႔မဟုတ္ ကားလိုင္းရရွိေအာင္ လုပ္ေဆာင္ေပးမွာပါလို႔ သူကဆိုပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:BBC

#Unicode Version#
မြန်မာနှစ်သစ်ကူးနားရက်တွေမှာ ရန်ကုန်ကနေ နေရပ်ပြန်ကြမယ့် ပြည်သူတွေ အဝေးပြေးကားလက်မှတ် အခက်အခဲရှိရင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ဖွဲ့စည်းပေးထားတဲ့ ကြီးကြပ်ရေး ကော်မတီကိုဆက်သွယ် ဖြေရှင်းခိုင်းနိုင်တယ်လို့ YRTA ရဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ဘီဘီစီကို ပြောပါတယ်။

အဲဒီလိုလုပ်ပေးနေတာကို ပြည်သူတွေ သိထားတာလုံးဝမရှိဘူးလို့ ပခုက္ကူမြို့ကို ပြန်ဖို့ အဝေးပြေး ကားလက်မှတ်ကို ပြီးခဲ့တဲ့ အပတ်သောကြာနေက တန်းစီကာသွားရောက်ဝယ်ယူခဲ့ရသူ ခရီးသည် အမျိုးသမီး တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အဓိကအားဖြင့် ခရီးသွားတွေက အခုလိုဖြေရှင်းပေးနေတယ်ဆိုတာကို ထုတ်ပြန်တာမျိုး၊ တရားဝင်ပြောတာမျိုး မရှိလို့ သိတဲ့သူတွေအရမ်းနည်းတယ်၊ လက်မှတ်မရရင် ရတဲ့ဈေးနဲ့ လိုက်ဝယ်တာ၊ မရတဲ့အဆုံး အိမ်ပြန်သွားတာတွေတောင်ရှိတယ်လို့ သူကဆိုပါတယ်။

အခုရက်တွေမှာ ရန်ကုန်ကနေ နယ်တွေကိုပြန်ဖို့ အဝေးပြေးကားလက်မှတ်တွေကို အများစုက စတင် ဝယ်ယူတဲ့အချိန်ဖြစ်လို့ လက်မှတ်တွေ အရောင်းကုန်နေတယ်လို့လည်း အဝေးပြေးကားလိုင်းအချို့ကနေ သိရပါတယ်။ တချို့ကားဂိတ်တွေမှာဆိုရင် မနက် ၄ နာရီလောက်ကစတင်ပြီး ကားလက်မှတ် ဝယ်မယ့်သူ တွေကလာရောက်တန်းစီ စောင့်ဆိုင်းဝယ်ယူရတာတွေရှိပါတယ်။

အဲဒီလိုဝယ်ယူရပေမဲ့လည်း လိုအပ်တဲ့လက်မှတ်တွေကို အများအပြားကမရရှိကြပါဘူး။ အဲဒီလို အခက်အခဲတွေရှိခဲ့ရင် အောင်မင်္ဂလာအဝေးပြေးအပါအဝင် ဒဂုံဧရာအဝေးပြေးစတဲ့ ကားဝန်းတွေထဲမှာရှိတဲ့ YRTA အဝေးပြေးယာဉ် ကြီးကြပ်ရေးကော်မတီတွေကို သွားရောက်ပြောဆိုကာ အကူအညီရယူနိုင်တယ်လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။

YRTA အဝေးပြေးယာဉ် ကြီးကြပ်ရေးကော်မတီက အနည်းဆုံးခရီးသည် ၂၅ယောက်ကစပြီး သွားချင်တဲ့ နေရာကို လက်မှတ်ရရှိအောင် သို့မဟုတ် ကားလိုင်းရရှိအောင် လုပ်ဆောင်ပေးမှာပါလို့ သူကဆိုပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top