ယခုႏွစ္သႀကၤန္ရက္ေတြအတြင္းမွာ ၿမိဳ႕တြင္းမွာ YBS အစီးေရ ၉၇၃ စီးနဲ႕ယာဥ္လုိင္းေပါင္း ၇၃ လုိင္းေျပးဆြဲမွာျဖစ္တယ္လုိ႔ YRTA အတြင္းေရးမႈး ေဒါက္တာေမာင္ေအာင္က Duwun ကုိေျပာပါတယ္။

ၿမိဳ႕တြင္းေျပးဆြဲေပးေနသည့္ ယာဥ္လုိင္းတစ္ခုအားေတြ႕ရစဥ္

“ဒါကၿမိဳ႕တြင္းကုိေျပးမွာပါ။ အေ၀းေျပးေတြဘက္ျဖစ္တဲ့ ဒဂုံဧရာဘက္နဲ႔ လႈိင္သာယာဘက္က နွစ္တုိင္းကူေနတာပါပဲ။တစ္ရက္ကုိ ၁၄ စီးေလာက္ဆြဲဖုိ႕ရွိပါတယ္ ။ CNG ကားျဖစ္တဲ့အတြက္ မုိင္ေပါင္း တစ္ရာထက္ပိုဆဲြလုိ႔ေတာ့မရဘူး။ရန္ကုန္ကေန ပုသိမ္-ေမာ္ကၽြန္း၊ဘုိကေလးအထိဆြဲဖုိ႔ အစီစဥ္ရွိပါတယ္။” လို႔ သူကေျပာပါတယ္။

ဒဂုံဧရာနဲ႔ ေအာင္မဂၤလာအေ၀းေျပး၀င္းကိုလည္း ကားေတြေျပးဆြဲေပးသြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

ဒ့ါအျပင္ ပုသိမ္- ေမာ္ကၽြန္းတုိ႔လုိ နယ္ဘက္ေတြမွာ လက္မွတ္မရတာမ်ိဳးေတြ၊  ရန္ကုန္နဲ႔ နီးတဲ့ေနရာမ်ိဳးေတြအတြက္ လူ ၂၅ ဦးျပည့္တာနဲ႔ ကားစီစဥ္ေပးသြားမယ္လုိ႔ သိရပါတယ္။

လက္ရွိမွာေတာ့ အေ၀းေျပးယာဥ္လုိင္းေတြအေနနဲ႔ ဧၿပီလဆန္းပိုင္း မတုိ္င္ခင္ကေန ေရာင္းလုိ႔ကုန္သြားတာျဖစ္ၿပီးေတာ့ နယ္ျပန္ခ်င္သူေတြအေနနဲ႔ ကားလက္မွတ္ခက္ခဲတာမ်ိဳးေတြရွိေနတယ္လုိ႔႔ သိရပါတယ္။

နယ္ျပန္လုိသူေတြနဲ႔ ခရီးသြားမယ့့္ သူေတြက မတ္လလယ္ကေန ဧၿပီလဆန္းအထိ လက္မွတ္၀ယ္ယူမႈမ်ားတာေၾကာင့္ အေ၀းေျပးကားဂိတ္ေတြမွာ လက္မွတ္မရွိေတာ့ဘူးလုိ႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


ယခုနှစ်သြင်္ကန်ရက်တွေအတွင်းမှာ မြို့တွင်းမှာ YBS အစီးရေ ၉၇၃ စီးနဲ့ယာဉ်လိုင်းပေါင်း ၇၃ လိုင်းပြေးဆွဲမှာဖြစ်တယ်လို့ YRTA အတွင်းရေးမှုး ဒေါက်တာမောင်အောင်က Duwun ကိုပြောပါတယ်။

မြို့တွင်းပြေးဆွဲပေးနေသည့် ယာဉ်လိုင်းတစ်ခုအားတွေ့ရစဉ်

“ဒါကမြို့တွင်းကိုပြေးမှာပါ။ အဝေးပြေးတွေဘက်ဖြစ်တဲ့ ဒဂုံဧရာဘက်နဲ့ လှိုင်သာယာဘက်က နှစ်တိုင်းကူနေတာပါပဲ။တစ်ရက်ကို ၁၄ စီးလောက်ဆွဲဖို့ရှိပါတယ် ။ CNG ကားဖြစ်တဲ့အတွက် မိုင်ပေါင်း တစ်ရာထက်ပိုဆွဲလို့တော့မရဘူး။ရန်ကုန်ကနေ ပုသိမ်-မော်ကျွန်း၊ဘိုကလေးအထိဆွဲဖို့ အစီစဉ်ရှိပါတယ်။” လို့ သူကပြောပါတယ်။

ဒဂုံဧရာနဲ့ အောင်မင်္ဂလာအဝေးပြေးဝင်းကိုလည်း ကားတွေပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒ့ါအပြင် ပုသိမ်- မော်ကျွန်းတို့လို နယ်ဘက်တွေမှာ လက်မှတ်မရတာမျိုးတွေ၊  ရန်ကုန်နဲ့ နီးတဲ့နေရာမျိုးတွေအတွက် လူ ၂၅ ဦးပြည့်တာနဲ့ ကားစီစဉ်ပေးသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ ဧပြီလဆန်းပိုင်း မတိုင်ခင်ကနေ ရောင်းလို့ကုန်သွားတာဖြစ်ပြီးတော့ နယ်ပြန်ချင်သူတွေအနေနဲ့ ကားလက်မှတ်ခက်ခဲတာမျိုးတွေရှိနေတယ်လို့ သိရပါတယ်။

နယ်ပြန်လိုသူတွေနဲ့ ခရီးသွားမယ့် သူတွေက မတ်လလယ်ကနေ ဧပြီလဆန်းအထိ လက်မှတ်ဝယ်ယူမှုများတာကြောင့် အဝေးပြေးကားဂိတ်တွေမှာ လက်မှတ်မရှိတော့ဘူးလို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top