လက္ေတြ ေျခေထာက္ မ်က္ႏွာေပၚက မလိုအပ္တဲ့အေမႊးအမွ်င္ေတြက အမ်ိဳးသမီးေတြအတြက္ စိတ္အေႏွာင့္အယွက္ျဖစ္စရာေကာင္းပါတယ္။ အထူးသျဖင့္ ႏႈတ္ခမ္းေပၚက အေမႊးေရးေရးေလးေတြေပါ့။ တစ္ခါတေလ ဒီအေမႊးအမ်ွင္ေတြက ပ်ိဳေမတို႔ရဲ႕ အသြင္ပံုစံကို သက္ေရာက္မႈရွိေနပါတယ္။

ဒါေၾကာင့္ ပ်ိဳေမတို႔အတြက္ မလိုအပ္တဲ့အေမႊးအမ်ွင္ေတြကို အလြယ္တကူ ရွင္းပစ္လို႔ရတဲ့ နည္းလမး္တစ္ခုကို ေျပာျပခ်င္ပါတယ္။ ဒီနည္းက Vaseline ကိုသံုးတဲ့နည္းပါ။ ေငြကုန္ေၾကးက်သက္သာသလို သဘာဝပစၥည္းမ်ားကိုပဲ အသံုးျပဳထားတာမို႔ ေဘးထြက္ဆိုးက်ိဳးလည္း မရွိပါဘူး။ ဒီနည္းလမ္းမွာ လိုအပ္တဲ့ပစၥည္းေတြကေတာ့-

(၁) ကုလားပဲအစိမ္းမႈန္႔

(၂) နႏြင္းမႈန္႔

(၃) ႏို႔စိမ္း
Image result for milk
(၄) Vaseline
Image result for vaseline
ျပင္ဆင္ပံု

၁။ ခြက္တစ္ခြက္ထဲကို ပဲစိမ္းမႈန္႔ လဘရည္ဇြန္းတစ္ဇြန္းထည့္ပါ။

၂။ ဒီထဲကို နႏြင္းမႈန္႔ ဇြန္းတစ္ဝက္ထည့္ပါ

၃။ ျပီးရင္ ႏြားႏို႔ လဘရည္ဇြန္း သံုးဇြန္းထည့္ျပီး ေသခ်ာေမႊေပးပါ။ အရည္က မပ်စ္လြန္း မက်ဲလြန္း အေနေတာ္ေလး ျဖစ္သင့္ပါတယ္။

၄။ ေနာက္ဆံုး Vaseline လဘရည္ဇြန္းတစ္ဝက္ထည့္ျပီး ေသခ်ာေရာေပးပါ။

ဒီအေရာကို အေမႊးအမွွ်င္ေပါက္တဲ့ေနရာေပၚ လိမ္းျပီး ေျခာက္တဲ့အထိထားပါ။

ေျခာက္ေသြ႕ဖို႔ ၁၀ မိနစ္ကေန ၁၅ မိနစ္ၾကာပါလိမ့္မယ္။ ေျခာက္တာနဲ႔ အေမႊးေပါက္တာရဲ႕ ဆန္႔က်င္ဘက္ကို ပြတ္ျပီး အေမႊးဖယ္ရွားပါ။ ဥပမာ အေမႊးေပါက္တဲ့ပံုစံက ေအာက္ဆင္းတယ္ဆိုရင္ ပြတ္တာကို အေပၚဘက္သြားတဲ့ပံုစံနဲ႔ပြတ္ပါ။

အေကာင္းဆံုး ရလဒ္အတြက္ ပံုမွန္လုပ္ေပးပါ။ ဒီအေရာေလးက ေမႊးမွ်င္ဖယ္ေပးရံုမက သင့္အေရျပားညိုတာေတြကိုလည္း ဖယ္ရွားေပးပါတယ္။ ဘာလို႔လဲဆိုေတာ့ Vaseline က အသားအေရကို ႏူးညံ့ေစလို႔ပါ။ ဒီေတာ့ အေမႊးအမွ်င္ေတြကင္းစင္ျပီး အမ်ိဳးသမီးတိုင္း အလွၾကြယ္ႏိုင္ၾကပါေစေနာ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:MyStyle Myanmar

#Unicode Version#
လက်တွေ ခြေထောက် မျက်နှာပေါ်က မလိုအပ်တဲ့အမွှေးအမျှင်တွေက အမျိုးသမီးတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပါတယ်။ အထူးသဖြင့် နှုတ်ခမ်းပေါ်က အမွှေးရေးရေးလေးတွေပေါ့။ တစ်ခါတလေ ဒီအမွှေးအမျှင်တွေက ပျိုမေတို့ရဲ့ အသွင်ပုံစံကို သက်ရောက်မှုရှိနေပါတယ်။

ဒါကြောင့် ပျိုမေတို့အတွက် မလိုအပ်တဲ့အမွှေးအမျှင်တွေကို အလွယ်တကူ ရှင်းပစ်လို့ရတဲ့ နည်းလမ်းတစ်ခုကို ပြောပြချင်ပါတယ်။ ဒီနည်းက Vaseline ကိုသုံးတဲ့နည်းပါ။ ငွေကုန်ကြေးကျသက်သာသလို သဘာဝပစ္စည်းများကိုပဲ အသုံးပြုထားတာမို့ ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။ ဒီနည်းလမ်းမှာ လိုအပ်တဲ့ပစ္စည်းတွေကတော့-

(၁) ကုလားပဲအစိမ်းမှုန့်

(၂) နနွင်းမှုန့်

(၃) နို့စိမ်း

(၄) Vaseline

ပြင်ဆင်ပုံ

၁။ ခွက်တစ်ခွက်ထဲကို ပဲစိမ်းမှုန့် လဘရည်ဇွန်းတစ်ဇွန်းထည့်ပါ။

၂။ ဒီထဲကို နနွင်းမှုန့် ဇွန်းတစ်ဝက်ထည့်ပါ

၃။ ပြီးရင် နွားနို့ လဘရည်ဇွန်း သုံးဇွန်းထည့်ပြီး သေချာမွှေပေးပါ။ အရည်က မပျစ်လွန်း မကျဲလွန်း အနေတော်လေး ဖြစ်သင့်ပါတယ်။

၄။ နောက်ဆုံး Vaseline လဘရည်ဇွန်းတစ်ဝက်ထည့်ပြီး သေချာရောပေးပါ။

ဒီအရောကို အမွှေးအမျှင်ပေါက်တဲ့နေရာပေါ် လိမ်းပြီး ခြောက်တဲ့အထိထားပါ။

ခြောက်သွေ့ဖို့ ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြာပါလိမ့်မယ်။ ခြောက်တာနဲ့ အမွှေးပေါက်တာရဲ့ ဆန့်ကျင်ဘက်ကို ပွတ်ပြီး အမွှေးဖယ်ရှားပါ။ ဥပမာ အမွှေးပေါက်တဲ့ပုံစံက အောက်ဆင်းတယ်ဆိုရင် ပွတ်တာကို အပေါ်ဘက်သွားတဲ့ပုံစံနဲ့ပွတ်ပါ။

အကောင်းဆုံး ရလဒ်အတွက် ပုံမှန်လုပ်ပေးပါ။ ဒီအရောလေးက မွှေးမျှင်ဖယ်ပေးရုံမက သင့်အရေပြားညိုတာတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဘာလို့လဲဆိုတော့ Vaseline က အသားအရေကို နူးညံ့စေလို့ပါ။ ဒီတော့ အမွှေးအမျှင်တွေကင်းစင်ပြီး အမျိုးသမီးတိုင်း အလှကြွယ်နိုင်ကြပါစေနော်။
ဖိုးသူတော်(www.phothutaw.com)
Credit:MyStyle Myanmar


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top