Credit:Nanmalgyi
#Unicode Version#
လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးမင်းသားတစ်လတ်ဖြစ်သလို ပရိသတ်အားပေးမှု အများအပြားရရှိနေတာ နိုင်ငံကျော် ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုးဟာ ယူနီဖောင်းဝတ်လူတစ်ဦးက သူ့ကိုသေနတ်ပစ်တာကို သင်ပေးနေပြီး နေတိုးကိုယ်တိုင်ကလည်း သေချာသင်ယူနေတဲ့ ဗီဒီယိုက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတာကြောင့် နေတိုးကို ချစ်ကြတဲ့သူတွေကတော့ ထင်ကြေးတွေ မျိုးစုံပေးပြီး စိုးရိမ်နေကြသလို တစ်ချို့လူတွေကလည်း အကြောင်းအရာတစ်ခုကို ဦးတည်ပြီး ဝေဖန်နေတာကို ဒီလိုအကြောင်းတွေကြောင့် အကယ်ဒမီနေတိုးက အကုန်သိမီဒီယာနဲ့ အင်တာဗျူးမှာ အခုလိုပဲ ရှင်းပြခဲ့ပါတယ်။
နေတိုးက “အဲ့တာက ကျွန်တော်တို့ ဟိုဟာလေ ကျွန်တော်တို့ ဘယ်ကားလဲဆိုတော့ ချီရုပ်ရှင်ဇာတ်ကားကြီး ချီရုပ်ရှင်ဇာတ်ကားမှာ ကျွန်တော်တို့က အဲ့လိုမျိူး ဘယ်လိုပြောရမလဲဆိုတော့ တိုက်ပွဲခန်းတွေပါတယ်။ချီရုပ်ရှင်ကားက တိုက်ပွဲခန်းတွေပါတယ် အဲ့ကားထဲကနေ ကျွန်တော်တို့ Rehearsal လုပ်တာပေါ့နော် Rehearsal လုပ်တဲ့ ဇာတ်ဝင်ခန်းတွေပါဟုတ်။”လို့ ပြောသွားခဲ့ပါတယ်။
ဗီဒီယိုထဲမှာ ဘေးမှာက ယူနီဖောင်းနဲ့တစ်ယောက် ပါနေပြီး အဲ့တစ်ယောက်ကြောင့် ပရိသတ်တွေက စိုးရိမ်နေကြတာနဲ့ပတ်သက်ပြီးတော့လည်း နေတိုးက “အဲ့တာ ချီရုပ်ရှင်ဇာတ်ကားလေ ကရင်ပြည်နယ်မှာ ကျွန်တော်တို့ လွိုင်ကော်ပေါ့ လွိုင်ကော်မှာ သွားရိုက်တဲ့ ချီရုပ်ရှင်ဇာတ်ကားပါ အောင်တိုင်းကျော်က ရိုက်တဲ့ ချီရုပ်ရှင်ဇာတ်ကားပါ။ ကျွန်တော်ရယ် သက်မွန်မြင့်ရယ် ပါဝင်ရိုက်ထားတာပါ။ အဲ့လိုမျိုး သေနတ်ပစ်တဲ့ ဇာတ်ဝင်ခန်းတွေပေါ့နော် အဲ့လိုမျိုး သောင်းကျန်းသူတွေအနေနဲ့ သေနတ်ပစ်တဲ့ ဇာတ်ဝင်ခန်းတွေ ရိုက်ကူးတဲ့အချိန်မှာ Rehearsal လုပ်တဲ့အချိန်မှာ ပစ်တဲ့ ဟာလေးတွေပေါ့။ ဇာတ်ဝင်ခန်းအတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်မှုလေးတွေပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top