တနလၤာရီတိုင္းေဒသႀကီး၊ေကာ့ေသာင္းတြင္ ဖမ္းဆီးရမိခဲ့ေသာ က်ပ္သိန္းေပါင္း သံုးေသာင္းေက်ာ္တန္ဖိုး႐ွိ ICE မူးယစ္ေဆးမ်ား၏ အမႈ ေနာက္ဆက္တြဲအျဖစ္ WYအျပား ေျခာက္ေသာင္းေက်ာ္ ေမာ္လၿမိဳင္တြင္ ထပ္မံဖမ္းရမိခဲ့သည္ဟု ၿမိဳင္သာယာနယ္ေျမစခန္း တာဝန္႐ွိသူထံမွ သိရသည္။

ျဖစ္စဥ္မွ ယင္းဖမ္းမိ ICE မ်ားကို ပို႔ေဆာင္ခဲ့ေသာ မိုးေဇာ္ဦး(ခ)မိုးငယ္၏ ေမာ္လၿမိဳင္ၿမိဳ႕႐ွိေနအိမ္၂လံုးကို ဧၿပီလ ၂၈ရက္ ႏွင့္ ၂၉ရက္ေန႔တြင္ ရဲတပ္ဖြဲ႔က ဝင္ေရာက္႐ွာေဖြရာ စိတ္ႂကြေဆးျပားWY စုစုေပါင္း ၆၁၃၉၀ျပားႏွင့္ အျခားဆက္စပ္ ပစၥည္းမ်ား၊ မူးယစ္ေဆးဝါးမ်ားကိုပါ ယင္းသို႔ ထပ္မံ သိမ္းဆည္းရမိခဲ့ျခင္းျဖစ္သည္။

“မူးယစ္ေဆးဝါးနဲ႔အတူ မိထားတဲ့ တရားခံေတြရဲ႕ ထြက္ဆိုစစ္ေဆးခ်က္အရ ေဇာ္ဦးက လာေရာက္ပို႔ေဆာင္တာျဖစ္လို႔ အစစ္ခံထြက္ဆိုတဲ့အတြက္ ေမာ္လၿမိဳင္ၿမိဳ႕ ၿမိဳင္သာယာရပ္ကြက္မွာ႐ွိတဲ့ ေဇာ္ဦးရဲ႕ ေနအိမ္ကို ဝင္ေရာက္႐ွာေဖြခဲ့တယ္”ဟု မြန္ျပည္နယ္ရဲတပ္ဖြဲ႔ တာဝန္႐ွိ အရာ႐ွိတစ္ဦးက ေျပာသည္။

ဖမ္းမိထားသူမ်ား၏ အစစ္ခံခ်က္အရ ဧၿပီ၂၈ရက္တြင္ မိုးေဇာ္ဦး(ခ)မိုးငယ္၏ေနအိမ္၂လံုးအနက္ မြန္ျပည္နယ္ ေမာ္လၿမိဳင္ ေတာင္ဝိုင္းရပ္ အမွတ္ ၅၅ ေနအိမ္ဂိုေထာင္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၆၀၅၈၀)ျပား ႏွင့္ အျခားဆက္စပ္ပစၥည္း မ်ားကို ႐ွာေဖြေတြ႔႐ွိ သိမ္းဆည္းရခဲ့သည္။

ၿမိဳင္သာယာရပ္ကြက္ ၄လမ္း႐ွိ ေနအိမ္ဂိုေထာင္ဝင္းအတြင္းသို႔ ၂၉ရက္ေန႔က ထပ္မံဝင္ေရာက္ ႐ွာေဖြစစ္ေဆးခဲ့ရာ စိတ္ႂကြ ႐ူးသြပ္ေဆးျပား စုစုေပါင္း ၈၁၀ ျပား၊ ICEအျဖဴေရာင္ ပံုေဆာင္ခဲ တစ္ကီလိုခံပါ အထုပ္တစ္ထုပ္၊ ICEအျဖဴေရာင္ ပံုေဆာင္ခဲ/အမႈန္႔ ၁၁၀ ဂရမ္ပါ အထုပ္တစ္ထုပ္ႏွင့္ အျခားဆက္စပ္ပစၥည္းမ်ားကို ထပ္မံေတြ႔႐ွိ သိမ္းဆည္းရမိခဲ့သည္။

ရဲတပ္ဖြဲ႔စစ္ေဆးခ်က္ မွတ္တမ္းအရ ၿပီးခဲ့သည့္ ၂၆ရက္ေန႔က တပ္မေတာ္ (ေရ)ေရယာဥ္မႉး ဗိုလ္မႉးေသာင္းထူး ဦးစီးသည့္ စစ္ေရယာဥ္ အမွတ္(၅၆၇)မွ မူးယစ္ေဆးဝါးတင္ေဆာင္လာေသာ ေအာင္ျပည့္စံု(၁)အမည္႐ွိ စက္ေလွေပၚမွ မူးယစ္ေဆးဝါး (ICE)အေလးခ်ိန္ ၁၂၃၈ ကီလိုဂရမ္ႏွင့္ သန္႔ဇင္(ခ)မင္းေဇာ္၊ ျမတ္ေအာင္၊ေဝလင္း၊ရဲရင့္၊ေနဇင္၊ဝင္းႏိူင္ႏွင့္ ေအာင္လင္းသူ တို႔ ၇ဦးကို ေတြ႔႐ွိဖမ္းဆီးခဲ့ၿပီး ေကာ့ေသာင္းၿမိဳ႕ မူးယစ္တပ္ဖြဲ႔စု အမွတ္(၃၄)သို႔ လႊဲေျပာင္းအပ္ႏွံခဲ့ျခင္းျဖစ္သည္။ အဆိုပါ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ၇ဦး အား ေကာ့ေသာင္းၿမိဳ႕မ ရဲစခန္းရံုးမွ မယ(ပ)၄၅/၂၀၁၉၊မူးစိတ္ပုဒ္မ ၁၉(က)၂၁ ျဖင့္ အမႈဖြင့္အေရးယူထားသည္။

လက္႐ွိတြင္ ထြက္ေျပးတိမ္းေ႐ွာင္ေန႔သည့္ မိုးေဇာ္ဦး(ခ)မိုးငယ္ကို ၿမိဳင္သာယာနယ္ေျမရဲစခန္း၌ မူးယစ္ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မျဖင့္ အမႈဖြင့္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Hinthar Media,

#Unicode Version# ျဖင့္ဖတ္ပါ ။

တနင်္လာရီတိုင်းဒေသကြီး၊ကော့သောင်းတွင် ဖမ်းဆီးရမိခဲ့သော ကျပ်သိန်းပေါင်း သုံးသောင်းကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးများ၏ အမှု နောက်ဆက်တွဲအဖြစ် WYအပြား ခြောက်သောင်းကျော် မော်လမြိုင်တွင် ထပ်မံဖမ်းရမိခဲ့သည်ဟု မြိုင်သာယာနယ်မြေစခန်း တာဝန်ရှိသူထံမှ သိရသည်။

ဖြစ်စဉ်မှ ယင်းဖမ်းမိ ICE များကို ပို့ဆောင်ခဲ့သော မိုးဇော်ဦး(ခ)မိုးငယ်၏ မော်လမြိုင်မြို့ရှိနေအိမ်၂လုံးကို ဧပြီလ ၂၈ရက် နှင့် ၂၉ရက်နေ့တွင် ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြားWY စုစုပေါင်း ၆၁၃၉၀ပြားနှင့် အခြားဆက်စပ် ပစ္စည်းများ၊ မူးယစ်ဆေးဝါးများကိုပါ ယင်းသို့ ထပ်မံ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

“မူးယစ်ဆေးဝါးနဲ့အတူ မိထားတဲ့ တရားခံတွေရဲ့ ထွက်ဆိုစစ်ဆေးချက်အရ ဇော်ဦးက လာရောက်ပို့ဆောင်တာဖြစ်လို့ အစစ်ခံထွက်ဆိုတဲ့အတွက် မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်မှာရှိတဲ့ ဇော်ဦးရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့တယ်”ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိ အရာရှိတစ်ဦးက ပြောသည်။

ဖမ်းမိထားသူများ၏ အစစ်ခံချက်အရ ဧပြီ၂၈ရက်တွင် မိုးဇော်ဦး(ခ)မိုးငယ်၏နေအိမ်၂လုံးအနက် မွန်ပြည်နယ် မော်လမြိုင် တောင်ဝိုင်းရပ် အမှတ် ၅၅ နေအိမ်ဂိုထောင်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၆၀၅၈၀)ပြား နှင့် အခြားဆက်စပ်ပစ္စည်း များကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရခဲ့သည်။

မြိုင်သာယာရပ်ကွက် ၄လမ်းရှိ နေအိမ်ဂိုထောင်ဝင်းအတွင်းသို့ ၂၉ရက်နေ့က ထပ်မံဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ရာ စိတ်ကြွ ရူးသွပ်ဆေးပြား စုစုပေါင်း ၈၁၀ ပြား၊ ICEအဖြူရောင် ပုံဆောင်ခဲ တစ်ကီလိုခံပါ အထုပ်တစ်ထုပ်၊ ICEအဖြူရောင် ပုံဆောင်ခဲ/အမှုန့် ၁၁၀ ဂရမ်ပါ အထုပ်တစ်ထုပ်နှင့် အခြားဆက်စပ်ပစ္စည်းများကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ရဲတပ်ဖွဲ့စစ်ဆေးချက် မှတ်တမ်းအရ ပြီးခဲ့သည့် ၂၆ရက်နေ့က တပ်မတော် (ရေ)ရေယာဉ်မှူး ဗိုလ်မှူးသောင်းထူး ဦးစီးသည့် စစ်ရေယာဉ် အမှတ်(၅၆၇)မှ မူးယစ်ဆေးဝါးတင်ဆောင်လာသော အောင်ပြည့်စုံ(၁)အမည်ရှိ စက်လှေပေါ်မှ မူးယစ်ဆေးဝါး (ICE)အလေးချိန် ၁၂၃၈ ကီလိုဂရမ်နှင့် သန့်ဇင်(ခ)မင်းဇော်၊ မြတ်အောင်၊ဝေလင်း၊ရဲရင့်၊နေဇင်၊ဝင်းနိူင်နှင့် အောင်လင်းသူ တို့ ၇ဦးကို တွေ့ရှိဖမ်းဆီးခဲ့ပြီး ကော့သောင်းမြို့ မူးယစ်တပ်ဖွဲ့စု အမှတ်(၃၄)သို့ လွှဲပြောင်းအပ်နှံခဲ့ခြင်းဖြစ်သည်။ အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ၇ဦး အား ကော့သောင်းမြို့မ ရဲစခန်းရုံးမှ မယ(ပ)၄၅/၂၀၁၉၊မူးစိတ်ပုဒ်မ ၁၉(က)၂၁ ဖြင့် အမှုဖွင့်အရေးယူထားသည်။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေ့သည့် မိုးဇော်ဦး(ခ)မိုးငယ်ကို မြိုင်သာယာနယ်မြေရဲစခန်း၌ မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Hinthar Media,
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top