အသက္ ငါးႏွစ္ေအာက္ကေလးမ်ားအတြက္ ကိုယ္လက္လႈပ္ရွားမႈဆိုင္ရာ အႀကံျပဳခ်က္ကို ကုလသမဂၢ၏ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က အႀကံျပဳခ်က္ထုတ္ျပန္ခဲ့ရာ ကေလးငယ္မ်ားအတြက္ ႐ုပ္ျမင္မ်က္ႏွာျပင္ၾကည့္ရႈခ်ိန္ကို တစ္ရက္လွ်င္ တစ္နာရီထက္ မပိုသင့္ေၾကာင္း အႀကံျပဳခဲ့သည္။

အသက္ တစ္ႏွစ္ေအာက္ ကေလးမ်ားအတြက္ ႐ုပ္ျမင္မ်က္ႏွာျပင္ျပားမ်ား ၾကည့္ရႈခ်ိန္ မရွိသင့္ေၾကာင္း WHO က အႀကံျပဳခဲ့ၿပီး ႏွစ္ႏွစ္မွ ေလးႏွစ္အတြင္း ကေလးမ်ားသည္ တစ္ရက္လွ်င္ တစ္နာရီထက္ပို၍ မ်က္ႏွာျပင္ျပားမ်ား မၾကည့္သင့္ေၾကာင္း အႀကံျပဳခဲ့သည္။ အသက္ ငါးႏွစ္ေအာက္ ကေလးမ်ားကို ႐ုပ္ျမင္မ်က္ႏွာျပင္မ်ား ၾကည့္ရႈခ်ိန္ ကန႔္သတ္ျခင္းက ပိုမိုက်န္းမာေသာ ကေလးမ်ားျဖစ္ေစမည္ဟု WHO က ေျပာၾကားခဲ့သည္။

သို႔ေသာ္လည္း အီလက္ထ႐ြန္နစ္ကိရိယာမ်ားကို ကေလးမ်ားအား ေရွာင္ၾကဥ္ေစျခင္းသည္ ေျဖရွင္းမႈ တစ္စိတ္တစ္ပိုင္းသာျဖစ္ေၾကာင္း သုေတသနပညာရွင္မ်ားက ေျပာၾကားခဲ့သည္။ အသက္ငါးႏွစ္ေအာက္ ကေလးမ်ားသည္ အဝလြန္မႈ ေလ်ာ့က်ေစေသာ အေလ့အက်င့္ ေကာင္းမ်ားရရွိရန္ ေလ့က်င့္ခန္း ပိုမိုလုပ္သင့္ၿပီး အိပ္ခ်ိန္လည္းပို၍ မ်ားသင့္ေၾကာင္း WHO ၏ လမ္းၫႊန္ခ်က္မ်ားက ဆိုသည္။

အသက္တစ္ႏွစ္ေအာက္ ေမြးကင္းစမ်ားသည္ တစ္ရက္လွ်င္ ကိုယ္လက္လႈပ္ရွားမႈ မိနစ္ ၃၀ ထက္ မနည္းရွိသင့္ေၾကာင္း WHO က အႀကံျပဳခဲ့သည္။ တစ္ႏွစ္မွ ႏွစ္ႏွစ္အတြင္း ကေလးငယ္မ်ားအတြက္ တစ္ရက္လွ်င္ ကိုယ္လက္လႈပ္ရွားမႈ ၃ နာရီခန႔္ရွိသင့္ေၾကာင္း၊ အိပ္ခ်ိန္ ၁၁ နာရီထက္မနည္းရွိသင့္ေၾကာင္း WHO က ဆိုသည္။

သုံးႏွစ္မွ ေလးႏွစ္အတြင္း ကေလးမ်ားသည္ တစ္ရက္လွ်င္ ကိုယ္လက္လႈပ္ရွားမႈ ၃ နာရီရွိသင့္ၿပီး အသင့္အတင့္ျပင္းထန္ေသာ လႈပ္ရွားမႈ ၁ နာရီထက္မနည္း ေဆာင္႐ြက္သင့္ေၾကာင္း WHO ၏ လမ္းၫႊန္ခ်က္မ်ားက ဆိုသည္။

မိသားစု သန္းေပါင္းမ်ားစြာ ကို သက္ေရာက္ေစေသာ ျပည္သူ႔ က်န္းမာေရးမူဝါဒႏွင့္ပတ္သက္ၿပီး ကမာၻ႔လုံးဆိုင္ရာ လမ္းၫႊန္ခ်က္မ်ားအား အရည္အေသြးအလြန္နိမ့္က်ေသာ အေထာက္အထားမ်ားကို အေျခခံၿပီး ယခုကဲ့သို႔ ထုတ္ျပန္ျခင္းအတြက္ အံ့ၾသမိေၾကာင္း ၿဗိတိန္ရွိ Open University မွ စာရင္းအင္း ဆိုင္ရာ ဂုဏ္ထူးေဆာင္ပါေမာကၡ စတိဗင္မက္ကြန္းေဝးက ေျပာၾကားခဲ့သည္။

WHO မွ ေရာဂါကာကြယ္ေရးဆိုင္ရာ စီမံကိန္းမန္ေနဂ်ာ ဖီအိုနာဘူးက လမ္းၫႊန္ခ်က္ထုတ္ျပန္သူမ်ားသည္ ခိုင္မာမႈအတြက္ အျပည့္အဝ ယုံၾကည္ေၾကာင္း ေျပာၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Eleven Media Group

#Unicode Version# ျဖင့္ဖတ္ပါ ။

အသက် ငါးနှစ်အောက်ကလေးများအတွက် ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ အကြံပြုချက်ကို ကုလသမဂ္ဂ၏ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုချက်ထုတ်ပြန်ခဲ့ရာ ကလေးငယ်များအတွက် ရုပ်မြင်မျက်နှာပြင်ကြည့်ရှုချိန်ကို တစ်ရက်လျှင် တစ်နာရီထက် မပိုသင့်ကြောင်း အကြံပြုခဲ့သည်။

အသက် တစ်နှစ်အောက် ကလေးများအတွက် ရုပ်မြင်မျက်နှာပြင်ပြားများ ကြည့်ရှုချိန် မရှိသင့်ကြောင်း WHO က အကြံပြုခဲ့ပြီး နှစ်နှစ်မှ လေးနှစ်အတွင်း ကလေးများသည် တစ်ရက်လျှင် တစ်နာရီထက်ပို၍ မျက်နှာပြင်ပြားများ မကြည့်သင့်ကြောင်း အကြံပြုခဲ့သည်။ အသက် ငါးနှစ်အောက် ကလေးများကို ရုပ်မြင်မျက်နှာပြင်များ ကြည့်ရှုချိန် ကန့်သတ်ခြင်းက ပိုမိုကျန်းမာသော ကလေးများဖြစ်စေမည်ဟု WHO က ပြောကြားခဲ့သည်။

သို့သော်လည်း အီလက်ထရွန်နစ်ကိရိယာများကို ကလေးများအား ရှောင်ကြဉ်စေခြင်းသည် ဖြေရှင်းမှု တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း သုတေသနပညာရှင်များက ပြောကြားခဲ့သည်။ အသက်ငါးနှစ်အောက် ကလေးများသည် အဝလွန်မှု လျော့ကျစေသော အလေ့အကျင့် ကောင်းများရရှိရန် လေ့ကျင့်ခန်း ပိုမိုလုပ်သင့်ပြီး အိပ်ချိန်လည်းပို၍ များသင့်ကြောင်း WHO ၏ လမ်းညွှန်ချက်များက ဆိုသည်။

အသက်တစ်နှစ်အောက် မွေးကင်းစများသည် တစ်ရက်လျှင် ကိုယ်လက်လှုပ်ရှားမှု မိနစ် ၃၀ ထက် မနည်းရှိသင့်ကြောင်း WHO က အကြံပြုခဲ့သည်။ တစ်နှစ်မှ နှစ်နှစ်အတွင်း ကလေးငယ်များအတွက် တစ်ရက်လျှင် ကိုယ်လက်လှုပ်ရှားမှု ၃ နာရီခန့်ရှိသင့်ကြောင်း၊ အိပ်ချိန် ၁၁ နာရီထက်မနည်းရှိသင့်ကြောင်း WHO က ဆိုသည်။

သုံးနှစ်မှ လေးနှစ်အတွင်း ကလေးများသည် တစ်ရက်လျှင် ကိုယ်လက်လှုပ်ရှားမှု ၃ နာရီရှိသင့်ပြီး အသင့်အတင့်ပြင်းထန်သော လှုပ်ရှားမှု ၁ နာရီထက်မနည်း ဆောင်ရွက်သင့်ကြောင်း WHO ၏ လမ်းညွှန်ချက်များက ဆိုသည်။

မိသားစု သန်းပေါင်းများစွာ ကို သက်ရောက်စေသော ပြည်သူ့ ကျန်းမာရေးမူဝါဒနှင့်ပတ်သက်ပြီး ကမ္ဘာ့လုံးဆိုင်ရာ လမ်းညွှန်ချက်များအား အရည်အသွေးအလွန်နိမ့်ကျသော အထောက်အထားများကို အခြေခံပြီး ယခုကဲ့သို့ ထုတ်ပြန်ခြင်းအတွက် အံ့သြမိကြောင်း ဗြိတိန်ရှိ Open University မှ စာရင်းအင်း ဆိုင်ရာ ဂုဏ်ထူးဆောင်ပါမောက္ခ စတိဗင်မက်ကွန်းဝေးက ပြောကြားခဲ့သည်။

WHO မှ ရောဂါကာကွယ်ရေးဆိုင်ရာ စီမံကိန်းမန်နေဂျာ ဖီအိုနာဘူးက လမ်းညွှန်ချက်ထုတ်ပြန်သူများသည် ခိုင်မာမှုအတွက် အပြည့်အဝ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Eleven Media Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top