ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ အကယ္ဒမီဆုေပးပြဲႀကီးမွာ ေ႐ႊႀကိဳေမာင္မယ္ေလးေတြအျဖစ္ ပါဝင္ခဲ့ၾကတဲ့ သီဟေအာင္နဲ႔ သဇင္ထူးျမင့္တို႔ႏွစ္ေယာက္က အခုဆိုရင္ အႏုပညာအလုပ္ေတြကို အတူတူ လုပ္ကိုင္ေနၾကတာ ေတြ႕ရပါတယ္။ သူတို႔ႏွစ္ေယာက္က တက္သစ္စ အႏုပညာရွင္ေလးေတြျဖစ္ၾကၿပီး အႏုပညာမ်ိဳး႐ိုးက ဆင္းသက္လာသူေလးေတြလည္း ျဖစ္ၾကပါတယ္။ သီဟေအာင္ကေတာ့ သ႐ုပ္ေဆာင္ ကိုကိုဦးရဲ႕သားေလးျဖစ္ၿပီး သဇင္ထူးျမင့္ကေတာ့ သ႐ုပ္ေဆာင္ ခင္လႈိင္ရဲ႕သမီးေခ်ာေလး ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ သီဟနဲ႔သဇင္တို႔ႏွစ္ေယာက္က မႏၲေလးေ႐ႊၿမိဳ႕ေတာ္ႀကီးမွာ Music Video ေလးတစ္ခုကို အတူတူ သြားေရာက္႐ိုက္ကူးခဲ့ပါတယ္။ ပထမဆုံးအႀကိမ္အျဖစ္ သူတို႔ႏွစ္ဦး ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ သီခ်င္းဗီဒီယိုေလးကိုေတာ့ ပရိသတ္ေတြက စိတ္ဝင္စားေနၾကၿပီ ျဖစ္ပါတယ္။ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ သီခ်င္းဗီဒီယိုေလး ႐ိုက္ကူးေနၾကတဲ့ ေ႐ႊႀကိဳေလးႏွစ္ေယာက္ရဲ႕ ပုံရိပ္ေလးေတြကေတာ့ တကယ့္ကို ခ်စ္ဖို႔ေကာင္းေနတာ ေတြ႕ရပါတယ္။

အခုလည္း သဇင္က ” ဒီေန႔႐ိုက္တဲ့Mvေလးက… ေမာင္ေလးစစ္ပိုင္ထက္ Sam Samရဲ႕ ေ႐ႊေျခက်င္းနဲ႔မႏၲေလးၿမိဳ႕သူ သီခ်င္းေလးပါ ပထမဆုံးသ႐ုပ္ေဆာင္ထားတာမို႔ ထြက္လာတဲ့ခါ အမွားပါလည္းသည္းခံေပးပါေနာ္ ခုေတာ့ ရန္ကုန္ျပန္ၿပီေနာ္ ” ဆိုၿပီး ပုံေလးေတြကို တင္ထားတာ ျဖစ္ပါတယ္။ ခင္လႈိင္ရဲ႕သမီးေခ်ာေလးကေတာ့ ကိုရီးယားမေလးတစ္ေယာက္လို ျဖဴျဖဴေဖြးေဖြးနဲ႔ ခ်စ္စရာေကာင္းေနတာ ေတြ႕ရပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ သီဟေအာင္နဲ႔ သဇင္ထူးျမင့္တို႔ရဲ႕ MV ႐ိုက္ကြင္းပုံရိပ္ေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Luckymyanmar
Source: Thazin Htoo Myint & Thiha Aung
#Unicode Version#
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အကယ်ဒမီဆုပေးပွဲကြီးမှာ ရွှေကြိုမောင်မယ်လေးတွေအဖြစ် ပါဝင်ခဲ့ကြတဲ့ သီဟအောင်နဲ့ သဇင်ထူးမြင့်တို့နှစ်ယောက်က အခုဆိုရင် အနုပညာအလုပ်တွေကို အတူတူ လုပ်ကိုင်နေကြတာ တွေ့ရပါတယ်။ သူတို့နှစ်ယောက်က တက်သစ်စ အနုပညာရှင်လေးတွေဖြစ်ကြပြီး အနုပညာမျိုးရိုးက ဆင်းသက်လာသူလေးတွေလည်း ဖြစ်ကြပါတယ်။ သီဟအောင်ကတော့ သရုပ်ဆောင် ကိုကိုဦးရဲ့သားလေးဖြစ်ပြီး သဇင်ထူးမြင့်ကတော့ သရုပ်ဆောင် ခင်လှိုင်ရဲ့သမီးချောလေး ဖြစ်ပါတယ်။

လက်ရှိမှာတော့ သီဟနဲ့သဇင်တို့နှစ်ယောက်က မန္တလေးရွှေမြို့တော်ကြီးမှာ Music Video လေးတစ်ခုကို အတူတူ သွားရောက်ရိုက်ကူးခဲ့ပါတယ်။ ပထမဆုံးအကြိမ်အဖြစ် သူတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ သီချင်းဗီဒီယိုလေးကိုတော့ ပရိသတ်တွေက စိတ်ဝင်စားနေကြပြီ ဖြစ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ သီချင်းဗီဒီယိုလေး ရိုက်ကူးနေကြတဲ့ ရွှေကြိုလေးနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကတော့ တကယ့်ကို ချစ်ဖို့ကောင်းနေတာ တွေ့ရပါတယ်။

အခုလည်း သဇင်က ” ဒီနေ့ရိုက်တဲ့Mvလေးက… မောင်လေးစစ်ပိုင်ထက် Sam Samရဲ့ ရွှေခြေကျင်းနဲ့မန္တလေးမြို့သူ သီချင်းလေးပါ ပထမဆုံးသရုပ်ဆောင်ထားတာမို့ ထွက်လာတဲ့ခါ အမှားပါလည်းသည်းခံပေးပါနော် ခုတော့ ရန်ကုန်ပြန်ပြီနော် ” ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ခင်လှိုင်ရဲ့သမီးချောလေးကတော့ ကိုရီးယားမလေးတစ်ယောက်လို ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သီဟအောင်နဲ့ သဇင်ထူးမြင့်တို့ရဲ့ MV ရိုက်ကွင်းပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
ဖိုးသူတော်(www.phothutaw.com)
Credit:Luckymyanmar
Source: Thazin Htoo Myint & Thiha Aung
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top