Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #
DJ Y3llO ဟာ မကြာသေးမီကမှ နာမည်ကြီးလာတဲ့ DJ အဆိုတော်လေးဖြစ်ပြီး ပရိသတ်အားပေးမှုများစွာရရှိထားသလို ကောင်မလေးတွေရဲ့အသည်းကို အပိုင်ခြွေထားတဲ့ လူငယ်အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။
ချစ်ဖို့ကောင်းတဲ့ အမူအရာလေးတွေနဲ့ ပရိသတ်တွေရင်ထဲမှာနေရာယူထားတဲ့ Y3llO ဟာ မကြာခင်ကမှ ကော်ဖီအေး သီချင်းထွက်ထားပြီး ပရိသတ်တွေရဲ့တခဲနက်အားပေးမှုရရှိကာ Joox မှာ ထိပ်ဆုံးရောက်ပြီးအောင်မြင်မှုရရှိနေတာလည်းဖြစ်ပါတယ်။
လတ်တလောမှာတော့ မကြာခင်ကပရိသတ်တွေကြားမှာ ရေပန်းစားလာတဲ့ ကောလဟလတစ်ခုကြောင့် Y3llO ပရိသတ်တွေအသည်းကွဲတော့မလိုဖြစ်နေရပါတယ်။ အဲဒါကတော့ Y3ll0နဲ့ မင်းသမီးစံရတီမိုးမြင့်တို့ ချစ်သူတွေဖြစ်နေကြပြီလားဆိုတဲ့သတင်းပါပဲ။
Y3llO နဲ့ စံရတီမိုးမြင့်ဟာ ခင်မင်ရင်းနှီးစွာဓာတ်ပုံတွေခဏခဏတွဲရိုက်နေကြြ့ပီး Instagram My Day တွေမှာလည်း တစ်ယောက်ပုံတွေတစ်ယောက်အပြန်အလှန်တင်နေကြတာကြောင့် ပရိသတ်တွေက သူတို့နှစ်ဦးချစ်သူတွေဖြစ်နေပြီလို့ သံသယဖြစ်နေကြတာပါ။ အဲဒီလိုသံသယဖြစ်ရလောက်အောင်လည်း အခုရက်ပိုင်းမှာသူတို့နှစ်ဦးဟာ အမြဲတတွဲတွဲဖြစ်နေကြတာမြင်ရပါတယ်။
ဆယ်လီတွေနဲ့ပတ်သက်ရင်မဖြစ်နိုင်တာတွေလည်းဖြစ်သွားလေ့ရှိတယ်ဆိုတာ ရွှေနှစ်ရွှေက ပရိသတ်တွေကိုသက်သေပြခဲ့ကြပြီးပြီမို့ အခုတစ်ခါလည်း ရွှေနှစ်ရွှေတုန်းကလိုပဲ ဟုတ်ပါ့မလားဟုတ်ပါ့မလားနဲ့ တကယ်ပဲချစ်သူတွေဖြစ်နေကြတာများလားလို့ သို့လောသို့လောထင်နေတဲ့ပရိသတ်တွေလည်းများပြားလာပါတယ်။
ပရိသတ်အချို့ကတော့ Y3llO ရဲ့သီချင်းအတွက် စံရတီမိုးမြင့်နဲ့ MTV ရိုက်တာဖြစ်နိုင်ကြောင်းလည်း ကောက်ချက်ချထားကြပါတယ်။ Y3llO နဲ့ စံရတီတို့ချစ်သူတွေဖြစ်သွားရင် သဘောတူမယ့် ပရိသတ်တွေကလည်းအဆင်သင့်ရှိနေသလို အသည်းတွေကွဲပါပြီဆိုသူတွေကလည်းနှစ်ဖက်စလုံး ရဲ့ပရိသတ်တွေကြားမှာရှိနေတာပါ။
ပရိသတ်ကြီးရော Y3llO နဲ့ စံရတီမိုးမြင့်ကို သဘောတူကြလား။ သူတု့ိနှစ်ယောက်ရဲ့ မမနဲ့မောင်လေးဇာတ်လမ်းလေးကိုအမြန်စစေချင်နေကြပြီလား။ သူတို့နှစ်ယောက်အတူတူလက်တွဲပြီးအနုပညာအလုပ်တွေဆက်လုပ်ရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top