Credit:celegabar
# Unicode Version # ဖြင့် ဖတ်ပါ #
လတ်တလော လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ နိုင်ငံကျော်အနုပညာရှင်တွေနဲ့ ရုပ်ချင်းဆင် တဲ့ လူတွေ အများပြားပေါ်ထွက်လာခဲ့ပါတယ် ။ အိန္ဒြာကျော်ဇင်နဲ့ တူတဲ့ မြစ်ကြီးနာသူလေး ၊ မြင့်မြတ်နဲ့တူတဲ့ ရှင်မွေလ ၊ ဇေရဲထက်နဲ့ တူတဲ့ သူ စသဖြင့် အများပြား လူမှုကွန်ရက်မှာ နာမည်ကြီးလာခဲ့ကြပါတယ် ။
လတ်တလောမှာတော့ ပရိသတ်တွေ တော်တော်များများ သတိထားမိနေတဲ့ ခရီးသွား ဘလော့ဂါ မနုမြတ်ရဲ့ ပုံတစ်ပုံက လူမှုကွန်ရက်စာမျက်နှာမှာ နေရာယူလာပါတယ် ။ အကြောင်းရင်းကတော့ နေတိုး နဲ့ ရုပ်ချင်း အရမ်းဆင်နေတဲ့အတွက် ပဲ ဖြစ်ပါတယ် ပရိတ်ကြီးရေ ..။
ပုံတိုင်းက မတူပေမယ့် ဆစ်ဒနီက နာမည်ကျော် Opera House နဲ့ Sydney Bridge မှာရိုက်ကူးထားတဲ့ သူမရဲ့ ပုံ ကတော့ နေတိုးနဲ့ ခွဲမရအောင်တူနေတာတော့ ငြင်းလို့မရပါဘူးနော် ။ သူမ ရဲ့ ခရီးသွား ပေ့ချ်က ပရိသတ်အချို့ကလည်း နေတိုးနဲ့တူတယ် မောင်နှမတွေလားလို့ မှတ်ချက်ပေးထားကြသလို တချို့ကလည်း မတူပါဘူးလို့ မှတ်ချက်ပေးနေကြပါတယ် ။
 သူမရဲ့ သြစတေးလျ ခရီးသွားပို့စ်ကို ရှဲနေကြတဲ့ သူတွေကလည်း နေတိုး ထင်နေတာလို့ ရေးသားထားကြတာတွေ့မြင်ရပါတယ် ။ CeleGabar ပရိသတ်ကြီးကလည်း နေတိုးနဲ့ တူမတူ မှတ်ချက်ပေးခဲ့ကြပါဦးနော် ။
ဖိုးသူတော် (www.phothutaw.com)
Credit:celegabar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top