ယခုလပုိင္း ရန္ကုန္ၿမိဳ႕၏အပူရိွန္ျမင့္မားေနမႈေၾကာင့္ YBS တပတ္ရစ္ကားအစီးေရ ၃ဝဝဝ ေက်ာ္သည္ အဲကြန္းမ်ားမႏုိင္ေတာ့ေၾကာင္း Power Eleven ကုမၸဏီ၏အုပ္ခ်ဳပ္မႈဒါ႐ုိက္တာ ဦးသက္တင္ဝင္းက ေျပာသည္။

ရန္ကုန္ၿမိဳ႕တြင္ ေျပးဆြဲေနသည့္ YBS အစီးေရ ၆ဝဝဝ ေက်ာ္အနက္ အစီး ေရ ၂၈ဝဝ မွာ ကားသစ္မ်ားျဖစ္ၿပီး Foton ကုမၸဏီ၊ Yutone ကုမၸဏီ၊ Ankai ကုမၸဏီထုတ္ကားမ်ားျဖစ္ေၾကာင္း က်န္သည့္ကားအစီးေရ ၃၂ဝဝ ခန္႔မွာ ကုိရီးယားႏုိင္ငံထုတ္ တပတ္ရစ္ကား (Used Car) မ်ားျဖစ္ၿပီး ရန္ကုန္အပူရိွန္ေၾကာင့္ အဲကြန္းမႏုိင္ေတာ့ေၾကာင္း ၎က ေျပာသည္။

” Used ကားဆုိတာက သူမ်ားတုိင္းျပည္မွာ ၁ဝ ႏွစ္ေလာက္သုံးၿပီးတာေပါ့။ Brand New ကားေတြ ထုတ္ခါနီး တုန္းက ရန္ကုန္ကုိလာၿပီးေတာ့ ကုမၸဏီေတြက ေလ့လာသြားတယ္။ ဒီတုိင္းျပည္ရဲ႕အပူခ်ိန္ကုိေလ့လာသြား ေတာ့ အဲဒါကုိႏုိင္တဲ့ အဲကြန္းကုိႏုိင္တ့ဲ capacity နဲ႔ ထုတ္ထားတာ။ ကြၽန္ေတာ္တုိ႔ လက္ရိွသုံးေနတဲ့ Used ကားေတြအမ်ားစုက ကုိရီးယားကားေတြ၊ ကုိရီးယားက သူ႕ႏုိင္ငံမွာက ဒီမွာေလာက္မပူဘူး။ သူက အဲကြန္း capacity နည္းတယ္။ နည္းေတာ့ရန္ကုန္မွာက ရာသီဥတု ၁၂ လမွာ ေႏြ၊ မုိး၊ ေဆာင္း၊ မုိးတြင္းပုိင္းနဲ႔ ေဆာင္းတြင္းပုိင္းေတြမွာ ဒီကားေတြကျပႆနာမရိွဘူး။ ဒီဘက္ေရာက္လာလုိ႔ရိွရင္ အထူးသျဖင့္ ၃ လပုိင္း၊ ၄ လပုိင္း၊ ၅ လပုိင္း သုံးလ၊ ပုိၿပီးေတာ့အပူခ်ိန္တက္လာတာ ၄ လပုိင္း၊ ၅ လပုိင္းေပါ့။ အဲဒီအခ်ိန္မွာ အပူရွိန္မ်ား ေတာ့ Used ကားေတြက အဲကြန္းမႏုိင္ေတာ့ဘူး”ဟု ဦးသက္တင္ဝင္းက ေျပာသည္။

ယခုႏွစ္တြင္ ဧၿပီလသႀကၤန္ကာလမွစတင္၍ ရန္ကုန္ၿမိဳ႕၏ အပူခ်ိန္မွာ ၄ဝ ဒီဂရီစင္တီဂရိတ္အထိ သိသိသာသာျမင့္တက္ခဲ့ရာ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ အပူဒဏ္အႏၱရာယ္ကာကြယ္ ေရးႏႈိးေဆာ္ခ်က္အပူဒဏ္ေၾကာင့္ က်န္းမာေရးျပႆနာမ်ားဆိုင္ရာ ႏႈိးေဆာ္ခ်က္မ်ား၊ ခရမ္းလြန္ေရာင္ျခည္ အထူးသတိေပးခ်က္မ်ား ထုတ္ျပန္ထားသည္။ ယင္းသုိ႔ အပူရွိန္ျမင့္မားေနခ်ိန္တြင္ ရန္ကုန္ၿမိဳ႕တြင္ ေျပးဆြဲ ေနေသာ YBS အခ်ဳိ႕တြင္ အဲကြန္းမ်ားဖြင့္မေပးသည့္အတြက္ ခရီးသည္မ်ား၏ေဝဖန္မႈအခ်ဳိ႕လည္း ထြက္ေပၚခဲ့သည္။

YBS အခ်ဳိ႕မွာ အဲကြန္းဖြင့္မေပးျခင္းမဟုတ္ဘဲ အပူရွိန္ကုိမႏုိင္ေတာ့သည့္ အတြက္ အဲကြန္းမ်ား ပိတ္ထားရျခင္း ျဖစ္ေၾကာင္း ဦးသက္တင္ဝင္းက ေျပာသည္။

”အမွန္က ဖြင့္တယ္။ မႏုိင္ေတာ့ဘူး။ မႏုိင္ေတာ့ မြန္းၾကပ္လာေတာ့ ခရီးသည္က တံခါးဖြင့္စီးတယ္။ တံခါးဖြင့္ၿပီ ဆုိရင္ အဲကြန္းကဖြင့္လုိ႔မရေတာ့ဘူး။ အဲ့ေတာ့ အဲကြန္းပိတ္ၿပီးေမာင္းရတဲ့အျဖစ္ကုိ ေရာက္သြားတာ။ မဖြင့္ခ်င္ တာမဟုတ္ဘူး။ မႏုိင္ေတာ့တာေပါ့။ အဲကြန္းမႏုိင္ရင္ ပူေလာင္ပိတ္ေနတာ ပုိဆုိးတယ္။ အဲဒီက်ရင္ အဲကြန္းပိတ္ ပစ္လုိက္ရတယ္။ တခါးေတြဖြင့္မွပဲ အသက္႐ွဴေခ်ာင္ေတာ့တယ္။ အဲကြန္းမႏုိင္ဘဲနဲ႔ အလုံပိတ္ေနလုိ႔ရိွရင္ ခရီးသည္ေတြၾကာရင္ မူးလဲသြားႏုိင္တယ္” ဟု ၎က ရွင္းျပသည္။

ယခင္က YBS ကားမ်ားတြင္ အပူဒဏ္သက္သာေစေရးႏွင့္ အဲကြန္းႏုိင္နင္းစြာ ဖြင့္လွစ္ေပးႏုိင္ေရးအတြက္ ေနကာ၊ စတစ္ကာမ်ား၊ လုိက္ကာမ်ားတပ္ဆင္ခဲ့ရာ ၿပီးခဲ့သည့္ႏွစ္ ေမလပုိင္းတြင္ YRTA မွ တာဝန္ရိွသူတဦးက ဥပေဒအရ၊ မူအရ ခြင့္မျပဳဟုဆုိကာ ျပန္လည္ျဖဳတ္သိမ္းေစခဲ့ေၾကာင္း၊ ယင္းသုိ႔ျပန္လည္တပ္ဆင္ျခင္း ျပဳရန္အစည္းအေဝးမ်ားတြင္တင္ျပခဲ့ေသာ္လည္း ေအာင္ျမင္မႈမရခဲ့ေၾကာင္း ၎က ဆက္ေျပာသည္။

ယင္းအတြက္ေၾကာင္ ယာဥ္လုိင္းအားလုံးကုိ ကားသစ္မ်ားအစားမထုိးႏုိင္ေသးမီ ခရီးသြားမ်ား၏ လုိအပ္ခ်က္အရ ေနကာ၊ စတစ္ကာမ်ား၊ လုိက္ကာမ်ားတပ္ ဆင္မႈမ်ားကုိ လုိက္ေလ်ာညီေထြစြာ ေျဖ ေလွ်ာ့ေပးသင့္ေၾကာင္း၊ ယင္းသုိ႔မဟုတ္ပါဘဲ လုိက္ေလ်ာညီေထြမရိွသည့္မူမ်ားကုိ ကုိင္စြဲထားမည္ဆုိပါက အခက္အခဲမ်ား ဆက္လက္ရင္ဆုိင္ေနရဦးမည္ျဖစ္ေၾကာင္း ယာဥ္ပုိင္ရွင္မ်ားက သုံးသပ္ၾကသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:လင္းလင္းေအာင္
 News Watch

#Unicode Version#
ယခုလပိုင်း ရန်ကုန်မြို့၏အပူရှိန်မြင့်မားနေမှုကြောင့် YBS တပတ်ရစ်ကားအစီးရေ ၃ဝဝဝ ကျော်သည် အဲကွန်းများမနိုင်တော့ကြောင်း Power Eleven ကုမ္ပဏီ၏အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်တင်ဝင်းက ပြောသည်။

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် YBS အစီးရေ ၆ဝဝဝ ကျော်အနက် အစီး ရေ ၂၈ဝဝ မှာ ကားသစ်များဖြစ်ပြီး Foton ကုမ္ပဏီ၊ Yutone ကုမ္ပဏီ၊ Ankai ကုမ္ပဏီထုတ်ကားများဖြစ်ကြောင်း ကျန်သည့်ကားအစီးရေ ၃၂ဝဝ ခန့်မှာ ကိုရီးယားနိုင်ငံထုတ် တပတ်ရစ်ကား (Used Car) များဖြစ်ပြီး ရန်ကုန်အပူရှိန်ကြောင့် အဲကွန်းမနိုင်တော့ကြောင်း ၎င်းက ပြောသည်။

” Used ကားဆိုတာက သူများတိုင်းပြည်မှာ ၁ဝ နှစ်လောက်သုံးပြီးတာပေါ့။ Brand New ကားတွေ ထုတ်ခါနီး တုန်းက ရန်ကုန်ကိုလာပြီးတော့ ကုမ္ပဏီတွေက လေ့လာသွားတယ်။ ဒီတိုင်းပြည်ရဲ့အပူချိန်ကိုလေ့လာသွား တော့ အဲဒါကိုနိုင်တဲ့ အဲကွန်းကိုနိုင်တဲ့ capacity နဲ့ ထုတ်ထားတာ။ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ Used ကားတွေအများစုက ကိုရီးယားကားတွေ၊ ကိုရီးယားက သူ့နိုင်ငံမှာက ဒီမှာလောက်မပူဘူး။ သူက အဲကွန်း capacity နည်းတယ်။ နည်းတော့ရန်ကုန်မှာက ရာသီဥတု ၁၂ လမှာ နွေ၊ မိုး၊ ဆောင်း၊ မိုးတွင်းပိုင်းနဲ့ ဆောင်းတွင်းပိုင်းတွေမှာ ဒီကားတွေကပြဿနာမရှိဘူး။ ဒီဘက်ရောက်လာလို့ရှိရင် အထူးသဖြင့် ၃ လပိုင်း၊ ၄ လပိုင်း၊ ၅ လပိုင်း သုံးလ၊ ပိုပြီးတော့အပူချိန်တက်လာတာ ၄ လပိုင်း၊ ၅ လပိုင်းပေါ့။ အဲဒီအချိန်မှာ အပူရှိန်များ တော့ Used ကားတွေက အဲကွန်းမနိုင်တော့ဘူး”ဟု ဦးသက်တင်ဝင်းက ပြောသည်။

ယခုနှစ်တွင် ဧပြီလသြင်္ကန်ကာလမှစတင်၍ ရန်ကုန်မြို့၏ အပူချိန်မှာ ၄ဝ ဒီဂရီစင်တီဂရိတ်အထိ သိသိသာသာမြင့်တက်ခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အပူဒဏ်အန္တရာယ်ကာကွယ် ရေးနှိုးဆော်ချက်အပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာများဆိုင်ရာ နှိုးဆော်ချက်များ၊ ခရမ်းလွန်ရောင်ခြည် အထူးသတိပေးချက်များ ထုတ်ပြန်ထားသည်။ ယင်းသို့ အပူရှိန်မြင့်မားနေချိန်တွင် ရန်ကုန်မြို့တွင် ပြေးဆွဲ နေသော YBS အချို့တွင် အဲကွန်းများဖွင့်မပေးသည့်အတွက် ခရီးသည်များ၏ဝေဖန်မှုအချို့လည်း ထွက်ပေါ်ခဲ့သည်။

YBS အချို့မှာ အဲကွန်းဖွင့်မပေးခြင်းမဟုတ်ဘဲ အပူရှိန်ကိုမနိုင်တော့သည့် အတွက် အဲကွန်းများ ပိတ်ထားရခြင်း ဖြစ်ကြောင်း ဦးသက်တင်ဝင်းက ပြောသည်။

”အမှန်က ဖွင့်တယ်။ မနိုင်တော့ဘူး။ မနိုင်တော့ မွန်းကြပ်လာတော့ ခရီးသည်က တံခါးဖွင့်စီးတယ်။ တံခါးဖွင့်ပြီ ဆိုရင် အဲကွန်းကဖွင့်လို့မရတော့ဘူး။ အဲ့တော့ အဲကွန်းပိတ်ပြီးမောင်းရတဲ့အဖြစ်ကို ရောက်သွားတာ။ မဖွင့်ချင် တာမဟုတ်ဘူး။ မနိုင်တော့တာပေါ့။ အဲကွန်းမနိုင်ရင် ပူလောင်ပိတ်နေတာ ပိုဆိုးတယ်။ အဲဒီကျရင် အဲကွန်းပိတ် ပစ်လိုက်ရတယ်။ တခါးတွေဖွင့်မှပဲ အသက်ရှူချောင်တော့တယ်။ အဲကွန်းမနိုင်ဘဲနဲ့ အလုံပိတ်နေလို့ရှိရင် ခရီးသည်တွေကြာရင် မူးလဲသွားနိုင်တယ်” ဟု ၎င်းက ရှင်းပြသည်။

ယခင်က YBS ကားများတွင် အပူဒဏ်သက်သာစေရေးနှင့် အဲကွန်းနိုင်နင်းစွာ ဖွင့်လှစ်ပေးနိုင်ရေးအတွက် နေကာ၊ စတစ်ကာများ၊ လိုက်ကာများတပ်ဆင်ခဲ့ရာ ပြီးခဲ့သည့်နှစ် မေလပိုင်းတွင် YRTA မှ တာဝန်ရှိသူတဦးက ဥပဒေအရ၊ မူအရ ခွင့်မပြုဟုဆိုကာ ပြန်လည်ဖြုတ်သိမ်းစေခဲ့ကြောင်း၊ ယင်းသို့ပြန်လည်တပ်ဆင်ခြင်း ပြုရန်အစည်းအဝေးများတွင်တင်ပြခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းအတွက်ကြောင် ယာဉ်လိုင်းအားလုံးကို ကားသစ်များအစားမထိုးနိုင်သေးမီ ခရီးသွားများ၏ လိုအပ်ချက်အရ နေကာ၊ စတစ်ကာများ၊ လိုက်ကာများတပ် ဆင်မှုများကို လိုက်လျောညီထွေစွာ ဖြေ လျှော့ပေးသင့်ကြောင်း၊ ယင်းသို့မဟုတ်ပါဘဲ လိုက်လျောညီထွေမရှိသည့်မူများကို ကိုင်စွဲထားမည်ဆိုပါက အခက်အခဲများ ဆက်လက်ရင်ဆိုင်နေရဦးမည်ဖြစ်ကြောင်း ယာဉ်ပိုင်ရှင်များက သုံးသပ်ကြသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:လင်းလင်းအောင်

 News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top