



Credit:nanmalgyi

#Unicode Version# ဖြင့်ဖတ်ပါ ။

လတ်တလော Social Media တွေမှာ ခေတ်စားနေတဲ့အရာရှိပါတယ်။ ဒါကတော့ တယောက်ကို တယောက် Challenge လုပ်ကြတာတွေပါပဲ။ ဒီလို Challenge တွေ လုပ်တာကို ဝါသနာပါတဲ့အထဲမှာတော့ မြန်မာနိုင်ငံရဲ့ ပြည်သူ့အချစ်တော် လူငယ်သရုပ်ဆောင်လေး အိစိကွေး လည်းအပါအဝင်ပါပဲ။ အရင်တုန်းတွေကလည်း Challenge တွေကို လုပ်ဖူးသလို ဒီတခေါက်မှာလည်း ပရိသတ်တွေ အားလုံး စိတ်ဝင်စားမယ့် Challenge ကို လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီ Challenge ကိုတော့ Boy Vs Girl Challenge လို့ ခေါ်ကြပြီး သတ်မှတ်ထားတဲ့ Like and Cmt ရရင်တော့ ယောကျာ်းလေးအသွင်ကနေ မိန်းကလေးတယောက်ကဲ့သို့ ပြင်ဆင်ပြီး ဓါတ်ပုံတင်ပေးရမှာ ဖြစ်ပါတယ်။ အိစိကွေးကတော့ ဒီ Challenge လေးနဲ့ သူ့ရဲ့ ပရိသတ်တွေကို ဖျော်ဖြေချင်တာကြောင့် စိန်ခေါ်ခဲ့ပြီး သူသတ်မှတ်ထားတဲ့အတိုင်း သူ့ပရိသတ်တွေက Like and Cmt ပေးခဲ့တာကြောင့် သူ့အနေနဲ့ မိန်းကလေး တယောက်လို ပြင်ဆင်ပြီး ဖေ့ဘုတ်ပေါ်တင်ခဲ့တာ ဖြစ်ပါတယ်။

အိစိကွေးတယောက် မိန်းကလေး Version ကတော့ တော်တော်လေးကို အားပေးမှု များနေတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ကလေးသရုပ်ဆောင်ကတည်းကနေ ပရိသတ်တွေ အားပေးလာကြတာ ဖြစ်ပြီး လက်ရှိလူငယ်သရုပ်ဆောင်ဖြစ်လာတော့လည်း ပရိသတ်အားပေးမှု မပြတ်ခဲ့ပါဘူး။ လက်ရှိမှာလည်းသူ့အနေနဲ့ Boy Vs Girl Challenge လေးကို စိန်ခေါ်ပြီးမှာတော့ သူကတိတည်ထားတဲ့အတိုင်း မိန်းကလေးတယောက်ကဲ့သို့ ပြင်ဆင်ပြီးမှ သူ့ပရိသတ်တွေကို ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

အိစိကွေးရဲ့ မိန်းကလေးပုံစံကတော့ တကယ့်ကို ဆယ်ကျော်သက်ကောင်မလေး တယောက်လို လှပနေတာ ဖြစ်ပါတယ်။ သူ့ရဲ့ မိန်းကလေးပုံစံ ဓါတ်ပုံလေးတွေကိုတော့ ပရိသတ်တွေ တော်တော်များများက လက်ခံသဘောကျခဲ့ကြပြီး Love React တောင် အများဆုံး ရရှိထားတာ ဖြစ်ပါတယ်။ အိစိကွေးရဲ့ မိန်းကလေး Version ပုံစံလေးတွေကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top